သတင်းများ

စက်ရုပ်ဆရာဝန်များဖြင့် တစ်ရက်ကိုလူနာ ၃၀၀၀ ကုသပေးနိုင်မယ့် ကမ္ဘာ့ပထမဆုံး AI ဆေးရုံ

တရုတ်နိုင်ငံက ကမ္ဘာ့ပထမဆုံးသော AI ဆေးရုံစိတ်ကူးကို ထုတ်ဖော်မိတ်ဆက်လိုက်ပါတယ်။ အဲဒီဆေးရုံမှာကုသမှုပေးမယ့်ဆရာဝန်တွေကလည်း သာမန်လူသားဆရာဝန်တွေမဟုတ်ပါဘူး။ စက်ရုပ်ဆရာဝန်တွေပါ။ ဒီစိတ်ကူးကို ထုတ်ဖော်မိတ်ဆက်လိုက်သူများကတော့ ပေကျင်းမြို့ရှိ ဆင်းဟွာတက္ကသိုလ်မှ သုတေသနပညာရှင်များပါ။

သူတို့ရဲ့စိတ်ကူးပုံဖော်မှုအရဆိုရင်တကယ့်ဆရာဝန်အစစ်တွေ၊ ဆေးကျောင်းသားတွေအနေနဲ့ တကယ့်လူနာတွေကို အသုံးပြုစရာမလိုဘဲ ရောဂါရှာဖွေစမ်းသပ်လေ့ကျင့်မှုတွေလည်း  လုပ်နိုင်မယ်လို့ဆိုပါတယ်။

လက်ရှိ စက်ရုပ်ဆရာဝန်တွေရဲ့စွမ်းဆောင်ရည်က အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါကုသရေးတွေမှာ ၉၃ ဒသမ ၀၆ ရာခိုင်နှုန်းအထိ တိကျမှုရှိနေပြီလို့ဆို ပါတယ်။                     

Ref: IE K.H

Source: Myawady Web Portal

သီတင်းတစ်ပတ်လျှင် ပန်းသီးလေးလုံးစားသုံးခြင်းဖြင့် နှလုံး ရောဂါကြောင့် သေဆုံးနိုင်ခြေကို လျှော့ချနိုင်

သီတင်းတစ်ပတ်လျှင် ပန်းသီးလေးလုံးမျှစားပေးခြင်းဖြင့် နှလုံးရောဂါများကြောင့် အသက်ဆုံးပါးနိုင်ခြေကို ၄၀ ရာခိုင်နှုန်းခန့် လျှော့ချပေးနိုင်ကြောင်း ဒီဇင်ဘာ ၂၄ ရက်သတင်းများအရ သိရသည်။

တရုတ်နိုင်ငံ ယန်ကျိတက္ကသိုလ်မှ သုတေသနပညာရှင်များသည် သွေးအတွင်းကိုလက်စထရောပါဝင်မှုနှုန်းမြင့်မားသော သက်လတ်ပိုင်းအရွယ် အမျိုးသား၊ အမျိုးသမီး ၂၁၈၄ ဦးတို့ကို အချိန်ယူစောင့်ကြည့်လေ့လာခဲ့ကြသည်။

လေ့လာချက်မှ ပေါ်ထွက်လာသည့်ရလဒ်များအရ လေ့လာမှုတွင် ပါဝင်သူများအနက် သီတင်းတစ်ပတ်လျှင် ပန်းသီးသုံးလုံးမှ လေးလုံးထိ စားသုံးသူများမှာ မစားသူများထက် နှလုံးရောဂါများကြောင့် အသက်ဆုံးပါးနိုင်ခြေ ၃၉ ရာခိုင်နှုန်း ပိုနည်းပါးသည်ကို လေ့လာတွေ့ရှိရကြောင်း၊ ပန်းသီကဲ့သို့ပင် ငှက်ပျောသီးပုံမှန်စားသူများတွင်လည်း နှလုံးပြဿနာကြောင့် အသက်ဆုံးပါးနိုင်ခြေ ပုံမှန်ထက်နည်းပါးလာတတ်ကြောင်း၊ ငှက်ပျောသီးကို နေ့စဉ်စားသုံးပါက နှလုံးပြဿနာများကြောင့် အသက်ဆုံးပါးနိုင်ခြေမှာ ပုံမှန်ထက် ၃၀ ရာခိုင်နှုန်း ပိုမိုကျဆင်းလာနိုင်ကြောင်း သုတေသန ပညာရှင်များ၏ အဆိုအရ သိရသည်။

Source: ရတနာပုံသတင်းစာ

ရုရှားက လာမည့်နှစ်တွင် ကင်ဆာကာကွယ်ဆေး ထုတ်ရောင်းတော့မည်

ရုရှားသိပ္ပံပညာရှင်များသည် လာမည့်နှစ်တွင် ထွက်ရှိမည့် ကင်ဆာရောဂါကာကွယ်ဆေးအသစ်အတွက် အပြီးသတ်လုပ်ဆောင်နေကြောင်း ဂမီလီယာသုတေသနတက္ကသိုလ်၏ ကူးစက်ရောဂါနှင့် အဏုဇီဝဌာန အကြီးအကဲ အလက်ဇန်ဒါး ဂျင်ဘာဂ်က ပြောကြားလိုက်သည်။ ဂမီလီယာဌာနသည် ကိုဗစ်ကာကွယ်ဆေး Sputnik V ကို ၂၀၂၀ သြဂုတ်လက ဖန်တီးခဲ့ပြီး၊ ကမ္ဘာပေါ်တွင် ပထမဆုံး တီထွင်ခဲ့သော ကိုဗစ်ကာကွယ်ဆေးတစ်ခုဖြစ်သည်။

ဂျင်ဘာဂ်က တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ကင်ဆာဆေးသွင်းခြင်း၏ အောင်မြင်မှုကို Covid ကာကွယ်ဆေးထိုးနည်းများအတိုင်း လျှင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာစေရန် ချိတ်ဆက်ပေးခဲ့ပြီး မူပိုင်ခွင့် ခုနစ်ခုကို ကုသပြီးကြောင်း ဆိုပါသည်။ 

ကာကွယ်ဆေးအသစ်ထုတ်လုပ်ခြင်းသည် အဆင့်ပေါင်းများစွာလုပ်ဆောင်ရသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။ ဂျင်ဘာဂ်၏ အဆိုအရ Covid ကာကွယ်ဆေးများစွာကို အခြေခံထားသော mRNA နည်းပညာသည် ကြီးမားသည့် ကတိတစ်ခုဖြစ်ကြောင်း၊ သုတေသီများက ၂၀၂၂ ခုနှစ် နှစ်လယ်ခန့်တွင် စတင်သိရှိလာသောအခါ၌ ကင်ဆာကာကွယ်ဆေးအတွက် စတင်ခဲ့ခြင်းဖြစ်ကြောင်း၊ဆေးဝါးအသစ်သည် ကင်ဆာရောဂါရှိပြီးသောသူများကို ကုသရန်ကာကွယ်ဆေးဖြစ်ကြောင်း၊ ၎င်းသည်လူနာ၏ ကိုယ်ခံအားစနစ်မှ ကင်ဆာဆဲလ်များကို စတင်ဖျက်ဆီး စေမည်ဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးထားသူ၏ ကိုယ်ခန္ဓာတွင် ပေါ်လာသည့် Cytotoxic lymphocytes သို့မဟုတ် သွေးဖြူဥများကို အကျိတ်ဆဲလ်များ၏ မျက်နှာပြင်ပေါ်ရှိ Antigens များကို မှတ်မိစေနိုင်ကြောင်း၊ Cytotoxic lymphocytes များသည် Antigens များကို ရှာဖွေပြီး ခန္ဓာကိုယ်အနှံ့ ဖျက်ဆီးပေးမည် ဖြစ်ကြောင်း စသဖြင့် အကျယ်တဝင့် ရှင်းပြထားသည်။ 

“ဒီနည်းပညာက ကိုယ်ခံအားစနစ်ကို အသက်သွင်းရန်အတွက် လိုအပ်သည့် ပစ်မှတ်ပရိုတင်းဓာတ်ကို အလွန် မြင့်မားသည့် အာရုံစူးစိုက်မှုကို ထုတ်ပေးနိုင်ခြင်းကြောင့်ကိုယ်ခံအားစနစ်ကို လေ့ကျင့်ပေးရန် လိုအပ်သလိုကိုယ်ခံအားစနစ်နှင့် Antigens များကို ခွဲခြားသိမြင် နိုင်စေရန် လေ့ကျင့်ပေးရန် လိုအပ်သည့် အဆင့်များကို ကျော်လွန်စေသည့်အတွက် သိသာထင်ရှားသည့် အားသာချက်တစ်ခုလည်း ဖြစ်ကြောင်း” ၎င်းက ပြောကြားခဲ့ပါသည်။ 

