သတင်းများ

အာရုံနာ့ဗ်ဆဲလ်များသေဆုံးမှုကို တားဆီးနိုင်သော နည်းလမ်းတစ်ရပ် ဆေးပညာရှင်များ တွေ့ရှိ

နယူးယောက် ဇူလိုင် ၇

အာရုံနာ့ဗ်ဆဲလ်များ သေဆုံး မှုကို တားဆီးနိုင်သည့် နည်းလမ်း တစ်ရပ်ကို ဆေးပညာရှင်များက တွေ့ရှိထားရာ ပါကင်ဆန်ရောဂါအတွက် ကုထုံးသစ်ဖြစ်လာနိုင်ကြောင်း ဇူလိုင် ၆ ရက် သတင်း များအရ သိရသည်။

အမေရိကန်နိုင်ငံ စတန်းဖို့ဒ် တက္ကသိုလ်မှ သုတေသနပညာ ရှင်များသည် မျိုးဗီဇအပြောင်း အလဲ တစ်မျိုးတည်းကြောင့် ဖြစ်ပွားရသည့် ပါကင်ဆန်ရောဂါပုံစံတစ်မျိုးကို လေ့လာခဲ့ကြသည်။ လေ့လာချက်မှ ပေါ်ထွက် လာသည့်ရလဒ်များအရ အထက် ပါ ပါကင်ဆန်ရောဂါ ပုံစံမျိုးရှိသူ များ၌ ဦးနှောက်၏ ကိုယ့်ကိုယ် ကိုယ် ကာကွယ်နိုင်စွမ်းအား ဟန့်တားနှောင့်ယှက်တတ်သော ပရို တင်းတစ်မျိုးစုစည်းမှု လွန်ကဲနေတတ်ကြောင်း သိရသည်။

သို့ရာတွင် LRRK 2 အမည်ရှိအထက်ပါပရိုတင်းများကို ထိန်း ချုပ်တားဆီးခြင်းဖြင့် ဦးနှောက် အာရုံနာ့ဗ်ဆဲလ်များ သေဆုံးမှုကို တားဆီးနိုင်ကြောင်း အမေရိကန် သုတေသန ပညာရှင်များက ပြောကြားသည်။

LRRK 2 ပရိုတင်းများစုစည်း မှုကို MLi-2 LRRK 2 kinase In-hibitor ခေါ် မော်လီကျူးတစ်မျိုး ဖြင့် ထိန်းချုပ်တားဆီးနိုင်ကြောင်း အမေရိကန် သုတေသနပညာရှင် များ၏ အဆိုအရ သိရသည်။

အမေရိကန်နိုင်ငံ၌ ပါကင်ဆန် ရောဂါလူနာ ၁ ဒသမ ၁ သန်းခန့် ရှိပြီး ရောဂါဖြစ်ပွားမှုနှုန်း ထပ်တိုး လာနိုင်ကြောင်း သုတေသနပညာ ရှင်များက ခန့်မှန်းထားသည်။

Ref: Russia Today

Trs: KKO

Photo - Science Direct

အစိုးရနည်းပညာအထက်တန်းကျောင်း (ကျောက်ဆည်)၌ အဂတိ လိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေး လူငယ်စကားဝိုင်းကျင်းပ

ကျောက်ဆည်၊ ဇူလိုင်-၇

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူလူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် အသိပညာပေးဟောပြောပွဲ၊ လူငယ်စကားဝိုင်းများ၊ ပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေခြင်းများ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ  ယနေ့ နံနက်ပိုင်းက အစိုးရ နည်းပညာ အထက်တန်းကျောင်း(ကျောက်ဆည်)၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေး လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အစိုးရနည်းပညာအထက်တန်းကျောင်း(ကျောက်ဆည်)မှ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာ ဇာနည်ထွန်းက အဂတိသည် လူ့အဖွဲ့အစည်းအတွင်း ဆိုးဝါးစွာအတွင်းလှိုက်စားသော ကူးစက်ပျံ့နှံ့သည့် ကပ်ရောဂါ တစ်ခုဖြစ်ကြောင်း အမှာစကားပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် အဂတိတရား(၄)ပါးအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ 

