သတင်းများ

ရီးယဲလ်မက်ဒရစ်အသင်းက လူငယ်တိုက်စစ်ကစားသမား ဘရာဟမ်ဒီယက်ဇ်ကို ကာလရှည်သက်တမ်းတိုး စာချုပ်ချုပ်ဆိုမည်

မက်ဒရစ် ဇွန် ၁၉

ရီးယဲလ်မက်ဒရစ်အသင်းက လူငယ်တိုက်စစ်ကစားသမား ဘရာဟမ်ဒီယက်ဇ်ကို ကာလရှည်သက်တမ်း တိုးစာချုပ်ချုပ်ဆိုမည်​ဖြစ်ကြောင်း သိရသည်။

ရီးယဲလ်မက်ဒရစ်အသင်းသည် အသင်းကို ထိပ်တန်းလူငယ်ကစားသမားအများစုနှင့်စုဖွဲ့ပြီး ကြယ်စင်စုအသင်းတစ်သင်းအဖြစ် တည်ဆောက်လျက်ရှိပြီး ထိပ်တန်းလူငယ်ကစားသမားအများစုကို ခေါ်ယူထားကာ အသင်းမှ ထိပ်တန်းလူငယ်ကစားသမားများကိုလည်း ကာလရှည်စာချုပ်ချုပ်ဆိုပြီး ထိန်းထား သကဲ့သို့ ယခုအခါတွင်လည်း ဘရာဟမ်ဒီယက်ဇ်ကို ကာလရှည်သက်တမ်းတိုးစာချုပ်ချုပ်ဆိုပြီး အသင်းတွင် ထိန်းထားရန် ပြင်ဆင်နေခြင်းဖြစ်သည်။

ဘရာဟမ်ဒီယက်ဇ်သည် မန်စီးတီးအသင်း အကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်သော်လည်း အသင်းတွင် ပွဲအနည်းငယ်သာပါဝင်ကစားခွင့်ရရှိခဲ့ပြီး ၂၀၁၉ ခုနှစ်က ရီးယဲလ်မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့ကစားခဲ့သူဖြစ်သည်။

ဘရာဟမ်ဒီယက်ဇ်သည် ရီးယဲလ်မက်ဒရစ်အသင်းတွင် ကစားသမားအစပိုင်းက ပွဲကစားခွင့်အနည်းငယ်သာရရှိခဲ့ပြီး ၂၀၂၀ ပြည့်နှစ်က အငှားစာချုပ်ဖြင့် အေစီမီလန်အသင်းထံပြောင်းရွှေ့ကစားခဲ့ကာ အေစီမီလန်အသင်းတွင် အငှားစာချုပ်ဖြင့် သုံးရာသီကစားခဲ့ရာ ခြေစွမ်းပြကစားနိုင်ခဲ့သည့်အတွက်၂၀၂၃ ခုနှစ်က ရီးယဲလ်မက်ဒရစ်အသင်းက ပြန်လည်ခေါ်ယူခဲ့ခြင်း ဖြစ်သည်။

ဘရာဟမ်ဒီယက်ဇ်သည် အသင်းနှင့်ပြန်လည် ပူးပေါင်းပြီးနောက် အကောင်းဆုံးခြေစွမ်းပြကစားနိုင်ခဲ့သည့်အတွက် ကာလရှည်သက်တမ်းတိုးစာချုပ်ချုပ် ဆိုမည်ဖြစ်ကြောင်း သိရသည်။

Ref : Fabrizio Romano

MWD Daily Newspaper

ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် Naypyitaw State Academy နှင့် အခြေခံပညာကျောင်းများ၌ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ယူလေ့လာနေမှု လှည့်လည်ကြည့်ရှု

