သတင်းများ

တရုတ်စမတ်ဖုန်းဈေးကွက် ပြိုင်ဆိုင်ရန် ပရိုမိုးရှင်းပေးမည့်အစီအစဉ် တရုတ်ကို Apple ကမ်းလှမ်း

တရုတ်နိုင်ငံတွင်   နောက်ဆုံးပေါ်   iphone  များကို  ယွမ် ၅၀၀ (အမေရိကန် ဒေါ်လာ ၆၈.၅၀) အထိ ပရိုမိုးရှင်းဖြင့်ရောင်းချမည့်အစီအစဉ်သစ်အား   Apple က တရုတ်ကို ကမ်းလှမ်းလိုက်ပါသည်။ ထိုအစီအစဉ်မှာ Huawei ကဲ့သို့   တရုတ်ပြည်တွင်းထုတ် စမတ်ဖုန်းထုတ်လုပ်သူများကို  ပြိုင်ဆိုင်ရန်   ရည်ရွယ်ထားပါသည်။

ရွေးကောက်ခံ ၅ နိုင်ငံက လုံခြုံရေးကောင်စီအဖွဲ့ဝင်များအဖြစ် တာဝန်ယူပြီ

ဒိန်းမတ်၊ ဂရိ၊ ပါကစ္စတန်၊ ပနားမားနှင့် ဆိုမာလီယာ အစရှိသည့် နိုင်ငံ ၅ နိုင်ငံသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အမြဲတမ်းမဟုတ်သောအဖွဲ့ဝင်များအဖြစ် ရွေးကောက်ခံရပြီးနောက် စတင်တာဝန်ထမ်းဆောင်ပြီ ဖြစ်ကြောင်းသိရသည်။

၎င်းတို့၏ နှစ် နှစ်တာ တာဝန်ယူရမည့်သက်တမ်းသည် ခရစ္စမတ်နှင့် နှစ်သစ်ကူးအားလပ်ရက်အပြီး ၂၀၂၅ ခုနှစ် အတွက် ကောင်စီ၏လုပ်ငန်းများကို ပြန်လည် လည်ပတ်ချိန်ဖြစ်သော ဇန်နဝါရီလ ၁ ရက်နေ့က တရားဝင် စတင်ခဲ့ခြင်းဖြစ်သည်ဟုလည်းသိရသည်။

အိန္ဒိယနှင့် ပါကစ္စတန်တို့သည် နျူကလီးယားဆိုင်ရာ အဆောက်အဦများစာရင်းကို အပြန်အလှန်ဖလှယ်

အိန္ဒိယနှင့်ပါကစ္စတန်တို့သည် နှစ် ၃၀ ကျော် တည်ရှိခဲ့သည့် သဘောတူညီချက်အရ ၎င်းတို့၏ နျူကလီးယားဆိုင်ရာ အဆောက်အဦများစာရင်းကို အပြန်အလှန် ဖလှယ်ခဲ့ကြသည်။

အိမ်နီးချင်းနှစ်နိုင်ငံတို့သည် ဇန်နဝါရီ ၁ ရက်က ၎င်းတို့၏ နျူကလီယား တပ်ဆင်မှုစာရင်းများကို အပြန်အလှန် ဖလှယ်ခဲ့ကြပြီး ယင်းကဲ့သို့ စက်ရုံများကို တိုက်ခိုက်ခြင်း အားတားမြစ်သည့် ဆယ်စုနှစ်သုံးစုကြာ ထိန်းသိမ်းထားသည့် နှစ်နိုင်ငံသဘောတူညီချက်ကို ဆက်လက် အကောင်အထည်ဖော်ခဲ့ကြသည်။

