သတင်းများ

ဦးနှောက် အသေးစားများကို စမ်းသပ်ရာမှ စိတ်ဖောက်ပြန်မှုဖြစ်စေသည့် အကြောင်းရင်းတွေ့ရှိ

အိုဟိုင်းယိုးပြည်နယ် တက္ကသိုလ်မှ သုတေသနပညာရှင်များက လူသားတွေရဲ့ ကလာပ်စည်းများနဲ့ ပြုလုပ်ထားတဲ့ဓာတ်ခွဲခန်းဖြစ် ဦးနှောက် အသေးစားတွေကို အသုံးပြုစမ်းသပ် လေ့လာမှုတွေလုပ်တဲ့အခါ ဒီမန်းရှားလို့ခေါ်တဲ့ စိတ်ဖောက်ပြန်မှုကိုဖြစ်စေတတ်သော အကြောင်းရင်းကို ရှာဖွေတွေ့ရှိသွားပြီလို့ ဆိုပါတယ်။

အထူးသဖြင့်တော့ ပရိုတင်းတစ်မျိုးကို သူတို့ကလေ့လာကြည့်လိုက်မိတာပါ။ အဲဒီပရိုတင်းကို GRAMD1Bလို့ခေါ်ပါတယ်။ သူ့ရဲ့လုပ်ငန်းတာဝန်က  ဦးနှောက်ရဲ့ ကလာပ်စည်းအတွင်းမှာရှိတဲ့   ကိုလက်စထရောနဲ့ အဆီကို ထိန်းညှိရာမှာ ကူညီပေးရတာပါ။

အကယ်၍များ  အဲဒီပရိုတင်းက ဟန်ချက်မညီတော့ဘူး ဆိုရင် ဦးနှောက်ရဲ့ အဓိကကျတဲ့ လုပ်ငန်းစဉ်များအပေါ် ထိခိုက်မှုရှိစေပြီး စိတ်ဖောက်ပြန်မှုကို ဖြစ်စေတဲ့ အဆိပ်သင့်ပရိုတင်းများကို ဖြစ်ပေါ်လာစေတာဖြစ်ပါတယ်။

အခုလိုမျိုး သုတေသနပညာရှင်များရဲ့ တွေ့ရှိမှုက တော်တော်လေးကိုအကျိုးရှိ တယ်လို့ဆိုရမှာပါ။ ဘာကြောင့်လဲဆိုရင် ဒီတွေ့ရှိမှုကနေ စိတ်ဖောက်ပြန်မှုရောဂါ ဘာကြောင့်ဖြစ်ရတာလဲ ဆိုတာကို ရှာဖွေ ဖော်ထုတ်နိုင်လို့ဖြစ်ပါတယ်။  ဒါ့အပြင် ဒီလိုမျိုး ဖော်ထုတ်နိုင်မှုကြောင့် အဲဒီရောဂါကို အကောင်းဆုံးကုသနိုင်မယ့် နည်းလမ်းကိုလည်း ဖော်ထုတ်နိုင်တော့မှာ ဖြစ်ပါတယ်။    

Source: https://myawady.net.mm/

ရိုးစင်းသောလမ်းလျှောက်လေ့ကျင့်ခန်းက ကိုယ်အလေးချိန်လျှော့ချရေးနှင့် အသက်ရှည်ရေး တို့ကို အကျိုးပြုနိုင်

တိုကျို  မတ် ၂၇

ရိုးစင်းသော လမ်းလျှောက်လေ့ကျင့်ခန်း ပုံစံတစ်မျိုးသည် ကိုယ်အလေးချိန် လျှော့ချရေးနှင့် အသက်ရှည်ရေးတို့ကို အကျိုးပြုနိုင်ကြောင်း သုတေသနပညာရှင်များက မတ် ၂၆ ရက်တွင် ပြောကြားသည်။

Interval Walking Training (IWT) ခေါ် အဆိုပါ လမ်းလျှောက်နည်းအရ  သုံးမိနစ် အနှေးလျှောက်ပြီးနောက် သုံးမိနစ်အမြန်လျှောက်ရမည်ဖြစ်ပြီ သုံးမိနစ်ကြာအနှေးလျှောက်မှု ထပ်မံပြုလုပ်ရမည်ဖြစ်ကြောင်း သိရသည်။

