သတင်းများ

သွေးကင်ဆာရောဂါကို စစ်ဆေးဖော်ထုတ်နိုင်သည့် သွေးစစ်နည်းတစ်မျိုး သုတေသန ပညာရှင်များ ဖန်တီး

နယူးယောက် ဇူလိုင် ၁

သွေးကင်ဆာရောဂါ (Leu-kaemja) နှင့် အခြားသွေးရောဂါများကို စောစောစီးစီး ဖော်ထုတ်ပေးနိုင်မည့် သွေးစစ်နည်းတစ်မျိုးကို အစ္စရေးနှင့် အမေရိကန်သုတေသနပညာရှင်များက ဖန်တီးထားကြောင်း ဇွန် ၃၀ ရက် သတင်းများအရ သိရသည်။

အဆိုပါ သွေးစစ်နည်းသည် အသက်အရွယ်နှင့် ဆက်စပ်နေသည့် သွေးရောဂါတစ်မျိုးဖြစ်သော Myelodysplastic Syndrome (MDS) ခေါ် သွေးရောဂါကို ဖော်ထုတ်ပေးနိုင်ကြောင်း သိရသည်။

သွေးကို ဖွဲ့စည်းဖန်တီးပေးသည့် ပင်မဆဲလ်များ မှန်မှန်ကန်ကန် ကြီးထွားနိုင်မှုမရှိတော့သည့် အချိန်တွင် ဖြစ်ပွားတတ်သော MDS ရောဂါကြောင့် Myeloid Leukaemia (AMI) ခေါ် သွေးကင် ဆာရောဂါတစ်မျိုးဖြစ်ပွားနိုင်ခြေ မြင့်တက်လာနိုင်သည်။

သွေးကို ဖွဲ့စည်းဖန်တီးပေးသည့် ပင်မဆဲလ်များသည် ရိုးတွင်းခြင်ဆီအတွင်းမှ လွတ်ထွက်၍ သွေးလည်ပတ်မှုစနစ်အတွင်း ရောက်လာတတ်ရာ ၎င်းပင်မဆဲလ်များအတွင်း MDS ရောဂါနှင့် ပတ်သက်သည့် မျိုးဗီဇအချက်အလက်များ ပါဝင်နေကြောင်း သုတေသနပညာရှင်များက ပြောကြားသည်။

သာမန်အားဖြင့် MDS ရောဂါကို စစ်ဆေးရာတွင် ခါးဆစ်ရိုးကို ဖောက်၍ ရိုးတွင်းခြင်ဆီကို ထုတ်ယူစစ်ဆေးရန် လိုအပ်ကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီး မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက ဒေါ်ကြူကြူလှ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အကြိုလှုပ်ရှားမှု “ယဉ်ကျေးဝေဆာမေမြန်မာ၊ မျိုးဂုဏ်မပျက်ဝတ်ဆင်လျက်” ဝတ်စားဆင်ယင်မှုပြပွဲနှင့် ဂီတဖျော်ဖြေပွဲသို့ တက်ရောက်အားပေး

နေပြည်တော် ဇူလိုင် ၁

“ယဉ်ကျေးဝေဆာမေမြန်မာ၊ မျိုးဂုဏ်မပျက်ဝတ်ဆင်လျက်” ဝတ်စားဆင်ယင်မှုပြပွဲနှင့် ဂီတဖျော်ဖြေပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဒက္ခိဏသီရိမြို့နယ် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ရုံး သီရိရတနာခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီး မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက ဒေါ်ကြူကြူလှ တက်ရောက်အားပေးသည်။

၂၀၂၅ ခုနှစ် ဇူလိုင် ၃ ရက်တွင် ကျရောက်သော မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီက ကြီးမှူးပြီး မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်က အဆိုပါဝတ်စားဆင်ယင်မှုပြပွဲနှင့် ဂီတဖျော်ဖြေပွဲကို စီစဉ်တင်ဆက်ခြင်းဖြစ်သည်။