ဆက်လက်ပြီး လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ဦးဆောင်ပြီး လူငယ်စကားဝိုင်းကို ဆက်လက် ကျင်းပပြုလုပ်ခဲ့ရာ အစိုးရနည်းပညာအထက်တန်းကျောင်းမှ တတိယနှစ် လျှပ်စစ်နည်းပညာ သင်တန်းနှင့် အဆောက်အဦနည်းပညာသင်တန်းမှ မောင်အောင်ပိုင်ခန့်၊ မောင်ဇွဲမြင့်စံနှင့် မတင်ဇာမော်တို့က “အခြေခံ စဉ်းစား တွေးခေါ်မှု”၊ “ပွင့်လင်းမြင်သာမှု”၊ “နိုင်ငံသားကောင်းဖြစ်ခြင်း”၊ ပထမနှစ်စက်မှုသင်တန်းမှ မမိုးမင်းမြင့်မြတ်စံ က “အဂတိလိုက်စားမှုကိုရှက်ရွံ့ခြင်းနှင့်ဆန့်ကျင်ခြင်း”၊ ဒုတိယနှစ် သုတနည်းပညာသင်တန်း မှ မောင်ကျော်မင်းပိုင် က “အခြားသူတို့အားတာဝန်ယူမှုရှိခြင်း” ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီး လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးခဲ့ရာ တာဝန်ရှိ သူများက ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ပြီး လူငယ်စကားဝိုင်းသို့တက်ရောက်လာကြသည့် ဆရာ၊ ဆရာမများ/ ကျောင်းသား၊ကျောင်းသူများအား ကလေးအလုပ်သမားပပျောက်ရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ်၊  သဘာဝဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်များကို ပြသပေးခဲ့ကြောင်း သိရသည်။  

သက်မောင်၊ကျောက်ဆည်

၂ဝ၂၅ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ မင်္ဂလာအခမ်းအနား ကျင်းပ

နေပြည်တော် ဇူလိုင် ၆

၂၀၂၅ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ အနော်ရထာခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ကြည်ညို၍ ဝါဆိုသင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းတို့ကို ဆက်ကပ်လှူဒါန်းသည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့၊ မင်းကျောင်းပထမပြန်စာသင်တိုက် ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသနှင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အကျိုးတော်ဆောင်၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ် မဟာနာယက၊ ဓမ္မသမိဒ္ဓိကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ မဟာဓမ္မကထိကဗဟုဇနဟိတဓရ ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသတို့အမှူးပြုသော ဥပ္ပါတသန္တိစေတီတော် ဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီးများအပါအဝင် ပင့်ဖိတ်ထားသည့် ဆရာတော်ကြီး ၂၇ ပါး ကြွရောက်ချီးမြှင့်တော်မူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့နှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) နှင့် ဇနီး၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အနော်ရထာခန်းမအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညို၍ မြသပိတ်ဆွမ်းတော်၊ သစ်သီး၊ ပန်းမန်၊ သောက်တော်ရေချမ်းနှင့် ဆီမီးတို့ကို ကပ်လှူပူဇော်သည်။

ယင်းနောက် အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ ဖွင့်လှစ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မင်းကျောင်းဆရာတော်ကြီးထံမှ ကိုးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်ကြီးများ ရွတ်ပွားချီးမြှင့်တော်မူသည့် မေတ္တသုတ်ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့က နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မင်းကျောင်း ဆရာတော်ကြီးထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့် ဇနီးက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အကျိုးတော်ဆောင် မစိုးရိမ်တိုက်သစ်ဆရာတော်ကြီးထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်ပြီး တက်ရောက်လာကြသူများနှင့် ဇနီးများက ဆရာတော်၊ သံဃာတော်များထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို အသီးသီးဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ တက်ရောက်လာကြသူများက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အကျိုးတော်ဆောင် မစိုးရိမ်တိုက်သစ်ဆရာတော်ကြီးထံမှ အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့် ဇနီး၊ အခမ်းအနားတက်ရောက်လာကြသည့် တပ်မတော်အရာရှိကြီးများသည် သန်လျင်မင်းကျောင်းဆရာတော်ကြီး အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

