မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးစုများအားလုံးသည် ရှေးနှစ်ပေါင်းများစွာကပင် တစ်မြေတည်းနေ၊ တစ်ရေတည်းသောက် အေးအတူပူအမျှ စည်းလုံးညီညွတ်စွာ ကမ္ဘာ့အလယ်တွင် ထည်ထည်ဝါဝါ ရပ်တည် နေထိုင် ခဲ့ကြသည်။ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၏ သာယာလှပသော တောတောင်ရေမြေ သဘာဝပတ်ဝန်းကျင်ကောင်းများဖြင့် ရိုးသား ဖြူစင်သော နာဂတိုင်းရင်းသားလူမျိုးစုများ အများဆုံးနေထိုင်ရာ ဒေသတစ်ခုဖြစ်သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၂၀၀၈) ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ (၅၆) အပိုဒ်ခွဲ (က) အရ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ လဟယ်မြို့နယ်၊ လေရှီးမြို့နယ်၊ နန်းယွန်းမြို့နယ် သုံးမြို့နယ်နှင့် လဟယ်၊ ထန်ပါခွေ၊ လေရှီး၊ ဆွမ္မရာ၊ နန်းယွန်း၊ ပန်ဆောင်၊ ဒုံဟီးမြို့ခုနစ်မြို့တို့ကို စုစည်း၍ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအဖြစ် ဖွဲ့စည်းထားကာ အရှေ့ဘက်တွင် ကချင်ပြည်နယ်နှင့် ခန္တီးခရိုင်၊ အနောက်ဘက်တွင် အိန္ဒိယနိုင်ငံ၊ တောင်ဘက်တွင် ခန္တီးခရိုင်၊ တမူးခရိုင်၊ ဟုမ္မလင်းခရိုင်နှင့် မြောက်ဘက်တွင် အိန္ဒိယနိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ဆက်စပ်လျက်ရှိသည်။ အကျယ်အဝန်းအားဖြင့် ဧရိယာစတုရန်းမိုင်ပေါင်း ၅၁၆၈ ဒသမ ၂၀၆ မိုင် ကျယ်ဝန်းပြီး လူဦးရေ ၁၃၇၅၆၉ ဦး နေထိုင်သည့် ဒေသတစ်ခုဖြစ်သည်။
တိုင်းရင်းသားအသီးသီးတွင် နှစ်သစ်ကူးများရှိ
နိုင်ငံတိုင်း၊ လူမျိုးတိုင်းတွင် နှစ်သစ်ကူးနေ့များ အသီးသီးရှိသကဲ့သို့ မြန်မာနိုင်ငံအတွင်း မှီတင်း နေထိုင်ကြသော တိုင်းရင်းသားအသီးသီးတွင်လည်း နှစ်သစ်ကူးနေ့များရှိကြသည်။ နာဂရိုးရာ နှစ်သစ်ကူးပွဲတော်အား ယခင်က မြို့နယ်တစ်ခုချင်းစီအလိုက် ကျင်းပခဲ့ခြင်းဖြစ်သော်လည်း ၁၉၉၂ ခုနှစ်မှ စတင်၍ နာဂဒေသရှိ မြို့နယ်များအတွင်း အလှည့်ကျကျင်းပခဲ့ရာ ၂၀၂၃ ခုနှစ် နာဂရိုးရာနှစ်သစ်ကူးပွဲတော် အခမ်းအနားကို နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့ ရိုးရာ ကွင်းနေရာ၌ ဇန်နဝါရီ ၁၅ ရက်က ကျင်းပခဲ့ရာ အဆိုပါအခမ်းအနားသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ကိုယ်တိုင်တက်ရောက်ချီးမြှင့်ခဲ့သည်။
နာဂဒေသဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးနိုင်ခဲ့
နိုင်ငံတော်အစိုးရသည် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အပါအဝင် တစ်နိုင်ငံလုံး ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် လမ်းပန်း ဆက်သွယ်ရေး၊ လျှပ်စစ်ဓာတ်အားရရှိရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်စေရေးစသည့် စီမံချက်များချမှတ်ပြီး လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မည့် ကဏ္ဍအားလုံးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ကျပ် ငါးဘီလီယံ မတည်ပေးခဲ့သည်။ နာဂဒေသဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ထောင်စုရန်ပုံငွေ နှင့် တိုင်းဒေသကြီး ရန်ပုံငွေဖြင့်လည်း ၂၀၂၁ -၂၀၂၂ ဘဏ္ဍာနှစ်၊ ၂၀၂၂ ဘဏ္ဍာနှစ်ဝက်အတွင်း ကျပ်သန်းပေါင်း ၂၆၈၈၀ ဒသမ ၃၆၈ ဖြင့် အကျိုးပြုဆောင်ရွက်ပေးနိုင်ခဲ့သည်။