ကာကွယ်ဆေးအသစ်သည် အကျိတ်နှစ်ခုတူညီခြင်းမရှိနိုင်သောကြောင့် လူနာတစ်ဦးစီအတွက် ဆေးဝါးတစ်ခုစီ ဖန်တီးမည်ဖြစ်ကြောင်း ဂျင်ဘာဂ်ရဲ့ အဆိုအရ သိရသည်။ သုတေသီများသည် မီလန်နိုမာ တိရစ္ဆာန် ပုံစံကိုအသုံးပြု၍ ကြွက်များကိုကုသရာတွင် ၎င်း၏ ထိရောက်မှုကို သရုပ်ပြနိုင်ခဲ့သည်။

လက်ရှိတွင် ၎င်းတို့သည် ဆဲလ်ငယ်မဟုတ်သော အဆုတ်ကင်ဆာအပါအဝင် အခြားသောကင်ဆာရောဂါများကို ကုသရန်အတွက် ပုံစံများကို တီထွင် ထုတ်လုပ် လျက်ရှိပြီး ၎င်းရောဂါများသည် သေဆုံးမှုနှုန်း အမြင့်မားဆုံး ကင်ဆာဖြစ်ကြောင်း အစီရင်ခံတင်ပြ ထားသည်။ ဤအမျိုးအစားသည် ခွဲစိတ်ကုသခြင်း၊ ဓာတ်ရောင်ခြည်ပေးခြင်း သို့မဟုတ် ဓာတုကုထုံးများ ကဲ့သို့သော ကင်ဆာရောဂါဆိုင်ရာ ရှိရင်းစွဲကုသမှု နည်းလမ်းများကို ကောင်းစွာ တုံ့ပြန်ခြင်းမရှိကြောင်းနှင့်  ပန်ကရိယကင်ဆာနှင့် အချို့သောကျောက်ကပ်ကင်ဆာ အမျိုးအစားများ အပါအဝင် ကင်ဆာရောဂါများအတွက် အခြားသောပုံစံများကိုလည်း တီထွင်ထုတ်လုပ်သွားမည် ဟုလည်းဆိုပါသည်။ 

ကိုးကား-Myanmar National Post

ဂျပန်နိုင်ငံ၊ ပညာရေးဝန်ကြီးဌာနကျောင်းများတွင် ဉာဏ်ရည်တုနည်းပညာ တရားဝင်အသုံးပြုခွင့်ပြု

ဂျပန်နိုင်ငံ၊ ပညာရေးဝန်ကြီးဌာန၏ ကျွမ်းကျင်ပညာရှင် အဖွဲ့သည် "ဂျပန်နိုင်ငံ၏ကျောင်းများတွင် ဉာဏ်ရည်တုနည်းပညာကို တရားဝင်အသုံးပြုခွင့်ပြုသည့် မူကြမ်း အသစ်"ကို ၂၀-၁၂-၂၀၂၄ ရက်နေ့က ထုတ်ပြန်ခဲ့ပါသည်။

၂၀၂၃ ခုနှစ်၊ ဇူလိုင်လတွင် ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည့် ယာယီလမ်းညွှန်ချက်များအား ပြန်လည်ပြင်ဆင်ပြီး အဆိုပါမူကြမ်းအား ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ဂျပန်ကျောင်းသားများ၏ ဉာဏ်ရည်တုနည်းပညာ အသုံးချနိုင်သည့် စွမ်းရည်များကို မြှင့်တင်ပေးရန် ရည်ရွယ်ပါသည်။ 

မူကြမ်း မထုတ်ပြန်ရသေးချိန်အထိ ဂျပန်နိုင်ငံ၏ ပညာရေးဝန်ကြီးဌာနသည် ကလေးများ၏ တီထွင်ဖန်တီးနိုင်စွမ်း ကျဆင်းစေခြင်းနှင့်သတင်းမှားများပျံ့နှံ့မည် စိုးရိမ်သည့်အတွက် ကျောင်းများတွင် AI နည်းပညာအသုံးပြုမှုကို ပိတ်ပင်တားမြစ်ထားခဲ့ပါသည်။ 

အဆိုပါမူကြမ်းသည် ကျောင်းသားများ AI နည်းပညာအသုံးပြုရာတွင် နည်းပညာ၏ လုပ်ဆောင်မှုကန့်သတ်ချက်များကို  သိရှိစေရန်နှင့် အလယ်တန်းကျောင်းသားများ AI ကို သေချာစွာ အသုံးပြုရန် ဆရာများက ကြီးကြပ်ပေးရန်လိုအပ်ကြောင်းတို့ကိုလည်း ထည့်သွင်းရေးသားထားပါသည်။

ကိုးကား (NHK World)  

စပါးအသင်းကို ခြောက်ဂိုး-သုံးဂိုးဖြင့် အနိုင်ရပြီး လီဗာပူးအသင်း ဇယားထိပ်၌ လေးမှတ်ဖြတ်ဦးဆောင်နိုင်ခဲ့

ပရီမီယာလိဂ်ပွဲစဉ်(၁၇)ရဲ့ အကောင်းဆုံးနဲ့ နောက်ဆုံးပွဲစဉ်အဖြစ် ဒီဇင်ဘာ ၂၂ ရက်ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ စပါးအသင်းနဲ့ လီဗာပူးအသင်းတို့ပွဲစဉ်မှာ လီဗာပူးအသင်းက ခြောက်ဂိုး-သုံးဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

သွင်းယူ

အဲဒီပွဲစဉ်မှာ လီဗာပူးအသင်းအတွက် သွင်းဂိုးတွေကို ပွဲကစားချိန် ၂၃ မိနစ်နဲ့ ၈၅ မိနစ်မှာ လူးဝစ်ဒိုင်ယက်က နှစ်ဂိုး၊ ၃၆ မိနစ်မှာ အဲလစ်စတာက တစ်ဂိုး၊ ၄၅ မိနစ်မှာ ဇိုဘိုဇလိုင်းက တစ်ဂိုး၊ ၅၄ မိနစ်နဲ့ ၆၁ မိနစ်တို့မှာ မိုဟာမက်ဆာလာက နှစ်ဂိုးသွင်းယူပေးခဲ့တာဖြစ်ပြီး စပါးအသင်းအတွက် သွင်းဂိုးတွေကိုတော့ ၄၁ မိနစ်မှာ ကူလူဆက်ဗ်စကီးက တစ်ဂိုး၊ ၈၃ မိနစ်မှာ ဆိုလန်စကီးက တစ်ဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။

အခုပွဲစဉ်မှာ လီဗာပူးအသင်းအတွက် သွင်းဂိုးနှစ်ဂိုးသွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး ဆာလာဟာ လီဗာပူးအသင်းနဲ့အတူ ၃၇၃ ပွဲမှာ သွင်းဂိုး ၂၂၉ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ စပါးအသင်းကိုအနိုင်ရရှိခဲ့တာကြောင့် ပရီမီယာလိဂ်အမှတ်ပေးဇယား ဒုတိယနေရာက ချယ်လ်ဆီးအသင်းထက် တစ်ပွဲလျော့ကစားထားချိန်မှာ ချယ်လ်ဆီးအသင်းကိုလေးမှတ်ဖြတ်ကာ ဆက်လက်ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

လီဗာပူးအသင်းအနေနဲ့ နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီမီယာလိဂ် နောက်ဆုံးကစားခဲ့တဲ့ နှစ်ပွဲဖြစ်တဲ့ နယူးကာဆယ်အသင်း၊ ဖူလ်ဟမ်အသင်းတို့နဲ့ ပွဲစဉ်တွေမှာ သရေရလဒ်သာ ထွက်ပေါ်ခဲ့တာကြောင့် ရမှတ်ဆုံးရှုံးမှုတွေရှိခဲ့တာဖြစ်ပါတယ်။