အခမ်းအနားသို့ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက ဒေါ်ခင်သက်ဌေး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး၏ ဇနီး၊ တွဲဖက်အတွင်းရေးမှူး၏ ဇနီး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ဇနီးများ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ၏ ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၏ ဇနီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဇနီး၊ တပ်မတော်အရာရှိကြီးများ၏ ဇနီးများ၊ မြန်မာ့စီးပွားရေးဦးပိုင်အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်ဥက္ကဋ္ဌ၏ ဇနီး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၏ ဇနီး၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးမှ အမျိုးသမီးအဖွဲ့ဝင်များ၊ ဒုတိယဝန်ကြီးများနှင့် ဇနီးများ၊ ဒုတိယစာရင်းစစ်ချုပ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင်၊ အခွန်အယူခံခုံအဖွဲ့ဥက္ကဋ္ဌ၏ ဇနီး၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်အမျိုးသမီးကော်မတီဥက္ကဋ္ဌနှင့် ဇနီး၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ အမျိုးသမီးရေးရာအဖွဲ့ချုပ်နှင့် အမျိုးသမီးအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ နိုင်ငံကျော်အနုပညာရှင်များ၊ အဆိုတော်များ၊ ဒီဇိုင်နာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဖျော်ဖြေတင်ဆက်

အခမ်းအနားတွင် “မြန်မာအမျိုးသမီးများနေ့” တေးသီချင်း၊ “ဗမာမလေးပါရှင်” “အင်အားသစ်များနှင့်အတူ” တေးသီချင်းများနှင့် သုံးရာသီချစ်သူတေးသီချင်းများ၊ “နွေဂိမာန်အလှမေမြတ်ဝါဆိုက”၊ “ယုံးယုံးလက်ရာဝဿန်ခါ” နှင့် “ဟေမာန်ဆောင်း အသွင်ပိုးမင်းကြီးအဆင်” ခေါင်းစဉ်တို့ဖြင့် နာမည်ကျော်ဝတ်စုံဒီဇိုင်နာများ ဖန်တီးဆန်းသစ်ထားသော ဝတ်စုံများ ဝတ်စားဆင်ယင်ပြသမှု၊ တစ်ခန်းရပ်ပြဇာတ်များ တင်ဆက်မှု၊ “ကမ္ဘာတည်သရွေ့” တေးသီချင်းနှင့် နိုင်ငံကျော်အဆိုတော်များက တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီး မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက ဒေါ်ကြူကြူလှနှင့် ဂုဏ်ထူးဆောင်နာယက ဒေါ်ခင်သက်ဌေးတို့က ဂုဏ်ပြုပန်းစည်းများ ချီးမြှင့်ရာ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်နာယက၊ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌတို့ကလည်းကောင်း၊ ဝတ်စားဆင်ယင်မှုပြပွဲနှင့် ဂီတဖျော်ဖြေပွဲကို စီစဉ်တင်ဆက်သော မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် အတွင်းရေးမှူး ဒါရိုက်တာဒေါ်မြတ်မြတ်ဦးနှင့် ပါဝင်ဖျော်ဖြေတင်ဆက်ကြသည့် အနုပညာရှင်များကိုယ်စား အကယ်ဒမီများရှင် ရန်အောင်နှင့် စိုးမြတ်သူဇာတို့ကလည်းကောင်း လက်ခံရယူကြသည်။

ရင်းရင်းနှီးနှီးနှုတ်ဆက်

အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက ဒေါ်ကြူကြူလှနှင့် ဂုဏ်ထူးဆောင်နာယက ဒေါ်ခင်သက်ဌေး၊ တာဝန်ရှိသူများက အနုပညာရှင်များကို ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

MOI

အာရှဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် လက်ရွေးစင်အသင်းတို့ ခြေစစ်ပွဲစဉ် တိုက်ရိုက်ထုတ်လွှင့်မည်

နေပြည်တော် ဇူလိုင် ၁

၂၀၂၆ ခုနှစ် အာရှဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲ၏ အုပ်စု (C) ခြေစစ်ပွဲစဉ်အဖြစ် မြန်မာအမျိုးသမီး လက်ရွေးစင်ဘောလုံးအသင်းနှင့် ဘင်္ဂလားဒေ့ရှ် လက်ရွေးစင်ဘောလုံးအသင်းတို့၏ ခြေစစ်ပွဲကို ဇူလိုင် ၂ ရက် ညနေ ၄ နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