လုပ်ငန်းရှင်များအား ချေးငွေထုတ်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိ
နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ မတည်ထောက်ပံ့ငွေ ကျပ် ငါးဘီလီယံကို စိုက်ပျိုးရေး ထွက်ကုန်များနှင့် မွေးမြူရေးထွက်ကုန်များအပေါ် အခြေခံ၍ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများကို တစ်ပိုင်တစ်နိုင်မှ စီးပွားဖြစ်လုပ်ငန်းများသို့ အချိန်တို အတွင်း ရောက်ရှိလာစေရန်နှင့် ဒေသထွက် ကုန်ကြမ်းပစ္စည်းများကို အသုံးပြုပြီး တန်ဖိုးမြှင့် ထုတ်ကုန်များအဖြစ် ထုတ်လုပ်နိုင်ရေး၊ ပြည်တွင်းဈေးကွက်သာမက ပြည်ပဈေးကွက်သို့ တင်ပို့နိုင်ရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍတွင် လဟယ်မြို့နယ်သို့ ကျပ်သန်း ၂၃၀၀၊ လေရှီးမြို့နယ်သို့ ကျပ်သန်း ၆၆၀ နှင့် နန်းယွန်းမြို့နယ်များ အတွက် ကျပ်သန်း ၁၂၄၁ ဒသမ ၉၂၅ တို့ကို လည်းကောင်း၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွင် လဟယ်မြို့နယ်မှ MSME လုပ်ငန်းရှင် ၁၂ ဦးအား ကျပ်သန်း ၂၀၀ ထုတ်ချေးပေးထားပြီး လေရှီးမြို့နယ်နှင့် နန်းယွန်းမြို့နယ်များမှ MSME လုပ်ငန်းရှင်များအား ချေးငွေထုတ်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ မတည်ထောက်ပံ့ငွေဖြင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင်ဖြစ်ထွန်းသည့် ထောပတ်၊ မက်မန်း၊ မျောက်ငို၊ လိမ္မော်၊ ဝဥ၊ ချဉ်ပေါင်ဖာလာ၊ ကော်ဖီ၊ လက်ဖက် နှင့် သရက်စသည့် နှစ်ရှည်သီးနှံများ ၅၃၄ ဧက နှင့် ရာသီသီးနှံ ၃၀၇ ဧက၊ စုစုပေါင်း ၈၄၁ ဧက တိုးချဲ့စိုက်ပျိုးနိုင်ရေး ဆောင်ရွက်လျက် ရှိသည်။
နှစ်ရှည်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ပျိုးပင်ဖြန့်ဝေ
နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွင် ဖြစ်ထွန်းသည့် နှစ်ရှည်သီးနှံများ စိုက်ပျိုးပြီး ဒေသ၏ အဓိကထုတ်ကုန်အဖြစ် ထုတ်လုပ်နိုင်ရေးအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့ငွေလုံးငွေရင်းဘဏ္ဍာ ရန်ပုံငွေ ဖြင့်လည်း နာဂဒေသနှင့် နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (Naga and Border Development Project - NBADP) ကို လေရှီး၊ လဟယ်၊ နန်းယွန်း၊ မိုပိုင်းလွတ်၊ ထန်ပါခွေ၊ ဒုံဟီးမြို့နယ်များတွင် ၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ်မှစတင်၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အထိ သုံးနှစ် စီမံကိန်းဖြင့် တစ်မြို့နယ်လျှင် ကျပ်သိန်း ၁၀၀ ကို နှစ်စဉ် ကျခံ သုံးစွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၂၂- ၂၀၂၃ ခုနှစ်အတွင်း နှစ်ရှည်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ပျိုးပင်ဖြန့်ဝေမှုအနေဖြင့် လက်ဖက်ပင် ၂၁၅၀၀၊ ကော်ဖီပင် ၅၅၀၀၊ မျောက်ငိုပင် ၇၃၀၀၊ မက်မန်းပင် ၆၀၀၊ သရက်ပင် ၁၁၀၀၊ ပီလောပီနံ ပင် ၂၀၀၀ နှင့် အာလာဂျီပင် ၂၀၀၀ တို့ကို ဖြန့်ဖြူးပေးနိုင်ခဲ့သည်။
နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဒေသခံတောင်သူများသည် ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးနည်း စနစ်ကိုသာ မိရိုးဖလာလုပ်ငန်း အဖြစ် လုပ်ကိုင်စိုက်ပျိုးကြသဖြင့် သစ်တောများကို နှစ်စဉ်ခုတ်ထွင် စိုက်ပျိုးကြသဖြင့် သစ်တောများပြုန်းတီးခြင်းနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးခြင်း၊ မိုးခေါင်ရေရှားခြင်းနှင့် ပြဿနာများ နှစ်စဉ်ကြုံတွေ့ခံစားကြရသည်။ အဆိုပါပြဿနာများကို ဖြေရှင်းပေး နိုင်ရေးနှင့် ဒေသခံများအတွက် ရေရှည်တည်တံ့ခိုင်မြဲစေမည့် တောင်စောင်း စိုက်ပျိုးနည်းစနစ် ဖော်ဆောင်မှုကို တိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ၂၀၂၀-၂၀၂၁ ခုနှစ်တွင် လှေကားထစ် လယ်ယာမြေ ၁၅ ဧက ကို ဖော်ထုတ်ပေးခဲ့သည့်အပြင် ယခုနှစ်တွင် လဟယ်မြို့မျက်နှာစာ အရှေ့ဘက်ခြမ်းရှိ တောင်ကုန်းများတွင် တောင်စောင်းစိုက်ပျိုးနည်းစနစ်ဖြင့် စိုက်ပျိုးရန် ၁၀ ဧကကို တိုးချဲ့ဖော်ဆောင်ခဲ့ပြီး အဆင့်မြင့် လယ်ယာမြေဖော်ဆောင်ခြင်း လုပ်ငန်းများကို ၂၀၂၁ - ၂၀၂၃ ခုနှစ်တွင် ၂၀၂၂ ဘဏ္ဍာနှစ်အတွင်း လဟယ်မြို့နယ်တွင် အဆင့်မြင့်လယ်ယာမြေ ဧက ၃၀ နှင့် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ကုန်းမြင့်လယ်ယာ ဧက ၃၀၀ ထပ်မံဖော်ထုတ်ပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ တောင်စောင်းစိုက်ပျိုးနည်းစနစ် ဖော်ဆောင်ထားသည့် တောင်ယာများတွင် နှစ်ရှည်သီးနှံများ ဖြစ်သည့် ကော်ဖီ၊ လက်ဖက်၊ မက္ကဒေးမီးယား၊ လိမ္မော်၊ ထောပတ်၊ မျောက်ငို၊ သရက်စသည့် နှစ်ရှည်သီးနှံများအပြင် ရာသီအလိုက် ဝင်ငွေရရှိစေမည့် တောင်ယာ စပါး၊ ပဲပုပ်၊ အစေ့ထုတ်ပြောင်းနှင့် ဟင်းသီးဟင်းရွက်မျိုးစုံ စိုက်ပျိုး နိုင်ရေး နည်းပညာပေးဆောင်ရွက်လျက်ရှိသည်။
ပူးတွဲဖွင့်လှစ်
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံနှင့်အဝန်း လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်စေရန် ဘက်ပေါင်းစုံမှ ဆောင်ရွက်ပေးနေသကဲ့သို့ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့ အစိုးရနည်းပညာ အထက်တန်းကျောင်းကို အစိုးရစက်မှုလက်မှု သိပ္ပံကျောင်းအဖြစ် အဆင့်မြှင့်တင်ရေးနှင့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့ အ.ထ.ကကျောင်းတွင် ၂၀၂၃ - ၂၀၂၄ ပညာ သင်နှစ်၌ စိုက်ပျိုးရေးနှင့် မွေးမြူရေး အထက်တန်းကျောင်း ပူးတွဲ ဖွင့်လှစ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိသည်။