စပါးအသင်းကတော့ လီဗာပူးအသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် ပရီမီယာလိဂ်ပွဲစဉ်(၁၇) ယှဉ်ပြိုင်ကစားပြီးချိန်မှာ ရမှတ် ၂၃ မှတ်နဲ့ အမှတ်ပေးဇယားအဆင့် ၁၁ မှာ ရပ်တည်နေတာဖြစ်ပါတယ်။

Source: ကြေးမုံသတင်းစာ

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် နှစ် (၁၀၀) ပြည့် ရာပြည့်ခန်းမဖွင့်ပွဲနှင့် ရာပြည့်သဘင်အခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်ချီးမြှင့်

နေပြည်တော် ဒီဇင်ဘာ ၂၂

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်နှစ် (၁၀၀) ပြည့် ရာပြည့်ခန်းမဖွင့်ပွဲနှင့် ရာပြည့်သဘင်အခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် အဆိုပါတက္ကသိုလ်၌ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်ချီးမြှင့်ပြီး အမှာစကားပြောကြားသည်။

အခမ်းအနားသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်မှ အငြိမ်းစားပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခများ၊ ကထိကများ၊ ဆရာ၊ ဆရာများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

ဦးစွာ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ပညာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေတို့က ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်နှစ် (၁၀၀) ပြည့် ရာပြည့်သဘင်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်နှစ် (၁၀၀) ပြည့်အထိမ်းအမှတ် ရာပြည့်ခန်းမ ကမ္ပည်းမော်ကွန်းကျောက်စာနှင့် ရာပြည့်ခန်းမဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များပက်ဖျန်းပေးသည်။ ထို့နောက် တက်ရောက်လာကြသူများက ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ဆက်လက်ပက်ဖျန်းပေးကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ရာပြည့်ဘက်စုံသုံးခန်းမအတွင်း လှည့်လည်ကြည့်ရှုကြသည်။

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်နှစ် (၁၀၀) ပြည့် ရာပြည့်သဘင်အခမ်းအနားကျင်းပမည့် ဘွဲ့နှင်းသဘင်ခန်းမသို့ သွားရောက်ကြရာ လမ်းဘေးဝဲယာတစ်လျှောက်တွင် ကျောင်းသား၊ ကျောင်းသူများနှင့် တိုင်းရင်းသားမောင်မယ်များက ကြိုဆိုနှုတ်ဆက်ကြသည်။

ယင်းနောက် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် နှစ် (၁၀၀) ပြည့် ရာပြည့်သဘင်အခမ်းအနားကိုကျင်းပပြုလုပ်ရာ ဦးစွာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် တက္ကသိုလ်နှစ် (၁၀၀) ပြည့် သမိုင်းမှတ်တမ်းရုပ်သံဖိုင်အား ကြည့်ရှုကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ရာပြည့်အထိမ်းအမှတ် အမှာစကားပြောကြားရာတွင် မိမိတို့မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးလုပ်ငန်းသည် တိုင်းရင်းသားပြည်သူအများစု၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းဖြစ်ကြောင်း၊ ထို့ပြင် နိုင်ငံတော်၏နိုင်ငံရေး၊ လူမှုရေးကဏ္ဍများနှင့်လည်း တိုက်ရိုက်ဆက်စပ်နေပြီး နိုင်ငံ့စီးပွားရေး၏ အသက်သွေးကြောလည်းဖြစ်ကြောင်း၊ ရှေးမြန်မာဘုရင်များ လက်ထက်ကတည်းက ပြည်သူလူထု၏ လူမှုဘဝအခြေအနေ တိုးတက်ကောင်းမွန်ရေးနှင့် စားရေရိက္ခာဖူလုံရုံမက ပိုလျှံရေးအတွက် စိုက်ပျိုးရေးကို အလေးထားလုပ်ဆောင်ပေးခဲ့သည့် အစဉ်အလာရှိခဲ့ကြောင်း၊ ခေတ်အဆက်ဆက်က အစိုးရအဆက်ဆက်ကလည်း မြန်မာနိုင်ငံ၏စိုက်ပျိုးရေးတိုးတက်ဖွံ့ဖြိုးဖို့ မူဝါဒများချမှတ်ပြီး ကြိုးပမ်းလုပ်ဆောင်ခဲ့ကြသည်ကိုလည်း အားလုံးအသိပင်ဖြစ်ကြောင်း။

မိမိတို့နိုင်ငံသည် ဒေသအလိုက် သီးနှံမျိုးစုံဖြစ်ထွန်းရှင်သန်စေနိုင်မည့် မတူညီသည့်ရာသီဥတု၊ မြေအမျိုးအစား၊ သဘာဝဂေဟစနစ်၊ စိုက်ပျိုးရေးအရင်းအမြစ်စသည့် စိုက်ပျိုးရေးကို အထောက်အကူပြုသည့်အခြေခံကောင်းများ ပြည့်စုံကြွယ်ဝသည့် နိုင်ငံဖြစ်ကြောင်း၊ ထို့ပြင် တိုင်းရင်းသားလူမျိုးပေါင်းစုံက ဒေသအနှံ့တွင်ပျံ့နှံ့နေထိုင်နေကြခြင်းကြောင့် စိုက်ပျိုးရေးအတွက် အဓိကလိုအပ်သည့် လူသားစွမ်းအင်အရင်းအမြစ်များ ခိုင်မာတောင့်တင်းနေပြီး စိုက်ပျိုးရေးအတွက် အားသာချက်ကို ဖြစ်စေကြောင်း။

စိုက်ပျိုးရေးတက္ကသိုလ်၏ သမိုင်းမှတ်တမ်းကိုလေ့လာကြည့်သည့်အခါ၌ ကိုလိုနီလက်အောက်ကျရောက်ခဲ့ပြီး ဆယ်စုနှစ်ကာလများတွင် မြန်မာနိုင်ငံ၏ ရေခံမြေခံကောင်းကို အသုံးချနိုင်ရန်အိန္ဒိယနိုင်ငံကို စိုက်ပျိုးရေးအတတ်ပညာသင်များ စေလွှတ်ခဲ့ကြသည်ကိုတွေ့ရကြောင်း၊ ယင်းကာလတွင် ပညာသင်စေလွှတ်ခဲ့သူ (၄၀) ဦးအနက် (၁၉) ဦးသည် မိမိတို့နိုင်ငံ စိုက်ပျိုးရေးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့ကြပြီး (၂၁) ဦးမှာ အိန္ဒိယနိုင်ငံစိုက်ပျိုးရေးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည်ဟု သိရပါကြောင်း။

မိမိတို့နိုင်ငံ၏သီးနှံများကို နိုင်ငံတကာဈေးကွက်ဝင်စေရန် မိမိတို့၏ မိရိုးဖလာသီးနှံစိုက်ပျိုးထုတ်လုပ်မှုစနစ်သည် လိုအပ်ချက်များ၊ အားနည်းချက်များရှိနေသည်ကို လေ့လာသိရှိလာခဲ့ကြကြောင်း၊ အကျိုးအမြတ်ရှိပြီး ခိုင်မာသေချာသည့် သီးနှံထုတ်လုပ်မှုဖြစ်လာနိုင်ရန် တိုးတက်ဖွံ့ဖြိုးလာသည့် စိုက်ပျိုးထုတ်လုပ်မှုနည်းစနစ်များနှင့်အညီ လိုက်ပါတွေးခေါ်ဆောင်ရွက်နိုင်စွမ်းရှိသည့် ပြည်တွင်းစိုက်ပျိုးရေးပညာရှင်များ ရှိမှဖြစ်မည်ဆိုသည်ကို သတိပြုမိလာခဲ့ကြကြောင်း။

ထို့ကြောင့် လိုအပ်သည့်စိုက်ပျိုးရေးပညာရှင်များကို မွေးထုတ်ပေးနိုင်ရန် စိုက်ပျိုးရေးကောလိပ်နှင့် သုတေသနဗိမာန်ကို ၁၉၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၂) ရက်တွင်မန္တလေးမြို့၌ စတင်တည်ထောင်ဖွင့်လှစ်ခဲ့သည်ဟုသိရကြောင်း၊ ယင်းကာလကတည်းက စိုက်ပျိုးရေးပညာရှင်များအနေဖြင့် နိုင်ငံ၏ရေခံမြေခံကောင်းကိုအသုံးချပြီး လယ်ယာစိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံအဖြစ်ရပ်တည်နိုင်ရန် ကိုယ့်အားကိုယ်ကိုးပြီး ကြိုးပမ်းခဲ့ကြသည်ကို လေးစားဂုဏ်ယူအသိအမှတ်ပြုပါကြောင်း၊ ၁၉၆၄ ခုနှစ်၊ အောက်တိုဘာလ (၁)ရက်တွင် စိုက်ပျိုးရေးကောလိပ်ကို စိုက်ပျိုးရေးတက္ကသိုလ်အဖြစ် တိုးမြှင့်ဖွင့်လှစ်ခဲ့ကြောင်း၊ ၁၉၇၃ ခုနှစ်တွင် စိုက်ပျိုးရေးတက္ကသိုလ်ကို စိုက်ပျိုးရေးအတွက် အခြေခံလိုအပ်ချက်များ ပြည့်စုံနေသည့် ပျဉ်းမနားမြို့နယ်၊ ရေဆင်းဒေသသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ကြောင်း။