IWT လမ်းလျှောက်နည်းပုံစံသည် အပြေးလေ့ကျင့်ရေးစက်ပေါ်၌ အပေးလေ့ကျင့်သည်ထက် ပို၍ ရောဂါဘယများ ဝင်ရောက်နိုင်ခြေ၊ သေချိန်မတန်ဘဲ သေဆုံးနိုင်ခြေကို လျှော့ချပေးနိုင်ကြောင်း ဂျပန် သုတေသနပညာရှင်များက ပြောကြားသည်။

သုံးမိနစ်ကြာ အနှေးလျှောက်ပြီးနောက် သုံးမိနစ်ကြာ အမြန်လျှောက်ခြင်းဖြင့် နှလုံးခုန်နှုန်း မြင့်တက်လာပြီး ကယ်လိုရီလောင်ကျွမ်းနိုင်စွမ်းလည်း မြင့်တက်လာကြောင်း ဂျပန်သုတေသနပညာရှင်များက ပြောကြားသည်။

IWT လမ်းလျှောက်လေ့ကျင့်ခန်းကို အနည်းဆုံး သီတင်းတစ်ပတ်လျှင် ငါးကြိမ်၊ တစ်ကြိမ်လျှင် ၂၄ မိနစ်ကြာ အချိန်ယူပြုလုပ်သင့်ကြောင်း သုတေသနပညာရှင်များက ပြောကြားသည်။

ဂျပန် သုတေသနပညာရှင်များသည် IWT လမ်းလျှောက်နည်းကို သက်လတ်ပိုင်းနှင့် သက်ကြီးပိုင်း ၆၄၀၀ ကျော်တို့ဖြင့် လက်တွေ့စမ်းသပ်မှုများ ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

အစာခြေလမ်းကြောင်းစနစ် ကျန်းမာရေးကို မြှင့်တင်ပေးသည့် ဓာတ်စာပုံစံက ဆီးကျိတ်ကင်ဆာ ရောဂါတိုးနှုန်းကို ထိန်းထားနိုင်

လန်ဒန်   မတ် ၂၅

ပန်းဂေါ်ဖီစိမ်း၊ လက်ဖက်စိမ်းနှင့် ဇီဝအကျိုးပြုအစားအစာများပါဝင်သည့် အစာခြေလမ်းကြောင်းစနစ် ကျန်းမာရေးကို မြှင့်တင်ပေးသော ဓာတ်စာများ စားသုံးခြင်းဖြင့် ဆီးကျိတ်ကင်ဆာ ရောဂါတိုးလာမှုကို ထိန်းထားနိုင်ကြောင်း မတ် ၂၄ ရက် သတင်းများအရ သိရသည်။

ဗြိတိန် သုတေသနပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ အစာခြေလမ်းကြောင်းစနစ် ကျန်းမာရေးကို မြှင့်တင်ပေးသည့် ဓာတ်စာများစားသုံးသူ ဆီးကျိတ်ကင်ဆာလူနာများ၌ ရောဂါတိုးနှုန်းမှာ ၄၂ ရာခိုင်နှုန်း ပို၍ နှေးကွေးကြောင်း သိရသည်။

မိမိတို့၏ လေ့လာတွေ့ရှိချက်အရ အမျိုးသားများအနေဖြင့် ဆီးကျိတ်ကင်ဆာရောဂါကို ဓာတ်စာ ပုံစံ ရွေးချယ်စားသုံးခြင်းဖြင့် ထိန်းချုပ်ထားနိုင်ဖွယ်ရှိသည်ကို တွေ့ရကြောင်း ဗြိတိန် သုတေသနပညာရှင်များက ပြောကြားသည်။

ဗြိတိန် သုတေသနပညာရှင်များသည် ဆီးကျိတ်ကင်ဆာလူနာ ၂၀၀ ကျော်တို့ကို ဇီဝအကျိုးပြု အားဖြည့်ဆေးတစ်မျိုးနှင့် Phytochemical ခေါ် ဓာတုဒြပ်ပေါင်းတစ်မျိုးတို့ကို လက်တွေ့ တိုက်ကျွေးစမ်းသပ်ခဲ့ကြသည်။

စမ်းသပ်မှုမှ ပေါ်ထွက်လာသည့် ရလဒ်များအရ အထက်ပါလူနာများ၌ ဆီးကျိတ်ကင်ဆာ ရောဂါတိုးနှုန်းမှာ ၄၂ ရာခိုင်နှုန်းနှေးကွေးသွားသည်ကို တွေ့ရကြောင်း သိရသည်။

