သတင်းများ

ဝါဆိုလပြည့်နေ့(ဓမ္မစကြာအခါတော်နေ့)တွင် မန္တလေးမြို့နှင့်အနီးဝန်းကျင်ရှိ ဘုရား၊ စေတီ၊ ပုထိုးများ၌ကုသိုလ်ကောင်းမှုပြုကြသူများဖြင့် စည်ကားလျက်ရှိ

မန္တလေး ဇူလိုင် ၉

ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့)သည် ဗုဒ္ဓဘာသာဝင်တို့၏ အထွတ်အမြတ်ထားသည့် နေ့တစ်နေ့ဖြစ်သည်နှင့်အညီ ယနေ့တွင် နိုင်ငံတစ်ဝန်းရှိဘုရား၊ စေတီ၊ ပုထိုးများအား ဖူးမြော်ကြည်ညိုခြင်း၊ တရားဘာဝနာပွားများအားထုတ်ခြင်း၊ ရပ်ကွက်၊ လမ်းများရှိ ဓမ္မာရုံများ၌ ဓမ္မစကြာတရားတော်များကို ရွတ်ဖတ်ပူဇော်ခြင်း၊ ဝါဆိုသင်္ကန်းနှင့် ဝါဆိုပန်းများ ကပ်လှူပူဇော်ခြင်းတို့ဖြင့် စည်ကားလျက်ရှိသည်။

ကုသိုလ်ကောင်းမှုပြု

နံနက်ပိုင်းမှစတင်၍ မန္တလေး မြို့၏အထင်ကရဖြစ်သော မဟာ မုနိရုပ်ရှင်တော်မြတ်ကြီးသို့ ဒေသခံပြည်သူများသာမက အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူပြည်သူအပေါင်းတို့ လာရောက်ဖူးမြော် ကြည်ညိုကြပြီး ဆွမ်း၊ ရေချမ်း၊ ပန်း၊ ကပ်လှူပူဇော်ခြင်း၊ ဆီမီးပူဇော်ခြင်း၊ ရေသပ္ပာယ်ခြင်းများအပြင် ဥပုသ်သီတင်းသီလဆောက်တည်၍ တရားဘာဝနာ အားထုတ်ခြင်းနှင့် ဘာသာရေး၊ လူမှုရေးဝတ်အသင်းအဖွဲ့များက ဓမ္မစကြာတရားတော်တို့ကို အဖွဲ့လိုက်၊ မိသားစုလိုက်ရွတ်ဖတ်ခြင်း များဆောင်ရွက်ကြပြီး ကုသိုလ်ကောင်းမှုပြုကြသည်။ 

စည်ကားလျက်ရှိ

အလားတူ မန္တလေးမြို့ပေါ်နှင့် အနီးပတ်ဝန်းကျင်ရှိ ဘုရား၊ စေတီ၊ ပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၌ ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူပြည်သူအပေါင်းတို့သည် နံနက်အရုဏ်တက်ချိန်မှစ၍ ဓမ္မစကြာအခါတော်နေ့ ပူဇော်ပွဲ၊ ဝါဆိုဝါကပ်ပွဲ၊ ဝါဆိုပန်း၊ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း၊ ဆွမ်းလောင်းလှူဒါန်းခြင်း၊ ဇီဝိတ ဒါနဘေးမဲ့လွတ်ခြင်း စသည့် ကုသိုလ်ကောင်းမှု ပြုသူများဖြင့် စည်ကားလျက်ရှိသည်ကို တွေ့မြင် ရသည်။

ထို့အတူမန္တလေးတိုင်းဒေသ ကြီးအစိုးရအဖွဲ့ကကြီးမှူး၍ မန္တလေးမြို့ပေါ် ကျောင်းတိုက်အသီးသီး၌ ဝါဆိုဝါကပ်တော်မူကြမည့် သံဃာတော်အရှင်သူမြတ်များအားရည်မှန်း၍ ပင့်သံဃာ ၂၇ ပါးတို့အား ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့ အောင်မြေသာစံမြို့နယ်ရှိ မဟာအတုလဝေယန်(အတုမရှိ)ကျောင်းတော်ကြီး၌ ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) အလှူအဖြစ် ကျင်းပသည်။