MOI

မြေထဲပင်လယ်ဓာတ်စာ စားသုံးခြင်းဖြင့် Dementia ရောဂါဖြစ်နိုင်ခြေကို လျှော့ချနိုင်

ဆိုးလ်   ဇူလိုင် ၆

မြေထဲပင်လယ်ဓာတ်စာ (Mediterranean diet) ကို စားသုံးခြင်းဖြင့် ဦးနှောက်စွမ်းဆောင်ရည်ထိခိုက်ပျက်စီးမှုရောဂါ (Dementia) ကျဆင်းသွားတတ်ကြောင်း သုတေသနပညာရှင်များ၏ အဆိုကို ကိုးကား၍ ဇူလိုင် ၅ ရက်သတင်းများအရ သိရသည်။

မြေထဲပင်လယ်ဓာတ်စာသည် သံလွင်ဆီ၊ ငါး၊ သစ်စေ့ သစ်ဆန်၊ ဘယ်ရီသီးနှင့် အစိမ်းရောင် အသီးအရွက်များ အဓိကပါဝင်သော ဓာတ်စာပုံစံဖြစ်သည်။

တောင်ကိုရီးယားနိုင်ငံ ယွန်ဆိုင်းတက္ကသိုလ်မှ သုတေသနပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ မြေထဲပင်လယ်ဓာတ်စာကို စွဲစွဲမြဲမြဲ စားသုံးသူများ၌ Dementia ရောဂါဖြစ်နိုင်ခြေမှာ ပုံမှန်ထက် ၂၈ ရာခိုင်နှုန်း ပိုနည်းပါးကြောင်း သိရသည်။

Dementia ရောဂါအတွက် ကုထုံးမရှိသေးသည့်အချိန်တွင် မြေထဲပင်လယ် ဓာတ်စာပုံစံစားသုံးမှုသည် Dementia ရောဂါဖြစ်နိုင်ခြေကို တားဆီးနိုင်မည့် နည်းလမ်းတစ်ခုဖြစ်လာနိုင်ကြောင်း သုတေသနပညာရှင်များ က ပြောကြားသည်။

တောင်ကိုရီးယား သုတေသနပညာရှင်များသည် သက်လတ်ပိုင်းအရွယ် လူပေါင်း ၁၃၀၀၀၀ ကျော်ကို လေ့လာခဲ့ပြီးနောက် ၎င်းတို့၏ တွေ့ရှိချက်ကို တင်ပြခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ရတနာပုံသတင်းစာ

ချန်ပီယံလုပွဲလာကြည့်မည့် ပရိတ်သတ်အား အပြိုင်အဆိုင် စပွန်ဆာပေး ဖိတ်ခေါ်နေသည့် ရှမ်းယူနိုက်တက်နှင့် ရန်ကုန်ယူနိုက်တက်

ယနေ့ ဇူလိုင် (၆) ရက် ညနေပိုင်းအချိန်၌ မြန်မာနေရှင်နယ်လိဂ် နောက်ဆုံး ဗိုလ်လုပွဲစဉ်ကို ရှမ်းယူနိုက်တက်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

ပြည်တွင်း အင်အားကြီး ကလပ်အသင်းများဖြစ်သည်နှင့်အညီ ပြိုင်ဘက်အသင်းနှစ်သင်းသည် ပရိတ်သတ်များ ကွင်းအတွင်း လာရောက်အားပေးနိုင်ရေးအတွက် စပွန်ဆာများ အပြိုင်အဆိုင်ပေးကာဖိတ်ခေါ်နေကြသည်ကို တွေ့ရသည်။