ဖုန်းများအား အချိန်ကြာမြင့်စွာသုံးစွဲခြင်းကြောင့် သုံးစွဲသူများတွင် အိပ်စက်ချိန် မလုံလောက် သည့် အကျိုးသက်ရောက်မှုများရှိလာ

ပေကျင်း   မတ် ၂၅

ယနေ့ခေတ်တွင် ဖုန်းများအား အချိန်ကြာမြင့်စွာ သုံးစွဲခြင်းကြောင့် သုံးစွဲသူများတွင် အိပ်စက်ချိန်မလုံလောက်သည့် အကျိုးသက်ရောက်ခြင်းများ ရှိလာကြောင်း တရုတ်ပညာရှင်များက ပြောကြားသည်။

တရုတ်နိုင်ငံမှ အရွယ်ရောက်သူ ၄၈ ဒသမ ၅ ရာခိုင်နှုန်းသည် ဖုန်းသုံးစွဲမှုကြောင့် အိပ်စက်ချိန်နည်းပါးသည့် ပြဿနာကို ရင်ဆိုင်နေရကြောင်း မကြာမီက ပြုလုပ်သည့်စစ်တမ်းအရ သိရသည်။

တရုတ်နိုင်ငံသားများအား ညအိပ်ရာမဝင်မီအချိန်တွင် ဖုန်းသုံးစွဲခြင်းနှင့် ဆိုရှယ်မီဒီယာများတွင် အချိန်ဖြုန်းခြင်းမှ ရှောင်ရှားကြရန် မတ် ၂၁ ရက်တွင် ကျရောက်သည့် ကမ္ဘာ့အိပ်စက်ခြင်းနေ့တွင် ပညာရှင်များက သတိပေးပြောကြားခဲ့သည်။ တစ်နေ့လျှင် သုံးနာရီကျော်မျှ ဆိုရှယ်မီဒီယာများ သုံးစွဲခြင်းသည် အိပ်စက်ခြင်းကို အနှောက်အယှက်ဖြစ်စေကြောင်း တရုတ်နိုင်ငံ အိပ်စက်ခြင်းဆိုင်ရာ သုတေသနအဖွဲ့နှင့် တရုတ်နိုင်ငံ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးစင်တာတို့က ပူးတွဲဆောင်ရွက်သည့် လေ့လာမှုအရ သိရသည်။

ဆယ်ကျော်သက်များတွင် ဖုန်းအလွန်အကျွံသုံးစွဲမှုကြောင့် မှတ်ဉာဏ်များ ကျဆင်းလာကြောင်း ပညာရှင်တစ်ဦးက ပြောကြားသည်။ ဖုန်းမျက်နှာပြင်မှ ထုတ်လွှတ်သည့် အလင်းတန်းကြောင့် နှစ်ချိုက်စွာအိပ်ပျော်ခြင်းကို ဖြစ်စေသည့် မယ်လတိုနင်ဟုခေါ်သည့် ဟော်မုန်းကို ကျဆင်းစေကြောင်း သိရသည်။

Source: ကြေးမုံသတင်းစာ

မဟာသင်္ကြန်ပွဲတော်ကာလအတွင်း ဒဂုံမြို့နယ်ရှိ ရွှေတိဂုံစေတီတော်ကြီးကို ပိတ်ရက်မရှိ ဖွင့်လှစ်ထားမည်ဖြစ်ပြီး နှစ်ဆန်းတစ်ရက်နေ့တွင် နှစ်သစ်မင်္ဂလာအခမ်းအနားကျင်းပမည်

ရန်ကုန်  မတ် ၂၅

မဟာသင်္ကြန်ပွဲတော်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်ရှိ ရွှေတိဂုံစေတီတာ်ကို ပိတ်ရက်မရှိ ဖွင့်လှစ်ထားမည်ဖြစ်ပြီး နှစ်ဆန်းတစ်ရက်နေ့တွင် နှစ်သစ်မင်္ဂလာ အခမ်းအနားကျင်းပသွားမည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင် ဦးတင်ဝထံမှ သိရသည်။