ထို့ပြင် မြို့၊ ရွာ၊ ရပ်ကွက်ရှိ ဓမ္မာရုံများတွင် ဝါဆိုသင်္ကန်း၊ ဆွမ်း၊ ခဲဖွယ်ဘောစဉ်များကို သံဃာတော်များထံ ဆက်ကပ်လှူဒါန်း ခြင်း၊ သံဃာတော်များက သီလပေးတရားတော်များနှင့် နိဗ္ဗာန် ရောက်ကြောင်း တရားတော်များ ဟောကြားချီးမြှင့်ခြင်းစသည့် တရားဓမ္မသံများဖြင့်လည်း ထုံမွမ်းလျက်ရှိသည်။ 

အလားတူ စန္ဒာမုနိဘုရား၊ ကုသိုလ်တော်ဘုရား၊ မန္တလေးတောင်တော်၊ ဝေရောစနကျောက် စိမ်းစေတီတော်၊ အောင်တော်မူဘုရားနှင့် အခြားဘုရား၊ စေတီတို့တွင်လည်း လာရောက်ဖူးမြော်ကြသည့် ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိပြီး စေတနာရှင်အလှူရှင်များက စတုဒိသာများ ကျွေးမွေးလှူဒါန်း ဒါနပြုကြသည်။ 

ထို့အတူ မန္တလေးမြို့၏ အထင်ကရနေရာများဖြစ်သော ကမ်းနားလမ်းရှိ မြို့တော်ဥယျာဉ်၊ ရတနာပုံတိရစ္ဆာန်ဥယျာဉ်၊ ပုသိမ်ကြီးမြို့နယ်အတွင်းရှိ အပန်းဖြေ စခန်းများ၊ အမရပူရမြို့နယ်ရှိ ဦးပိန်တံတား၊ တောင်သမန်မယ်ဇယ်လွင်ပြင်အပန်းဖြေစခန်း တို့တွင်လည်း အနယ်နယ်အရပ်ရပ်မှ လာရောက်အပန်းဖြေအနား ယူကြသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

မောင်အေးချမ်း

MOI

သီရိလင်္ကာနိုင်ငံရှိ အလယ်တန်းကျောင်းများအားလုံး ၂၀၂၆ ခုနှစ်တွင် အင်တာနက်အသုံးပြုခွင့်ရရှိမည်

သီရိလင်္ကာနိုင်ငံအတွင်းရှိ အလယ်တန်း ကျောင်းများအားလုံးသည် ၂၀၂၆ ခုနှစ် အကုန်တွင် အင်တာနက်အသုံးပြုခွင့် ရရှိမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဟာရီနီ အမရသူရိယက ဇူလိုင်လ ၉ ရက်တွင် ပြောသည်။

အစိုးရအနေဖြင့် တစ်လလျှင် အင်တာ နက်အသုံးပြုခ ရူပီး ၅၀၀၀ သာကျသင့် မည့် စာသင်ကျောင်းများအတွက် ပမာဏ အကန့်အသတ်မဲ့အင်တာနက်အစီအစဉ် ကို မကြာသေးမီကစတင်၍ အကောင် အထည်ဖော်နေခြင်းဖြစ်ကြောင်း အမရ

သူရိယကလွှတ်တော်တွင်ပြောသည်။ 
ထို့ပြင် အစိုးရသည် စာသင်ကျောင်း ပေါင်း ၁၅၀၀ သို့ စမတ်သင်ပုန်းများ နှင့် ကွန်ပျူတာဆက်စပ်ပစ္စည်းများကို တပ်ဆင်ပေးသွားရန် စီစဉ်ထားကြောင်း၊ ထိုကျောင်းများသည် စမတ်သင်ပုန်းအချပ် ရေ၁၉၀၀ အထိရရှိမည်ဖြစ်ပြီး နောက်ထပ် စာသင်ကျောင်းပေါင်း ၁၀၀၀ အား အလားတူ စမတ်သင်ပုန်းများ ပေးအပ် သွားမည့်အစီအစဉ်ကိုလည်း အစိုးရအဖွဲ့က အတည်ပြုထားကြောင်း အမရသူရိယက ပြောသည်။