အဆိုပါ ပွဲစဉ်ကို ယင်းနေ့ ညနေ ၃ နာရီ ၄၅ မိနစ်မှစတင်၍ MRTV HD Channel ၊ MRTV Parliament Channel ၊ MRTV Entertainment Channel နှင့် မြန်မာ့အသံရေဒီယိုတို့မှ တိုက်ရိုက် (Live) ထုတ်လွှင့်ပြသမည်ဖြစ်သည်။

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) ၌ “သိမ်မွေ့ရှုမဝမြန်မာ့အလှ” လှယဉ်ကျေးမယ်နှင့် မြန်မာ့ရိုးရာဝတ်စားဆင်ယင်မှု ပြိုင်ပွဲကျင်းပ

သန်လျင် ဇူလိုင် ၁

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) တွင် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအား​ဖြင့် “သိမ်မွေ့ရှုမဝမြန်မာ့အလှ” လှယဉ်ကျေးမယ်နှင့် မြန်မာ့ရိုးရာ ဝတ်စားဆင်ယင်မှုပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက ဘက်စုံသုံးခန်းမ၌ ကျင်းပရာ ပါမောက္ခချုပ် ဒေါက်တာရီရီဝင်းက အမှာစကားပြောကြားသည်။

ဦးစွာပြိုင်ပွဲကို ပထမနှစ်နှင့် အထူးပြုဘာသာရပ်ငါးခုမှ ကျောင်းသူများက “မြစိမ်းရောင်လွှမ်း အေးချမ်းစေမည်မြန်မာပြည်” အဖွင့်သီချင်းဖြင့် ကပြဖျော်ဖြေကြ သည်။ ဆက်လက်၍ ပြိုင်ပွဲဝင် ကျောင်းသူ ၂၈ ဦးက ခါးနံပါတ် (၁) မှ (၁၄) အထိ တစ်ဖွဲ့၊ ခါးနံပါတ် (၁၅) မှ (၂၈) အထိ တစ်ဖွဲ့၊ အဖွဲ့နှစ်ဖွဲ့ခွဲ၍ တစ်ဦးချင်းယှဉ်ပြိုင်ခဲ့ကြသည်။ ယင်းနောက် ပြိုင်ပွဲဝင် ကျောင်းသူ ၂၈ ဦးအနက် အမှတ်ပေးအကဲဖြတ်ဒိုင်အဖွဲ့က ကျောင်းသူ ၁၀ ဦးအား ရွေးချယ်၍ တစ်ဦးချင်းထပ်မံယှဉ်ပြိုင်ခဲ့ကြပြီး ဆန်ခါတင်ငါးဦးအား ရွေးချယ်၍ မေးခွန်းများ မေးမြန်းကာ ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆု နှစ်ဆုကို ရွေးချယ်ခဲ့ကြသည်။

ထို့နောက် “သိမ်မွေ့ရှုမဝမြန်မာ့အလှ” လှယဉ်ကျေးမယ်နှင့် မြန်မာ့ရိုးရာဝတ်စားဆင်ယင်မှုပြိုင်ပွဲတွင် ဆုရရှိကြသူများအား ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးအပ်သည်။ ထို့နောက် ပြိုင်ပွဲတွင် အစီအစဉ်အလိုက် တေးသီချင်းများဖြင့် ကပြဖျော်ဖြေခဲ့ကြသည့် ပထမနှစ်နှင့် အထူးပြုဘာသာရပ်ငါးခုမှ ကျောင်းသူအဖွဲ့ ခုနစ်ဖွဲ့အား ပါမောက္ခချုပ်က ဂုဏ်ပြုပန်းစည်းနှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်သည်။ အဆိုပါပြိုင်ပွဲသို့ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ် (သင်ကြား)၊ ပါမောက္ခ/ ဌာနမှူးများ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁၀၀၀ ခန့် တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။