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ လမ်းပန်းဆက်သွယ်ရေး ကဏ္ဍတွင်လည်း နိုင်ငံတော်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့က နှစ်စဉ် တိုးချဲ့ဆောင်ရွက်ပေးမှုကြောင့် သွားလာဆက်သွယ်ရေး လွယ်ကူ သွားသည့်အတွက် နာဂသွေးချင်းများ၏ အဓိကအလုပ်အကိုင် အသက်မွေးဝမ်းကျောင်းဖြစ်သည့် စိုက်ပျိုးမွေးမြူရေးကဏ္ဍကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်တော့မည်ဖြစ်သကဲ့သို့ ထွက်ရှိ လာသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးထွက်ကုန်များကိုလည်း လေရှီး- လဟယ် - ခန္တီးလမ်းမှတစ်ဆင့် မြေပြန့်ဒေသများသို့ အလွယ်တကူ တင်ပို့ရောင်းချနိုင်ခြင်းဖြင့် စီးပွားရေးကွင်းဆက် ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။
Source-Myawady Webportal
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၉ ရက်သည် ကမ္ဘာ့နှလုံး ကျန်းမာရေးနေ့ဖြစ်သည်။ ယခုနှစ် ကမ္ဘာ့နှလုံးကျန်းမာရေးနေ့အတွက် ကမ္ဘာ့နှလုံး ကျန်းမာရေးအဖွဲ့ချုပ်၏ ဆောင်ပုဒ်မှာ " Use Heart for Action" ဖြစ်ပြီး မြန်မာဘာသာနှင့် ဆီလျော်စွာ "နှလုံးအစဉ်ကျန်းမာဖို့ သိဉာဏ်ဆင်ခြင် ဆောင်ရွက်စို့"ဟု ပြန်ဆိုထားပါသည်။
ကမ္ဘာ့နှလုံးကျန်းမာရေးအဖွဲ့သည် ကမ္ဘာတစ်ဝန်းရှိ လူမှုအဖွဲ့အစည်းပေါင်း ၂၀၀ ကျော်ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပါသည်။ ၎င်း၏အဖွဲ့ဝင်နိုင်ငံများသည် နှလုံးကျန်းမာရေး အသိပညာဖြန့်ဝေခြင်းနှင့် ကောင်းမွန်သော ကျန်းမာရေး အလေ့အထများကို လုပ်ဆောင်ရန် တိုက်တွန်းခြင်းတို့ကို အလေးထားဆောင်ရွက်လျက်ရှိပါသည်။
ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ ဖြစ်ပေါ်လာသည့် သမိုင်းကြောင်းကို လေ့လာကြည့်ရာ ၁၉၉၇ ခုနှစ်မှ ၁၉၉၉ ခုနှစ်အထိ World Heart Federation (WHF) အဖွဲ့ကြီး၏ ဥက္ကဋ္ဌ (President) အဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သော Autoni Baye’s de Luna ၏ စိတ်ကူးစိတ်သန်းဖြင့် ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ကို သတ်မှတ်၍ ကမ္ဘာ့လူသားများ၏ နှလုံးကျန်းမာရေးဆိုင်ရာ အသိပညာများကို မြှင့်တင်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်ရန်ရည်ရွယ်ပြီး ၁၉၉၉ ခုနှစ်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)နှင့် ကမ္ဘာ့နှလုံးကျန်းမာရေးအဖွဲ့ World Heart Federation(WHF)တို့ ပူးပေါင်းညှိနှိုင်း၍ နှစ်စဉ် စက်တင်ဘာလ၏ နောက်ဆုံး တနင်္ဂနွေနေ့ကို ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ (World Heart Day) အဖြစ် စတင်သတ်မှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။ ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ (World Heart Day)ကို ၁၉၉၉ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ နှစ်စဉ် စက်တင်ဘာလ၏ နောက်ဆုံး တနင်္ဂနွေနေ့တွင် ကျင်းပခဲ့ရာ ၂၀၁၁ ခုနှစ်နောက်ပိုင်းတွင် စက်တင်ဘာလ၏ နောက်ဆုံးတနင်္ဂနွေနေ့ အစား စက်တင်ဘာလ ၂၉ ရက်ကို ကမ္ဘာ့နှလုံး ကျန်းမာရေးနေ့ (World Heart Day)အဖြစ် ပြောင်းလဲ၍ ကျင်းပလာခဲ့ခြင်းဖြစ်ကြောင်း လေ့လာ သိရှိရပါသည်။