စိုက်ပျိုးရေးတက္ကသိုလ်အနေဖြင့် နိုင်ငံတော်၏စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအတွက် ပညာရှင်ပေါင်းများစွာကို သင်ကြားမွေးထုတ်ဖြည့်ဆည်းပေးနေသောကြောင့် ဂုဏ်ယူဖွယ်တက္ကသိုလ်ကြီးဖြစ်ကြောင်းကို ပြောလိုကြောင်း၊ ယခုနှစ် ၂၀၂၄ ခုနှစ်သည်လည်း နိုင်ငံ၏စိုက်ပျိုးရေးဆိုင်ရာ လူသားအရင်းအမြစ်များကို နိုင်ငံတကာနည်းတူ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အဓိကကျသည့် စိုက်ပျိုးရေးပညာသင်ကြားမှုအစပြုခဲ့သည်မှာ နှစ်(၁၀၀) ပြည့်မြောက်သည့်နှစ်ဖြစ်သဖြင့် အင်မတန်ဂုဏ်ယူဝမ်းမြောက်ရပါကြောင်း။

စိုက်ပျိုးရေးကောလိပ် စတင်ဖွင့်လှစ်ချိန်၌ “၃ နှစ် စိုက်ပျိုးရေး ဒီပလိုမာ” အောင်လက်မှတ် ချီးမြှင့်သည့်အဆင့်မှ ဥပစာတန်းအောင်မြင်သူများ (၂) နှစ် တက်ရောက်နိုင်သည့် သိပ္ပံဘွဲ့ (စိုက်ပျိုးရေး) B.Sc (Agri)၊ သိပ္ပံဘွဲ့ (ပိုးမွေးမြူရေး) B.Sc (Sericulture) တို့ကို ပေးအပ်ခဲ့ကြောင်း၊ ၁၉၆၄ ခုနှစ် စနစ်သစ်ပညာရေးကစပြီး စိုက်ပျိုးရေးပညာဘွဲ့ (Bachelor of Agriculture)၊ စိုက်ပျိုးရေးသိပ္ပံဘွဲ့ (Bachelor of Agricultural Science) တို့ကို အပ်နှင်းခဲ့ကြောင်း၊ လက်ရှိအချိန်၌မဟာဘွဲ့၊ ပါရဂူဘွဲ့များအပြင် တိုးတက်ပြောင်းလဲလာနေသည့် ခေတ်နှင့်အညီသင်ကြားပေးနိုင်ရေး သင်ရိုးညွှန်းတမ်း၊ သင်နည်းစနစ်၊ သုတေသနများကို နိုင်ငံတကာရှိတက္ကသိုလ်များ အဆင့်နှင့်ကိုက်ညီအောင် ပြုပြင်မွမ်းမံသင်ကြားပေးနေပြီး စိုက်ပျိုးရေးနှင့်နှီးနွှယ်သော ပညာရပ်ဆိုင်ရာဘွဲ့များ တိုးချဲ့သင်ကြားပေးနေသည့်အတွက် အလွန်အားရဖွယ်အနေအထား ဖြစ်ကြောင်းကို အသိအမှတ်ပြုပြောကြားလိုကြောင်း။

နှစ် (၁၀၀) ကာလအတွင်း တက္ကသိုလ်အနေဖြင့် နိုင်ငံတော်ကအားထားရမည့် အသိပညာရှင် အတတ်ပညာရှင်များအဖြစ် စိုက်ပျိုးရေးသိပ္ပံဘွဲ့ရ (၁၃,၁၉၇) ဦး၊ မဟာသိပ္ပံဘွဲ့ရ(၆၇၃)ဦး၊ ပါရဂူဘွဲ့ရ (၈၅) ဦး၊ ဘွဲ့လွန်ဒီပလိုမာ လက်မှတ်ရ (၇၀) ဦးနှင့် မဟာဒဿနဘွဲ့ရ (၁၁) ဦးတို့ကို မွေးထုတ်နိုင်ခဲ့သည်ကိုတွေ့ရကြောင်း၊ ထိုကဲ့သို့ မွေးထုတ်ပေးနိုင်ခဲ့သောကြောင့် နိုင်ငံ့အတွက် အကျိုးကျေးဇူးများ ရရှိစေခဲ့ကြောင်း။

မိမိတို့အနေဖြင့် နိုင်ငံတော်၏တာဝန်ကိုယူပြီးချိန်တွင် “တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးရေးနှင့်မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက်ရေး” နှင့် “ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံစိုက်ပျိုးမှုကို အားပေးမြှင့်တင်ပြီး ပန်းတိုင်ရည်မှန်းချက်အတိုင်း ထွက်ရှိအောင်ဆောင်ရွက်၍ နိုင်ငံအတွင်းဖူလုံမှုမှသည် ပြည်ပသို့တင်ပို့နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ရေး” ဟူသည့် စီးပွားရေးဦးတည်ချက်များကို ထည့်သွင်းချမှတ်ပြီး နိုင်ငံတော်ကြီးဖွံ့ဖြိုးတိုးတက်အောင်၊ နိုင်ငံအတွင်းစားရေရိက္ခာဖူလုံပိုလျှံအောင် ဘက်ပေါင်းစုံက ကြိုးပမ်းဆောင်ရွက်နေကြောင်း။

နိုင်ငံတော်တွင်ရှိသည့် သီးနှံစိုက်ဧကစုစုပေါင်း (၃၃) သန်းမှ အရေးကြီးသီးနှံများကို ဦးစားပေးပြီး ပြည်တွင်းစားရေရိက္ခာ ဖူလုံမှုရှိစေရေး၊ ပြည်ပကို တိုးချဲ့တင်ပို့ရောင်းချနိုင်ရေးနှင့် သွင်းကုန်အစားထိုး ပမာဏတိုးတက်ထုတ်လုပ်နိုင်ရေးအတွက် ပန်းတိုင်အထွက်နှုန်းပြည့်မီရေး ကြိုးစားလုပ်ဆောင်လျက်ရှိကြောင်း၊ ပန်းတိုင်းရည်မှန်းချက်သည် အကြိမ်ကြိမ်သုတေသနပြုပြီးမှ ဖော်ထုတ်ထားခြင်းဖြစ်သဖြင့် ဒေသအလိုက် ပန်းတိုင်ပြည့်မီရေး စနစ်တကျသုံးသပ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အလားတူ သီးထပ်စွမ်းအားမြှင့်တင်နိုင်မှုသည်လည်း နိုင်ငံ၏ကုန်ထုတ်စွမ်းအားတိုးတက်ပြီး GDP ပမာဏတိုးတက်လာစေမည်ဖြစ်ကြောင်း၊ ထိုသို့လုပ်ဆောင်ကြသည့်နေရာတွင် စိုက်ပျိုးရေးပညာရှင်များ၏အခန်းကဏ္ဍသည် အရေးကြီးသကဲ့သို့ စိုက်ပျိုးရေးလုပ်ငန်းနှင့်ဆက်စပ်နေသည့် အခြားဆက်စပ်ကဏ္ဍများကပညာရှင်များဖြင့် ချိတ်ဆက်လုပ်ဆောင်မှုသည်လည်း အရေးကြီးကြောင်း။