အသက်ကြီးပိုင်းတွင် အကြားအာရုံ ချို့ယွင်းခြင်းက အသားဓာတ်ချို့တဲ့ခြင်းနှင့် ဆက်စပ်နေဟု သိပ္ပံပညာရှင်များ တွေ့ရှိ

အသက်ကြီးပိုင်းတွင် အကြားအာရုံချို့ယွင်းခြင်းက အသားဓာတ်ချို့တဲ့ခြင်းနှင့် ဆက်စပ်နေကြောင်း  သိပ္ပံပညာရှင်များ ကတွေ့ရှိထားသည်။ ထို့ပြင် ယင်းကဲ့သို့ အကြားအာရုံ ချို့ယွင်းမှုကို သောက်ဆေး အချို့သောက်ရုံဖြင့် နှောင့်နှေးစေကြောင်း သိပ္ပံပညာရှင်များက ပြောသည်။

တရုတ်နှင့်အမေရိကန်နိုင်ငံတို့မှ သိပ္ပံပညာရှင်များ ပါဝင်သောအဖွဲ့သည် ကဏန်း စားမျောက်များနှင့် သုတေသနတစ်ခုကို လုပ်ဆောင်သည်။ ထိုသုတေသနတွင် နား အတွင်းရှိသည့် လက်ခံကလာပ်စည်းများအတွက်     အရေးပါသော အသားဓာတ်ချို့တဲ့ခြင်းကြောင့်  အသက်ကြီးလာသော ထိုမျောက်များအနေဖြင့် အကြားအာရုံ ချို့ယွင်းလာခြင်းဖြစ်ကြောင်း တွေ့ရှိလာသည်ဟု  သိပ္ပံပညာရှင်များက ပြောထားသည်။

ထို့ပြင် ဆီးချိုရောဂါကုသရေးအတွက် အသုံးပြုလေ့ရှိသော မက်ဖော်မင်ကဲ့သို့ ဆေးဝါးကို အသုံးပြုခြင်းအားဖြင့် မျောက်များတွင် အသက်အရွယ်ကြီးခြင်းကြောင့် ဖြစ်ပေါ်လေ့ရှိသော အကြားအာရုံချို့ယွင်းခြင်း ဖြစ်ပွားမှုကို နောက်ကျစေနိုင်သည် ကိုလည်းတွေ့ရှိရကြောင်း Nature Aging ဂျာနယ်၌ ပညာရှင်များက ဖော်ပြထားခြင်း ဖြစ်သည်။

ယခုကဲ့သို့တွေ့ရှိမှုများသည် သက်ကြီးရွယ်အိုများတွင် အကြားအာရုံချို့ယွင်းမှုအတွက် ကုသမှုနည်းလမ်းအသစ်များကို ရှာဖွေတွေ့ရှိနိုင်စေမည်ဖြစ်ကြောင်း၊ တစ်ဦးချင်းစီအတွက် သီးသန့်ဖြစ်သည့်  ကုသမှုများကိုလည်း ထွက်ပေါ်လာစေမည်ဖြစ်ကြောင်း တရုတ်သုတေသနပညာရှင် တစ်ဦးဖြစ်သည့် ဝမ်ဆီကပြောထားသည်။  ထိုသို့အကြားအာရုံ ချို့ယွင်းခြင်းကြောင့် မှတ်ဉာဏ်လျော့ကျမှုနှင့် စိတ်ဖောက်ပြန်မှုတို့ ဖြစ်ပေါ်စေနိုင်သည်။

MWD Web Portal

ရောဂါဆိုးများဖြစ်စေနိုင်သော ဗိုင်းရပ်သစ်နှစ်မျိုး လင်းနို့များ၌ တရုတ်သုတေသနပညာရှင်များ တွေ့ရှိ

နယူးယောက်  ဇွန် ၃၀ 

ဦးနှောက် ရောင်ရမ်းမှုနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ ဖြစ်ပွားစေနိုင်သည့် ဗိုင်းရပ်ပိုးသစ်နှစ်မျိုးကို တရုတ်သုတေသနပညာရှင်များက လင်းနို့များ၌ ထပ်မံတွေ့ရှိထားရကြောင်း ဇွန် ၂၉ ရက် သတင်းများအရ သိရသည်။