လက်ရှိ ချန်ပီယံရှမ်းယူနိုက်တက် အသင်းက ယနေ့ ဗိုလ်လုပွဲစဉ်အတွက် ကွင်းအတွင်း လာရောက်ကြည့်ရှုမည့် ပရိတ်သတ်အား ရှမ်းယူနိုက်တက်ဂျာစီ သို့မဟုတ် ရှမ်းယူနိုက်တက် ဂျာစီအနီ (သို့) အင်္ကျီအနီရောင် ဝတ်ဆင်လာသူများကို အထူးတန်းလက်မှတ် အခမဲ့အဖြင့် စီစဥ်ပေးမည်ဟု အသိပေးထားသည်။

အလားတူ ပြိုင်ဘက် ရန်ကုန်ယူနိုက်တက် အသင်းအနေဖြင့်လည်း ကွင်းအတွင်းလာရောက်ကြည့်ရှုမည့် အသင်းပရိတ်သတ်အတွက် ကြို/ပို့ကားများ စီစဉ်ပေးထားသည့်အပြင် ပွဲလက်မှတ်၊ အင်္ကျီ၊ Royal-D တို့ကိုလည်း အခမဲ့ ပံ့ပိုးပေးသွားမည်ဟု ဆိုထားသည်။

MNL League Cup 2025 နောက်ဆုံးဗိုလ်လုပွဲစဉ်အတွင်း နှစ်ဖက်ပရိတ်သတ် မည်မျှများပြားမည်ကို စောင့်ကြည့်ရမည့်အပြင် ပြိုင်ဘက်အသင်းနှစ်သင်း မည်သူဗိုလ်စွဲမည်ဆိုသည်ကိုလည်း စောင့်ကြည့်ရမည့်အခြေအနေဖြစ်သည်။

လတ်တလော မြန်မာပရိတ်သတ်မှာ အမျိုးသမီးအာရှဖလားပြိုင်ပွဲ ဝင်ရောက်ခွင့်ခြေစစ်ပွဲစဉ်များကို မိုးထဲလေထဲ တခဲနက် လာရောက်အားပေးခဲ့ကြသည်လည်းကို မြင်တွေ့ခဲ့ရသည်။

ပုံစာ – အမျိုးသမီးအာရှဖလားပြိုင်ပွဲ ဝင်ရောက်ခွင့်ခြေစမ်း ပွဲတစ်ခု၌ လာရောက်အားပေးကြသည့် ပရိတ်သတ်မြင်ကွင်းပုံရိပ်အချို့

Popular Myanmar

ဝါရှင်တန်   ဇူလိုင် ၅

ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် အဆင့်တွင် ချဲလ်ဆီးအသင်းက ပါမီးယက်စ် အသင်းကို နှစ်ဂိုး တစ်ဂိုးဖြင့် နိုင်ပွဲ ရခဲ့သောကြောင့် ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။ ချဲလ်ဆီးအသင်းသည် ၁၆ သင်း ရှုံးထွက်အဆင့်တွင် ဘင်ဖီကာ အသင်းနှင့် တွေ့ဆုံခဲ့သော်လည်း အချိန်ပိုသွင်းပိုး လေးဂိုး တစ်ဂိုးဖြင့် နိုင်ပွဲရခဲ့ပြီး အခြားရှုံးထွက်အဆင့်မှ အင်တာမီလန်အသင်းနှင့် မန်စီးတီးအသင်းတို့အနေဖြင့် ရှုံးပွဲကြုံခဲ့သောကြောင့် ဗိုလ်လုပွဲ တက်ရောက်နိုင်သည့် လမ်းကြောင်းတွင် ချဲလ်ဆီးအသင်းက အခွင့်အရေးများခဲ့ခြင်းဖြစ်သည်။