Ref: Xinhua

မြဝတီသတင်းစာ

Photo - Eurasia Review

သမ္မတ Trump သည် FIFA Club World Cup ဗိုလ်လုပွဲသို့ တက်ရောက်ကြည့်ရှုမည်

သမ္မတ Donald Trump သည် ဇူလိုင် ၁၄ ရက်နေ့တွင် အမေရိကန်နိုင်ငံ ၊ နယူးဂျာစီရှိ Metlife Stadium တွင် ကျင်းပမည့် ၂၀၂၅ ခုနှစ် FIFA Club World Cup ဗိုလ်လုပွဲကို သွားရောက်ကြည့်ရှုမည်ဟု ကြေညာခဲ့သည်။

FIFA ဥက္ကဋ္ဌ Gianni Infantino က New York ရှိ Trump Tower တွင် FIFA ၏ရုံးခွဲဖွင့်လှစ်မည်ဟု ကြေညာပြီးနောက် တစ်ရက်အကြာတွင် အဆိုပါသတင်းထွက်ပေါ်လာခြင်းဖြစ်သည်။ ယင်းအဆောက်အဦတွင် Chelsea နှင့် Fluminense ၊ Real Madrid နှင့် PSG တို့ ယှဉ်ပြိုင်ကြမည့် ဆီမီးဖိုင်နယ်ပွဲစဉ်များမှ ဗိုလ်လုပွဲမတိုင်မီအထိ FIFA Club World Cup ဆုတံဆိပ်ကို ပြသထားမည်ဖြစ်သည်။

အမေရိကန်သမ္မတနှင့် Mr. Infantino တို့သည် တာဝန်များမှ မအားလပ်သည့်ကြား မကြာခဏတွေ့ဆုံလေ့ရှိကြပြီး Infantino နှင့် သမ္မတ Trump ၏ ဆက်ဆံရေးပုံစံကို အများက အထူးနှစ်သက် သဘော ကျကြောင်း သိရှိရသည်။ “လက်ရှိ FIFA Club World Cup နှင့် လာမည့် နှစ်ကျင်းပမည့် World Cup တို့အတွက် အမေရိကန်အစိုးရနှင့် သမ္မတ Trump ထံမှ ကြီးမားသောပံ့ပိုးမှုများ ရရှိခဲ့ပါသည်” ဟု Mr. Infantino က ဇူလိုင် ၇ ရက်တွင် ပြောကြားခဲ့သည်။ “FIFA သည် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်ဖြစ်သောကြောင့် New York အပါအဝင် နေရာတိုင်းမှာ မိမိတို့ ရှိနေဖို့လိုပါသည်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ဇူလိုင် ၁၄ ရက် တွင် MetLife Stadium ၌ ကျင်းပမည့် ဗိုလ်လုပွဲသည် ထရမ့်၏ ပထမဆုံး FIFA Club World Cup တက်ရောက်မှု ဖြစ်လာမည် ဖြစ်သည်။ ၁၉၉၄ ခုနှစ် World Cup ပြိုင်ပွဲကျင်းပစဉ်က အမေရိကန် သမ္မတ Bill Clinton နှင့် ဇနီး Hilary တို့သည် ၁၉၉၄ ခုနှစ် ဇွန်လ ၁၇ ရက်က Chicago ရှိ Soldier Field တွင် ဖွင့်ပွဲအခမ်းအနားနှင့် လက်ရှိ ချန်ပီယံ ဂျာမနီနှင့် ဘိုလီးဗီးယားတို့၏ ပြိုင်ပွဲကို တက်ရောက်ခဲ့ဖူးသည်။ ယခုအခါ ၃၁ နှစ်အကြာတွင် အမေရိကန်သမ္မတတစ်ဦးကFIFA ဘောလုံး ပြိုင်ပွဲကို ပြန်လည်ကြည့်ရှုတော့မည် ဖြစ်သည်။