အထက်ပါ ဗိုင်းရပ်နှစ်မျိုးသည် လူသားများကို ဒုက္ခပေးတတ်သည့် နီပါဗိုင်းရပ်(Nipah) နှင့် ဟင်ဒရာဗိုင်းရပ် (Hendra) တို့နှင့် အလွန်နီးစပ်ကြောင်း တရုတ်သုတေသနပညာရှင်များ၏ အဆိုအရ သိရသည်။

တရုတ်သုတေသနပညာရှင်များသည် လင်းနို့မျိုးစိတ် ၁၀ ခုမှ လင်းနို့ ၁၄၂ ကောင်ကို လေ့လာခဲ့ရာ ဗိုင်းရပ်သစ် ၂၀ အပါအဝင် ဗိုင်းရပ် ၂၂ မျိုးကို ရှာဖွေတွေ့ရှိခဲ့သည်။

အထက်ပါ ဗိုင်းရပ်သစ်များအနက် စိုးရိမ်ရမည့်ဗိုင်းရပ် နှစ်မျိုးမှာ နီပါဗိုင်းရပ်၊ ဟင်ဒရာဗိုင်းရပ်များနှင့် အလွန်နီးစပ်သော ဟင်နီပါဗိုင်းရပ် (Henipavirus) နှစ်မျိုးဖြစ်သည်ဟု တရုတ်သုတေသနပညာရှင်များက ပြောကြားကြောင်း သိရသည်။

နီပါဗိုင်းရပ်နှင့် ဟင်ဒရာဗိုင်းရပ်များကြောင့် လူသားများ၌ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများနှင့် ဦးနှောက်ရောင်ရမ်းမှုရောဂါများဖြစ်ပွားတတ်ပြီး ၎င်းဗိုင်းရပ်ရောဂါနှစ်မျိုး၏ သေဆုံးနှုန်းမှာလည်း မြင့်မားကြောင်းသိရသည်။

လက်ရှိအချိန်တွင် နီပါဗိုင်းရပ်နှင့် ဟင်ဒရာဗိုင်းရပ်ရောဂါများအတွက် ကာကွယ်ဆေးနှင့် ကုထုံးများမရှိသေးကြောင်း သိရသည်။

ကိုဗစ်အတည်ပြုလူနာသစ် (၁၆)ဦးထပ်မံတွေ့ရှိ

ကိုဗစ်-၁၉ ရောဂါစောင့်ကြည်ကြည့်ရှုမှုနဲ့ပတ်သက်ပြီးတော့ ဇွန်လ(၂၂)ရက်နေ့မှ (၂၉)ရက်နေ့အထိ(တစ်ပတ်အတွင်း) စစ်ဆေးမှုတွေအရ ကိုဗစ်-၁၉ ရောဂါဓါတ်ခွဲ အတည်ပြုလူနာသစ်(၁၆)
ဦးထိ တွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန က ဇွန်လ(၃၀)ရက် ညပိုင်း မှာ အတည်ပြုထုတ်ပြန်လာသည်။

တစ်ပတ်အတွင်း (၂,၃၁၄)ဦးကို ဓါတ်ခွဲစစ်ဆေးခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဓါတ်ခွဲစစ်ဆေးမှုများထဲက ကိုဗစ်-၁၉ အတည်ပြုလူနာသစ်(၂၁၆) ဦး ထိတွေ့ရှိခဲ့ပြီး ပိုးတွေ့ရှိမှုရာခိုင်နှုန်း (၀.၆၉) ရာခိုင်နှုန်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနက သိရသည်။

လတ်တလောအချိန်ထိ ပြင်းထန်လူနာ အထူးကြပ်မတ်ကုသမှုပေးရသည့်လူနာနှင့် ကိုဗစ်ရောဂါဖြင့် ‌သေဆုံးလူနာမရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သိရသည်။