နှစ်စဉ်နှစ်တိုင်း ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ (World Heart Day) အခမ်းအနားများကို စက်တင်ဘာလ ၂၉ ရက်တွင် ကျင်းပခြင်း၏ ရည်ရွယ်ချက်မှာ ပြည်သူလူထုအတွင်း နှလုံးသွေးကြောရောဂါများနှင့် ပတ်သက်သော ကျန်းမာရေးဗဟုသုတများ တိုးပွားစေရန်၊ နှလုံးသွေးကြော ရောဂါများဖြစ်ပွားမှုနှင့် သေဆုံးမှုများ လျော့နည်းကျဆင်းစေရန် အတွက် နှလုံးသွေးကြော ရောဂါဖြစ်ပွားမှုကို ကာကွယ်နိုင်မည့် လူနေမှုဘဝ ပုံစံများဖြင့် နေထိုင်ကြစေရန်နှင့် တစ်ကမ္ဘာလုံးတွင် နှလုံးနှင့် သွေးကြောရောဂါများ၏ ပြည်သူ့ကျန်းမာရေးအပေါ် ကြီးမားသည့်ဝန်ထုပ်ဝန်ပိုးများ ရှိနေခြင်းတို့ကို သတိပြုစေရန်တို့အတွက် ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်ပါသည်။
ယခုနှစ် စက်တင်ဘာလ ၂၉ ရက်တွင် ကျရောက်သော ကမ္ဘာ့နှလုံး ကျန်းမာရေးနေ့ (World Heart Day)ကိုလည်း ကမ္ဘာတစ်လွှားရှိ ရာကျော်သော ကမ္ဘာ့နှလုံးကျန်းမာရေး အဖွဲ့ဝင် အဖွဲ့အစည်းများ၊ တက္ကသိုလ်နှင့် ကျောင်းပေါင်းစုံ အားကစားအသင်းများ၊ နှလုံးရောဂါအဖွဲ့အစည်းများမှ ဘာသာစကားမျိုးစုံ၊ လှုပ်ရှားမှုအသွင်သွင်ဖြင့် တက်ကြွစွာကျင်းပ ဆောင်ရွက်ကြမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံ အနေဖြင့်လည်း ကမ္ဘာတစ်လွှား နှလုံးကျန်းမာရေး လှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်လျက်ရှိပါသည်။
နှလုံးနှင့် နှလုံးသွေးကြောရောဂါကြောင့် ကမ္ဘာတစ်ဝန်းတွင် အချိန်နှင့်အမျှ သေဆုံးမှုများပြားနေသည်ကို တွေ့ရှိရပါသည်။ နှလုံးသွေးကြောရောဂါ (ရုတ်တရက်နှလုံးသွေးကြော ပိတ်ခြင်း၊ လေဖြတ်ခြင်းနှင့် နှလုံးညှစ်အား ကျဆင်းခြင်း)ကြောင့် နှစ်စဉ် လူဦးရေ ၂၀ ဒသမ ၅ သန်းခန့် သေဆုံးနေကြပါသည်။ သေဆုံးမှုအများစုမှာ ဝင်ငွေနည်းသော နိုင်ငံများနှင့် ဝင်ငွေအသင့်အတင့်ရှိသော နိုင်ငံများမှဖြစ်သည်။ထိုသေဆုံးမှုနှုန်းကို လျှော့ချရန်အတွက်-
- ကျွန်ုပ်တို့ နေ့စဉ်စားသောက်နေထိုင်မှုပုံစံကို ကျန်းမာရေးနှင့် ညီညွတ်အောင် ပြောင်းလဲနေထိုင် စားသောက်ပါ၊
- လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ၊
- စိတ်ဖိစီးမှုကို လျှော့ချပါ၊ထိုသို့ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခြင်းဖြင့် နှလုံးသွေးကြောရောဂါကြောင့် အရွယ်မတိုင်မီသေဆုံးခြင်း၏ ၈၀ ရာခိုင်နှုန်းကို ကာကွယ်နိုင်ပါသည်။အသိဉာဏ်ဖြင့်ဆင်ခြင်၍ သင့်တင့်သော အစားအစာကို ရွေးချယ်စားသုံးပါ
- အချိုဓာတ်များသော ဖျော်ရည်များနှင့် အသီးဖျော်ရည်များ အစား ရိုးရိုးရေနှင့် အချိုဓာတ်နည်းသော ဖျော်ရည်များကို ရွေးချယ်ပါ၊
- အချိုဓာတ်များသော သရေစာများအစား ကျန်းမာရေးအတွက် ပိုမို သင့်လျော်သည့် လတ်ဆတ်သော အသီးအနှံများကို ပြောင်းလဲ စားသုံးပါ၊
- အသီးအနှံ သို့မဟုတ် ဟင်းသီးဟင်းရွက်များကို လက်တစ်ဆုပ်စာခန့် နေ့စဉ် စားသုံးပါ၊
