သတင်းများ

ဈေးကွက်တစ်ခုတည်းစနစ် ဖော်ဆောင်ရေးအတွက် တရုတ်အစိုးရ လမ်းညွှန်ချက်များ ထုတ်ပြန်

တရုတ်နိုင်ငံ၏ အစိုးရစီမံခန့်ခွဲသူက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဈေးကွက်တစ်ခုတည်းစနစ်ကိုအကောင်အထည်ဖော်မည့် လမ်းညွှန်ချက်များကို ဇန်နဝါရီ ၇ ရက်နေ့ တွင် ထုတ်ပြန်ခဲ့ပါသည်။ တရုတ် နိုင်ငံသည် အနာဂတ်တွင် ဘုံဈေးကွက် ချိတ်ဆက်မှု စနစ်တစ်ခုကို အကောင်အထည်ဖော်ဆောင်ရွက်မည် ဖြစ်ပြီး ဈေးကွက်တွင် တရားမျှတစွာ ယှဉ်ပြိုင်နိုင်ရေး ကိုလည်း ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ 

မြောက်ကိုရီးယားက ယခုနှစ် ပထမဆုံးပစ်လွှတ်လိုက်သည့် ဟိုက်ပါဆိုးနစ်ဒုံးကျည်မှာ အသံထက် ၁၂ ဆ မြန်ကြောင်း ပြောကြား

ပစိဖိတ်ဒေသအတွင်း ပြိုင်ဘက်ကင်းသည့် အသံထက်မြန်သော တာလတ်ပစ် ပဲ့ထိန်းဒုံးကျည်သစ်ကို ဇန်နဝါရီ ၆ ရက်နေ့ နေ့လယ်ပိုင်းတွင် ပစ်လွှတ်ခဲ့ကြောင်း မြောက်ကိုရီးယားက အခိုင်အမာ ပြောကြားလိုက်ပါ သည်။ 

မြောက်ကိုရီးယား၏ ၂ လတာ အတွင်း ပထမဆုံး အကြိမ် ဒုံးကျည်ပစ်လွှတ်လိုက်ချိန်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken သည် တောင်ကိုးရီးယားခေါင်းဆောင်အချို့နှင့် တွေ့ဆုံဆွေးနွေးရန် ဆိုးလ်သို့ရောက်ရှိနေချိန်နှင့် တိုက်ဆိုင် နေပါသည်။ 

တိဗက်ဒေသ၌ ငလျင်လှုပ်သဖြင့် အနည်းဆုံး လူ ၅၃ ဦး သေဆုံး

ဟိမဝန္တာ တောင်ခြေမြောက်ဘက် တိဗက်ဒေသ အမြင့်ဆုံး မြို့တစ်မြို့အနီးတွင် ဇန်နဝါရီ ၇ ရက်နေ့က ပြင်းအား ၆.၈ မဂ္ဂနီကျူအဆင့်ရှိ ငလျင်တစ်ခု လှုပ်ခါခဲ့ရာ အနည်းဆုံး လူ ၉၅ ဦးသေဆုံးပြီး ၁၃၀ ဦး ဒဏ်ရာ ရသွားကြောင်း တရုတ်အာဏာပိုင်များက ပြောကြား ထားပါသည်။

ထရမ့်က ပူတင်ထံ ဖုန်းပြောမည့်အစီအစဉ် ရှိ၊ မရှိ မေးမြန်းမှုအပေါ် ရွေးကောက်ခံ ဒုသမ္မတ အဖြေ မပေးနိုင်

အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်အနေဖြင့် ရုရှားသမ္မတဗလာဒီမာ ပူတင်ထံ ဖုန်းပြောဆိုမည့် အစီအစဉ် ရှိ၊ မရှိ TASS ၏ မေးမြန်းချက်အပေါ် အမေရိကန် ရွေးကောက်ခံ ဒုတိယသမ္မတ James David Vance က ရှင်းရှင်းလင်းလင်း ဖြေကြားခဲ့ခြင်း မရှိချေ။ 

ယီမင်ဟူသီသူပုန်များက ပင်လယ်နီရှိ အမေရိကန် လေယာဉ်တင်သင်္ဘောကို ဒုံးကျည်နှင့် ဒရုန်းများဖြင့် တိုက်ခိုက်

ယီမင်ဟူသီသူပုန်များသည် ဇန်နဝါရီ ၆ ရက်နေ့က ပင်လယ်နီရှိ USS Harry Truman လေယာဉ်တင် စစ်သင်္ဘောကို ဒုံးကျည်နှင့် ဒရုန်းများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ထိုတိုက်ခိုက်မှု၏ စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ Yahya Saree က ပြောကြားလိုက်သည်။

“ယီမင်ဒုံးကျည်တပ်ဖွဲ့နှင့် ဒရုန်းတပ်ဖွဲ့တို့သည် ပူးတွဲ စစ်ဆင်ရေးအနေဖြင့် ပင်လယ်နီ မြောက်ပိုင်းရှိ အမေရိကန်၏ USS Harry Truman လေယာဉ်တင် စစ်သင်္ဘောကို ခရုဇ်ဒုံးကျည် ၂ စင်းနဲ့ ဒရုန်း ၄ စင်းဖြင့် တိုက်ခိုက်တာဖြစ်ပါတယ်” လို့ အဆိုပါ ပြောရေးဆိုခွင့်ရှိ သူက ပြောကြားထားပါသည်။ 

အမေရိကန်ကွန်ဂရက်လွှတ်တော်က ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်၏ အနိုင်ရရှိမှုကို အတည်ပြု

