သတင်းများ

ကနေဒါဝန်ကြီးချုပ် Justin Trudeau သည် ရာထူးမှ နှုတ်ထွက်ရန် ကြေညာ

ကနေဒါဝန်ကြီးချုပ် Justin Trudeau သည် ကိုးနှစ်ကြာ တာဝန်ထမ်းဆောင်ပြီးနောက်တွင် ရာထူးမှ နှုတ်ထွက်ရန် ကြေညာခဲ့ကြောင်း BBC က ဖော်ပြထားသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း ကနေဒါနိုင်ငံ၊ ဒုတိယ၀န်ကြီးချုပ် Chrystia Freeland ရုတ်တရက် ရာထူးနုတ်ထွက်ပြီးနောက် ထရူးဒိုးအား ၎င်း၏ လစ်ဘရယ် ပါတီအတွင်း ခေါင်းဆောင်အဖြစ်မှ နှုတ်ထွက်ပေးရန် တောင်းဆိုမှုများရှိခဲ့သည်။ 

 ရန်ကုန်တိုင်းဒေသကြီး၌ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် အခမ်းအနားကျင်းပ

ကရင်နှစ် ၂၇၆၄ ခုနှစ်၊ ကရင်အမျိုးသားအလံတင်အခမ်းအနားနှင့် နှစ်သစ်ကူးပွဲတော်အခမ်းအနားကို ဒီဇင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းမှစတင်၍ ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ၌ ကျင်းပသည်။

MNDAA၊ TNLA၊ KIA ထိန်းချုပ်ရာဒေများသို့ စက်သုံးဆီများ သယ်ဆောင်ရောင်းဝယ်မှုပြုလုပ်နေသူများကို ကား(၂၂)စီးအပါအဝင် ဆီဂါလံပေါင်း(၆၀၀၀၀)ကျော်နှင့်အတူ ဖမ်းဆီးရမိထား

MNDAA၊ TNLA နှင့် KIA ထိန်းချုပ်ရာဒေများသို့ စက်သုံးဆီများ သယ်ဆောင်ရောင်းဝယ်မှုပြုလုပ်နေသူများကို ကား(၂၂)စီးအပါအဝင် ဆီဂါလံပေါင်း(၆၀၀၀၀)ကျော်နှင့်အတူ ဖမ်းဆီးရမိထားကြောင်း နစက၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

ကမ္ဘာ့လေကြောင်းပို့ဆောင်ရေးကဏ္ဍတွင် အမြင့်ဆုံး သတ်မှတ်ချက်ဖြစ်သည့် IOSA လက်မှတ်ကို MAI က သက်တမ်းတိုး

ကမ္ဘာ့လေကြောင်း ပို့ဆောင်ရေးကဏ္ဍတွင် အမြင့်ဆုံးသတ်မှတ်ချက်ဖြစ်သည့် IOSA လက်မှတ်ကို MAI က သက်တမ်းတိုးလိုက်ကြောင်း အပြည်ပြည်ဆိုင်ရာမြန်မာ လေကြောင်းလိုင်း(MAI) ၏ ထုတ်ပြန်ချက်အရ သိရသည်။

HMPV

အိန္ဒိယနိုင်ငံတောင်ပိုင်း ကာနာတာကာပြည်နယ်၌ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်မြန်ဗိုင်းရပ်စ် Human Metapneumovirus (HMPV) ဖြစ်ပွားသူ နှစ်ဦး စစ်ဆေးတွေ့ရှိကြောင်း ဇန်နဝါရီ ၆ ရက်တွင် ကျန်းမာရေးဝန်ကြီးဌာနက ပြောသည်။

ရောဂါဖြစ်ပွားသူနှစ်ဦးအနက် တစ်ဦးမှာ သုံးလအရွယ်အမျိုးသမီးကလေးငယ်ဖြစ်ပြီး တစ်ဦးမှာ ရှစ်လအရွယ် အမျိုးသားကလေးငယ်ဖြစ်ကြောင်း၊ ကူးစက်မြန်ရောဂါဖြစ်ပွားသူနှစ်ဦးစလုံးကို ပြည်နယ်၏ မြို့တော်ဘန်ဂါလူရူမြို့ရှိ ဘတ်တစ်ဆေးရုံ၌ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အင်ဒိုနီးရှားနိုင်ငံ၌ အစိုးရ၏ ဦးဆောင်မှုဖြင့် အခမဲ့ အစားအစာ ကျွေးမွေးသည့်အစီအစဉ် စတင်ဆောင်ရွက်