- လတ်ဆတ်သော အသီးအနှံ၊ အအေးခံထားသော အသီးအနှံများနှင့် အသီးအနှံ စည်သွတ်ဘူးများ၊ အခြောက်ခံထားသော အသီးအနှံ၊ ဟင်းသီးဟင်းရွက် များကို စားသုံးပါ၊
-အရက်ကို အသင့်အတင့်ချင့်ချိန်၍ သောက်သုံးပါ။ မသောက်သုံးခြင်းသည် ပို၍ကျန်းမာရေးနှင့် ညီညွတ်ပါသည်၊
-ဆားအငန်ဓာတ်၊ အချိုဓာတ်နှင့် အဆီများသော တာရှည်ခံစည်သွတ်အသားများကို လျှော့စားပါ။ အသင့်စားအစားအသောက်များအစား လတ်ဆတ်သော အစားအစာများကို ချက်ပြုတ်စားသောက်ပါ၊
-နှလုံးကျန်းမာရေးနှင့်ညီညွတ်သော ဟင်းချက်နည်းများကို လူမှုကွန်ရက်မီဒီယာတွင် ရှာဖွေလေ့လာပါ။အသိဉာဏ်ဖြင့်ဆင်ခြင်၍ ဆေးလိပ်နှင့်ဆေးရွက်ကြီး ရှောင်ကြဉ်ပါ ။
-နှလုံးသွေးကြောရောဂါ ဖြစ်နိုင်ခြေသည် ဆေးလိပ်ဖြတ်ပြီး တစ်နှစ်အတွင်း သိသာစွာ ကျဆင်းပါသည်။
-ဆေးလိပ်ဖြတ်ပြီး ၁၅ နှစ်အကြာတွင် ဆေးလိပ် မသောက်သုံးသူများနှင့် တန်းတူဖြစ်လာနိုင်ပါသည်၊
-တစ်ဆင့်ခံ ဆေးလိပ်ငွေ့ရှူရှိုက်မိသော သူများတွင်လည်း နှလုံးရောဂါ ဖြစ်နိုင်ပါသည်၊
-ဆေးလိပ်ဖြတ်ခြင်း၊ ဆေးလိပ်မသောက်ခြင်းသည် သင့်ကျန်းမာရေး အတွက်သာမက သင့်ပတ်ဝန်းကျင်ရှိ လူများ၏ ကျန်းမာရေးအတွက်ပါ အထောက်အကူဖြစ်စေပါသည်၊
-ဆေးလိပ်ဖြတ်ရန်ခက်ခဲနေပါက ကျွမ်းကျင်သော ဆရာဝန်/ ပညာရှင်များထံမှ အကြံဉာဏ်ကောင်းများရယူပါ၊
-E-စီးကရက်များနှင့် ဆေးလိပ်အစားထိုး နီကိုတင်း အငွေ့ရှူစက်များ (ဥပမာ-Vape)သည် အန္တရာယ်ကင်းသော ဆေးလိပ်အစားထိုးပစ္စည်းများ မဟုတ်ရုံမျှမက ပို၍ပင် နှလုံးသွေးကြောရောဂါ ဖြစ်နိုင်ခြေ အန္တရာယ်ရှိပါသည်။အသိဉာဏ်ဖြင့်ဆင်ခြင်၍ လှုပ်ရှားတက်ကြွစွာနေထိုင်ပါ ။
-အသင့်အတင့်ပြင်းထန်သော လေ့ကျင့်ခန်းများကို တစ်ပတ်လျှင် မိနစ် ၁၅၀ မှ မိနစ် ၃၀၀ အထိ၊ ပြင်းထန်သော လေ့ကျင့်ခန်းများကို တစ်ပတ်လျှင် ၇၅ မိနစ်မှ မိနစ် ၁၅၀ အထိ ကြိုးစားလုပ်ဆောင်ပါ၊
-ထိုထက်ပို၍ လေ့ကျင့်ခန်း ပိုလုပ်နိုင်လေ ပိုကောင်းလေဖြစ်သည်။ ပို၍တက်ကြွစွာ နေထိုင်ခြင်းသည် သင့်ကျန်းမာရေးကို ပို၍ကောင်းမွန်စေပြီး ကိုယ်လက်လှုပ်ရှားမှု နည်းသော လူနေမှုပုံစံ၏ မကောင်းကျိုးများကို ရှောင်ရှားနိုင်ပါသည်၊
- နေ့စဉ် တက်ကြွစွာလှုပ်ရှားပါ၊ ဓာတ်လှေကားအစား ရိုးရိုးလှေကားကို အသုံးပြုပါ၊ ကားစီးသွားမည့် အစား လမ်းလျှောက်ပါ၊ စက်ဘီးစီးပါ၊ ပြေးလွှားကစားပါ၊ အိမ်မှုကိစ္စများလုပ်ပါ၊ ကခုန်ပါ၊ နှစ်သက်ရာ ရွေးချယ်ပြုလုပ်ပါ၊
-ခန္ဓာကိုယ်ရှိကြွက်သားများ သန်မာစေသည့် လေ့ကျင့်ခန်းများကို တစ်ပတ်လျှင် နှစ်ရက်ခန့် လုပ်ဆောင်ပါ၊
-ခြေလှမ်းမှတ်သော နာရီ၊ စက်ငယ်များကို အသုံးပြုပြီး တိုးတက်မှုကို သုံးသပ်နိုင်ပါသည်၊ သင်နှစ်ခြိုက်သော ကိုယ်လက်လှုပ် ရှားမှုပုံစံကို ရွေးချယ်ပါ။ သင်လုပ်ဆောင်နိုင်မည့် အနေအထားအတိုင်း ရည်မှန်းချက်ထား ဖြည်းဖြည်း လုပ်ဆောင်ပြီး တိုးတက်လာအောင် ကြိုးစားပါ။ လှုပ်ရှားတက်ကြွစွာ နေထိုင်ရန် ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုများ လုပ်ရမည်ဟုမဆိုလိုပါ။ ခန္ဓာကိုယ်ကို လှုပ်ရှားပေးပြီး လေ့ကျင့်ခန်းလုပ်၍ ပျော်ရွှင်လာစေခြင်းကို ရည်ရွယ်သည်။
