ကမ္ဘာလုံးဆိုင်ရာ တည်နေရာအချက်အလက်များကို ပိုမိုတိကျစွာဖော်ပြနိုင်ရန် ဂျပန်နိုင်ငံက H3 ဒုံးပျံကို အာကာသထဲသို့ ဖေဖော်ဝါရီ ၂ ရက်နေ့တွင် လွှင့်တင် ခဲ့ကြောင်း ဂျပန်နိုင်ငံတိုကျိုသတင်းဌာနက ဖော်ပြထားပါသည်။
Michibiki 6 ဂြိုလ်တုကို တင်ဆောင်ထားသည့် H3 ဒုံးပျံကို ဂျပန်နိုင်ငံအနောက်တောင်ပိုင်းကျွန်းစုရှိ Tanegashima အာကာသစခန်း မှ လွှင့်တင်ခဲ့ခြင်း ဖြစ်ပြီး ယခုအကြိမ်လွှင့်တင်မှုသည် H3 အမျိုးအစားဒုံးပျံအား စတုတ္ထအကြိမ်မြောက် အောင်မြင်စွာ လွှင့်တင်နိုင်ခြင်း ဖြစ်ပါသည်။