ဂျကာတာ   ဇန်နဝါရီ ၆

အင်ဒိုနီးရှားနိုင်ငံတွင် အစိုးရ၏ ဦးဆောင်မှုဖြင့် အခမဲ့အစားအစာကျွေးမွေးသည့် အစီအစဉ်ကို ယနေ့တွင် စတင်ဆောင်ရွက်ခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရသည်။

၎င်းအစီအစဉ်ကို အဆင့်လိုက် ဆောင်ရွက်မည်ဖြစ်ပြီး ဇန်နဝါရီလမှ ဧပြီလအတွင်း နိုင်ငံသား သုံးသန်းအား အစားအစာ အခမဲ့ ကျွေးမွေးမည်ဟု အမျိုးသားအာဟာရဆိုင်ရာအေဂျင်စီ တာဝန်ရှိသူ ဒါဒန်ဟင်ဒါယာနာက ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ငွေကြေးဖောင်းပွမှုနှုန်းကျဆင်း

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်း၌ ကျဆင်းလာခဲ့ကြောင်း ယင်းနိုင်ငံစာရင်းအင်းဗျူရိုက နောက်ဆုံးထုတ်ပြန်သည့်  အချက်အလက်များ အရ သိရသည်။

ငါးလအတွင်း နီပေါနိုင်ငံ၌ တိရစ္ဆာန်တိုက်ခိုက်မှုကြောင့် ၈၃ ဦးသေဆုံး

ခတ္တမန္ဒူ   ဇန်နဝါရီ ၆

နီပေါနိုင်ငံ၌ ငါးလအတွင်း တောရိုင်းတိရစ္ဆာန်တိုက်ခိုက်ခံရမှုကြောင့် စုစုပေါင်း ၈၃ ဦးသေဆုံးပြီး ၅၉၉ ဦးဒဏ်ရာရရှိကြောင်း နီပေါရဲတပ်ဖွဲ့က ဇန်နဝါရီ ၆ ရက်တွင် ပြောကြားသည်။

၂၀၂၄ ခုနှစ် ဇူလိုင်လလယ်မှ ဒီဇင်ဘာလလယ်အတွင်း မြွေကိုက်ခံရမှုကြောင့် သေဆုံးသူ ၇၀ ရှိပြီး ၅၃၂ ဦး ဒဏ်ရာရရှိကြောင်း နီပေါရဲတပ်ဖွဲ့က ထုတ်ပြန်ချက်တွင် ပြောကြားသည်။

ဂျပန်နိုင်ငံမှ အသက် ၁၁၅ နှစ်အရွယ်  အိုဂါကီဟာယာရှိအမည်ရှိ အမျိုးသမီးကြီး နိုင်ငံ၏ အသက်အကြီး ဆုံးပုဂ္ဂိုလ်ဖြစ်လာ

ဂျပန်နိုင်ငံမှ  ကမ္ဘာ့အသက်အကြီးဆုံး အဖြစ်သတ်မှတ်ခံထားရသည့် အမျိုးသမီးကြီးသေဆုံးပြီးနောက် ဂီဖူစီရင်စုမှ အသက်  ၁၁၅ နှစ်အရွယ် အိုဂါကီဟာယာရှိအမည်ရှိ အမျိုးသမီးကြီးသည်  နိုင်ငံ၏ အသက်အကြီးဆုံးဖြစ်လာကြောင်း အာဏာပိုင်အဖွဲ့က ဇန်နဝါရီလ ၆ ရက်တွင် ထုတ်ပြန်သည်။

အိန္ဒိယနှင့်အရပ်ဘက်သုံးနျူကလီးယားဆိုင်ရာ မိတ်ဖက်ပူးပေါင်းဆောင်ရွက်ရန် အပြီးသတ်လုပ်ဆောင် လျက်ရှိဟု အမေရိကန်ပြော

အမေရိကန်ပြည်ထောင်စုအနေဖြင့် အိန္ဒိယကုမ္ပဏီများနှင့်    အရပ်ဘက်သုံး နျူကလီးယားဆိုင်ရာ မိတ်ဖက်ပူးပေါင်းဆောင်ရွက်ရန်အတွက် အတားအဆီးများကို ဖယ်ရှားရှင်းလင်းနိုင်ရေး အပြီးသတ်လုပ်ဆောင်လျက်ရှိကြောင်း အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်က ဇန်နဝါရီလ ၆ ရက်တွင်  ပြောသည်။