သတင်းများ

ပြည်သူများ၏ သုံးစွဲမှုကို တိုးမြှင့်နိုင်ရန် အစိုးရဝန်ထမ်းများ၏ လစာကို တရုတ်တိုးမြှင့်

တရုတ်အစိုးရသည်  ပြည်သူများ၏ သုံးစွဲမှုကို တိုးမြှင့်နိုင်ရန်အတွက် နှစ်ပေါင်းများစွာအတွင်း  ပထမဆုံးအကြိမ်အဖြစ် အစိုးရဝန်ထမ်းများ၏   လုပ်ခလစာကို တိုးမြှင့်ပေးခဲ့ကြောင်း သိရသည်။

ရုရှားနှင့်မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာစေရန် လုပ်ဆောင်မည်ဟု ကင်ဂျုံအွန်ပြော

မြောက်ကိုရီးယားနိုင်ငံအနေဖြင့် ရုရှားနှင့် မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာစေရန်လုပ်ဆောင်မည်ဖြစ်ကြောင်း ခေါင်းဆောင်ကင်ဂျုံအွန် က ပြောကြားခဲ့သည်ဟု  KCNA သတင်းအေဂျင်စီက   ဒီဇင်ဘာလ ၃၁ ရက်တွင် ဖော်ပြသည်။

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့ညတွင် မြန်မာနိုင်ငံအတွင်း၌ လူဦးရေ (၅၁,၃၁၆,၇၅၆) ဦး ရှိသည်ဟု ပြည်သူ့အင်အားဦးစီးဌာနမှ ထုတ်ပြန်

၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင် စာရင်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ(၁)ရက်နေ့မှ စတင်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကောက်ယူခဲ့ ပြီးဖြစ်ရာ အဆိုပါ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ် အကြောင်း အရာ သန်းခေါင်စာရင်း၏ ရှေ့ပြေးလူဦးရေစာရင်းကို ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ပြည်သူ့အင်အားဦးစီး ဌာနက မြန်မာ-အင်္ဂလိပ်နှစ်ဘာသာဖြင့် ထုတ်ပြန် ထားသည်။

Yoon Suk Yeol ကို ထိန်းသိမ်းရန်အတွက် တောင်ကိုရီး ယား တရားရုံးက ဝရမ်းထုတ်

ဆိုးလ်မြို့ရှိ ခရိုင်တရားရုံးတစ်ခုသည် ဆူပူအုံကြွမှု စွပ်စွဲချက်များနှင့် စွပ်စွဲခံထားရသော သမ္မတ Yoon Suk Yeol ကို ဖမ်းဆီးရန် ဖမ်းဝရမ်းကို အတည်ပြုလိုက်ပြီ ဖြစ်သည်။

အဆိုပါ ဖမ်းဝရမ်းအတွက် လျှောက်ထားချက်ကို ရဲတပ်ဖွဲ့၊ ကာကွယ်ရေး ဝန်ကြီးဌာနနှင့် အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး အထူးအဖွဲ့တို့ ပါဝင်သော ပူးပေါင်း စုံစမ်းစစ်ဆေးရေးအဖွဲ့က ဒီဇင်ဘာ ၃၀ ရက်နေ့က တင်သွင်းခဲ့ခြင်းဖြစ်သည်။

ငါန်းဇွန်မြို့နယ်၊ ရေလည်သောင်အရှေ့ရွာ၊ ကူးတိုကုန်း (ကတိုကုန်း) အရှေ့ဘက် ဇီးတောအတွင်း PDF အကြမ်းဖက်သင်တန်းကို လေကြောင်းမှ ရှင်းလင်း

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ရေလည်သောင် အရှေ့ရွာ၊ ကူးတိုကုန်း(ကတိုကုန်း)အရှေ့ဘက် ဇီးတောအတွင်း၌ PDF အကြမ်းဖက်သမားများမှ အကြမ်းဖက်လုပ်ငန်းများလုပ်ဆောင်နိုင်ရန် အကြမ်းဖက်သင်တန်းများ ပို့ချနေကြောင်း သတင်းအရ ဒီဇင်ဘာ ၃၀ ရက်နေ့က တပ်မတော်လေမှ လေကြောင်းဖြင့် ရှင်းလင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အလားတူ ကုလကျေးရွာအတွင်း ခိုအောင်းနေထိုင်နေသော PDF အကြမ်းဖက်သမားများရှိရာကိုလည်း ဝေဟင်မှ ပစ်ခတ်ရှင်းလင်းမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုးကား-Myanmar National Post

အီးယူလိုလားသူများ၏ ဆန္ဒပြပွဲများဖြစ်ပေါ်နေမှုများ အကြား ဂျော်ဂျီယာ၌ သမ္မတသစ် ရာထူးတက်လာ

အီးယူအဖွဲ့ဝင်အဖြစ် ဝင်ရောက်လိုသူများ ဆက်လက် ဆန္ဒပြနေကြစဉ် အနောက်အုပ်စုအပေါ် သဘောထား တင်းမာသော Kavelashvili သည် ဂျော်ဂျီယာ သမ္မတ အဖြစ် ကျမ်းသစ္စာကျိန်ဆိုလိုက်သည်။