တောင်ကိုရီးယားသမ္မတ ယွန်းကို ဖမ်းဆီးရန်ကြိုးပမ်းမှု ရပ်ဆိုင်း

တောင်ကိုရီးယား သမ္မတ Yoon Suk Yeol အား ဖမ်းဝရမ်းထုတ်ပြီးနောက် သမ္မတအိမ်ခြံဝင်းအတွင်း ဝင်ရောက်ဖမ်းဆီးရန် ကြိုးပမ်းသည့်အဖွဲ့ဝင်များနှင့် သမ္မတလုံခြုံရေးအဖွဲ့ဝင်များ၊ ထောက်ခံသူများအကြား နာရီအတန်ကြာ အခြေအနေတင်းမာမှုများဖြစ်ပွားပြီး စုံစမ်းစစ်ဆေးရေးမှူးများက ဖမ်းဆီးရန်ကြိုးပမ်းမှုအား ရပ်ဆိုင်းလိုက်သည်။ စစ်အုပ်ချုပ်ရေးကြေညာခဲ့သည့် သမ္မတအပေါ် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေသည့် စုံစမ်းစစ်ဆေးရေးအဖွဲ့က သမ္မတယွန်း၏ ပြစ်မှုအပေါ် ပြန်လည်သုံးသပ်ပြီး နောက်ထပ်အဆင့်များအတွက် ဆုံးဖြတ်သွားမည်ဟုဆိုပါသည်။ ဖမ်းဝရမ်းသည် ဒီဇင်ဘာ ၆ ရက်နေ့တွင် သက်တမ်းကုန်ဆုံးမည် ဖြစ်သည်။

တရုတ်နိုင်ငံသည် ကိုဗစ်အကျပ်အတည်းအပြီး ငါးနှစ်အကြာတွင် ဗိုင်းရပ်စ်အသစ်နှင့် ရင်ဆိုင်နေရ

တရုတ်နိုင်ငံတွင် Human Metapneumovirus (HMPV) သည် လျင်မြန်စွာပျံ့နှံ့နေပြီး တုပ်ကွေးနှင့် COVID-19 ကဲ့သို့သော ရောဂါလက္ခဏာများကို ဖြစ်ပေါ်စေသည့် ဗိုင်းရပ်စ်အသစ်နှင့် ရင်ဆိုင်နေရသည်။

Biden က အီရန်နျူကလီးယားနေရာများကို တိုက်ခိုက်ရန် စဉ်းစားထားကြောင်း Axios ဖော်ပြ

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် အီရန်၏ နျူကလီးယား စက်ရုံများအပေါ် စစ်ရေးအရ အရေးယူဆောင်ရွက်ရန် အဆင့်မြင့်အစည်းအဝေးတစ်ခုကို လွန်ခဲ့သည့်ရက် သတ္တပတ်များက ပြုလုပ်ခဲ့ကြောင်း Axios မှ ကိုးကား ဖော်ပြသည့် သတင်းရင်းမြစ်များအရ သိရသည်။

အဆိုပါဆွေးနွေးမှုများတွင် အီရန်အနေဖြင့် နျူကလီးယား လက်နက်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းမှုများ ရည်မှန်းချက်အောင်မြင်လာနိုင်သည့် အခြေအနေများ အတွက် ဇန်နဝါရီ ၂၀ ရက် ဘိုင်ဒင် ရာထူးမှ မထွက်ခွာမီ အရေးပေါ်စီစဉ်မှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း သိရသည်။

ပြိုင်ဘက်များကိုစိန်ခေါ်မယ့် ဆမ်ဆောင်းရဲ့လူတူစက်ရုပ်

လူတူစက်ရုပ်နယ်ပယ်မှာ Tesla တို့၊  OpenAI တို့၊ BYD တို့က ဦးဆောင်နေပါတယ်။ သူတို့ရဲ့စက်ရုပ်တွေက စက်မှုကုန်ထုတ်လုပ်ငန်းမှာ လူသားတွေနေရာကို အစားထိုးနိုင်လောက်တဲ့အထိ အဆင့်မြင့်မားလှပါတယ်။