နေပြည်တော် ဇွန် ၁၉

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် Naypyitaw State Academy ၌ ဆေးပညာမဟာဌာနမှ ဆရာ ဆရာမများနှင့်တွေ့ဆုံကာ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ဆွေးနွေးပြီး လက်တွေ့ခန်းများ၌ လက်တွေ့ခန်းသုံးပစ္စည်းများ ဖြည့်ဆည်းထားရှိမှုကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် Naypyitaw State Academy နှင့် နေပြည်တော် အမှတ် (၁၁) အခြေခံပညာအထက်တန်းကျောင်းတို့၌ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာပညာသင်ယူလေ့လာနေမှုနှင့် အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့ ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ် ဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှု၍ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံနှုတ်ဆက်ကာ ဗလငါးတန်နှင့်ပြည့်စုံပြီး ထူးချွန်ထက်မြက်သည့် လူငယ်များဖြစ်လာအောင် ကြိုးစားအားထုတ်ကြရန်နှင့် တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ပြင်ဆင်လေ့ကျင့်ထားကြရန်မှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

MNP

တံတားဦး ၊ ဇွန် - ၁၉

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အိမ်မြင့်စံ ကျေးရွာ စာကြည့်တိုက်ကော်မတီအဖွဲ့များ၊ ကျေးရွာအခြေခံပညာမူလတန်းလွန်ကျောင်းတို့ပူးပေါင်းပြီး ကျောင်းသား/ သူများ အသိပညာဗဟုသုတဖွံ့ဖြိုးတိုးတက်စေရေး ၊ နိုင်ငံတော်အတွက်အကျိုးပြုမည့် သားကောင်းသမီးရတနာများပေါ်ထွန်းလာစေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ကျောင်းသား/ သူများ နှုတ်မှုစွမ်းရည်နှင့် လူအများ အလယ်ရဲဝံ့စွာပြောဆိုစေရေး ၊ စာဖတ်သည့် အလေ့ အကျင့် ကောင်းများရရှိလာပြီး စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန် ပြိုင်ပွဲများကို ယမန်နေ့ မွန်းလွဲ (၃)နာရီက အဆိုပါကျေးရွာ “ ရွှေအိမ်စံ”စာကြည့်တိုက်၌ ကျင်းပကြောင်းသိရသည် ။

အဆိုပါပြိုင်ပွဲတွင် ကျေးရွာအခြခံပညာမူလတန်းလွန်းကျောင်း ကျောင်းအုပ်ဆရာကြီးဦးနေလှိုင်ဖြိုးက စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအကြောင်းတို့ကို ရှင်းလင်းပြောကြားပြီး မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုမောင်က စာကြည့်တိုက်နှင့်ပတ်သက်ပြီး ကျောင်းသား၊ ကျောင်းသူများအပါအဝင် ဆရာ/မများ၊ ကျေးရွာသူ/သားများ စာကြည့်တိုက်ကို အကျိုးရှိစွာ အသုံးပြုနိုင်ရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးအတွက်ပြပွဲ၊ ပြိုင်ပွဲများကို အချိန်မရွေး ဆောင်ရွက်ပေးနေ ပါကြောင်းနှင့် ကလေးအလုပ်သမားပပျောက်ရေးအကြောင်း၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းအကြောင်း တို့ကိုအကျယ်တဝင့် ရှင်းလင်းပြောကြားသည် ။

ထို့နောက် ရုပ်သံကျွမ်းကျင်-၃ ဦးအောင်ကျော်မိုးက ပြိုင်ပွဲစည်းကမ်းများနှင့် အမှတ်ပေးအကြောင်းအရာ များကိုရှင်းလင်းပြောကြားသည်။ ဆက်လက်၍မူ/လွန်(အိမ်မြင့်စံ)ကျောင်းသား/သူများက စာဖတ်စွမ်းရည် ပြိုင်ပွဲနှင့် ပုံပြင်ပြောတို့ကိုအမှတ်စဉ်အလိုက် အသီးသီးပါဝင်ယှဉ်ပြိုင်ကြသည်။