MetLife Stadium တွင် ပထမအကြိုဗိုလ်လုပွဲ၌ Chelsea က Fluminense ကို ၂-၀ ဖြင့် အနိုင်ရပြီး ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့သည့် ပထမဆုံးအသင်းဖြစ်ခဲ့ပြီး ဒုတိယအကြိုဗိုလ်လုပွဲအဖြစ် Real Madrid နှင့် PSG တို့သည် ဇူလိုင် ၁၀ ရက် (ကြာသပတေးနေ့)တွင် ယှဉ်ပြိုင် ကစားကြမည်ဖြစ်သည်။ ဗိုလ်လုပွဲသည် ဥရောပအသင်းနှစ်သင်း အကြိတ်အနယ် ယှဉ်ပြိုင်ကြမည့် ပွဲစဉ်ဖြစ်လာမည်ဖြစ်သည်။

ကိုးကား- VN Express

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် “အောင်မြင်ရေးသော့ချက်-၂” စာအုပ်စာဖတ်ဝိုင်းကျင်းပ

ကျောက်ဆည်၊ ဇူလိုင်-၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျောက်ဆည် မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ပူးပေါင်းပြီး ယမန်နေ့မွန်းလွဲ (၂) နာရီက လူထုအခြေပြုဗဟို ဌာနတွင်၊ မြင်းခြံအောင်ကျော်(ခ)သန်းထက်စံရေးသားသည့် “ကြီးပွားအောင်မြင် အောင်ပန်းဆင်” စာအုပ် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းတွင် ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ကျောင်းသား၊ကျောင်းသူများအတွက် စာပေဖတ်ရှု လေ့လာရာတွင် ရရှိမည့် အကျိုးကျေးဇူး များ၊ ဗလငါးတန်ပြည့်စုံရေး သုတ၊ ရသ စာအုပ်စာစောင်များကို အားလပ်ချိန်တွင် ဖတ်ရှုစေလိုကြောင်း  ပြောကြားခဲ့ပြီး ကျောက်ဆည်မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းဥက္ကဋ္ဌ ဦးကျော်သန်း (မောင်ခိုင်ကျော်-ကျောက်ဆည်)က မြင်းခြံအောင်ကျော်(ခ)သန်းထက်စံရေးသားသည့် “ကြီးပွား အောင်မြင် အောင်ပန်းဆင်” စာအုပ်မှ အတိုးတက်ဆုံးလူ၊ ကိုယ်ခံအားကောင်းလျှင်၊  ဘယ်သူမှ မွေးကတည်းက လူတော်ဖြစ်မလာ ကြီးပွားခြင်း ၏ အခြေခံစာဖတ်ရန်၊ စွမ်းရည်ထက်မြက်ရေး၊ ဆန္ဒစိတ်၏စွမ်းအားစသည့် အကြောင်းအရာများ ဆွေးနွေးခဲ့သည်။         

သက်မောင်၊ကျောက်ဆည်

ကျောက်ဆည်မြို့နယ် ဆုတောင်းပြည့်မဟာရွေသိမ်တော် တန်ခိုးကြီးဘုရားတွင် ဝါဆိုလပြည့်နေ့၌ ဘုရားဖူး ပြည်သူများစည်ကား

ကျောက်ဆည်၊ ဇူလိုင်-၉

မန္တလေးဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ဝါဆိုလပြည့်နေတွင် ဘုရား၊ ကျောင်းကန်များ တွင် သီတင်းသီလဆောက်တည်သူများနှင့် စည်ကားလျက်ရှိပြီး ဆုတောင်းပြည့်မဟာရွှေသိမ်တော် တန်ခိုးကြီး ဘုရားတွင်လည်း စတုဒီသာကျွေးခြင်း၊ အချိုရည်ဝေငှ ကုသိုလ်ယူခြင်းနှင့် ရပ်နီး၊ရပ်ဝေးမှ ဘုရားဖူး ပြည်သူများ၊ အဓိဋ္ဌာန်ပြု ဆုတောင်းသူများနှင့် စည်ကားလျက်ရှိကြောင်း သိရှိရသည်။