အဆိုပါ မြန်မာ့နှစ်ဆန်းတစ်ရက်‌နေ့ နှစ်သစ်မင်္ဂလာအခမ်းအနားကို မဟာသင်္ကြန်ပွဲတော်ကာလအပြီး မြန်မာ့နှစ်ဆန်းတစ်ရက်‌နေ့ (ဧပြီ ၁၇ ရက်) တွင် ရွှေတိဂုံစေတီတော်ရှိ ရှေးဟောင်းဗုဒ္ဓတန်ဆောင်းတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မဟာသင်္ကြန်ပွဲတော်ကာလအတွင်း ရွှေတိဂုံစေတီတော်ကို နေ့စဉ် နံနက် ၅ နာရီမှ ည ၉ နာရီထိ ဖွင့်လှစ်ထားမည်ဖြစ်ကြောင်း သိရသည်။

“မဟာသင်္ကြန်ပွဲတော်ကာလအတွင်းမှာ ဥပုသ်ပြု သီလယူသူ ဘုရားဖူးတွေ များပြားတဲ့အတွက် ဘုရားကို ပိတ်ရက်မရှိ ဖွင့်ထားမှာဖြစ်သလို တန်ဆောင်းတွေမှာလဲ ဥပုသ်ပြု သီလယူသူတွေကို ဆရာတော်၊ သံဃာတော်တွေက သီလပေးတဲ့ အစီအစဉ်တွေလဲ ရှိပါမယ်။ ရင်ပြင်တော်ပေါ်မှာလဲ နေ့စဉ် ဘာသာရေး အသင်းအဖွဲ့တွေနဲ့ အလှူရှင်၊ စေတနာရှင်တွေက သင်္ကြန်ကာလမှာ မုန့်လုံးရေပေါ်၊ ရွှေရင်အေး၊ ကျောက်ကျော စတုဒိသာ ကျေးမွေးမဲ့ အစီအစဉ်တွေလဲ ရှိပါတယ်။ နှစ်ဆန်းတစ်ရက်နေ့ရောက်ရင်တော့ နှစ်ဆန်းတစ်ရက်နေ့ မနက်မှာ အရုဏ်တက်အချိန်အခါကစလို့ စေတီတော်ရဲ့ ဩဝါဒါစရိယ ဆရာတော်တွေကို အရုဏ်ဆွမ်းကပ်လှူတဲ့ အခမ်းအနားနဲ့ စေတီတော်ရဲ့ ရှေးဟောင်းဗုဒ္ဓတန်ဆောင်းမှာ နှစ်ဦး စတုဒိသာ အလှူပွဲကို  ပြုလုပ်သွားမှာဖြစ်ပါတယ်”  ဟု ဦးတင်ဝက ပြောပြသည်။

လက်ရှိကာလတွင် ဘုရားဖူးပြည်သူများ တစ်စတစ်စ များပြားလာခြင်းကြောင့် ဘုရားဖူးပြည်သူများ စိတ်ချမ်းမြေ့စွာ ဖူးမြော်နိုင်ရန် ရွှေတိဂုံစေတီတော်မြတ်ကို နံနက် ၅ နာရီမှ ည ၉ နာရီထိ ဘုရားဖူးချိန်ကို တိုးမြှင့်စီစဉ်ပေးထားကြောင်း သိရသည်။

လစ်သူရေးနီးယားနိုင်ငံမှ ကျောင်းသားများအား ဉာဏ်ရည်တုနည်းပညာစည်းမျဉ်း ချိုးဖောက်ခြင်းကြောင့် ပညာသင်ကြားခွင့်ရပ်ဆိုင်း

ဗင်နီးယက်စ်   မတ် ၂၅

လစ်သူရေးနီးယားနိုင်ငံ ဗင်းနီးယက်စ်တက္ကသိုလ်မှ ကျောင်းသားများသည် ယမန်နှစ်အတွင်း ပညာသင်ကြားရာ၌ ဉာဏ်ရည်တုနည်းပညာဆိုင်ရာ စည်းမျဉ်းများကို ချိုးဖောက်ခဲ့သောကြောင့် ၎င်းတို့အား ပညာသင်ကြားခွင့်ရပ်ဆိုင်းခဲ့ကြောင်း လစ်သူရေးနီးယား အမျိုးသားရုပ်မြင်သံကြားဌာနက ပြောကြားသည်။

ကျောင်းသားများသည် ဉာဏ်ရည်တုနည်းပညာကို သုံးစွဲရာတွင် တာဝန်ယူမှု၊ တာဝန်ခံမှုမရှိကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