အဆိုပါပြိုင်ပွဲသို့ ပါဝင်ယှဉ်ကြသည့် ကျောင်းသား/သူများအား မြို့နယ်ဦးစီးအရာရှိနှင့်တာဝန်ရှိသူများက အမှတ်တရလက်ဆောင်များပေးအပ်ကာ ရုပ်သံကျွမ်းကျင်-၃မှ စာကြည့်တိုက်အတွက် စာအုပ်စာစောင်များကို လှူဒါန်းပေးရွာ ကျေးရွာစာကြည့်တိုက်မှူးမှလက်ခံရယူကြောင်းသိရသည် ။

ဦးရဲတင့် (ပြန်/ဆက်)

တံတားဦးမြို့နယ်တွင် ပြန်လည်ကျင်းပသည့် ၂၀၂၅-ခုနှစ် တက္ကသိုလ် ဝင်တန်းစာမေးပွဲ (Grade - 12) စတုတ္ထနေ့၌ ဓာတုဗေဒ ဘာသာရပ်တွင် (၆၀၈) ဦး ၊ ပထဝီဝင်ဘာသာရပ်တွင် (၅၃) ဦး ဖြေဆို

တံတားဦး ၊ ဇွန် - ၁၉

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် ပြန်လည်ကျင်းပသည့် ၂၀၂၅ခုနှစ် တက္ကသိုလ်ဝင်တန်း Grade – 12 စတုတ္ထနေ့၌ ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ်ကို ယနေ့ နံနက် (၉) နာရီအချိန်ကစတင်၍ တံတားဦးမြို့နယ်အတွင်းရှိ စာစစ်ဌာနအသီးသီးတွင်အေးချမ်းပျော်ရွှင်စွာ ဖြေဆိုလျက်ရှိကြောင်းသိရသည် ။

တံတားဦးမြို့နယ်တွင် ပြန်လည်ကျင်းပသည့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ (Grade-12)တွင် တံတားဦးမြို့နယ်အနေဖြင့် ဓာတုဗေဒဘာသာရပ် ဖြေဆိုရန် အထက-တံတားဦး စာစစ်ဌာနတွင်ကျောင်းသား(၂၁၆) ဦး ၊ ကျောင်းသူ (၂၂၉)ဦး၊စုစုပေါင်း(၄၄၁)ဦး ၊ ချောင်းခွစာစစ်ဌာနတွင် ကျောင်းသား (၅၉)ဦး၊ ကျောင်းသူ(၁၀၈)ဦး၊ စုစုပေါင်း(၁၆၇)ဦး တို့အပြင် အထက-တံတားဦး စာစစ်ဌာနတွင် ပထဝီဝင် ဘာသာရပ်ဖြေဆိုရန် ကျောင်းသား(၁၄) ဦး ၊ ကျောင်းသူ (၉)ဦး စုစုပေါင်း(၂၃)ဦး ၊ချောင်းခွစာစစ်ဌာနတွင် ကျောင်းသား(၉) ဦး၊ ကျောင်းသူ (၂၁)ဦးစုစုပေါင်း(၃၀)ဦး လာရောက်ဖြေဆိုလျက်ရှိကြောင်း သတင်း ရရှိသည်။

စမ်းသပ်ဆဲဆေးတစ်မျိုးက သွေးအတွင်း ကိုလက်စထရောပါဝင်မှု အဆင့်ကို လျှော့ချနိုင်

ကင်ဘာရာ  ဇွန် ၁၈

စမ်းသပ်ဆဲသောက်ဆေးတစ်မျိုးသည် သွေးအတွင်း ကိုလက်စထရောပါဝင်မှုအဆင့်ကို ထိရောက်စွာ လျှော့ချနိုင်ကြောင်း သုတေသနပညာရှင်များက ဇွန် ၁၇ ရက်တွင် ပြောကြားသည်။

လက်ရှိအချိန်တွင် Obicetrapib အမည်ရှိ အဆိုပါဆေးကို ဩစတြေးလျနိုင်ငံ မိုးနက်ရှ်တက္ကသိုလ်မှ သုတေသနပညာရှင်များက တတိယအဆင့်စမ်းသပ်မှုများ ပြုလုပ်ထားပြီးဖြစ်ကြောင်း သိရသည်။