ဆုတောင်းပြည့်မဟာရွှေသိမ်တော် ဘုရားကြီးအား (၃၉၅)ခုနှစ်တွင် ရှင်အရဟံရဟန်းကြီးကိုယ်တိုင် သိမ်သမုတ်ပြီး အနော်ရထားမင်းကြီး တည်ထားကိုးကွယ်ခဲ့သည့် ဘုရားတစ်ဆူဖြစ်ကြောင်းနှင့် သစ္စာအဓိဋ္ဌာန်ပြု ဆုတောင်းပါက တောင်းသည့်ဆုများ ပြည့်ဝသဖြင့် ဘုရားဖူးများ နေ့စဉ်စည်ကားလျက်ရှိပြီး ဌာနဆိုင်ရာ ရုံးပိတ်ရက်များနှင့် အခါကြီးနေ့ကြီးများတွင် စတုဒီသာကျွေးကုသိုလ်ရှင်များ၊ ဘုရားဖူးပြည်သူများနှင့် ပိုမို စည်ကားကြောင်း မဟာ ရွှေသိမ်တော်ဆုတောင်းပြည့် ဘုရားကြီး၏ ဂေါပကဥက္ကဋ္ဌ ဦးကျော်ဆွေက ပြောပြသည်။

ဆုတောင်းပြည့် မဟာရွှေသိမ်တော်ဘုရားကြီးသည် ကျောက်ဆည်မြို့မြောက်ဘက် (၁) မိုင်ခန့်အကွာ ရန်ကုန်-မန္တလေး ကားလမ်းမကြီးဘေး သင်တောင်းကျေးရွာအနီးတွင်တည်ရှိကာ သွားလာရလွယ်ကူပြီး နေ့စဉ် ဘုရားဖူး ပြည်သူများနှင့် အမြဲစည်ကားလျက်ရှိကြောင်း သိရသည်။ 

သက်မောင်(ကျောက်ဆည်)

ကျောက်ဆည်မြို့၌ ဝါဆိုလပြည့်နေ့ ဘုန်းတော်ကြီးကျောင်းများတွင် ဥပုသ်သီလစောင့်ထိန်းသူများနှင့် စည်ကား

ကျောက်ဆည် ၊ ဇူလိုင်-၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာဘုန်းတော်ကြီးကျောင်းများတွင် ဝါဆိုလပြည့်နေ့၌ စတုဒီသာကျွေးမွေး၍ ကုသိုလ်ယူသူများ၊ ဥပုသ်သီလစောင့်ထိန်းသူများနှင့် စည်ကားလျက် ရှိရာ ယနေ့နက် (၈) နာရီခွဲက ထန်းတော်ကျေးရွာတွင် ဥပုသ်သီလ စောင့်ထိန်းသူများနှင့် စည်ကားလျက် ရှိကြောင်း သိရသည်။

ဥပုသ်သီလစောင့်ထိန်းခြင်းများနှင့်ပတ်သက်၍ ဝါတွင်းကာလ အခါကြီးရက်ကြီးများနှင့် နှစ်သစ်ကူးသင်္ကြန် ဥပုသ်ရက်များတွင် အမြဲသီလယူ ဥပုသ်စောင့်ထိန်းကြောင်း၊ ဥပုသ်သည်များအတွက် ဗုဒ္ဓဘာသာ နေ့ထူးနေ့ရက် များ၌ စတုဒီသာထမင်းများ၊ အခြားအဟာရဖြစ် ကုသိုလ်ရှင်များနှင့် စည်ကားလျက်ရှိပြီး ဥပုသ်စောင့်ထိန်းခြင်း ဖြင့် မိမိစိတ်တွင် ကြည်လင်တည်ငြိမ်မှုများ ရရှိကြောင်း ဥပုသ်သီလစောင့်ထိန်းသူ ဒေါ်နုနုက ပြောပြသည်။

