ကနေဒါဝန်ကြီးချုပ် Justin Trudeau သည် ကိုးနှစ်ကြာ တာဝန်ထမ်းဆောင်ပြီးနောက်တွင် ရာထူးမှ နှုတ်ထွက်ရန် ကြေညာခဲ့ကြောင်း BBC က ဖော်ပြထားသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း ကနေဒါနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ် Chrystia Freeland ရုတ်တရက် ရာထူးနုတ်ထွက်ပြီးနောက် ထရူးဒူးအား ၎င်း၏ လစ်ဘရယ် ပါတီအတွင်း ခေါင်းဆောင်အဖြစ်မှ နှုတ်ထွက်ပေးရန် တောင်းဆိုမှုများရှိခဲ့သည်။