အိန္ဒိယနိုင်ငံက လက်ရှိမှာဒုံးကျည်ကို အဓိကတင်ပို့သူဖြစ်လာမယ့်အနေအထားကိုရောက်ရှိနေပါပြီ။ အကြောင်းရင်းကတော့ ဗီယက်နမ်ကို Brahmos ဒုံးကျည် များတင်ပို့ရောင်းချဖို့အတွက် သဘောတူညီချက်ရရှိလိုက်လို့ပါပဲ။ သဘောတူညီချက်ရဲ့တန်ဖိုးက အမေရိကန်ဒေါ်လာသန်း ၇၀၀ ရှိပါတယ်။

လက်ရှိအမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများကို နိုင်ငံအတွင်းသို့အများအပြားဝင်ရောက်နေထိုင်ခွင့်ပြုခြင်း၊ အမေရိကန်-မက္ကဆီကိုနယ်စပ်တံတိုင်းတည်ဆောက်မှုအတွက် ခွဲဝေပေးထားသော ကုန်ကြမ်းပစ္စည်းများကိုရောင်းချခြင်းအားဖြင့် နိုင်ငံတော်သစ္စာဖောက်မှုကိုကျူးလွန်ကြောင်း အီလွန်မက် ကစွပ်စွဲလိုက်သည်။
အမေရိကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်နှင့် ရီပတ်ဘလစ်ကန်များက အမေရိကန်နိုင်ငံ၏နယ်စပ်ဒေသများ လုံခြုံမှုမရှိခြင်းအတွက် ဂျိုးဘိုင်ဒင်ကိုလွန်ခဲ့သောနှစ်များစွာကတည်းက ဝေဖန်မှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။

တရုတ်အစိုးရက စစ်ဘက်တွင်သာမက အရပ်ဘက်တွင်ပါအသုံးပြုနိုင်သည့် ကုန်ပစ္စည်းများ အမေရိကန်ကုမ္ပဏီများသို့တင်ပို့မှုကို တားမြစ်လိုက်ပြီဖြစ်ကြောင်း ကုန်သွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၂ ရက်တွင်ထုတ်ပြန်သည်။

ကိုင်ရို ဇန်နဝါရီ ၂
၂၀၂၄ ခုနှစ်အတွင်း အီဂျစ်နိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားသားခရီးသည် ၁၅ ဒသမ ၇ သန်း စံချိန်တင်ခဲ့ကြောင်း အီဂျစ်ဝန်ကြီးချုပ် မိုစတာဖာမတ်ဘောင်လီက ယမန်နေ့ကပြောကြားသည်။

ဂျေရုဆလင် ဇန်နဝါရီ ၂
အစ္စရေးနိုင်ငံ၏ လူဦးရေသည် ၂၀၂၄ ခုနှစ် နှစ်ကုန်တွင် ၁၀ ဒသမ ၀၂၇ သန်းရောက်ရှိလာသဖြင့် ၂၀၂၃ ခုနှစ်ကုန်က ၉ ဒသမ ၉၁၅ သန်းရှိရာမှ ၁ ဒသမ ၁ ရာခိုင်နှုန်းတိုးလာကြောင်း နိုင်ငံ၏ စာရင်းအင်းဗျူရိုက ဇန်နဝါရီ ၂ ရက်တွင် နှစ်စဉ်ထုတ်ပြန်သည့် အစီရင်ခံစာအရ သိရသည်။
လူဦးရေး ၁၂ ဆကျော်တိုးလာ

