သတင်းများ

ကိယက်ဗ်ကို ဆက်လက်ထောက်ခံရန် Trump အား ဗြိတိန်က တိုက်တွန်းမည်

ဗြိတိန်ဝန်ကြီးချုပ် Keir Starmer သည် ရုရှားနှင့် ပဋိပက္ခတွင် ယူကရိန်းအတွက် ဝါရှင်တန်၏ ထောက်ခံမှုကို ဆက်လက်ထိန်းသိမ်းထားနိုင်ရေး အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်ကို တိုက်တွန်းရန် ကြိုးစားမည်ဟု The Times က ဖော်ပြသည်။

Starmer သည် ဇန်နဝါရီလ ၂၀ ရက်နေ့ Trump ကျမ်းသစ္စာကျိန်ဆိုပြီးနောက် ရက်သတ္တပတ် အနည်းငယ်အကြာ ဇန်နဝါရီနှောင်းပိုင်း သို့မဟုတ် ဖေဖော်ဝါရီ အစောပိုင်းတွင် အိမ်ဖြူတော်သို့ လာရောက်လည်ပတ်နိုင်သည်ဟု Downing Street သတင်းစာက ဒီဇင်ဘာ ၄ ရက်နေ့တွင်ဖော်ပြခဲ့သည်။

အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲများ ပြန်လည် စတင်ခဲ့သော်လည်း ဂါဇာတွင် အသေအပျောက် အရေအတွက် မြင့်တက်လာ

အစ္စရေးနှင့်ဟားမတ်စ်တို့အကြား အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲများ ပြန်လည်စတင်ပြီးနောက် ဂါဇာကမ်းမြောင်တွင် ဒါဇင်နှင့်ချီသော အသေအပျောက်များ ရှိနေကြောင်း သတင်းမီဒီယာများတွင် ဖော်ပြလျက်ရှိသည်။

အပစ်အခတ်ရပ်စဲရေးနှင့် ဓားစာခံများလွတ်မြောက်ရေး စေ့စပ်ညှိနှိုင်းရေးဆွေးနွေးပွဲများကို ကာတာတွင် ဇန်နဝါရီ ၃ ရက်နေ့က စတင်ခဲ့ကြသည်။

ကမ္ဘာ့အသက်အကြီးဆုံးပုဂ္ဂိုလ် ကွယ်လွန်

ကမ္ဘာ့အသက်အကြီးဆုံးပုဂ္ဂိုလ် တိုမီကို အီတူကာသည် အသက် ၁၁၆ နှစ်တွင် ကွယ်လွန်သွားခဲ့ပြီဖြစ်သည်။ လက်ရှိ ကမ္ဘာ့အသက်အကြီးဆုံးပုဂ္ဂိုလ်အဖြစ် အီတူကာထက် ၁၆ ရက် ငယ်သော ဘရာဇီးလ်သီလရှင် အင်နာ့ချ်ကာနာဘာရိုလူကပ်စ်က မှတ်တမ်းဝင်ခဲ့သည်။

Itoka သည် မေလ ၂၃ ရက်၊ ၁၉၀၈ ခုနှစ်တွင် ဂျပန်နိုင်ငံ၊ အိုဆာကာတွင် မွေးဖွားခဲ့ပြီး ကမ္ဘာစစ်နှစ်ခုကို ဖြတ်သန်း နေထိုင်ခဲ့ကာ ရာစုနှစ်တစ်ခုကျော် အသက်ရှင်နေထိုင် နိုင်ခဲ့သည်။ ငယ်စဉ်ကတည်းက အထက်တန်းကျောင်း ဘော်လီဘောကစားသမားတစ်ဦးဖြစ်ပြီး အွန်တာကီ တောင်ကို နှစ်ကြိမ်တက်ရောက်နိုင်ခဲ့သည်။

ဆီးရီးယားရှိ ရုရှားစစ်အခြေစိုက်စခန်းများကို ပိတ်ရန် ဂျာမနီ၏ တောင်းဆိုမှုကို မော်စကိုကတုံ့ပြန်

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maria Zakharova သည် ဂျာမနီနိုင်ငံခြားရေးဝန်ကြီး Annalena Baerbock က ဆီးရီးယားရှိ ရုရှား၏ စစ်စခန်းများကို ပိတ်သိမ်းရန်ပြောဆိုမှုအတွက် ပြန်လည်တုံ့ပြန်ခဲ့သည်။

Zakharova က Baerbock အနေဖြင့် ဂျာမနီတွင် အမေရိကန်စစ်အခြေစိုက်စခန်းများ တည်ရှိနေခြင်းကို လည်း သုံးသပ်သင့်ကြောင်း ပြောကြားခဲ့သည်။

သမ္မတအပေါ် စွဲချက်တင်ရေး ကြားနာမှုအတွက် အပြန်အလှန်လျှောက်လဲမှုကို တောင်ကိုရီးယားတရားရုံးမှာ ဇန်နဝါရီ ၁၄ ရက်နေ့ စတင်မည်

စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ခဲ့ခြင်းအတွက် တောင်ကိုရီးယား သမ္မတ Yoon Suk Yeol ကို စွဲချက်တင်ရေး လွှတ်တော်၏အဆိုကို အတည်ပြုသင့်၊ မသင့် ဆုံးဖြတ်ရန်အတွက် ပထမဆုံး အပြန်အလှန် လျှောက်လဲမှုကို ဇန်နဝါရီလ ၁၄ ရက်တွင် စတင်ကျင်းပမည်ဖြစ်ကြောင်း တောင်ကိုရီးယား ဖွဲ့စည်းပုံဥပဒေတရားရုံးက ထုတ်ပြန်ထားသည်။