ကျောင်းသားများအား ယမန်နှစ်အတွင်းက စာတမ်းများတင်သွင်းစေခဲ့ရာတွင် ကျောင်းသားအချို့သည် ဉာဏ်ရည်တုနည်းပညာအကူအညီဖြင့် ကြိုးစားအားထုတ်မှုမရှိဘဲ အချက်အလက်များကို ကူးယူတင်သွင်းခဲ့သည်ဟု သိရသည်။

နိုင်ငံအတွင်းရှိ တက္ကသိုလ်များတွင် အလားတူကိစ္စရပ်များဖြစ်ပွားခဲ့သည်ဟု သိရသည်။

ကျောင်းသားများအား ဆန်းစစ်ခဲ့ရာတွင် စာတမ်းများကို တင်သွင်းနိုင်သည့် အရည်အချင်း ပြည့်မီခြင်းမရှိကြောင်း တွေ့ရှိခဲ့ရသည်ဟု ၎င်းတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဂျာကူနဒ်က ပြောကြားသည်။ ကျောင်းသားများသည် မိမိတို့၏ အရည်အချင်းဖြင့် ရေးသားဖြေဆိုရမည့် သင်ခန်းစာများကို ဉာဏ်ရည်တုနည်းပညာဖြင့် ဖြေဆိုခဲ့သည်ဟု သိရသည်။

ယခုကဲ့သို့ ဉာဏ်ရည်တုနည်းပညာကို အသုံးချ၍ မသင့်တော်သည့် နည်းလမ်းဖြင့် ဖြေဆိုခဲ့သည့် ကျောင်းသားများ၏ အနာဂတ် ပညာသင်ကြားရေးအတွက် စိုးရိမ်ပူပန်ကြောင်းနှင့် ဉာဏ်ရည်တုနည်းပညာကိုသာ အစဉ်အမြဲ အသုံးချနေပါက ကျောင်းသားများ၏ အရည်အချင်းများ ကျဆင်းသွားမည်ဟု ကျောင်းသားများ ယူနီယံတာဝန်ရှိသူက ပြောကြားသည်။

စပိန်လာလီဂါပြိုင်ပွဲ၏ မတ်လတစ်လတာ အကောင်းဆုံးနည်းပြဆုကို ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီဖလစ်ရရှိ

ဘာစီလိုနာ  မတ် ၂၅

စပိန်လာလီဂါပြိုင်ပွဲ၏ မတ်လတစ်လတာအကောင်းဆုံးနည်းပြဆုကို ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီဖလစ်က ရရှိခဲ့ကြောင်း သိရသည်။

အသက် ၆၀ အရွယ် နည်းပြဟန်ဆီဖလစ်သည် ဘာစီလိုနာအသင်းကို စတင်တာဝန်ယူကိုင်တွယ်ခဲ့သူဖြစ်ပြီး အသင်းနှင့်အတူ ပထမဆုံး ဘောလုံးရာသီတွင်ပင် ရလဒ်ကောင်းများရရှိအောင် စွမ်းဆောင်ထားနိုင်သူဖြစ်သည်။

ဘာစီလိုနာအသင်းသည် မတ်လအတွင်းကစားခဲ့သည့် စပိန်လာလီဂါပွဲစဉ်များတွင် ရလဒ်ကောင်းများ ဆက်တိုက်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး ဆိုစီဒက်စ်အသင်းနှင့် ပွဲစဉ်တွင် ၄ ဂိုး-ဂိုးမရှိ၊ အက်သလတ်တီကို အသင်းနှင့် ပွဲစဉ်တွင် ၄ ဂိုး-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ကာ နှစ်ပွဲကစားရာတွင် နှစ်ပွဲစလုံးအနိုင်ရရှိပြီး ချန်ပီယံဆုအတွက် အရေးပါသည့် ပွဲစဉ်များတွင် အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ပြီးနောက် နည်းပြဟန်ဆီဖလစ်သည် မတ်လတစ်လတာ အကောင်းဆုံးနည်းပြဆုကို ရရှိခဲ့ခြင်းဖြစ်သည်။