ကျောက်ဆည်မြို့နယ်တွင် မဟာရွှေသိမ်တော်ဆုတောင်းပြည့်ဘုရား၊ ရွှေဂူကြီးဘုရား၊ ရွှေဆပ်သွားဘုရားများနှင့် အခြားသော ဘုရားကျောင်းကန်များတွင်လည်း ကုသိုလ်ယူသူများ၊ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက် ရှိကြောင်း သိရသည်။           

သက်မောင် (ခရိုင်၊ပြန်/ဆက်)                                                  

အာရုံနာ့ဗ်ဆဲလ်များသေဆုံးမှုကို တားဆီးနိုင်သော နည်းလမ်းတစ်ရပ် ဆေးပညာရှင်များ တွေ့ရှိ

နယူးယောက် ဇူလိုင် ၇

အာရုံနာ့ဗ်ဆဲလ်များ သေဆုံး မှုကို တားဆီးနိုင်သည့် နည်းလမ်း တစ်ရပ်ကို ဆေးပညာရှင်များက တွေ့ရှိထားရာ ပါကင်ဆန်ရောဂါအတွက် ကုထုံးသစ်ဖြစ်လာနိုင်ကြောင်း ဇူလိုင် ၆ ရက် သတင်း များအရ သိရသည်။

အမေရိကန်နိုင်ငံ စတန်းဖို့ဒ် တက္ကသိုလ်မှ သုတေသနပညာ ရှင်များသည် မျိုးဗီဇအပြောင်း အလဲ တစ်မျိုးတည်းကြောင့် ဖြစ်ပွားရသည့် ပါကင်ဆန်ရောဂါပုံစံတစ်မျိုးကို လေ့လာခဲ့ကြသည်။ လေ့လာချက်မှ ပေါ်ထွက် လာသည့်ရလဒ်များအရ အထက် ပါ ပါကင်ဆန်ရောဂါ ပုံစံမျိုးရှိသူ များ၌ ဦးနှောက်၏ ကိုယ့်ကိုယ် ကိုယ် ကာကွယ်နိုင်စွမ်းအား ဟန့်တားနှောင့်ယှက်တတ်သော ပရို တင်းတစ်မျိုးစုစည်းမှု လွန်ကဲနေတတ်ကြောင်း သိရသည်။

သို့ရာတွင် LRRK 2 အမည်ရှိအထက်ပါပရိုတင်းများကို ထိန်း ချုပ်တားဆီးခြင်းဖြင့် ဦးနှောက် အာရုံနာ့ဗ်ဆဲလ်များ သေဆုံးမှုကို တားဆီးနိုင်ကြောင်း အမေရိကန် သုတေသန ပညာရှင်များက ပြောကြားသည်။

LRRK 2 ပရိုတင်းများစုစည်း မှုကို MLi-2 LRRK 2 kinase In-hibitor ခေါ် မော်လီကျူးတစ်မျိုး ဖြင့် ထိန်းချုပ်တားဆီးနိုင်ကြောင်း အမေရိကန် သုတေသနပညာရှင် များ၏ အဆိုအရ သိရသည်။

အမေရိကန်နိုင်ငံ၌ ပါကင်ဆန် ရောဂါလူနာ ၁ ဒသမ ၁ သန်းခန့် ရှိပြီး ရောဂါဖြစ်ပွားမှုနှုန်း ထပ်တိုး လာနိုင်ကြောင်း သုတေသနပညာ ရှင်များက ခန့်မှန်းထားသည်။

Ref: Russia Today

Trs: KKO

Photo - Science Direct

ကုလားပဲစားသုံးခြင်းဖြင့် သွေးအတွင်း ကိုလက်စထရောစုစည်းမှုကို လျှော့ချနိုင်

နယူးယောက်   ဇူလိုင်

ကုလားပဲကိုစားသုံးခြင်းဖြင့် သွေးအတွင်း ကိုလက်စထရောဓာတ်စုစည်းမှုကို လျှော့ချနိုင်ကြောင်း သုတေသနပညာရှင်များ၏ အဆိုကို ကိုးကား၍ ဇူလိုင်  ရက် သတင်းများအရ သိရသည်။