ဖိလစ်ပိုင် ဒုသမ္မတကို လုံခြုံရေးကောင်စီဝင်အဖြစ်မှ ဖယ်ရှား

ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာသည် ပြီးခဲ့သည့်လက ၎င်းအားသတ်ဖြတ်မည်ဟု ကြုံးဝါးခဲ့သူ ဒုသမ္မတ ဆာရာဒူတာတေးကို အမျိုးသား လုံခြုံရေး ကောင်စီမှ တာဝန်ဖယ်ရှားရန် အုပ်ချုပ်ရေး အမိန့်ကို လက်မှတ်ရေးထိုး၍ ဒီဇင်ဘာ ၃ ရက်နေ့က ထုတ်ပြန် ကြေညာလိုက်ပါသည်။ မနှစ်ကတည်းက ဖိလစ်ပိုင်နိုင်ငံရေးမဟာမိတ်ဟောင်း ၂ ဦးအကြား ခါးသီးသည့် ပဋိပက္ခများ ဖြစ်ပွားခဲ့ရာက စတင်၍ ကြီးထွားလာခဲ့ကြောင်း ဖော်ပြထားပါသည်။

Las Vegas တွင် Cybertruck ဖြင့် အသေခံကား ပေါက်ကွဲမှုပြုလုပ်ခဲ့သည့် ယာဉ်မောင်းတွင် နိုင်ငံရေး မကျေနပ်ချက်များနှင့် အိမ်တွင်းရေး ပြဿနာများရှိနိုင်ကြောင်း ဝေဖန်ပြောဆို

Las Vegas ရှိ Trump International Hotel အပြင်ဘက်တွင် ဒီဇင်ဘာ ၁ ရက်နေ့က Tesla Cybertruck ကားပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အဆိုပါ ဖြစ်စဉ်ကြောင့် ယာဉ်မောင်းသေဆုံးကာ လူ ၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ သည်။

Tesla Cybertruck ဖြင့် ကားပေါက်ကွဲမှုပြုလုပ်ခဲ့သည့် အဆိုပါယာဉ်မောင်းမှာ US Army Green Beret တွင် တာဝန်ထမ်းဆောင်နေသော စစ်သား Matthew Alan Livelsberger ဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ သိရှိရသည်။

BRICS က မိတ်ဖက်ကိုးနိုင်ငံကို ကြေညာ

ကမ္ဘာ့စီးပွားရေး အင်အားတောင့်တင်းသည့် ရုရှား၊ တရုတ်၊ အိန္ဒိယ၊ ဘရားဇီးနိုင်ငံတို့အပါအဝင် နိုင်ငံ ၉ နိုင်ငံဖြင့် ၂၀၀၉ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည့် BRICS အနေဖြင့် ပြီးခဲ့သည့် ဇန်နဝါရီလ ၁ ရက်က ၎င်းတို့၏ မိတ်ဖက် ၉ နိုင်ငံကို တရားဝင် ကြေညာလိုက်ပါသည်။

ဘီလာရုစ်၊ ဘိုလီးဗီးယား၊ အင်ဒိုနီးရှား၊ ကာဇက်စတန်၊ ထိုင်း၊ ကျူးဘား၊ ယူဂန်ဒါ၊ မလေးရှားနှင့် ဥဇဘက်ကစ္စတန်တို့မှာ ယခုအခါ BRICS ၏ တရားဝင် မိတ်ဖက် နိုင်ငံများ ဖြစ်လာပါသည်။

ရေတာရှည်မြို့နယ်အတွင်း နယ်မြေရှင်းလင်းစဉ် KNLA/ PDF အကြမ်းဖက် ၁၀ လောင်းနှင့် လက်နက်ခဲယမ်းများ ရရှိ

ရေတာရှည်မြို့နယ် ရေလွှရွာအနီး ယနေ့ ဇန်နဝါရီလ ၃ ရက်နေ့ မနက် ၈ နာရီခန့်က KNLA တပ်မဟာ (၃) နှင့် အကြမ်းဖက် PDF ပူးပေါင်းအဖွဲ့များ ရောက်ရှိနေကြောင်း အကြမ်းဖက်မှုကိုမလိုလားသည့် ဒေသခံပြည်သူများမှ လုံခြုံရေးတပ်ဖွဲ့ဝင်များထံ သတင်းပေးပို့ခဲ့မှုကြောင့်လုံခြုံရေးတပ်ဖွဲ့ဝင်များမှ နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သမား ၁၀ လောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့သည်။

သစ္စာဖောက်မှုအတွက် ယူကရိန်းကို စလိုဗက်ကီးယား ပြစ်တင်

ယူကရိန်းနိုင်ငံကို ဖြတ်ကျော်ဆက်သွယ်ထားသော ရုရှားဓာတ်ငွေ့ပိုက်လိုင်းများမှ ဓာတ်ငွေ့မရရှိတော့ခြင်းနှင့်ပတ်သက်၍ စလိုဗက်ကီးနိုင်ငံ၊ ပြည်ထဲရေးဝန်ကြီး Matus Sutaj Estok က ယူကရိန်းအနေဖြင့် ယုံကြည်မှုကို အလွဲသုံးစားလုပ်ပြီး သစ္စာမရှိသည့်လုပ်ရပ်ဖြစ်ကြောင်း ပြောဆိုလိုက်ပါသည်။