လက်တွေ့စမ်းသပ်မှုများမှ ပေါ်ထွက်လာသည့် ရလဒ်များအရ Obicetrapib ဆေးသည် စမ်းသပ်မှုတွင် ပါဝင်သူများ၏ သွေးအအတွင်း ကိုလက်စထရောပါဝင်မှု အဆင့်ကို ၃၂ ဒသမ ၆ ရာခိုင်နှုန်းထိ လျှော့ချပေးနိုင်ပြီး နှလုံးရုတ်တရက်ဖောက်နိုင်ခြေနှင့် လေဖြတ်နိုင်ခြေကိုလည်း လျှော့ချပေးနိုင်သည်ကို တွေ့ရကြောင်း သိရသည်။

ထို့ပြင် Obicetrapib ဆေးသည် သွေးအတွင်း ကစ်ပိုပရိုတင်း (အေ) ပါဝင်မှုအဆင့်ကိုလည်း ၃၁ ဒသမ ၅ ရာခိုင်နှုန်း လျှော့ချပေးနိုင်ပြီး သွေးအတွင်း ကိုလက်စထရောစုစည်းမှုနှင့် ကစ်ပိုပရိုတင်း(အေ) စုစည်းမှုအဆင့်တို့ မြင့်မားမှုသည် နှလုံးကျန်းမာရေးပြဿနာများနှင့် ဆက်စပ်နေကြောင်း သုတေသနပညာရှင်များက ပြောကြားသည်။

Source: ရတနာပုံသတင်းစာ

ကယ်လီရီပါဝင်မှုကန့်သတ်ထားသော ဓာတ်စာစားသုံးများက မစားသူများနှင့် နှိုင်းယှဉ်ပါက စိတ်ကျဝေဒနာဝင်ရောက်နိုင်ခြေ မြင့်တက်နိုင်

နယူးယောက်  ဇွန် ၁၈

ကယ်လိုရီပါဝင်မှု ကန့်သတ်ထားသော ဓာတ်စာစားသုံးသူများသည် မစားသူများနှင့် နှိုင်းယှဉ်ပါက စိတ်ကျဝေဒနာဝင်ရောက်နိုင်ခြေ မြင့်တက်လာနိုင်ကြောင်း သုတေသနပညာရှင်များက ဇွန် ၁၇ ရက်တွင် ပြောကြားသည်။

အမေရိကန် သုတေသနပညာရှင်များ၏ အဆိုအရ ကယ်လိုရီနှင့် အာဟာရဓာတ်များပါဝင်မှု ကန့်သတ်ထားသော အစားအစာများကြောင့် အဝလွန်သူများ၌ စိတ်ကျဝေဒနာဝင်နိုင်ခြေ ပုံမှန်ထက်မြင့်မားလာတတ်ကြောင်း သိရသည်။

အမေရိကန်သုတေသနပညာရှင်များသည် လူပေါင်း ၂၈၅၂၅ ဦး တို့၏ အစားအစာ စားသောက်မှုပုံစံများကို လေ့လာခဲ့ကြကြောင်း သိရသည်။

လေ့လာချက်မှ ပေါ်ထွက်လာသည့် ရလဒ်များအရ ကယ်လိုရီလျှော့ချထားသော အစားအစာများ၊ အာဟာရဓာတ်ကန့်သတ်ထားသော အစားအစာများကြောင့် အဝလွန်သူများတွင် စိတ်ကျဝေဒနာ ဝင်ရောက်နိုင်ခြေ သိသိသာသာ မြင့်တက်လာသည်ကို တွေ့ရကြောင်း သုတေသနပညာရှင်များက ပြောကြားသည်။

သို့ရာတွင် ကယ်လိုရီလျှော့ချထားသော ဓာတ်စာများ၊ အာဟာရကန့်သတ်ထားသော အစားအစာများစားသုံးမှုနှင့် စိတ်ကျဝေဒနာဝင်ရောက်နိုင်ခြေတို့ကြား မည်သို့မည်ပုံဆက်စပ်နေသည်ကို သုတေသနပညာရှင်များက ရှင်းပြနိုင်မှုမရှိသေးကြောင်း သိရသည်။