ပြင်သစ်တပ်ဖွဲ့များ အနောက်အာဖရိကဒေသမှ ဆုတ်ခွာမည်ဖြစ်ကြောင်းနှင့် ယခင် ပြင်သစ်ကိုလိုနီဖြစ်ခဲ့သည့် အနောက်အာဖရိကဒေသများအပေါ် စစ်ရေးအရ လွှမ်းမိုးမှုကို လျှော့ချသွားမည်ဖြစ်ကြောင်း အိုင်ဗရီကို့စ်နိုင်ငံသမ္မတ Alassane Ouattara က ကြေညာလိုက်ပါသည်။
ထိုသို့ဆောင်ရွက်ခြင်းသည် မိမိတို့နိုင်ငံ၏ လက်နက်ကိုင်တပ်ဖွဲ့များ ခေတ်မီတိုးတက်လာခြင်းပင်ဖြစ်ကြောင်း သမ္မတက ၎င်း၏ နှစ်သစ်ကူးမိန့်ခွန်းတွင် ပြောကြား ထားပါသည်။

ယူကရိန်းတစ်ဆင့်ခံ ရုရှားဓာတ်ငွေ့တင်ပို့မှုစနစ်မှာ နှစ်နိုင်ငံသဘောတူစာချုပ် သက်တမ်းကုန်ဆုံးသည့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက် နံနက်ပိုင်းမှစ၍ ရပ်ဆိုင်းလိုက်ပြီ ဖြစ်ပါသည်။ ထိုသို့ ရပ်ဆိုင်းလိုက် သဖြင့် ရုရှားဓာတ်ငွေ့တင်ပို့မှု ၃၀ ရာခိုင်နှုန်း ဥရောပက ဆုံးရှုံးမည်ဖြစ်ကြောင်း ကမ္ဘာ့ဈေးကွက်လေ့လာရေးဌာန ဒါရိုက်တာ Alexey Bobrovsky က ခန့်မှန်းပြောကြား လိုက်ပါသည်။

အမေရိကန်ပြည်ထောင်စု နယူးအော်လင်းမြို့တွင် ဇန်နဝါရီ ၁ ရက် နှစ်သစ်ကူးနေ့ နံနက်အစောပိုင်း ၀၃၅၀ အချိန်၌ ကားတစ်စီးက နှစ်သစ်ကူးပွဲတော် ကျင်းပနေသည့် လူအုပ်ကြီးထဲ ဝင်ရောက်တိုက်ခဲ့သဖြင့် အနည်းဆုံး လူ ၁၅ ဦး သေဆုံးသွားပြီး လူဒါဇင်ပေါင်း များစွာ ဒဏ်ရာရရှိသွားပါသည်။

ပြီးခဲ့သည့်ရက်က ရုရှားအထူးစစ်ဆင်ရေးနယ်မြေ အတွင်း ယူကရိန်းတပ်ဖွဲ့ဝင် ၁၀၅၀ ဦး ကျဆုံးသွားကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ အစီရင်ခံစာက ဖော်ပြထားပါသည်။
ထို့ပြင် ယင်းနေ့မှာပင် ယူကရိန်း၏ HIMARS နှင့် Uragan ဒုံးပျံ ၇ စင်းနှင့် ဒရုန်း ၆၆ စင်းတို့ကို ရုရှား လေကြောင်းက ပစ်ချခဲ့ကြောင်း ရုရှားကာကွယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ကို ကိုးကား၍ TASS သတင်းဌာနက ဇန်နဝါရီ ၁ ရက်တွင် ဖော်ပြထားသည်။
ကိုးကား(TASS)

ရုရှားစွမ်းအင်ကုမ္ပဏီကြီး Gazprom က ယူကရိန်းကိုဖြတ်ပြီး သဘာဝဓာတ်ငွေ့ပေးပို့ခြင်းကို ရပ်တန့်လိုက်ပြီ ဖြစ်ကြောင်း ဇန်နဝါရီ ၁ရက်နေ့က ထုတ်ပြန်ခဲ့ပါသည်။ ၂၀၂၂ ခုနှစ်တွင် ယူကရိန်းနှင့် ရုရှား စစ်ပွဲစတင်ခဲ့သော်လည်း ရုရှားသည် ယူကရိန်းကိုဖြတ်ပြီး ဓာတ်ငွေ့ကို ဥရောပသို့ ပို့ဆောင်ခဲ့ပါသည်။