ထိုသို့ ချိတ်ဆက်ဆောင်ရွက်သည့်လုပ်ငန်းများ အဆင်ပြေအောင်မြင်စေရေး တက္ကသိုလ်စတင်တည်ထောင်စဉ်ကာလတွင် “သင်ကြားရေးနှင့်သုတေသန”ဟူသည့် လုပ်ငန်းနယ်ပယ် (၂) ရပ်ကို ဦးစားပေးခဲ့ကြောင်း၊ ယခုအချိန်တွင် “သင်ကြားရေး၊ သုတေသနနှင့် နည်းပညာပြန့်ပွားရေး” ဟူသည့် လုပ်ငန်းစဉ်ကြီး (၃) ရပ်အဖြစ် တိုးမြှင့် အကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ကြရာတွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းဖြင့် အများဆုံးအသက်မွေးဝမ်းကျောင်းပြုနေကြသည့် ကျေးလက်နေပြည်သူများ၏ အကျိုးစီးပွားကို ထိထိရောက်ရောက် ပံ့ပိုးပေးနိုင်ရေး ဦးစားပေးရမည်ဖြစ်ကြောင်းကို ပြောကြားလိုကြောင်း။

ထိုကဲ့သို့ လက်တွေ့ကျပြီး အကျိုးဖြစ်ထွန်းစေမည့် သိပ္ပံနည်းကျ စိုက်ပျိုးရေးပညာများကို ကျေးလက်နေစိုက်ပျိုးရေးပြည်သူများထံသို့ ကျယ်ကျယ်ပြန့်ပြန့်ရောက်ရှိပြီး အသုံးချနိုင်စေရေး စိုက်ပျိုးရေးသိပ္ပံဘွဲ့ရ ပညာရှင်များသာမက အလယ်အလတ်တန်း စိုက်ပျိုးရေးပညာရှင်များနှင့် အခြေခံအဆင့် စိုက်ပျိုးရေးကျွမ်းကျင်လုပ်သားများ များစွာမွေးထုတ်ပေးရန်လည်းလိုအပ်ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေးဒီပလိုမာ အောင်လက်မှတ်ပေးသည့် ယခင်စိုက်ပျိုးရေးသိပ္ပံကျောင်းများအပြင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ကစပြီး စိုက်ပျိုးရေးဘာသာရပ်သင်ကြားပေးသည့် အထက်တန်းကျောင်း (၈၅) ကျောင်းကိုလည်း နိုင်ငံတစ်ဝန်းဖွင့်လှစ်ပေးထားပြီးဖြစ်ကြောင်း၊ အဆိုပါ စိုက်ပျိုးရေးသိပ္ပံကျောင်းများနှင့် စိုက်ပျိုးရေးဘာသာရပ်သင်ကြားပေးသည့် အထက်တန်းကျောင်းများမှ ထူးချွန်စွာအောင်မြင်ကြသူများကိုလည်း သတ်မှတ်အရည်အချင်းနှင့်အညီ အဆင့်ဆင့်စိစစ်ပြီး စိုက်ပျိုးရေးပညာရှင်များအဖြစ် မွေးထုတ်ပေးနိုင်ရေး တက္ကသိုလ်က အားထုတ်ဆောင်ရွက်နေကြသည်ကို သိရှိရသည့်အတွက် ကျေနပ်အားရဖြစ်မိကြောင်း။

စိုက်ပျိုးရေးတက္ကသိုလ်၏အရေးပါမှုကို အသိအမှတ်ပြုချီးမြှောက်သည့်အနေဖြင့် အစိုးရအဆက်ဆက်သည် တက္ကသိုလ်၏အထင်ကရ အထိမ်းအမှတ်နှစ်များတွင် အထင်ကရအဆောက်အဦများဆောက်လုပ်ပြီး မှတ်တမ်းတင်ဂုဏ်ပြုခဲ့ကြကြောင်း၊ စိန်ရတုနှစ်ဖြစ်သည့် ၁၉၉၉ ခုနှစ်တွင် ဂုဏ်ကျက်သရေတင့်တယ်သည့် စိန်ရတုဓမ္မာရုံနှင့် သေသပ်လှပသည့် စိန်ရတုအစည်းအဝေးခန်းမ၊ တက္ကသိုလ်နှစ် (၉၀) ပြည့်သည့် ၂၀၁၄ ခုနှစ်တွင် ခမ်းနားထည်ဝါသည့် တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမကို တည်ဆောက်မှတ်တမ်းတင်ပေးခဲ့ကြောင်း၊ ယခုတက္ကသိုလ်နှစ် (၁၀၀) ပြည့် အခါသမယတွင် နိုင်ငံတကာအဆင့်မီ ရာပြည့်ခန်းမအဆောက်အဦကြီးကို အထင်ကရသမိုင်းမှတ်တိုင်တစ်ခုအဖြစ် ဂုဏ်ပြုချီးမြှင့်တည်ဆောက်ဖွင့်လှစ်ပေးနိုင်ခဲ့သည်မှာ အလွန်ဂုဏ်ယူဖွယ်ရာဖြစ်ကြောင်း၊ တည်ဆောက်ပေးခဲ့သည့် အဆောက်အဦများကို တန်ဖိုးရှိစွာအသုံး ပြုနေကြဆဲဖြစ်သကဲ့သို့ ယခုဖွင့်လှစ်သည့် ရာပြည့်ခန်းမအဆောက်အဦကိုလည်း ပညာရပ်ဆိုင်ရာအခမ်းအနားများ၊ ဆွေးနွေးပွဲများ၊ နှီးနှောဖလှယ်ပွဲများအတွက် အကျိုးရှိရှိ ထိထိရောက်ရောက် အသုံးပြုသွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း။

ကိုယ့်ခွန်၊ ကိုယ့်အား၊ ကိုယ့်စွမ်းပကားဖြင့် နိုင်ငံအကျိုးပြုစားရေရိက္ခာ ပြည့်စုံဖူလုံစေရေး ဆောင်ရွက်နေကြသည့် စိုက်ပျိုးရေးပညာရှင် မျိုးဆက်ဟောင်း၊ မျိုးဆက်သစ်များ၏ အခန်းကဏ္ဍသည် ရာပြည့်သမိုင်းတွင် မှတ်တမ်းထိုးခဲ့ကြပြီးဖြစ်ကြောင်း၊ ထိုကဲ့သို့ မွန်မြတ်လှပြီးအတ္တနှင့်ပရ အကျိုးနှစ်ဝကိုရစေသည့် စိုက်ပျိုးနည်းပညာရပ်များကို ပြန့်ပွားတိုးတက်စေရေး မျိုးဆက်သစ်များထံ လက်ဆင့်ကမ်းမျှဝေပေးပြီး အနာဂတ်စိုက်ပျိုးရေးကဏ္ဍ အောင်မြင်တိုးတက်စေရန် စွမ်းစွမ်းတမံ ဆက်လက်လုပ်ဆောင်သွားကြရန်လည်း တိုက်တွန်းမှာကြားလိုကြောင်း။

စိုက်ပျိုးရေးတက္ကသိုလ်တွင် တက်ရောက်ပညာသင်ကြားခဲ့ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအပြင် အခြားသောဌာနနှင့် နယ်ပယ်အသီးသီးတွင် ကျရာအခန်းကဏ္ဍမှ ဦးလည်မသုန်ထမ်းရွက်ခဲ့ကြသည့် ပညာရှင်များကို ချီးကျူးဂုဏ်ပြုပါကြောင်းနှင့် တာဝန်ထမ်းဆောင်နေဆဲပုဂ္ဂိုလ်များ၊ ပုဂ္ဂလိကကဏ္ဍနှင့် နိုင်ငံတကာအဖွဲ့အစည်းများတွင် စိုက်ပျိုးရေးအကျိုးကိုဆောင်ရွက်နေသည့် ပုဂ္ဂိုလ်များကိုလည်း နိုင်ငံအကျိုးဆတက်ထမ်းပိုးလုပ်ဆောင်နိုင်ကြရန်လည်း ဆန္ဒပြုအပ်ပါကြောင်း။

Source: www.moi.gov.mm

 နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ခရစ်တော်မွေးနေ့ (ခရစ္စမတ်) ကျေးဇူးတော်ချီးမွမ်းခြင်းအခမ်းအနားသို့ တက်ရောက်ချီးမြှင့်