ကိုးကား : ရတနာပုံသတင်းစာ

Photo: MSN

မန်ယူအသင်းက ဂိုးသမား တွမ်ဟီလ်တန်ကို ၂၀၂၆ ခုနှစ်ထိ သက်တမ်းတိုးစာချုပ် ချုပ်ဆို

မန်ချက်စတာ ဇွန် ၁၈

မန်ယူအသင်းက ဝါရင့်ဂိုးသမား တွမ်ဟီလ်တန်ကို ၂၀၂၆ ခုနှစ် ဇွန်လထိ နောက်ထပ်တစ်နှစ် သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ခဲ့ကြောင်း သိရသည်။

အသက် ၃၉ နှစ်ရှိနေပြီဖြစ်သည့် ဂိုးသမားတွမ်ဟီလ်တန်သည် မန်ယူအသင်းအကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်ပြီး ပြီးခဲ့သည့် ၂ဝဝ၅ ခုနှစ်က အသင်းနှင့် ပရော်ဖက်ရှင်နယ်စာချုပ် ချုပ်ဆိုကာ စတင်ပါဝင်ကစားခဲ့သူဖြစ်သည်။

သို့သော် တွမ်ဟီလ်တန်သည် မန်ယူအသင်းတွင် ပွဲစဉ်အနည်းငယ်သာ ပါဝင်ကစားခဲ့ပြီး ဆွစ်ဒေါင်းအသင်း၊ ကာဒစ်အသင်း၊ ကျူပီအာအသင်း၊ ရော့ဒါလေအသင်း၊ ဝိုင်ကွမ်ဘီအသင်း၊ ဘန်လေအသင်း စသည့်အသင်းများတွင် အငှားစာချုပ်များဖြင့် အဆင့်ဆင့် ပြောင်းရွှေ့ ကစားခဲ့ပြီးနောက် ၂၀၁၉ ခုနှစ်က အေဒီလာအသင်းထံ အပြီးသတ်စာချုပ်ဖြင့် ပြောင်းရွှေ့ ကစားခဲ့သူဖြစ်သည်။

အေဗီလာအသင်းတွင်လည်း တွမ်ဟီလ်တန်သည် ပွဲစဉ်အနည်းငယ်သာ ပါဝင်ကစားခဲ့ရပြီးနောက် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်က အေဗီလာအသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီးနောက် အလွတ်ပြောင်းရွှေ့ကြေးဖြင့် မန်ယူအသင်းထံ ပြန်လည်ပြောင်းရွှေ့ကစားခဲ့သူ ဖြစ်သည်။

မန်ယူအသင်းနှင့် တွမ်ဟီလ်တန်တို့စာချုပ်သက်တမ်းမှာ ယခုလအကုန်တွင် ကုန်ဆုံးမည်ဖြစ်ပြီး မန်ယူအသင်းက အစောပိုင်းက သက်တမ်းတိုးစာချုပ် ချုပ်ဆိုတော့မည်မဟုတ်ဘဲ လက်လွှတ်ရန် ဆုံးဖြတ်ထားသော်လည်း ယခုအခါ နောက်ထပ်တစ်နှစ် သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန်အတွက် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့ သင်္ချာဘာသာရပ်ဖြေဆိုနေမှု ကြည့်ရှုအားပေး

