သတင်းများ

ထရမ့်၏ အခွန်တိုးမြှင့်ကောက်ခံမည့် ကြေညာချက်ကြောင့် အာရှနှင့် ပင်လယ်ကွေ့ဒေသများရှိ အစုရှယ်ယာ ဈေးကွက်များ ထိုးကျ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အခွန်တိုးမြှင့်ကောက်ခံမည့် ကြေညာချက်ကြောင့် ဖေဖော်ဝါရီလ ၃ ရက်တွင် အာရှနှင့် ပင်လယ်ကွေ့ဒေသများရှိ  အစုရှယ်ယာဈေးကွက်များ ထိုးကျသွားခဲ့ကြောင်း သိရသည်။

သမ္မတထရမ့်က အမေရိကန်၏ အဓိကကုန်သွယ်ဖက်နိုင်ငံများအပေါ် အခွန်တိုးမြှင့်ကောက်ခံမည်ဟု  တရားဝင်ကြေညာခဲ့ပြီးနောက် ဂျပန်၊ ဩစတြေးလျ၊ တောင်ကိုရီးယား၊  ဟောင်ကောင်ရှိ အစုရှယ်ယာဈေးကွက်များ ထိုးကျသွားခြင်းဖြစ်သည်။

ဂရိနိုင်ငံ ဆန်တိုရီနီကျွန်းတွင် တစ်ရက်တည်း အသေးစားငလျင် အကြိမ် ၂၀၀ ကျော်ထိလှုပ်ခတ်

အေသင်    ဖေဖော်ဝါရီ ၃

ဂရိနိုင်ငံ ဆန်တိုရီနီကျွန်းတွင် ဖေဖော်ဝါရီ ၂ ရက်တစ်ရက်တည်း အသေးစားငလျင် အကြိမ်ရေ ၂၀၀ ကျော်ထိ လှုပ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ယနေ့သတင်းများတွင် ဖော်ပြထားသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးကို မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ဝေဖန်

နယူးယောက်  ဖေဖော်ဝါရီ ၃

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုကို မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ပြင်းထန်စွာဝေဖန်ခဲ့ကြောင်း မြောက်ကိုရီးယားအစိုးရအာဘော် ကေစီအင်န်အေသတင်းဌာနက ယနေ့တွင် သတင်းထုတ်ပြန်ထားသည်။

သတင်းမီဒီယာများနှင့် ပြုလုပ်ခဲ့သော တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရူဘီယိုက မြောက်ကိုရီးယားနိုင်ငံကို ထင်ရာစိုင်းနေသော နိုင်ငံအဖြစ် ဝေဖန်ခဲ့ပြီးနောက် မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန၏ တုံ့ပြန်ချက်ပေါ်ထွက်လာခြင်းဖြစ်သည်။

ဂျပန်အာကာသအေဂျင်စီက ၂၀၂၅ ခုနှစ်အတွက် ပထမဆုံးအာကာသမစ်ရှင်ကို ဖေဖော်ဝါရီ ၂ ရက်တွင် လွှတ်တင်

တိုကျို   ဖေဖော်ဝါရီ ၃

ဂျပန်အာကာသအေဂျင်စီသည် ၎င်း၏ ၂၀၂၅ ခုနှစ်အတွက် ပထမဆုံး အာကာသမစ်ရှင်ကို ဖေဖော်ဝါရီ ၂ ရက်တွင် လွှတ်တင်ခဲ့ကြောင်း သိရသည်။

ဂျပန် အာကာသအေဂျင်စီသည် ဖေဖော်ဝါရီ ၂ ရက်တွင် မီချီဘီကီ-၆ အမည်ရှိ တည်နေရာနှင့် လမ်းကြောင်းပြစနစ် ဂြိုဟ်တုကို အိတ်ချ်- ၃ ဒုံးပျံဖြင့် တာနီဂါရှီးမားအာကာသစခန်းမှတစ်ဆင့် လွှတ်တင်ခဲ့သည်။

ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇန်နဝါရီလအတွင်း ငါးပြေမပိဿချိန်အများအပြား တင်ပို့ရောင်းချနိုင်ခဲ့

ဘိုကလေး   ဖေဖော်ဝါရီ ၃

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇန်နဝါရီလအတွင်း ငါးပြေမပိဿာချိန် အများအပြားတင်ပို့ ရောင်းချနိုင်ခဲ့ကြောင်း ဘိုကလေးမြို့နယ်မှ ငါးမျိုးစုံ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ကေခိုင်က ပြောကြားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် ဖေဖေါ်ဝါရီ ၃