နေပြည်တော် ဒီဇင်ဘာ ၂၂

မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်ပေါင်းစုံ အဖွဲ့ချုပ်ကြီးများ ကြီးမှူးကျင်းပသည့် ခရစ်တော်မွေးနေ့ (ခရစ္စမတ်) ကျေးဇူးတော်ချီးမွမ်းခြင်းနှင့် မိတ်သဟာယညစာစားပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်ရှိ St. Mary’s Cathedral Church ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်ချီးမြှင့်သည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် ဇနီး၊ ကောင်စီဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မြို့တော်ဝန်၊ မြန်မာနိုင်ငံခရစ်ယာန်ကောင်စီမှ ဆရာတော်ကြီးများ၊ မြန်မာနိုင်ငံကက်သလစ် သာသနာမှဆရာတော်ကြီးများ၊ မြန်မာနိုင်ငံဧဝံဂေလိ ခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ်မှ ဆရာတော်ကြီးများ၊ မြန်မာနိုင်ငံ ခရစ်တော်သာသနာပြန့်ပွားမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ချုပ်မှ ဆရာတော်ကြီးများ၊ ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ၊ မြန်မာနိုင်ငံရှိ ခရစ်ယာန်ဘာသာဝင်များ၊ ကက်သလစ်လူငယ်အဖွဲ့များနှင့် ခရစ်ယာန်ဘာသာဝင် ရပ်မိရပ်ဖများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် St. Mary’s Cathedral Church သို့ ရောက်ရှိကြရာ ကက်သလစ်ဂိုဏ်းချုပ်သာသနာ၊ ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘိုနှင့် သင်းအုပ်ဆရာကြီးများက ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် အခမ်းအနားကိုစတင်ကျင်းပရာ သိက္ခာတော်ရဆရာမျိုးမြင့်ဦးက အဖွင့်ဆုတောင်းပြီး သာသနာပိုင်ချုပ်ကြီး စတီဗင်သန်းမြင့်ဦးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။

ထို့နောက် “အိုသာယာသောမြန်မာပြည်” ဓမ္မသီချင်းကို သံပြိုင်သီဆိုချီးမွှမ်းကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ခရစ္စမတ်နှုတ်ခွန်းဆက်စကားပြောကြားရာတွင် ယေရှုခရစ်တော်မွေးဖွားခြင်းကို အထိမ်းအမှတ်ပြုသည့်နေ့အဖြစ် ခရစ္စမတ်နေ့ကိုကျင်းပကြခြင်းဖြစ်ပြီး ခရစ္စမတ်ကာလသည် လူအများကို ပြုံးပျော်စေသည့်၊ ပျော်ရွှင်ချမ်းမြေ့စေသည့် ကာလတစ်ခုဟု ဆိုနိုင်ကြောင်း။

ဘာသာတရားနှင့်ပတ်သက်ပြီး လူသားတိုင်းသည် မိမိတို့ယုံကြည်ရာ ဘာသာ၊ သာသနာကိုလွတ်လပ်စွာယုံကြည်ကိုးကွယ်နိုင်သည့် အခွင့်အရေးရှိကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း ဘာသာ၊ သာသနာများနှင့်ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ခုနှစ်တွင် ပုဒ်မများပြဋ္ဌာန်းပြီး ဥပဒေကြောင်းအရအာမခံချက်ပေးထားပြီးဖြစ်ကြောင်း၊  နိုင်ငံသားတိုင်း၏ ဘာသာ၊ သာသနာရေးတွင်လွတ်လပ်စွာယုံကြည်ကိုးကွယ်နိုင်ခွင့်အညီအမျှရရှိရေးကိုလည်း ‌ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့်သွင်းဖော်ပြထားပြီးဖြစ်ကြောင်း။

ဘာသာတရားဟူသည်မှာ လူ့အဖွဲ့အစည်းအတွင်း ငြိမ်းချမ်းစေရေးအတွက် အဆုံးအမတစ်ခုပင်ဖြစ်သည်ဟု မိမိယုံကြည်ပါကြောင်း၊ အသိတရားတစ်ခုလည်းဖြစ်ပြီး ဘာသာတရားမှတစ်ဆင့် ငြိမ်းချမ်းမှုနှင့်သာယာဝပြောမှုများကို ဆောင်ကြဉ်းပေးရမည်ဖြစ်ကြောင်း၊ လူသားတို့၏ အတွင်းစိတ်သန္တာန်အေးချမ်းမှသာ လူမှုဝန်းကျင်တစ်ခုလုံးငြိမ်းအေးမှုအရသာကို ခံစားကြရမည်ဖြစ်ကြောင်း၊ ကိုးကွယ်သည့်ဘာသာတရားများ မတူကွဲပြားသော်လည်း လူအချင်းချင်းကြားတွင် မေတ္တာတရားများ ဖုံးလွှမ်းနေရေးအတွက် ဘာသာတရားများ၏အခြေခံဖြစ်သည့် သည်းခံခြင်း၊ ခွင့်လွှတ်ခြင်းတို့ကို လိုက်နာရမည်ဖြစ်သကဲ့သို့ အစွန်းရောက်ခြင်း၊  တစ်ယူသန်ခြင်းတို့ကိုလည်း ရှောင်ကြဉ်ကြရမည်ဖြစ်ကြောင်း။

မြန်မာနိုင်ငံတွင် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ ယုံကြည်မှုပေါင်းစုံ သဟဇာတဖြစ်စွာ အတူယှဉ်တွဲစုစည်းနေထိုင်ခဲ့ကြသည်ကို အားလုံးသိရှိပြီးဖြစ်ကြောင်း၊ ထိုသို့မတူကွဲပြားမှုများကြားတွင် မိမိတို့သည် သဘောထားကြီးစွာဖြင့် အပြန်အလှန်သည်းခံမှု၊ နားလည်ပေးနိုင်မှုများဖြင့် စည်းလုံးညီညွတ်မှုကို တည်ဆောက်နိုင်ခဲ့ကြကြောင်း၊ ယင်းကို မိမိတို့ ဆက်လက်ကာကွယ်ထိန်းသိမ်းသွားကြရန်လိုပြီး အထူးသဖြင့် သက်ဆိုင်ရာဘာသာအလိုက် ဘာသာရေးခေါင်းဆောင်များက မိမိတို့ဘာသာဝင်များကို အသိ၊ ပညာ၊ စိတ်ဓာတ်များကောင်းမွန်အောင် တည့်မတ်ပေးကြရန် တိုက်တွန်းလိုကြောင်း။

မိမိတို့အစိုးရအနေဖြင့်လည်း ပြည်သူအားလုံးလိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေးနှင့် ဒီမိုကရေစီလမ်းကြောင်းမှန်ပေါ် ပြန်လည်ရောက်ရှိရေးအတွက် ရှေ့လုပ်ငန်းစဉ်များ၊ အမျိုးသားရေးနှင့် နိုင်ငံရေးရည်မှန်းချက်များချမှတ်ပြီး ကြိုးစားဆောင်ရွက်ပေးနေကြောင်း၊ အတူယှဉ်တွဲနေထိုင်ကြသည့် လူ့အဖွဲ့အစည်းတစ်ခုအတွင်း၌ ကြုံတွေ့လာသည့်ပြဿနာများကို ဒီမိုကရေစီနည်းလမ်းဖြစ်သည့် တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းနည်းလမ်းကသာ အောင်မြင်စေနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ နိုင်ငံရေးပြဿနာ တစ်နည်းအားဖြင့် နိုင်ငံရေးအရ တောင်းဆိုလိုမှုကို နိုင်ငံရေးနည်းလမ်းဖြင့်သာ ဖြေရှင်းရမည်ဖြစ်ကြောင်း၊ လက်နက်ကိုင်လမ်းစဉ်ဖြင့် တောင်းဆို၍ရနိုင်မည်မဟုတ်ကြောင်း၊ ထိုကဲ့သို့ လက်နက်ကိုင်အကြမ်းဖက်မှုလမ်းစဉ်ကို မည်သည့်လူ့အဖွဲ့အစည်းကမျှ လက်မခံသကဲ့သို့ မိမိတို့အားလုံးကလည်း ဆန့်ကျင်ကြရန်လိုကြောင်း။