အမေရိကန်ကွန်ဂရက်လွှတ်တော်က ရွေးကောက်ခံ သမ္မတ Donald Trump နှင့် ရွေးကောက်ခံဒုသမ္မတ JD Vance တို့ကို ၂၀၂၄ အမေရိကန်ရွေးကောက်ပွဲ အနိုင် ရရှိသူများအဖြစ် လက်ရှိ ဒုသမ္မတ Kamala Harris သဘာပတိအဖြစ် တာဝန်ယူကျင်းပသော လွှတ်တော်အစည်းအဝေးတွင် တရားဝင် အတည်ပြုခဲ့သည်။

Donald Trump နှင့် JD Vance တို့သည် Kamala Harris နှင့် Tim Walz တို့အပေါ် Electroal vote ၃၂၀ ၊ Popular vote နှင့် Swing state ခုနစ်ခုစလုံးတို့တွင် အနိုင်ရရှိခဲ့ပြီး Harris က အဆိုပါရလဒ်ကို ကောင်းမွန်စွာ လက်ခံခဲ့သည်။

Johor-Singapore အထူးစီးပွားရေးဇုန် သဘောတူညီချက်ကို 11th Malaysia-Singapore Leaders' Retreat တွင် လက်မှတ်ရေးထိုး

စင်ကာပူနှင့် မလေးရှားနိုင်ငံတို့သည် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုအတွက် အထူးစီးပွားရေးဇုန်သစ်တစ်ခုဖန်တီးရန် သဘောတူညီချက်တစ်ရပ်ကို လက်မှတ် ရေးထိုးခဲ့ကြသည်။

မလေးရှားနိုင်ငံ၊ ပူထရာဂျာယာရှိ 11th Malaysia-Singapore Leaders' Retreat ၌ ဝန်ကြီးချုပ် Lawrence Wong နှင့် မလေးရှားဝန်ကြီးချုပ် Anwar Ibrahim တို့သည် ဇန်နဝါရီ ၇ ရက်က Johor-Singapore Special Economic Zone (JS-SEZ) အတွက် သဘောတူညီချက်ကို လက်မှတ်ရေးထိုး ခဲ့ကြသည်။

ဗြဟ္မပုတ္တရမြစ်ပေါ်တွင် တည်ဆောက်မည့် ရေကာတာကြီးက အိန္ဒိယနှင့်ဘင်္ဂလားဒေ့ရှ်ကို ထိခိုက်ခြင်းမရှိနိုင်ကြောင်း တရုတ်ဆို

အိန္ဒိယနယ်စပ်အနီး တိဗက်ရှိ ဗြဟ္မပုတ္တရမြစ်ပေါ်ရှိ ကမ္ဘာ့အကြီးဆုံး ရေကာတာတည်ဆောက်မည့် အစီအစဉ် ကို တရုတ်နိုင်ငံက ဇန်နဝါရီ ၆ ရက်နေ့တွင် ထပ်လောင်း ပြောကြားခဲ့ပြီး အဆိုပါစီမံကိန်းသည် သိပ္ပံနည်းကျ တိကျသေချာစွာအတည်ပြုထားပြီး မြစ်အောက်ပိုင်း နိုင်ငံများဖြစ်သည့် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့အပေါ် အပျက်သဘောဆောင်သည့် သက်ရောက်မှုရှိမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်ဒေါ်လာ ၁၃၇ ဘီလီယံခန့် ကုန်ကျမည့် အဆိုပါ စီမံကိန်းသည် ဂေဟဗေဒအရ ပျက်စီးလွယ်ပြီး ငလျင်များ မကြာခဏ ဖြစ်ပွားလေ့ရှိသည့် ဟိမဝန္တာ ဒေသနယ်နိမိတ်တစ်လျှောက်တွင် တည်ရှိသည်။

 ယူကရိန်းသည် ၂၀၂၄ ခုနှစ်တွင် ပိုင်နက်ထိန်းချုပ်မှု စတုရန်းကီလိုမီတာ ၃,၆၀၀ ကျော် ဆုံးရှုံးခဲ့ကြောင်း ဖော်ပြ

ရုရှားက ယူကရိန်းအရှေ့ပိုင်းဒေသများဖြစ်သည့် Donetsk နှင့် Kharkiv ဒေသများမှ ရွာအများအပြားကို သိမ်းပိုက်ခဲ့သည့်အတွက် ယူကရိန်းသည် ၂၀၂၄ ခုနှစ်တွင် ပိုင်နက် စတုရန်းကီလိုမီတာ ၃,၆၀၀ ကျော် ဆုံးရှုံးခဲ့ရသည်ဟု ခန့်မှန်းရကြောင်း ယူကရိန်းမီဒီယာတစ်ခုက ဖော်ပြသည်။

ရှေ့တန်းစစ်မျက်နှာများနှင့် အခြားအရင်းအမြစ်များမှ ပေးပို့သည့်အချက်အလက်များကို အခြေခံပြီးဒေသတွင်း အဖွဲ့အစည်းတစ်ခုမှ ရရှိသည့်မြေပုံကို လေ့လာသုံးသပ်၍ Militarnyi က အဆိုပါ ခန့်မှန်းချက်ကို ဖော်ပြခဲ့ပါသည်။

ကမ္ဘာ့စတုတ္ထလူဦးရေအများဆုံးဖြစ်သည့် အင်ဒိုနီးရှား နိုင်ငံ BRICS တင်းပြည့်အဖွဲ့ဝင်ဖြစ်လာ

လက်ရှိ BRICS အဖွဲ့၏အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူထားသည့် ဘရာဇီးလ်က အင်ဒိုနီးရှားသည် BRICS အဖွဲ့၏ တင်းပြည့်အဖွဲ့ဝင်ဖြစ်လာကြောင်း ဇန်နဝါရီ ၆ ရက်ကကြေညာခဲ့သည်။