အမေရိကန်သုတေသနပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ သွေးအတွင်း ကိုလက်စထရော စုစည်းမှုများနေသူများအနေဖြင့် ကုလားပဲဟင်း တစ်ခွက်ကို သီတင်း ၁၂ ပတ်ကြာ နေ့စဉ်စားသုံးပါက ကိုလက်စထရောအဆင့်ကို ကျန်းမာရေးနှင့် ညီညွတ်သည့်အဆင့်သို့ လျှော့ချပေးနိုင်ကြောင်း သိရသည်။

အမေရိကန် သုတေသနပညာရှင်များသည် သွေးအတွင်း သကြားဓာတ်ပါဝင်မှု မြင့်မားသူများကို နှစ်စုခွဲ၍ တစ်စုကို ကုလားပဲနေ့စဉ်ကျွေး၍ ကျန်တစ်စုကို အခြားပဲတစ်မျိုး နေ့စဉ်ကျွေးပြီး လေ့လာစောင့်ကြည့်ခဲ့ကြသည်။

စမ်းသပ်မှုမှ ပေါ်ထွက်လာသည့်ရလဒ်များအရ ကုလားပဲနေ့စဉ်စားသုံးသူများ၌ ကိုလက်စထရော လျှော့ချနိုင်မှုမှာ ပို၍ ထိရောက်မှုရှိပြီး တစ် ဒက်ဆီတာလျှင် ၁၈၆ မီလီဂရမ်ထိ ကျဆင်းသွားသည်ကို တွေ့ရကြောင်း သုတေသနပညာရှင်များက ပြောကြားသည်။

အမေရိကန်သုတေသနပညာရှင်များ၏ အဆိုအရ ကုလားပဲတွင် ပါဝင်သည့် Phytosterols ခေါ် ဓာတုပစ္စည်းတစ်မျိုးမှာ ကိုလက်စထရောကို လျှော့ချရာတွင် ထိရောက်ကြောင်း သိရသည်။

ရတနာပုံသတင်းစာ

နှစ်လေးဆယ် နီးပါးအကြာတွင် ဝဋံသကာဘွဲ့ရ ဆရာတော်တစ်ပါး ပေါ်ထွက်လာ

(၁၁၉) ကြိမ်မြောက် နယုန်လစာလျှောက်မေးခန်း အမှတ်များရာအလိုက် အောင်မြင်ပုဂ္ဂိုလ်များ စာရင်းကို ယမန်နေ့ ဇူလိုင်(၆)ရက်တွင် ထုတ်ပြန်ရာ ဝဋံသကာဘွဲ့ရ ဆရာတော်တပါး ပေါ်ထွက်ခဲ့သည်။

မန္တလေးမြို့၊ ပရိယတ္တိသာသနဟိတ အသင်းကြီးမှ ကြေညာခဲ့ခြင်းဖြစ်ပြီး ပရိယတ္တိသာသနဟိတအသင်းကြီး၏ အဘိဝံသစာမေးပွဲ၌ (၃၉)နှစ်ကြာမှ ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။

ဝဋံသကာဘွဲ့ရ ဆရာတော်သည် သက်တော် (၂၃) နှစ်သာ ရှိသေးပြီး ဦးဃောသိတာလင်္ကာရာဘိဝံသ(မစိုးရိမ်တိုက်သစ်) ဖြစ်သည်။

အရှင်မြတ်သည် ၁၃၈၆-ခုနှစ်၊ စာသင်တန်း(ပထမ) နှင့် ၁၃ ၈၇ခုနှစ်၊ စာချတန်း(ပထမ) ကို နှစ်မခြားဘဲ (၂)နှစ်တည်းဖြင့် အောင်မြင်ခဲ့သည့်အတွက်ကြောင့် နှစ်ပေါင်း (၃၉)နှစ်တာ ဝေးကွာနေသည့် အဘိဝံသ ဝဋံသကာဘွဲ့ကို ရရှိခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

