အွန်လိုင်းလောင်းကစားမှု (ကျားဖြန့်)တိုက်ဖျက်ရေးလုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်-မြန်မာ-ထိုင်း (၃) နိုင်ငံမှ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး ကျင်းပ ပြုလုပ် နိုင်ဖွယ်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက် အရ သိရသည်။

ကရင်ပြည်နယ်၊ ရွှေကုက္ကိုတွင် ကျားဖြန့်လုပ်ဆောင်ရန် လူကုန်ကူးခြင်းခံရသော တရုတ်နိုင်ငံသား (၂၀၀) ကို ဖေဖော်ဝါရီ ၁၄ ရက်နေ့က ဖော်ထုတ်ရမိခဲ့ရာ လွှဲပြောင်းပေးရန် စီစဉ်နေကြောင်း နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။ ဖေဖော်ဝါရီလ ၁၄ ရက်၊ ည ၇ နာရီချိန်ခန့်တွင် မြဝတီ-ရွှေကုက္ကို နယ်မြေအတွင်း ကျားဖြန့်လုပ်ငန်းများလုပ်ကိုင်ရန်နှင့် ထိုင်းနိုင်ငံတွင် အလုပ်အကိုင်ရရှိရေး ငွေကြေးမက်လုံးပေးစည်းရုံးမှုများဖြင့် အဓမ္မ လူကုန်ကူးခြင်းခံရသည့် တရုတ်နိုင်ငံသား အမျိုးသား (၁၉၄)ဦး၊ အမျိုးသမီး (၆)ဦး၊ စုစုပေါင်း (၂၀၀) ဦးတို့အား ဖော်ထုတ် ဖမ်းဆီးရမိခဲ့ကြေ

အမေရိကန်က ယူကရိန်းကို အကူအညီဆက်ပေးရမည်ဆိုပါ ယူကရိန်း နိုင်ငံရှိ မြေရှားသတ္တုများကို တူးဖော်ခွင့်ပေးရမည်ဖြစ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်၏ တောင်းဆိုချက်ကို မလိုက်လျောနိုင်သည့် အပြင် လက်မှတ်လည်း မထိုးပေးနိုင်ဟု ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောကြားခဲ့ကြောင်း ဝါရှင်တန်ပို့စ်နှင့် ရိုက်တာသတင်းဌာနများတွင် ဖော်ပြခဲ့ပါသည်။

ယူကရိန်းခေါင်းဆောင် ဗလာဒီမာဇီလန်စကီးက ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့်သာ ဆွေးနွေးရန်အဆင်သင့်ရှိကြောင်း၊ မော်စကို၏ ကိုယ်စားလှယ်များပါဝင်မည့် အခြားမည်သည့်ပုံစံကိုမဆိုပယ်ချကြောင်း ပြောကြားခဲ့ပါသည်။

ဖေဖော်ဝါရီလ ၁၃ ရက်နှောင်းပိုင်းတွင် အမေရိကန်၏ နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘော USS Harry S. Truman သည် ကုန်တင်သင်္ဘော Besiktas-M နှင့် မြေထဲပင်လယ်အတွင်း တိုက်မိခဲ့ကြောင်း အမေရိကန်ရေတပ်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။ အဆိုပါ ဖြစ်ရပ်သည် ဖေဖော်ဝါရီလ ၁၃ ရက် ည ၁၁ နာရီ ၄၆ မိနစ်တွင် အီဂျစ် နိုင်ငံ Port Said မြို့အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အမေရိကန် ရေတပ်အရာရှိက ပြောကြားခဲ့သည်။

ရုရှားနိုင်ငံ၏ လုံခြုံရေးကောင်စီဒုဥက္ကဋ္ဌ ဒမီထရီ မက်ဗ်ဒက်ဗ်သည် ယူကရိန်းသမ္မတ ဗလာဒီမာ ဇီလန်စကီးအား အမေရိကန်သမ္မတ ထရမ့် ၏ လုပ်ရပ်များကို ဝေဖန်ရာတွင် “ကျေးဇူးရှင်ကို ပြန်ပြီး ရန်လုပ်သည်” (သို့မဟုတ် ကူညီသူကို မထီမဲ့မြင်ပြုသည်) ဟု ဝေဖန်ခဲ့ပါသည်။
အစောပိုင်းက ဇီလန်စကီးက သမ္မတ ပူတင်နှင့် အမေရိကန် သမ္မတ ထရမ့်တို့၏ ဖုန်းပြောဆိုမှုသည် အမေရိကန်အတွက် အထူးအန္တရာယ် မရှိသော်လည်း ကမ္ဘာ့ကျန်ဒေသများအတွက်မူ ထိုသို့မပြောနိုင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါသည်။

ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် ယူကရိန်းဆိုင်ရာဆွေးနွေးပွဲအတွက် 'အတွေ့အကြုံရင့်ကျက်သောပုဂ္ဂိုလ်များ' အဖွဲ့ကို ဖွဲ့စည်းနေကြောင်း သိရှိရပါသည်။

ယူကရိန်းဆိုင်ရာကိစ္စရပ်များတွေ့ဆုံဆွေးနွေးရန် မော်စကိုသို့လာရောက်ရန်အသင့်ရှိကြောင်း အမေရိကန် ဒုတိယသမ္မတ ဂျေဒီ ဗန့်စ် က ပြောကြားခဲ့ပါသည်။
မြူးနစ်ညီလာခံတွင် ၎င်း၏မိန့်ခွန်းအတွင်း ယူကရိန်းနှင့် ရုရှားစစ်ပွဲဆိုင်ရာ သီးသန့်အချက်အလက်များကို ပြောကြားခဲ့ခြင်းမရှိကြောင်း အမေရိကန် ဒုသမ္မတ ဗန့်စ် ကထုတ်ဖော်ပြောကြားခဲ့ပါသည်။
ကိုးကား - Izvestia

ယူကရိန်းပဋိပက္ခဖြေရှင်းပြီးနောက် ရုရှားသည် ကမ္ဘာ့စီးပွားရေးစနစ်နှင့် ဥရောပလုံခြုံရေးတို့တွင် ပြန်လည်ပါဝင်လာမည်ဖြစ်ကြောင်း ဟန်ဂေရီ ဝန်ကြီးချုပ် ဗစ်တာအိုဗန် က ပြောကြားခဲ့ပါသည်။
ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာ အိုဗန်က Kossuth ရေဒီယိုနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ယူကရိန်းပဋိပက္ခအပြီးသတ်ပြီးနောက် ရုရှားအား ကမ္ဘာ့ စီးပွားရေးစနစ်နှင့် ဥရောပလုံခြုံရေးတို့တွင် အပြည့်အဝပြန်လည် ပေါင်းစည်းနိုင်မည်ဟု ထုတ်ဖော်ပြောဆိုခဲ့ပါသည်။