မြန်မာနိုင်ငံအတွင်း၌ ဗုဒ္ဓဘာသာကိုးကွယ်သူဦးရေအများဆုံးရှိပြီး ခရစ်ယာန်ဘာသာကိုးကွယ်သူဦးရေသည် ဒုတိယအများဆုံးဖြစ်ကြောင်း၊  မိမိတို့ နိုင်ငံတည်ငြိမ်အေးချမ်းရန်၊ ကြွယ်ဝချမ်းသာရန် ခရစ်ယာန်ဘာသာရေးအဖွဲ့အစည်းများနှင့် ဘာသာဝင်များက အရေးကြီးသည့်နေရာတွင်ရှိနေကြောင်း၊ ထို့ကြောင့် ကျရာကဏ္ဍအသီးသီးမှ ပါဝင်ပေးကြရန် မေတ္တာရပ်ခံတိုက်တွန်းပြောကြားလိုကြောင်း၊ ယခုခရစ္စမတ်အချိန်အခါကစပြီး ဘုရားရှင်၏လမ်းညွှန်ချက်များနှင့်အညီ မိမိတို့မြန်မာနိုင်ငံသာမကဘဲ ကမ္ဘာတစ်ဝန်းရှိ ပြည်သူပြည်သားအားလုံး  တစ်ဦးအပေါ်တစ်ဦးနားလည်မှု၊ သည်းခံပေးမှုစိတ်ထားများဖြင့် တည်ငြိမ်အေးချမ်းသာယာလှပသည့် လူ့အဖွဲ့အစည်းတစ်ခုတည်ဆောက်သွားကြရန် နှိုးဆော်လျက် ခရစ္စမတ်ဆုမွန်ကောင်းတောင်းပါကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် နော်အယ်ဆရီးဝါးက ဂုဏ်တော်ချီးမွမ်းခြင်းကို လည်းကောင်း၊  သိက္ခာတော်ရဆရာ ဒေါက်တာမောရစ်လျန်နာဦးဆောင်၍ တက်ရောက်လာကြသည့် ဧည့်ပရိသတ်များက မွေးနေ့တော်ပွဲ အတုံ့အပြန်ဖတ်ကြားခြင်းကိုလည်းကောင်း၊ Sister မေရီဇင်မာဆွေက ကျမ်းစာဖတ်ကြားခြင်းကိုလည်းကောင်း၊ ဓမ္မဒေသနာချီးမြှင့် ဟောကြားခြင်းကို ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘိုကလည်းကောင်း အသီးသီးဆောင်ရွက်ကြပြီး ခရစ္စမတ်သံစုံကို ကျေးဇူးတော်မြတ် နှစ်ချင်းအသင်းတော်မှ သီဆိုဟစ်ကြွေးကြသည်။ ထို့နောက် သိက္ခာတော်ရဆရာ ဒေါက်တာအေးမင်းက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးအတွက် အထူးဆုတောင်းခြင်းကိုဆောင်ရွက်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့ထံ ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘို၊ သာသနာပိုင်ချုပ်ကြီး စတီဗင်သန်းမြင့်ဦးနှင့် သိက္ခာတော်ရဆရာ ဒေါက်တာအေးမင်းတို့က ခရစ္စမတ်အမှတ်တရမေတ္တာလက်ဆောင်၊ ခရစ္စမတ်ဆုတောင်းလွှာနှင့် ကျောက်စီပန်းချီကားကိုပေးအပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က ခရစ္စမတ်အထိမ်းအမှတ်လက်ဆောင်များကို ပြန်လည်ပေးအပ်သည်။

ထို့နောက် သိက္ခာတော်ရဆရာမန်းပါမာစတန်က ကျေးဇူးတင်စကားပြောကြားပြီး သိက္ခာတော်ရဆရာ စောဆားနေက ခရစ္စမတ်အခါသမယ မိတ်သဟာယ ညစာစားပွဲဖြစ်မြောက်ရေးနှင့် ပါဝင်ပေးခဲ့သူများအားလုံးအတွက် ကျေးဇူးတော်ချီးမွှမ်းခြင်းကို ဆောင်ရွက်သည်။

ယင်းနောက် “ခရစ်တော်ကြွလာကျူး” ဓမ္မသီချင်းကို ပရိသတ်များက သံပြိုင်သီဆိုကြသည်။

ထို့နောက် ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘိုက ခရစ္စမတ် ကောင်းချီးဆုမွန်စကားမျှဝေပြောကြားရာတွင် မင်္ဂလာရှိသောခရစ္စမတ်အခါသမယတွင် ခရစ်ယာန်ဘာသာဝင်များသာမက ကမ္ဘာပေါ်ရှိလူသားအားလုံး ခရစ္စမတ်၏ကောင်းခြင်းမင်္ဂလာတို့ဖြင့် ပြည့်စုံပါစေကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး မိသားစု၊ အစိုးရအဖွဲ့ဝင်များ၊ တပ်မတော်သားများနှင့် မိသားစုဝင်များ၊ မြန်မာပြည်သူပြည်သားအားလုံး ကောင်းချီးမင်္ဂလာများ ရရှိပါစေကြောင်းဖြင့် ဆုမွန်စကားပြောကြားသည်။

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များ၊ တက်ရောက်လာကြသည့် ဧည့်ပရိသတ်များသည် မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်ပေါင်းစုံအဖွဲ့ချုပ်ကြီးများမှ တည်ခင်းဧည့်ခံသည့် မိတ်သဟာယညစာကို အတူတကွသုံးဆောင်ခဲ့ကြကြောင်း သတင်းရရှိသည်။ 

ငွေကြေးအောင်မြင်မှုသည် ပညာရေး၊ အဆက်အသွယ်၊ ကျင့်ဝတ်တို့နှင့်မဆိုင်

နယူးဇီလန်အခြေစိုက် နှစ် ၅၀ ကြာ သုတေသနတစ်ခုက ငွေကြေးအောင်မြင်မှု၏ လျှို့ဝှက်ချက်မှာ ပညာရေးထူးချွန်မှု၊ အသိုင်းအဝိုင်း အဆက်အသွယ်၊ လုပ်ငန်းကျင့်ဝတ်လိုက်နာမှုတို့နှင့် လုံးဝမဆိုင်ဘဲ စိတ်ခံစားချက်ကို ထိန်းချုပ်နိုင်သည့် အသိဉာဏ် (emotional intelligence) နှင့်သာဆိုင်ကြောင်း ဖော်ထုတ်လိုက်သည်။

စိတ်ပညာရှင်များက နယူးဇီလန်နိုင်ငံ ဒူးနီဒင်မြို့မှ ကလေးအယောက် ၁၀၀၀ ကို ၁၉၇၂ ခုနှစ်ကတည်းက စတင်လေ့လာခဲ့ခြင်းဖြစ်သည်။ ထိုကလေးများကို မွေးကင်းစမှစတင်ကာ ယခုအချိန်ထိ ကြီးပြင်းမှု၊ ဖွံ့ဖြိုးတိုးတက်မှု၊ အောင်မြင်မှုတို့ကို မပြတ်စောင့်ကြည့်ခဲ့ကြခြင်းဖြစ်သည်။ 

ထိုလေ့လာမှုအရ အီးကျူဟု အတိုကောက်ခေါ်သည့် စိတ်ခံစားချက်အရည်အသွေး (Emotional Quotient) သာလျှင် ငွေကြေးအောင်မြင်မှုအတွက် အရေးကြီးသည်ဟု သိပ္ပံပညာရှင်များကကောက်ချက်ချခဲ့ကြသည်။ အီးကျူ၏သဘောသဘာဝများမှာ အကောင်းဘက်မှမြင်တတ်ခြင်း၊ ဆုံးဖြတ်ချက်မချမီ နားထောင်တတ်ခြင်း၊ အမှားဝန်ခံတတ်ခြင်း၊ မကောင်းမြင်ခံစားချက်တို့ကိုသည်းခံပြီး သင့်လျော်အောင် ကိုင်တွယ်တတ်ခြင်းတို့ဖြစ်သည်။

အီးကျူနိမ့်သော က‌လေးများသည် အရွယ်ရောက်လာချိန်တွင် ဝင်ငွေနည်းခြင်း၊ ပိုက်ဆံမစုတတ်ခြင်း၊ အကြွေးပြဿနာများ၊ လူမှုဖူလုံရေးအစီအစဉ်တို့ပေါ် မှီခိုနေရခြင်းတို့နှင့် ကြုံတွေ့ကြရသည်။ အီးကျူမြင့်မားခြင်းနှင့် အိုင်ကျူ(Intelligent Quotient) သည် မသက်ဆိုင်ဟုထင်ရသော်လည်း အီးကျူကောင်းသောက‌‌လေးများသည် အိုင်ကျူလည်း တော်တော်လေးမြင့်ကြသည်ဟု လေ့လာမှုကဆိုသည်။

ကံကောင်းသည်မှာ အီးကျူသည် မွေးရာပါ ဗီဇမျိုးမဟုတ်ဘဲ ပတ်ဝန်းကျင်နှင့် လေ့ကျင့်သင်ယူမှုတို့ဖြင့် ပြောင်းလဲနိုင်ခြင်းဖြစ်သည်။ ငယ်စဉ်ကတည်းက ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်အောင် လေ့ကျင့်ပေးခြင်းဖြင့် က‌လေးများကို အရွယ်ရောက်လာချိန်တွင် အီးကျူမြင့်မားစေသည်ဟု ဆိုသည်။