ချဲလ်ဆီးအသင်းသည်ကွာတား ဖိုင်နယ်အဆင့်တွင် ဘရာဇီးကလပ် ပါမီးယက်စ်အသင်းနှင့် ကစားခဲ့ရသဖြင့် အဘက်ဘက်ကအသာစီး ရယူနိုင်ခဲ့ပြီး ပွဲကစားချိန် ၁၆ မိနစ်တွင် ချာလိုဘတ်၏ဖန်တီးမှုမှ ပယ်မာက ဦးဆောင်ဂိုးသွင်းယူ၍ ပထမပိုင်းတွင် တစ်ဂိုး ဂိုးမရှိဖြင့်ဦးဆောင်နိုင်ခဲ့သည်။

ဒုတိယပိုင်းတွင် ချေပဂိုး ရရှိရေး တိုက်စစ်ကစားပုံ မြှင့်တင်လာသည့် ပါမီးယက်စ်အသင်းက ပွဲချိန် ၅၃ မိနစ် အရောက်တွင် ချေပဂိုး ပြန်လည်သွင်းယူနိုင်ခဲ့ပြီးနောက် တစ်ဖက်နှင့်တစ်ဖက် ဦးဆောင်ဂိုးရရှိရန် အကြိတ်အနယ်ရှိခဲ့ကာ ချဲလ်ဆီးအသင်းက တိုက်စစ်ပိုင်း အပြောင်းအလဲ ပြုလုပ်ခဲ့သောကြောင့် ပွဲချိန် ၈၃ မိနစ်တွင် ဝီဘာတန်၏ ကိုယ့်ဂိုးကို သွင်းယူမှုမှ အနိုင်ဂိုးရခဲ့ပြီး နှစ်ဂိုး တစ်ဂိုးဖြင့် ဆီမီးဖိုင်နယ် အဆင့်သို့ တက်ရောက်ခဲ့သည်။

ချဲလ်ဆီးအသင်းသည် ဆီမီး ဖိုင်နယ်အဆင့်တွင် ဖလူမီနန်စီ အသင်းနှင့်တွေ့ဆုံခဲ့ပြီး ယင်းပွဲစဉ်ကို လာမည့် ဇူလိုင် ၉ ရက်တွင် ကစားရမည်ဖြစ်ကြောင်းသိရသည်။

ပဋိသန္ဓေတားဆေးများကြောင့် အသည်းကင်ဆာဖြစ်နိုင်ခြေ မြင့်တက်မှုမရှိ

လန်ဒန်   ဇူလိုင် ၅

အမျိုးသမီးများအနေဖြင့် Pill ခေါ် ပဋိသန္ဓေတားဆေးများသုံးစွဲမှုကြောင့် အသည်းကင်ဆာဖြစ်နိုင်ခြေ ပုံမှန်ထက်မြင့်တက်လာနိုင်ခြေမရှိကြောင်း ဗြိတိန်သုတေသနပညာရှင်များ၏ အဆိုကို ကိုးကား၍ ဇူလိုင် ၄ရက် သတင်းများအရ သိရသည်။

Pill ပဋိသန္ဓေတားဆေးများနှင့် အသည်းကင်ဆာရောဂါဖြစ်နိုင်ခြေ မြင့်တက်လာမှုတို့ကြား ဆက်စပ်မှုရှိနိုင်ကြောင်း ရှေးယခင် ထုတ်ပြန်ခဲ့သော လေ့လာချက်စစ်တမ်းများ၌ ဖော်ပြထားသည်။

Pill ပဋိသန္ဓေတားဆေးများတွင် ပါဝင်သည့် အက်စထရိုဂျင် ဟော်မုန်းများမှာ အချို့ကင်ဆာဆဲလ်များ ကြီးထွားလာမှုကို စေ့ဆော်ပေးနိုင်ကြောင်း ဆေးပညာရှင်အချို့က ယူဆထားသည်။