ဘာစီလိုနာအသင်းသည် နောက်ဆုံးကစားခဲ့သည့် စပိန်လာလီဂါပြိုင်ပွဲတွင် ချန်ပီယံဆုအတွက် အားပြိုင်နေရသည့်အသင်းတစ်သင်းဖြစ်သော အက်သလက်တီကိုအသင်းနှင့် အဝေးကွင်း၌ သွားရောက်ကစားခဲ့ရာ ၄ ဂိုး-၂ ဂိုးဖြင့် အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ပြီးနောက် အဆင့်(၂)နေရာမှ ရီးယဲလ်မက်ဒရစ်အသင်းထက် တစ်ပွဲလျော့ကစားထားပြီး ရမှတ်တူဖြင့် ထိပ်ဆုံးမှဦးဆောင်နေသကဲ့သို့ အဆင့် (၃) နေရာမှ အက်သလက်တီကိုအသင်းကို လေးမှတ်ဖြတ်တောက်ကာ ချန်ပီယံဆုအတွက် ရေပန်းစားလာကြောင်း သိရသည်။

Source: မြဝတီသတင်းစာ

မဟာသင်္ကြန်ကာလအတွင်း အများပြည်သူ လေ့လာအပန်းဖြေနိုင်ရန် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ယဉ်ကျေးမှုဇုန်များ ဖွင့်လှစ်ပေးထားမည်

မန္တလေး  မတ် ၂၄

၁၃၈၆ ခုနှစ် မဟာသင်္ကြန်ကာလအတွင်း အများပြည်သူလေ့လာအပန်းဖြေနိုင်ရန် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ယဉ်ကျေးမှုဇုန်များကို ဖွင့်လှစ်ပေးထားမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူး (စီမံ) ဦးအောင်အောင်ကျော်ထံမှ သိရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ယဉ်ကျေးမှုဇုန်များကို ဖွင့်လှစ်ပေးရာတွင် ပင်းယယဉ်ကျေးမှုဇုန်၊ အင်းဝယဉ်ကျေးမှုဇုန်တို့ကို ဖွင့်လှစ်ပေးထားမည်ဖြစ်ကြောင်း သိရသည်။

“သင်္ကြန်ကာလမှာ ခရီးသွားတွေ အသွားအလာများတဲ့ဇုန်တွေကတော့ နှစ်စဉ်ဖွင့်လှစ်နေကြအတိုင်း ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။ မန္တလေးတိုင်းဒေသကြီးမှာဆိုရင် ပင်းယယဉ်ကျေးမှုဇုန်၊ အင်းဝယဉ်ကျေးမှုဇုန်၊ ပုဂံယဉ်ကျေးမှုဇုန်တွေ ဖြစ်ပါတယ်။ ဒီဇုန်တွေအပြင် ပဲခူးယဉ်ကျေးမှုဇုန်နဲ့ သရေခတ္တရာယဉ်ကျေးမှုဇုန်လဲ ဖွင့်လှစ်ထားမှာဖြစ်ပါတယ်။ ဇုန်တွေထဲမှာရှိတဲ့ ပြတိုက်တွေကတော့ ပိတ်ထားမှာဖြစ်ပါတယ်” ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူး (စီမံ) ဦးအောင်ကျော်က ပြောပြသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ယဉ်ကျေးမှုဇုန်များ ဖွင့်လှစ်ထားမည်ဖြစ်သော်လည်း မြနန်းစံကျော်ရွှေနန်းတော်ကိုမူ ပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။ 

ကိုးကား : ရတနာပုံသတင်းစာ

တံတားဦးမြို့နယ် “ရွှေအိမ်စံ” စာကြည့်တိုက်တွင် စာဖတ်ရှိန် မြှင့်တင်ရေးအတွက် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ

မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီမှမတည်ငွေဖြင့် ဆောက်လုပ်ခဲ့သည့် တံတားဦးခရိုင်၊ တံတားဦးမြို့နယ်၊ သဲမောင်းကန်ကျေးရွာအုပ်စု အိမ်မြင့်စံကျေးရွာ “ရွှေအိမ်စံ” စာကြည့်တိုက်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲတို့ကို ယမန်နေ့ မွန်းလွဲ(၂)နာရီက အဆိုပါကျေးရွာ စာကြည့်တိုက်တွင်ကျင်းပကြောင်းသိရသည် ။