(ဝဋံသကာ)ရွှေတံဆိပ်ဘွဲ့တော်ကို ရှေးဦးစွာရရှိတော်မူသည်မှာ တိပိဋကဓရ ဓမ္မဘဏ္ဌဂါရိက ဆဌသံဂါယနာ ဝိဿဇ္ဇက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇအဂ္ဂမဟာသဒ္ဒမ္မဇောတိက ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော်ကြီးပင် ဖြစ်သည်။

ဝဋံသကာဘွဲ့ ဆိုသည်မှာ ဗုဒ္ဓဘာသာ သာသနာတော်အတွင်း အထူးခြားဆုံး ဘွဲ့တံဆိပ်တခုဖြစ်ပြီး ဝဋံသကာဘွဲ့ထူးကို ပန်ဆင်ယင်တော်မူသော ထေရ်ရှင်များမှာ ၁၂၆၇ ခုနှစ်မှ ၁၃၈၇ ခု ယနေ့အချိန်ထိ နှစ်ပေါင်း(၁၂၀)အတွင်း၌ အရှင်မြတ် (၁၀)ပါးသာ ပေါ်ထွန်းခဲ့သည်ဟုလည်း သိရသည်။

Popular Myanmar

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၂ဝ၂၅ ခုနှစ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲနှင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓဘိသေကအနေကဇာတင်အောင်ပွဲ (၂)နှစ်ပြည့်အခမ်းအနား ကျင်းပ

နေပြည်တော် ဇူလိုင် ၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၂၀၂၅ ခုနှစ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲနှင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓဘိသေကအနေကဇာတင် အောင်ပွဲ(၂)နှစ်ပြည့် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ မာရဝိဇယဗုဒ္ဓဥယျာဉ်တော် ပရိဝုဏ်အတွင်းရှိ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီး၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့ တက်ရောက်ကြည်ညိုပြီး ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့၊ မင်းကျောင်းပထမပြန်စာသင်တိုက် ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသနှင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အကျိုးတော်ဆောင်၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်မဟာနာယက၊ ဓမ္မသမိဒ္ဓိကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ မဟာဓမ္မကထိကဗဟုဇနဟိတဓရ ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသတို့အမှူးပြုသော ဥပ္ပါတသန္တိစေတီတော်ဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီးများအပါအဝင် ပင့်ဖိတ်ထားသည့် ဆရာတော်ကြီး ၂၇ ပါး ကြွရောက်ချီးမြှင့်တော်မူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့နှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီအတွင်းရေးမှူးနှင့်ဇနီး၊ တွဲဖက်အတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားမစတင်မီ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီးအတွင်းရှိ မာရဝိဇယနောင်တော်ကြီး ဗုဒ္ဓရုပ်ပွားတော်မြတ်အား မြသပိတ်ဆွမ်းတော်၊ သစ်သီး၊ ပန်းမန်၊ သောက်တော်ရေချမ်းနှင့် ဆီမီးကပ်လှူပူဇော်သည်။

ယင်းနောက် အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မင်းကျောင်းဆရာတော်ကြီးထံမှ ကိုးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်ကြီးများ ရွတ်ပွားချီးမြှင့်တော်မူသည့် မေတ္တသုတ်ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က သန်လျင်မင်းကျောင်းဆရာတော်ကြီးထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ဇနီးတို့က မစိုးရိမ်တိုက်သစ်ဆရာတော်ကြီးထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းသည်။ ဆက်လက်၍ ကောင်စီအတွင်းရေးမှူးနှင့်ဇနီး၊ တွဲဖက်အတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များက ဆရာတော်၊ သံဃာတော်များထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို အသီးသီးဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် မစိုးရိမ်တိုက်သစ်ဆရာတော်ကြီးထံမှ အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကိုရုပ်သိမ်းခဲ့သည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။