ဆမ်ဆောင်းကလည်း ပြိုင်ဘက်များကို စိန်ခေါ်ပြီး အဲဒီလိုစက်ရုပ်မျိုးကိုထုတ်လုပ်ဖို့အတွက် ရင်းနှီးမြှုပ်နှံမှုကိုပုံအောပြီးအသုံးပြုနေပါတယ်။ တောင်ကိုရီးယားရဲ့ ဦးဆောင်စက်ရုပ်ထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ Rainbow Robotics မှာပါ။ အဲဒီကုမ္ပဏီမှာ ဆမ်ဆောင်းရဲ့ ရှယ်ယာအများဆုံးဖြစ်စေတဲ့ အထိကို ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဆောင်လာနေတာဖြစ်ပါတယ်။

ဆေးလိပ်ဖြတ်ဖို့ကိုကူညီပေးမယ့် စမတ်နာရီများ

ဘရစ္စတိုတက္ကသိုလ်မှ သုတေသနတစ်ခုမှာ  စမတ်နာရီတွေက ဆေးလိပ်စွဲနေသူတွေကို ဆေးလိပ်ဖြတ်နိုင်စေဖို့ကူညီပေးနိုင်မယ်လို့သုံးသပ်ထားပါတယ်။ အဓိကကတော့  စမတ်နာရီများအတွက် သီးသန့်ထုတ်ထားတဲ့  အပလီကေးရှင်းကို အသုံးပြုခြင်းအားဖြင့်ဖြစ်ပါတယ်။

တူကီယဲရဲ့စွမ်းရည်ကိုပြန်လည်သတ်မှတ်ပေးမယ့် Altay ပင်မတိုက်ပွဲဝင်တင့်

Altay ပင်မတိုက်ပွဲဝင်တင့်က ၂၀၂၅ ခုနှစ် ဩဂုတ်လမှာ တူကီယဲကြည်းတပ်ရဲ့စစ်လက်နက်တစ်ခု ဖြစ်လာတော့မှာ ဖြစ်ပါတယ်။ အဲဒီပင်မတိုက်ပွဲဝင်တင့်ဆိုတာက သံချပ်ကာယာဉ်များရဲ့မျိုးဆက်အသစ်တစ်ခုကို ကိုယ်စားပြုနေတဲ့အပြင် ခေတ်သစ်ခြေလျင်တပ်ဖွဲ့တွေရဲ့ လိုအပ်ချက်တွေနဲ့ပြည့်မီအောင်လည်းတီထွင်ဖန်တီးထားတာကြောင့် တူကီယဲရဲ့စွမ်းရည်ကိုပြန်လည်သတ်မှတ်ပေးမယ့် တင့်တစ်စီးဆိုရင်လည်း မမှားပါဘူး။

စတားလင့်ကိုကျော်လွန်မယ့် တရုတ်ရဲ့အာကာသမှမြေပြင်သို့6G အမြန်နှုန်းဖြင့် အချက်အလက်ပေးပို့မှု

တရုတ်နိုင်ငံမှ Chang Guang ဂြိုဟ်တု နည်းပညာကုမ္ပဏီက အာကာသကနေ မြေပြင်ကို အချက်အလက်ပေးပို့မှုကဏ္ဍမှာ သမိုင်းမှတ်တိုင်အသစ်စိုက်ထူလိုက်နိုင်ပါပြီ။ ဒါ့အပြင် စတားလင့်ရဲ့စံချိန်ကိုလည်းကျော်လွန်သွားပါပြီ။

အကြောင်းရင်းကတော့ အာကာသမှ မြေပြင်သို့ လေဆာထုတ်လွှင့်မှုစနစ်သုံး အချက်အလက်ပေးပို့မှုအတွက်အမြန်နှုန်းက 6G အမြန်နှုန်းအထိရှိလို့ဖြစ်ပါတယ်။ လက်ရှိကမ္ဘာပေါ်မှာ ဆက်သွယ်ရေးနည်းပညာက အမြင့်ဆုံးအနေနဲ့ 5G ကိုသာသုံးနေကြတာပါ။