ကမ္ဘာ့နှလုံးကျန်းမာရေးနေ့တွင် ကမ္ဘာတစ်ဝန်းရှိပြည်သူများအား နှလုံးကျန်းမာရေး သတိရှိစေရန်အတွက် အသိပညာပေးမျှဝေခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်းကို ဆောင်ရွက်နိုင်ရန် နည်းလမ်းများ ချမှတ်ပေးရန် လိုအပ်ပါသည်။
ယခုနှစ်တွင် နိုင်ငံတစ်ဝန်း နှလုံးကျန်းမာရေးအတွက် အဓိကထား လိုက်နာလုပ်ဆောင်ရမည့် အချက်များကို တိုးမြှင့်ဆောင်ရွက်ရန် တိုက်တွန်း နှိုးဆော်ထားပါသည်။
ကျွန်ုပ်တို့၏ နှလုံးကျန်းမာရေးအတွက် မိမိအသိဉာဏ်ဖြင့် နေ့စဉ်ပြုမူဆောင်ရွက်နေသည်များကို ကောင်းမွန်မှန်ကန်စွာ ရွေးချယ်ခြင်းဖြင့် အသက်ရှည်၍ ပိုပြီးကျန်းမာ ပျော်ရွှင်သော ဘဝကို ပိုင်ဆိုင်နိုင်မည်ဖြစ်ပါသည်။
Source-Myawady Webportal
လူသားတိုင်းဟာ မိမိတို့အသက်ရှင်သန်နေထိုင်ဖို့ နေ့စဉ်စားဝတ်နေရေးအတွက် လှုပ်ရှားရုန်းကန် နေကြရပါတယ်။ အလုပ်အကိုင်အသီးသီး ရှိကြရာမှာ နိုင်ငံ့ဝန်ထမ်းဖြစ်သူက နိုင်ငံ့ဝန်ထမ်းအလုပ်၊ ကုန်သွယ်ရောင်းဝယ်သူက ကုန်သွယ်မှုအလုပ်၊ စိုက်ပျိုးမွေးမြူသူတွေက စိုက်ပျိုးရေး၊ မွေးမြူရေး အလုပ်စသည်ဖြင့် လုပ်ဆောင်နေကြရပါတယ်။ အားလုံးက ကိုယ်စီလုပ်ငန်းတွေကို အောင်မြင်အောင် လုပ်ဆောင်ကြမှသာ တစ်ဦးချင်းစီရဲ့စီးပွားရေး ပြေလည်ကောင်းမွန်မှာဖြစ်ပါတယ်။ တစ်ဦးချင်းဝင်ငွေကောင်း၊ အလုပ်အကိုင်ကောင်းမှလည်း နိုင်ငံ့စီးပွားရေးကောင်းမွန်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ စျေးကွက် စီးပွားရေးစနစ်ကို ကျင့်သုံးနေတဲ့ နိုင်ငံဖြစ်တဲ့အတွက် အလုပ်လုပ်နိုင်လျှင် လုပ်နိုင်သမျှ အကျိုးဖြစ်ထွန်းမှာ ဖြစ်ပါတယ်။
နိုင်ငံသားတိုင်းအနေနဲ့ နိုင်ငံချစ်စိတ်ရှိနေကြရမှာ ဖြစ်ပါတယ်။ နိုင်ငံချစ်စိတ်ဆိုတဲ့အထဲမှာ မိမိနိုင်ငံကို အခြားတိုးတက်တဲ့ နိုင်ငံများနည်းတူ တိုးတက်အောင် ဆောင်ရွက်လိုတဲ့ စိတ်ဓာတ်လည်း ပါဝင်ပါတယ်။ လူသားချင်းအတူတူ သူ့နိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်နိုင်ရင် ငါ့နိုင်ငံကိုလည်း ငါတို့ဖွံ့ဖြိုးတိုးတက်အောင် လုပ်မယ်ဆိုတဲ့ စိတ်ဓာတ်မျိုးကို နိုင်ငံအတွင်းမှီတင်းနေထိုင်သူတိုင်းက မွေးမြူကြရမှာဖြစ်ပါတယ်။ တခြားနိုင်ငံကနေ မိမိနိုင်ငံအတွက် လိုအပ်တဲ့ အစားအစာတွေ၊ အဝတ်အထည်တွေတင်သွင်းနေရမယ့်အစား မိမိတို့ မြန်မာနိုင်ငံမှာရော စိုက်ပျိုးထုတ်လုပ်ရင်မဖြစ်နိုင်ဘူးလား ဆိုတဲ့စိတ်နဲ့ လုပ်ဆောင်ကြမယ်ဆိုရင် ကျွန်တော်တို့နိုင်ငံမှာ ပြည်ပကနေ တင်သွင်းနေရတဲ့ အရာမှန်သမျှ တဖြည်းဖြည်းလျော့နည်းလာမှာ ဖြစ်ပါတယ်။ အဲဒီလိုဖြစ်အောင် ကြိုးစားကြစေချင်ပါတယ်။ အထူးသဖြင့် ပြည်ပကနေစားသုံးဆီ တင်သွင်းနေရတဲ့ ကိစ္စနဲ့ပတ်သက်လို့ နိုင်ငံအတွင်းမှာ ဆီထွက်သီးနှံတွေ ပိုမိုဖြစ်ထွန်းအောင်မြင်အောင် စိုက်ပျိုးထုတ်လုပ်မယ်၊ ဆီကြိတ်စက်တွေနဲ့ ဆီကြိတ်ခွဲမယ်ဆိုရင် ပြည်ပကမှာယူတင်သွင်းမှု