အဆိုပါပြိုင်ပွဲများတွင် တံတားဦးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိက နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား ၊ ကျောင်းသူများအနေဖြင့် စာပေဖတ်သည့် အလေ့အကျင့်များ ရရှိလာစေရန်နှင့် စဉ်းစားတွေးခေါ်မှုမြင့်မားလာစေရေး ၊  စာကြည့်တိုက်နှင့် အကျွမ်းတဝင်ရှိပြီး စာပေ ချစ်မြတ်နိုးသည့်စိတ်များ  ဖြစ်ပေါ်လာကာ ယဉ်ကျေးလိမ္မာပြီး  ထူးချွန်ထက်မြတ်သည့် မျိုးဆက်သစ်လူငယ်များ ဖြစ်ပေါ်လာစေရေး ၊ ဗလငါးတန်နှင့်ပြည့်စုံရေး စာဖတ်စွမ်းရည်မြင့်မားလာစေရန် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲများ ကျင်းပေးခြင်းဖြစ်ကြောင်းပြောကြားပြီး အိမ်မြင့်စံကျေးရွာ ကျောင်းအုပ်ဆရာကြီး ဦးနေလှိုင်ဖြိုးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ဆက်လက်၍ ကျောင်းသား ၊ ကျောင်းသူများက စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲတို့ကို စိတ်ဝင်တစား ပါဝင်ယှဉ်ပြိုင်ကြပြီး ကျောင်းသား/သူများအား စာကြည့်တိုက်ကော်မတီဝင်များနှင့်တာဝန်ရှိသူများက အမှတ်တရလက်ဆောင်များ အသီးသီးပေးအပ်ခဲ့ကြောင်းသိရသည် ။

ပေးပို့သူ- ဦးရဲတင့်( ပြန်/ဆက်)၊ ၀၉-၇၉၇၄၃၈၃၀၅

ထိုင်းနိုင်ငံ ချင်းမိုင်၌ လေထုညစ်ညမ်းမှုကြောင့် ကလေးငယ်များ နှာခေါင်းသွေးယိုခြင်းများ ဖြစ်ပေါ်နေ

ထိုင်းနိုင်ငံ၊ ချင်းမိုင်၌ လေထုညစ်ညမ်းမှုနှင့် မီးခိုးမြူများကြောင့် နာတာရှည် ဖျားနာနေသူများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များကဲ့သို့သော ကျန်းမာရေးထိခိုက်လွယ်သည့် အုပ်စုများတွင် ဆိုးရွားစွာ ထိခိုက်စေကြောင်း သိရပါသည်။

Facebook စာမျက်နှာနှင့် ဆိုရှယ်မီဒီယာပလက်ဖောင်းများ၌ မျှဝေထားသည့် ပို့စ်များတွင် ပြည်နယ်အတွင်းရှိ ကလေးအများစုသည်အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာများနှင့် နှာခေါင်းသွေးယိုခြင်းများ ခံစားနေရသည်ဟု သိရသည်။ ရောဂါလက္ခဏာခံစားရသူအများစုသည် ဆေးရုံတက်ကုသရန် အခြေအနေမရှိသော်လည်း ယင်းပြဿနာသည် နှစ်စဉ်နှစ်တိုင်းဖြစ်ပေါ်နေခြင်းကြောင့် ကျန်းမာရေးဆိုင်ရာ ရေရှည်သက်ရောက်မှုများနှင့်ပတ်သက်ပြီး စိုးရိမ်မှုများ ရှိနေသည်။

အဆိုပါ လေထုညစ်ညမ်းမှုနှင့်ပတ်သက်ပြီး Facebook ပိုစ့်တစ်ခု၌ သွေးစွန်းနေသည့် တစ်ရှူးစ ပုံနှင့်အတူ “ချင်းမိုင် လေထုအခြေအနေ ဆိုးရွားနေသလားတော့ မသိဘူး၊ ဒီနေ့ (မတ်လ ၁၉ ရက်) မှာ သမီး ကို အလုပ်သွား၊ ထမင်းစားဖို့ ခေါ်တာ၊ ကားပေါ်တက်ပြီးတာနှင့် ဒီလိုဖြစ်သွားတာ၊ ချင်းမိုင်မှာရှိသည့် မိသားစု တော်တော်များများက ကလေးသူငယ်တွေနှင့် အလားတူပြဿနာမျိုး ကြုံနေရတယ်။ #AirPollution #Wildfires #ChangMaiir” ဟု ရေးသားထားသည်ကို တွေ့ရသည်။

ထိုင်းနိုင်ငံ၌ ဘန်ကောက်နှင့် ချင်းမိုင်ဒေသများကဲ့သို့သော အထင်ကရနေရာများတွင် လေထုညစ်ညမ်းမှု အခြေအနေများ ဆိုးရွားစွာဖြစ်ပေါ်နေကြောင်းသိရှိရပါသည်။

ကိုးကား-NP News