သို့ရာတွင် ဗြိတိန်သုတေသနပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ Pill ပဋိသန္ဓေတားဆေးများနှင့် အသည်းကင်ဆာရောဂါဖြစ်နိုင်ခြေတို့ကြား ဆက်စပ်မှုမရှိကြောင်း သိရသည်။

Pill ပဋိသန္ဓေတားဆေးများကို ကာလကြာမြင့်စွာသုံးစွဲသူများတွင်မူ အသည်းကင်ဆာဖြစ်နိုင်ခြေမဆိုစလောက်သာ မြင့်တက်လာတတ်သည်ကို တွေ့ရကြောင်း ဗြိတိန် သုတေသနပညာရှင်များက ပြောကြားသည်။

အစာခြေလမ်းကြောင်းစနစ် ဗက်တီးရီးယားတစ်မျိုး PFAS ဓာတုပစ္စည်းများကို စုပ်ယူနိုင်

လန်ဒန် ဇူလိုင် ၅

အစာခြေလမ်းကြောင်းစနစ် ဗက်တီးရီးယား တစ်မျိုးသည် PFAS (Per-and Polyfluoroalkyl Substance) ခေါ် အဆိပ်အတောက်ဓာတုပစ္စည်းများကို စုပ်ယူထားနိုင်စွမ်းရှိကြောင်း သုတေသနပညာရှင်များ၏ အဆိုကို ကိုးကား၍ ဇူလိုင် ၄ ရက် သတင်းများအရ သိရသည်။

PFAS ဓာတုပစ္စည်းများသည် ကင်ဆာရောဂါများ၊ မျိုးဆက်ပွားစနစ် ကျန်းမာရေးပြဿနာများ၊ မွေးရာပါကိုယ်အင်္ဂါချို့ယွင်းချက်များနှင့် ဆက်စပ်နေကြောင်း သိရသည်။

သို့ရာတွင် ဗြိတိန်နိုင်ငံ ကိန်းဘရစ် တက္ကသိုလ်မှ သုတေသနပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ အစာခြေလမ်းကြောင်းစနစ် ဗက်တီးရီးယားတစ်မျိုးဖြစ်သော Odoribacter Splanchnicus ခေါ် ဗက်တီးရီးယားတစ်မျိုးသည် PFAS ဓာတုပစ္စည်းများစုစည်းမှုကို အထိရောက်ဆုံး လျှော့ချပေးနိုင်သည်ဟု သုတေသနပညာရှင်များက ပြောကြားကြောင်းသိရသည်။

ထို့ပြင် အဆိုပါဗက်တီးရီးယား အုပ်စုသည် PFAS ဓာတုပစ္စည်းများ၏ကင်ဆာရောဂါဖြစ်ပွားစေနိုင်သည့် အကျိုးသက်ရောက်မှုကိုလည်း လျှော့ချပေးနိုင်ကြောင်း သိရသည်။

PFAS ဓာတုပစ္စည်းများသည် ရင်သားကင်ဆာနှင့် မျိုးဥအိမ်ကင်ဆာကဲ့သို့ ကင်ဆာရောဂါများ ဖြစ်နိုင်ခြေနှင့် ဆက်စပ်နေကြောင်း သုတေသနပညာရှင်များက ပြောကြားသည်။

အမေရိကန် သုတေသနပညာရှင်များသည် ဓာတ်ခွဲခန်းသုံးကြွက်များဖြင့် လက်တွေ့စမ်းသပ်မှု ပြုလုပ်ခဲ့ပြီးနောက် ၎င်းတို့၏ တွေ့ရှိချက်ကို တင်ပြခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ကိုးကား- ရတနာပုံသတင်းစာ