နေပြည်တော် ဇွန် ၁၈

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာမြို့အမှတ် (၁) အခြေခံပညာအထက်တန်း ကျောင်းစာစစ်ဌာန၌ ကျောင်းသား ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့ သင်္ချာဘာသာရပ် အေးချမ်းစွာဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မိတ္ထီလာမြို့ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း၊ ဝမ်းတွင်းမြို့နယ် ဒိုင်ကောင်းကုန်း အခြေခံပညာအထက်တန်းကျောင်းနှင့် ကျောက်ဆည်မြို့ (ဟန်မြင့်မိုရ်) အခြေခံပညာအထက်တန်းကျောင်း၊ စဉ့်ကိုင်မြို့ (ဘယ်လင်း) အခြေခံပညာအထက်တန်းကျောင်းရှိ စာစစ်ဌာနများ၌ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာဖြေဆိုနေမှုနှင့် စာစစ်ဌာနအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ကျောင်းဥပဓိရုပ် ကောင်းမွန်ရေး၊ စာမေးပွဲကာလအတွင်း စာသင်ရပ်နားထားသည့် ကျောင်းသား ကျောင်းသူများ စာသင်ချိန်ပြည့်မီအောင် ပြန်လည်ဖြည့်ဆည်း သင်ကြားပေးရေး၊ စာသင်ဆောင်၊ ကျောင်းဆောင်များ အရှည်တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်ရေး မှာကြားကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယနေ့ကျင်းပသည့် စာမေးပွဲတွင် မန္တလေးတိုင်းဒေသကြီးရှိ ခရိုင် ၁၀ ခရိုင်၊ ၂၅ မြို့နယ်တွင် စာစစ်ဌာနစုစုပေါင်း ၁၀၁ ခု၌ စာမေးပွဲဖြေဆိုရန် စုစုပေါင်း ၃၄၂၄၁ ဦး စာရင်းပေးသွင်းကြပြီး သင်္ချာဘာသာရပ်ကို ၃၃၇၆၃ ဦး ဝင်ရောက်ဖြေဆိုသဖြင့် ရာခိုင်နှုန်းအားဖြင့် ၉၈ ဒသမ ၆၀ ရာခိုင်နှုန်းရှိသည်။

တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့ သင်္ချာဘာသာရပ်ကို နေပြည်တော်ကောင်စီနယ်မြေ၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးရှိ စာစစ်ဌာနစုစုပေါင်း ၁၉၅ ခုတို့၌ စာမေးပွဲဖြေဆိုရန် စုစုပေါင်း ၆၃၆၇၃ ဦး စာရင်းပေးသွင်းကြပြီး ၆၂၇၉၂ ဦး ဝင်ရောက်ဖြေဆိုသဖြင့် ရာခိုင်နှုန်းအားဖြင့် ၉၈ ဒသမ ၆၂ ရာခိုင်နှုန်းရှိသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ကျောက်ဆည်တက္ကသိုလ်၌ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ စီမံဆိုင်ရာ၊ သင်ကြားသင်ယူမှုဆိုင်ရာ အရည်အသွေးများ တိုးတက်ကောင်းမွန်ရေး ဆောင်ရွက်ကြရန်မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပြင်ဦးလွင်မြို့ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းရှိ ကမ္ဘောဇကျောင်းဆောင်ခန်းမ၌ မန္တလေးတိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်ပညာရေးမှူးများ၊ အခြေခံပညာအထက်တန်း၊ အလယ်တန်းကျောင်းအုပ်ကြီးများ၊ ကိုယ်ပိုင်၊ ပုဂ္ဂလိကကျောင်း တည်ထောင်သူ၊ ကျောင်းအုပ်ကြီးများ၊ International School တည်ထောင်သူ၊ ကျောင်းအုပ်ကြီးများနှင့်တွေ့ဆုံပြီး ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ တက်ရောက်လာသူများက သိရှိလိုသည်များနှင့် လိုအပ်ချက်များကို ဆွေးနွေးတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

တွေ့ဆုံပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် ပြင်ဦးလွင်မြို့ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၃) အခြေခံပညာအလယ်တန်းကျောင်း၊ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းခွဲ အလက (၁) ကျောင်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။              

MOI

MNL League Cup ပြိုင်ပွဲတွင် ရှမ်းယူနိုက်တက်အသင်းနှင့် ရတနာပုံအက်ဖ်စီအသင်းတို့ ဆီမီးဖိုင်နယ်အဆင့် တက်ရောက်