ပရော်ဖက်ရှင်နယ် ဘောလုံးကစားသမားဟောင်း ဖြစ်ခဲ့ ဖူးသည့် သမ္မတသစ် မီခေးလ်ကာဗလက်ရှ်ဗီလီ၏ ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၉ ရက် နေ့တွင် ယခင်ဆိုဗီယက်သမ္မတနိုင်ငံ၌ ကျင်းပခဲ့သည်။

ပါလီမန်ရွေးကောက်ပွဲတွင် အများစုအနိုင်ရရှိထားသည့် လက်ရှိအာဏာရ Georgian Dream ပါတီ၏ ထောက်ခံမှုဖြင့် Kavelashvili သည် ယခုလ အစောပိုင်း ၌ ရွေးကောက်တင်မြှောက်ခံခဲ့ရသည်။

ထိုင်ဝမ်သည် တရုတ်နိုင်ငံနှင့် သက်ဆိုင်ကြောင်း တရုတ်သမ္မတရှီကျင့်ဖျင်က ၎င်း၏ နှစ်သစ်ကူး သဝဏ် လွှာတွင်ပြောကြား

 

ထိုင်ဝမ်နှင့် တရုတ်နိုင်ငံ၏ “ပြန်လည်ပေါင်းစည်းရေး” ၏ “သမိုင်းဝင်လမ်းကြောင်း” ကို မည်သူမျှ တားဆီး နိုင်မည် မဟုတ်ကြောင်း သမ္မတ ရှီက ပြောကြား ခဲ့ပါသည်။ ထိုင်ဝမ်ရေလက်ကြား၏နှစ်ဘက်စလုံးသည် “တစ်မိသားစုတည်း” ဖြစ်သည်ဟု ၎င်းက ထပ်လောင်း ပြောကြားခဲ့ပါသည်။

ကိုးကား - RT

ရုရှား သမ္မတဗလာဒီမာပူတင်သည် ကရင်မလင် နန်းတော်မှ ရုရှားပြည်သူများအား နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားဖြင့် မိန့်ခွန်းပြောကြား

ရုရှား သမ္မတဗလာဒီမာပူတင်၏ မိန့်ခွန်းတွင် “လာမည့် မိနစ်အနည်းငယ်အတွင်းမှာ ၂၀၂၅ ခုနှစ် ဆိုသည့် နှစ်သစ်ကို စတင်တော့မည်ဖြစ်ပါကြောင်း၊ ရုရှားနိုင်ငံတွင် အဆိုပါကာလသည် သမိုင်းဝင်အရေးပါသော အကြီးစား ဖြစ်ရပ်များ အပါအဝင် များစွာသော အခိုက်အတန့်များ ဖြင့်ပြည့်နေပါကြောင်း၊ ၎င်းတို့သည် မိမိတို့အတွက် ကြီးမားသော ရည်မှန်းချက်များကိုချမှတ်ပြီး ၎င်းတို့ကို အောင်မြင်စွာ အတူတကွ လက်တွဲခဲ့ကြသောကြောင့် စိန်ခေါ်မှုများကို တစ်ကြိမ်ထက်မကပို၍ ကျော်ဖြတ် နိုင်ခဲ့ခြင်းသည် ၎င်းတို့၏စည်းလုံးညီညွတ်မှု၊ ယုံကြည်ချက် နှင့်၎င်းတို့၏စွမ်းဆောင်နိုင်မှုတို့ကို ပိုမိုခိုင်ခံလာစေခဲ့ ပါကြောင်း ပူတင်က ပြောကြား

စေ့စပ်ညှိနှိုင်းမှုရလဒ်အဖြစ် ယူကရိန်းထိန်းချုပ်နယ်မြေမှ ရုရှားတပ်ဖွဲ့ဝင် ၁၅၀ ဦးသည် ဒီဇင်ဘာ ၃၀ ရက်တွင်ပြန်လည်ရောက်ရှိလာခဲ့ပြီး အပြန်အလှန်အားဖြင့် ယူကရိန်းစစ်တပ်မှ စစ်သုံ့ပန်း ၁၅၀ ဦးကို လွှဲပြောင်းပေးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်

ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ၎င်းတို့၏ တပ်မတော်များသည် ဘီလာရုစ်ပိုင်နက်တွင်ရှိနေပြီး ၎င်းတို့အား စိတ်ပိုင်းဆိုင်ရာနှင့် ဆေးဘက်ဆိုင်ရာ အကူအညီများပေးကာ ဆွေမျိုးများနှင့် ဆက်သွယ်ရန် ဆောင်ရွက်ပေးထားကြောင်း၊ ယင်းနောက် ၎င်းတို့အား မော်စကိုရှိ ဆေးဘက်ဆိုင်ရာဌာနများတွင် ကုသရေးနှင့် ပြန်လည်ထူထောင်ရေးတို့အတွက် ခေါ်ဆောင်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပါသည်။

ကိုးကား - Zvezdanews

Photo- SAN

false news

စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြို့နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒီဇင်ဘာ ၂၅ ရက်မှ ၂၈ ရက်အတွင်း စစ်ကြောင်းထိုးကာ ပြည်သူ ၂၅၀ ကျော်ကို ဖမ်းဆီးပြီး စစ်ဘေးရှောင်တဲများနှင့် ဆိုင်ကယ်များကို အကြောင်းမဲ့မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက လုပ်ကြံရေးသား ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။