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပါက ရောဂါပြင်းထန်နိုင်ခြေနှင့် အသက်ဆုံးရှုံးနိုင်ခြေမြင့်မားသည့် အသက်(၆၀)နှစ်အထက်အသက်အရွယ်ကြီးသူများ၊ ဆီးချိုရောဂါ၊ နာတာရှည် အဆုတ်ရောဂါ၊ ကင်ဆာရောဂါရှိသူများ၊ ကိုယ်ဝန်ဆောင်ကာလ သုံးလနှင့်အထက်ရှိသည့် မိခင်လောင်းများအနေဖြင့် ထပ်ဆောင်း ကိုဗစ်ကာကွယ်ဆေးထိုးနှံမှု ခံယူကြရန် ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းထားသည်။

ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသေးစိတ်သတင်းအချက်အလက်များကိုလည်း ကျန်းမာရေးဝန်ကြီးဌာန၏ အင်တနက်စာမျက်နှာ moh.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

Popular Myanmar

ကော်ဖီသောက်သုံးမှုက အသက်ရှည်ရေးအတွက် အထောက်အကူပြုနိုင်ကြောင်း ပညာရှင်များပြောကြား

လန်ဒန်  ဇွန် ၃၀

ကော်ဖီသောက်သုံးမှုသည် အသက်ရှည်ရေးအတွက် အထောက်အကူပြုနိုင်ဖွယ်ရှိကြောင်း သုတေသနပညာရှင်များ၏ အဆိုကို ကိုးကား၍ ဇွန် ၂၉ ရက် သတင်းများအရ သိရသည်။

ဗြိတိန်နိုင်ငံ ကွင်းမေရီတက္ကသိုလ်မှ သုတေသနပညာရှင်များ၏ အဆိုအရ ကော်ဖီတွင်ပါဝင်သည့် ကဖင်းဓာတ်သည် ဆဲလ်များကြီးထွားမှု၊ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ကုစား ပြင်ဆင်နိုင်မှုနှင့် ဖိအားကို တုံ့ပြန်မှုတို့အပေါ် အကျိုးသက်ရောက်မှုရှိကြောင်း သိရသည်။

ဓာတ်ခွဲခန်းစမ်းသပ်မှုရလဒ်များအရ ကဖင်းဓာတ်သည် AMPK ခေါ်  ဇီဝစွမ်းအင်ပြန်လည်ဖြည့်တင်းမှုစနစ်နှင့် ဆဲလ်များကို ချိတ်ဆက်ပေးနိုင်သည်ကို တွေ့ရကြောင်း ဗြိတိန်သုတေသနပညာရှင်များက ပြောကြားသည်။

AMPK စွမ်းအင်ပြန်လည်ဖြည့်တင်းမှုစနစ်သည် ဆဲလ်များကို ပြုပြင်ထိန်းသိမ်းပေးသည်ဖြစ်ရာ ၎င်းစနစ်နှင့် ထိတွေ့နိုင်သော ဆဲလ်များမှာ ဇီဝသက်တမ်းအိုမင်းမှု ပို၍နှေးကွေးလာပြီး ဖိအားများကို တုံ့ပြန်ရာတွင် ပို၍ ထိရောက်လာကြောင်း သုတေသနပညာရှင်များ၏ အဆိုအရ သိရသည်။

မိမိတို့၏ လေ့လာတွေ့ရှိချက်အရ ကဖင်းဓာတ်သည် လူတို့၏ ကျန်းမာရေးနှင့် အသက်ရှည်ရေးတို့အတွက် အထောက်အကူပြုနိုင်သည်ကို တွေ့ရသည်ဟု သုတေသနပညာရှင်များက ပြောကြားကြောင်း သိရသည်။