ရန်ကုန် ဇွန် ၁၈
MNL League Cup ပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့် ပွဲစဉ်များ ကို ယနေ့ညနေပိုင်းက ရန်ကုန်မြို့ တွင်ကျင်းပခဲ့ရာ ရှမ်းယူနိုက်တက် အသင်းနှင့် ရတနာပုံအက်ဖ်စီအသင်းတို့ နိုင်ပွဲရရှိခဲ့ပြီး ဆီမီးဖိုင်နယ်အဆင့် တက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။

MNL League Cup ပြိုင်ပွဲကွာတားဖိုင်နယ်အဆင့် ပွဲစဥ်များကို ယနေ့ ညနေ ၃နာရီခွဲက ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌ မြဝတီအက်ဖ်စီအသင်းနှင့် ရှမ်း ယူနိုက်တက်အသင်းတို့ ကစားခဲ့ရာ ရှမ်းယူနိုက်တက်အသင်းက နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး ရှမ်းယူနိုက်တက်အသင်းအတွက်သွင်းဂိုးများကို ပွဲချိန် ကိုးမိနစ်တွင် မြတ်ကောင်းခန့်နှင့် ပွဲချိန် ၄၅ မိနစ် တွင် သက်ဟိန်းစိုးတို့က သွင်းယူပေးနိုင်ခဲ့သည်။

အလားတူ ညနေ ၃ နာရီခွဲက ဒဂုံပေါ့အသင်းနှင့် ရတနာပုံ အက်ဖ်စီအသင်းတို့ ကစားခဲ့ရာ ပွဲချိန်အတွင်း ဂိုးမရှိသရေရလဒ်ကြောင့် ပင်နယ်တီကန်သွင်းခဲ့ရာ ရတနာပုံအက်ဖ်စီအသင်းက ခုနစ်ဂိုး ခြောက်ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။
MNL League Cup ကွာတားဖိုင်နယ်အဆင့် ပွဲစဉ်များ ကို ဇွန် ၁၉ ရက်တွင် ရခိုင်ယူနိုက်တက်အသင်းနှင့် ဧရာဝတီယူနိုက်တက်အသင်းရန်ကုန်ယူနိုက်တက် အသင်းနှင့် ဟံသာဝတီယူနိုက်တက်အသင်းတို့ ဆက်လက်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။ 

STA

YDNB Newspaper

မွန်ဂိုလီးယား၌ ဝက်သက်ရောဂါကြောင့် သေဆုံးသူ ခြောက်ဦးရှိလာ

မွန်ဂိုလီးယားနိုင်ငံ၌    ဝက်သက်ရောဂါဖြစ်ပွားမှုကြောင့်  နောက်ထပ်တစ်ဦး   သေဆုံးပြီးနောက် သေဆုံးသူပေါင်း ခြောက်ဦးအထိရှိလာကြောင်း   နိုင်ငံ၏ကူးစက်ရောဂါဆိုင်ရာ အမျိုးသားဗဟိုဌာန (အင်န်စီစီဒီ) က ဇွန် ၁၆ ရက်တွင် ထုတ်ပြန်ထားသည်။

ဆက်လက်ပြီး ဆေးရုံတွင် တက်ရောက်နေသူများမှာ  အပြင်းဖျားသည့် ကလေးငါးဦးအပါအဝင် လူနာ   ၆၉၃   ဦးရှိကြောင်း အင်န်စီစီဒီက  ထုတ်ပြန်ချက်တွင် ပြောကြားသည်။

ဝက်သက်ရောဂါဖြစ်ပွားသူ ထက်ဝက်ကျော်မှာ ဝက်သက်ရောဂါကာကွယ်ဆေး တစ်ကြိမ်သာ ထိုးနှံထားသည့် ကျောင်းနေအရွယ်ကလေးများဖြစ်ကြောင်း မွန်ဂိုလီးယားဆရာဝန်များ၏      ပြောကြားချက်အရ   သိရသည်။                        

Source: Myanmar Digital News