ပြည်ထောင်စုအစိုးရအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်း အဝေး ခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

ရုရှား ယူကရိန်းနှင့် တွေ့ဆုံရန် စီစဉ်နေကြောင်း ဒေါ်နယ်ထရမ့် ပြောကြား

အမေရိကန်အနေဖြင့် ရုရှားနှင့်ယူကရိန်းတို့နှင့်တွေ့ဆုံရန် ဆက်သွယ်ဆွေးနွေးရန် စီစဉ်နေကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဖေဖော်ဝါရီ ၃ ရက်တွင်ဝါရှင်တန်အနီးရှိ အန်ဒရီ အမေရိကန် လေတပ်အခြေစိုက် စခန်းသို့ ရောက်ရှိချိန်၌ ပြောကြားထားပါသည်။ 

ယခုရက်သတ္တပတ်တွင် အစ္စရေးကိစ္စ၊ ရုရှား ယူကရိန်း  ကိစ္စတို့နှင့်ပတ်သက်၍ သက်ဆိုင်ရာ အဖွဲ့အစည်းများကို  တွေ့ဆုံဆွေးနွေးနိုင်ရေးအတွက် လွန်စွာ အလုပ်ရှုပ်ရပါကြောင်း၊ ထိုကြိုးပမ်းမှုကြောင့် ရလဒ်ကောင်းများ ထွက်ပေါ်လာမည်ဟု မျှော်လင့်ထားကြောင်း ထရမ့်က ပြောကြားထားပါသည်။

ကနေဒါအပေါ် အခွန်တိုးမြှင့်စည်းကြပ်မည့်ကိစ္စ တစ်လ ဆိုင်းငံ့မည်ဟု ထရမ့် ပြောကြား

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် မက္ကဆီကို သမ္မတ   Claudia Sheinbaum နှင့် ဆွေးနွေးပြီးနောက် ဖေဖော်ဝါရီ ၄ ရက် သန်းခေါင်ချိန်မှစ၍ အကျိုးသက် ရောက်မည့် မက္ကဆီကိုအပေါ် သတ်မှတ်ထားသည့် ၂၅% အခွန်ကို တစ်လကြာ ခေတ္တရပ်ဆိုင်းရန် သဘောတူညီခဲ့သည်။ 

အဆိုပါသဘောတူညီချက်အရ မက္ကဆီကိုသည် အမေရိကန် နယ်စပ်သို့ စစ်သား ၁၀,၀၀၀ ဦးကို ချထားမည်ဖြစ်ပြီး၊ မူးယစ်ဆေးဝါးဖြန့်ဖြူးမှုနှင့် တရားမဝင် ဝင်ရောက်မှုကို တားဆီးရန် ရည်ရွယ်သည်။

ဘယ်လာရုစ်အစိုးရအဖွဲ့ နုတ်ထွက်မှု ကြေညာချက်

ဖေဖော်ဝါရီ ၃ ရက်တွင် ဘယ်လာရုစ် ဝန်ကြီးချုပ် ရိုမန် ဂိုလိုဗချင်ကို လက်မှတ်ရေးထိုးထားသည့် အမိန့်အရ ဘယ်လာရုစ်အစိုးရအဖွဲ့သည် ရာထူးမှ နုတ်ထွက်လိုက်ကြောင်း အစိုးရအဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

ဘယ်လာရုစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲတွင် အနိုင်ရရှိသည့် အစိုးရသစ်မတက်မီတွင် လက်ရှိအစိုးရသည် ရာထူးမှ နုတ်ထွက်ရမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရပါသည်။ ထိုအမိန့်မှာ လက်မှတ်ရေးထိုးသည့်နေ့တွင် အတည်ဖြစ်သည်ဟု ဖော်ပြထားပါသည်။ 

EU နှင့် အမေရိကန် ကုန်သွယ်ရေးစစ်ပွဲဖြစ်က အောင်နိုင်သူမှာ တရုတ် ဖြစ်မည့်အကြောင်း အီးယူ အကြံပေး သတိပေး

EU နိုင်ငံများနှင့် အမေရိကန်ကြား ကုန်သွယ်ရေးစစ်ပွဲ ဖြစ်လာနိုင်ဖွယ်ရှိပြီး ထိုဖြစ်စဉ်ကြောင့် အကျိုးအမြတ်ရရှိမည်မှာ တရုတ်နိုင်ငံဖြစ်နိုင်ကြောင်း EU နိုင်ငံခြားရေးအကြံပေး အကြီးအကဲ Kaja Kallas က သတိပေးလိုက်ပါသည်။