ကိုးကား : ရတနာပုံသတင်းစာ

Photo: New York Post

ဖနွမ်းပင်၊ ကျန်းမာရေး

ကမ္ဘောဒီယားနိုင်ငံ၌ သားအမိနှစ်ဦး သည် H5N1 ကြက်ငှက်တုပ်ကွေးရောဂါပိုးကူးစက်ခံရသောကြောင့် နိုင်ငံအတွင်း ထိုရောဂါကူးစက်ခံရသူ ၁၀ ဦး အထိရှိလာ ပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန က ဇွန်လ ၂၉ ရက်တွင်ထုတ်ပြန်သည်။
နိုင်ငံအနောက်မြောက်ပိုင်း ဆီရမ်ရှိ ပြည်နယ်မှအသက် ၄၆ နှစ်ရှိ မိခင်ဖြစ်သူနှင့် အသက် ၁၆ နှစ်ရှိ သားဖြစ်သူတို့သည် ထိုရောဂါပိုးကူးစက်ခံရခြင်းဖြစ်ကြောင်း၊ ၎င်းတို့နေထိုင်ရာနေရာနှင့်အနီးပတ်ဝန်းကျင်တွင်လည်း နာမကျန်းဖြစ်နေသည့်အပြင် သေဆုံးနေသည့်ကြက်များလည်း ရှိကြောင်း၊ ရောဂါပိုးကူးစက်ခံရသူများသည် ထိုကြက်အသေများနှင့်ထိတွေ့မှုရှိကြောင်း လေ့လာစစ်ဆေးချက်များအရ တွေ့ရှိရသည်ဟု ဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယခုအခါတာဝန်ရှိသူများသည် လူများတွင် ကြက်ငှက်တုပ်ကွေးရောဂါကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် လိုအပ်သည်များကိုစောင့်ကြည့် စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။ 

Ref: Xinhua

Photo - The Star

MWD Daily Newspaper

ရုပ်ပိုင်းဆိုင်ရာ တက်ကြွလှုပ်ရှားမှုများရှိခဲ့ပါက တွေးတောဆင်ခြင်နိုင်မှုစွမ်းရည်ကျဆင်းမှုကို တားဆီးနိုင်

နယူးယောက် ဇွန် ၂၉

ရုပ်ပိုင်းဆိုင်ရာ တက်ကြွလှုပ်ရှားမှုများသည် တွေးတောဆင်ခြင်နိုင်မှုစွမ်းရည်ကျဆင်းမှုကို တားဆီးပေးနိုင်ကြောင်း အမေရိကန်နိုင်ငံ ဂျော်ဂျီယာတက္ကသိုလ်မှ သုတေသနပညာရှင်များက ဇွန် ၂၈ ရက်တွင် ပြောကြားသည်။

ရုပ်ပိုင်းဆိုင်ရာအရ တက်ကြွလှုပ်ရှားမှုရှိခြင်းကို ကျန်းမာရေးနှင့် ညီညွတ်သည့် ဘဝနေထိုင်မှု ပုံစံအဖြစ် ဆေးပညာရှင်များက အသိအမှတ်ပြုထားသည်။

သို့ရာတွင် အမေရိကန်သုတေသနပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ ရုပ်ပိုင်းဆိုင်ရာ တက်ကြွလှုပ်ရှားမှုရှိခြင်းသည် တွေးတောဆင်ခြင်နိုင်မှုစွမ်းရည်ကျဆင်းမှုကို တားဆီးနိုင်ကြောင်း သိရသည်။

အမေရိကန်သုတေသနပညာရှင်များသည် အသက် ၅၀ အထက်လူပေါင်း ၁၃၀၀၀ ကျော်တို့၏ အချက်အလက်များကို လေ့လာခဲ့ကြသည်။

လေ့လာချက်မှ ပေါ်ထွက်လာသည့် ရလဒ်များအရ ရုပ်ပိုင်းဆိုင်ရာအရ တက်ကြွလှုပ်ရှားမှုရှိသော သက်ကြီးပိုင်းများ၌ တွေးတောဆင်ခြင်နိုင်မှုစွမ်းရည် ကျဆင်းမှုနှုန်း လျော့ပါးသွားနိုင်သည်ကို တွေ့ရကြောင်း၊ သက်ကြီးပိုင်းများအနေဖြင့် တွေးတောဆင်ခြင်နိုင်မှုစွမ်းရည်ကျဆင်းမှုနှုန်းကို လျှော့ချနိုင်ပါက ဦးနှောက်စွမ်းဆောင်ရည် ထိခိုက်ပျက်စီးမှုရောဂါ Dementia ဖြစ်နိုင်ခြေကို လျှော့ချနိုင်ကြောင်း သုတေသနပညာရှင်များက သုံးသပ်ထားသည်။

ကိုးကား- ရတနာပုံသတင်းစာ

Photo: MedicalNewsToday