အီးကျူမြင့်သူများသည် လုပ်ငန်းခွင်တွင် အလုပ်ရှင်သဘောကျအောင် ဘယ်လိုလုပ်ရမလဲဆိုသည်ကို မြင်တတ်သလို ပေါင်းသင်းဆက်ဆံရေးလည်းကောင်းပြီး လူမှုရေးလည်းကောင်းကြသဖြင့် ငွေကြေးအရ အောင်မြင်မှရရှိနိုင်ကြခြင်းဖြစ်သည်။

မေမေ၊ ဖေဖေများအနေဖြင့် ကိုယ့်ရင်သွေးလေးများကို ငယ်စဉ်ကတည်းက “သားသား/ မီးမီးကိုကြည့်ရတာ ရောင်စုံအရုပ်လေးတွေတွေ့ရရင် ပျော်နေသလိုပဲနော်” ဆိုသည့် စကားမျိုးဖြင့် စိတ်ခံစားချက်နှင့် အတွေ့အကြုံကို ချိတ်ဆက်ပေးပြီး အီးကျူအားကောင်းအောင် လေ့ကျင့်ပေးနိုင်ကြောင်း ပညာရှင်များက အကြံပေးထားသည်။

Ref: Daily Mail

ထိုင်းနိုင်ငံရှိ ခရိုင်အားလုံးလွှမ်းခြုံစေမည့် အစိုးရပညာသင်ဆု “One District One Scholarship” (ODOS) အစီအစဉ်ကို ၂၀၂၅ ခုနှစ်တွင် စတင်မည်ဟု  ထိုင်းဝန်ကြီးချုပ် ကတိပေး

ထိုင်းနိုင်ငံပညာရေးစနစ် တိုးတက်မြင့်မားလာစေရန် အစိုးရပညာသင်ဆုဖြစ်သည့် “One District One Scholarship (ODOS)” အစီအစဉ်ကို ဘန်ကောက်ရှိ ခရိုင် ၅၀ ခရိုင်နှင့် ထိုင်းနိုင်ငံတစ်ဝှမ်း ခရိုင် ၈၇၈ ခရိုင်တို့တွင် ၂၀၂၅ ခုနှစ်၌ စတင်အကောင်အထည် ဖော်မည်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra က ကတိပြုပြောကြားလိုက်ပါသည်။ 

"ပညာသင်ဆုများက   ပြည်တွင်းရော ပြည်ပမှာပါ ပညာသင်ယူနိုင်မည့် အစီအစဉ်တွေဖြစ်ပြီး ကျောင်းပိတ်ချိန် ပြည်ပ၌ နွေရာသီစခန်းသွင်းအစီအစဉ်များ ပါဝင်မည် ဖြစ်ကြောင်း၊ နိုင်ငံခြားပညာသင်ဆုရရှိသည့်သူများအနေဖြင့် ပြည်ပရှိ မတူညီသည့် ယဉ်ကျေးမှုများ၊ လူနေမှုပုံစံများကို  လေ့လာသိရှိခွင့်ရရှိမည်ဖြစ်ကြောင်း၊  ၎င်းတို့၏အတွေ့အကြုံများကို မျှဝေပေးခြင်းဖြင့်လည်း အခြားသူများ အတုယူလာစေပြီး စိတ်အားထက်သန်လာစေရန် ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း”၊ “ထို့ပြင် ရပ်ရွာစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် တွန်းအားပေးနိုင်မည့် အလားအလာရှိသော ဒေသတွင်းစီးပွားရေးလုပ်ငန်းများအတွက်  အသေးစား၊ အလတ်စား၊ အကြီးစား (SML) စီမံကိန်းကိုလည်း ၂၀၂၅ ခုနှစ်တွင် စတင်အကောင်အထည်ဖော်မည်ဖြစ်ကြောင်း” ဒီဇင်ဘာ ၂၀ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ 

ကိုးကား - The Nation (Thailand)

ဂျပန်နိုင်ငံတွင် တုပ်ကွေးရောဂါဖြစ်ပွားမှု ကျယ်ပြန့်လာနေ

ဂျပန်နိုင်ငံတွင် တုပ်ကွေးရောဂါ ဖြစ်ပွားမှု ဆက်လက် ပျံ့နှံ့လာနေပြီး ခန့်မှန်းခြေ လူနာဦးရေသည် ယခင် သီတင်းပတ်ထက် ကူးစက်မှု နှစ်ဆကျော် တိုးလာခဲ့ ပါသည်။

ဂျပန် ကူးစက်ရောဂါ သုတေသနဌာနနှင့် အခြား အဖွဲ့ အစည်းများ၏ ပြောကြားချက်အရ နိုင်ငံတစ်ဝန်းမှ ဆေးရုံနှင့်ဆေးခန်းပေါင်း ၅,၀၀၀ ခန့်က ဒီဇင်ဘာလ ၁၅ ရက်နေ့အထိ ၇ ရက်တာကာလအတွင်း တုပ်ကွေး လူနာပေါင်း ၉၄,၂၅၉ ဦးရှိကြောင်း အစီရင်ခံခဲ့ကြောင်း သိရှိရသည်။

အဆိုပါကိန်းဂဏန်းကိုအခြေခံပြီး တစ်နိုင်ငံလုံး အတိုင်း အတာအနေဖြင့် လူနာပေါင်း ၇၁၈,၀၀၀ ခန့် ရှိမည်ဟု ခန့်မှန်းရကြောင်းနှင့် ယခင်သီတင်းပတ်က ရှိခဲ့သည့် ကိန်းဂဏန်းထက် နှစ်ဆပိုများနေကြောင်း ဖော်ပြထား သည်။ ပျမ်းမျှလူနာဦးရေသည် ခရိုင် ၄၇ ခုစလုံး၌ တိုးလာနေပြီး တစ်နိုင်ငံလုံး ပျမ်းမျှအားဖြင့် ၁၉.၀၆ ရှိနေသည်။

ဂျပန်အနောက်ပိုင်း အိုးအိတ နှင့် ဖူကုအိုက ခရိုင်များ၌ အဆိုပါပျမ်းမျှကိန်းဂဏန်းသည် သတိပေးရမည့် အဆင့် ဖြစ်သော အဆင့် ၃၀ တွင်ရှိနေသည်။ ပျမ်းမျှကိန်း ဂဏန်းသည် ခရိုင်ပေါင်း ၄၀ ၌ ပျမ်းမျှအားဖြင့် သတိထားရမည့်အဆင့်ဖြစ်သည့် အဆင့် ၁၀ ကို ကျော်လွန်ခဲ့သည်။

ကူးစက်ရောဂါများဆိုင်ရာ ဂျပန်အသင်း၏ အကြီးအကဲ Ishida Tadashi က ကိုရိုနာဗိုင်းရပ် ကပ်ရောဂါကာလ အတွင်း တုပ်ကွေးဗိုင်းရပ်စ်နှင့် ထိတွေ့မှု နည်းပါးခဲ့ သည့်အပြင် ယခုအခါ လူများ၏ ကိုယ်ခံစွမ်းအား လျော့ကျနေမှုများကြောင့် ယခုရာသီတွင် တုပ်ကွေးရောဂါဖြစ်ပွားမှု မြင့်မားဖွယ်ရှိကြောင်း ပြောဆိုထားသည်။

မစ္စတာ Ishida က ယခုကဲ့သို့ ကူးစက်ပြန့်ပွားမှုသည် ဇန်နဝါရီလအတွင်း အမြင့်ဆုံးအနေအထားကို ရောက်ရှိ နိုင်ပါကြောင်းနှင့် လက်ဆေးခြင်း၊ နှာခေါင်းစည်းများ တပ်ဆင်ခြင်းစသည့် အစီအမံများကို လုပ်ဆောင်ကြရန် ၎င်းကတိုက်တွန်းခဲ့ပါသည်။

ထို့အပြင် ကာကွယ်ဆေးထိုးခြင်းကိုလည်း ထည့်သွင်း စဉ်းစားကြရန် ၎င်းက အကြံပေးခဲ့ကြောင်း ဖော်ပြထား ရှိပါသည်။

ကိုးကား-NHK World