Photo: Scientific American

ယခုနှစ် တောင်ပြုံးပွဲတော်ကို အစဉ်အလာမပျက် ကျင်းပမည်

လာမည့် ဩဂုတ်(၁)ရက်မှစတင်၍ တောင်ပြုံးပွဲတော်ကို အစဉ်အလာမပျက် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ပွဲတော်ကို လာမည့် ဝါခေါင်လဆန်း(၈) ရက်မှ (၁၅)ရက်အထိ ဩဂုတ်(၁)ရက်မှ ဩဂုတ်(၈)ရက်အထိ စည်ကားသိုက်မြိုက်စွာကျင်းပမည်လည်း ဖြစ်သည်။

သမိုင်းဝင် တောင်ပြုံး ဆုတောင်းပြည့်မြတ်စွာဘုရားသည် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ မတ္တရာမြို့နယ်၊ တောင်ပြုံးကျေးရွာအုပ်စု၊ တောင်ပြုံးကြီးကျေးရွာတွင် ရှိခြင်းဖြစ်သည်။

ယခုနှစ် ပွဲတော်သို့ ဘုရားဖူးတိုင်းရင်းပြည်သူများ၊ ရိုးရာဓလေ့ ကိုးကွယ်သူများ၊ ဈေးသူ/ဈေးသားများအား စိတ်အေးချမ်းသာစွာဖြင့် လာရောက်နိုင်ကြရန် ပွဲတော်ကျင်းပရေးကော်မတီမှ အသိပေးကြေညာထားကာ နယ်မြေဒေသအခြေအနေသည်လည်း အေးချမ်းတည်ငြိမ်လျက်ရှိသည်ဟု ဆိုသည်။

တောင်ပြုံးပွဲတော်ကို နှစ်စဉ် ဝါခေါင်လဆန်း၈ရက်မှ စတင်ပြီး ကျင်းပလေ့ရှိရာ ဝါခေါင်လဆန်း ၈ရက်နှင့် ၉ရက်တို့တွင် ကန်တော့ခံပွဲ၊ ဝါခေါင်လဆန်း၁၀ရက်တွင် ညီလာခံဝင်၊ ဝါခေါင်လဆန်း ၁၁ရက်တွင် ချိုးရေတော်သုံးပွဲ၊ ဝါခေါင်လဆန်း ၁၂ ရက်တွင် နန်းတက်ပွဲ၊ ဝါခေါင်လဆန်း ၁၃ ရက်တွင် ယုန်ထိုးပွဲ၊ ဝါခေါင်လဆန်း ၁၄ ရက်တွင် ထိန်ပင်ခုတ်ပွဲ၊ ဝါခေါင်လဆန်း ၁၅ရက်တွင် ပခန်းမင်းပို့ပွဲနှင့် ဝါခေါင်လပြည့်ကျော် တစ်ရက်တွင် ရွှေဘုံဆင်းပွဲတို့ကို ရှေးအစဉ်အလာများအတိုင်း ကျင်းပခဲ့ကြခြင်းဖြစ်သည်။

တောင်ပြုံးပွဲတော်သို့ ဘုရားဖူးပြည်သူများ၊ မင်းနှစ်ပါးကိုယုံကြည်သူများ၊ နတ်ပညာရှင်များ၊ ကနားစီးများ လာရောက်ကြပြီး ၁၂ပွဲဈေးသည်များ၊ ‌အညာဒေသထွက်ကုန်ဈေးသည်များအများအပြား လာရောက်ကြသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဝူရှူးအားကစားပစ္စည်းများ လှူဒါန်း

နေပြည်တော် ဇူလိုင် ၄

တရုတ်ပြည်သူ့သမ္မတနိုင်ငံက အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနသို့ ဝူရှူးအားကစားပစ္စည်းများ လှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ တွင် ရန်ကုန်တိုင်းဒေသကြီး တာမွေ မြို့နယ်ရှိ ကျိုက္ကဆံကွင်းအားကစား နှင့် ကာယပညာသိပ္ပံ(ရန်ကုန်)၌ ကျင်းပသည်။

အပြည့်အစုံဖတ်ရှုရန်- https://www.moi.gov.mm/news/71876