ပပျောက်သွားမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ စိုက်ပျိုးမွေးမြူရေးကို အခြေခံတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ နိုင်ငံရဲ့ မြေမျက်နှာသွင်ပြင်၊ ရာသီဥတု အနေအထားတွေအရ စိုက်ပျိုးရေးလုပ်ငန်းဟာ လုပ်ရင်လုပ်သလောက်အောင်မြင်နေတဲ့ အနေအထား ဖြစ်ပါတယ်။ ရေအရင်းအမြစ်လည်း ပေါကြွယ်နေတာဖြစ်လို့ ခက်ခဲမှုဆိုတာသိပ်မရှိနိုင်ပါဘူး။ ခေတ်မီနည်းပညာ ဆိုတာတွေကိုလည်း သုတေသနလုပ်ငန်းတွေ တီထွင်ဆောင်ရွက်ပြီး နည်းပညာ အဆင့်အတန်းမီအောင် နိုင်ငံတော်အစိုးရက ဆောင်ရွက်ပေးနေပါတယ်။ စိုက်ပျိုးရေး လုပ်ငန်းတွေ အောင်မြင်ဖို့ဆိုရင် မျိုး၊ မြေ၊ ရေ၊ နည်း ဆိုတဲ့ အရာလေးမျိုးလိုအပ်ပါတယ်။ ဒါတွေကို နိုင်ငံတော်ပိုင်းကကူညီနေတာဖြစ်လို့ စိုက်ပျိုးရေး လုပ်ကိုင်သူတွေအနေနဲ့ မိမိတို့လုပ်ငန်းကို ပိုမိုအောင်မြင်မှုရှိအောင် လုပ်ဆောင်ကြဖို့သာဖြစ်ပါတယ်။
ဆီထွက်သီးနှံတွေဖြစ်တဲ့မြေပဲ၊ နှမ်း၊ နေကြာ၊ ဆီအုန်း၊ ပန်းနှမ်း၊ ဆီမုန်ညင်း၊ ပဲပုပ်တွေကို သတ်မှတ်ထားတဲ့ စိုက်ဧကများအတိုင်း ပြည့်မီအောင်စိုက်ပျိုးပြီး ပန်းတိုင်အထွက်နှုန်းအတိုင်း ထွက်ရှိမယ်ဆိုရင် ပြည်တွင်း စားသုံးဆီဖူလုံနိုင်မှာဖြစ်ကာ ပြည်ပကနေစားသုံးဆီ ဝယ်ယူတင်သွင်းမှုကို လျှော့ချနိုင်မှာဖြစ်ပါတယ်။ ဒါပေမဲ့ လုပ်ငန်းလုပ်ကိုင်သူတွေအနေနဲ့ စိုက်ဧကတွေ အများကြီးရှိနေတာကို ပြည့်မီအောင်မစိုက်ပျိုးနိုင်ကြဘူး။ စိုက်ဧကတွေအများကြီးရှိနေရက်နဲ့ ပြည့်မီအောင် စိုက်ပျိုးနိုင်ခြင်း မရှိတဲ့အတွက် စားသုံးဆီကိုပြည်ပကနေ မှာယူတင်သွင်းနေရပါတယ်။ ဆီထွက်သီးနှံများကို ဆီအဖြစ်ထုတ်ယူသုံးစွဲခြင်းထက် ပို့ကုန်များအဖြစ် တင်ပို့ခြင်းနဲ့ တိုက်ရိုက်စားကုန်များအဖြစ် စားသုံးခြင်းတို့ကြောင့်လည်း ဒေသတွင်း ဆီလိုအပ်ချက်တွေ ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။ စိုက်ပျိုးတဲ့ တောင်သူတွေအနေနဲ့ စိုက်ဧကပြည့်မီအောင်စိုက်ပျိုးသင့်ပါတယ်။ စိုက်ဧကအသစ်တိုးချဲ့ခြင်းထက် လက်ရှိရှိထားတဲ့စိုက်ဧကတွေမှာပဲ ပြည့်မီအောင်၊ ပန်းတိုင်အထွက်နှုန်း ရရှိအောင် စိုက်ပျိုးရမှာဖြစ်ပါတယ်။ အချို့ဒေသတွေမှာဆိုရင်လည်း သီးထပ်စိုက်ပျိုးနိုင်တဲ့ အခြေအနေတွေရှိနေတာကြောင့် စိုက်ဧကမပြည့်မီရင်တောင် သီးထပ်စိုက်ပျိုးကြဖို့ လိုအပ်ပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂ဝ၂၄ ခုနှစ် ဇူလိုင်လ ၅ ရက်ကကျင်းပတဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၅/၂ဝ၂၄)တွင် အမှာစကားပြောကြားစဉ် ‘‘ ပြည်တွင်းဆီဖူလုံမှုနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း ၊နေကြာ၊ ဆီအုန်း၊ ပဲပုပ်တို့ကို အများစုစိုက်ပျိုးကြကြောင်း၊ အဆိုပါဆီထွက်သီးနှံများကို အများဆုံးစိုက်ပျိုးသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ပန်းတိုင်ရည်မှန်းချက်များအတိုင်း ထွက်ရှိစေရေး ဆောင်ရွက်မည်ဆိုပါက ပြည်တွင်းဆီဖူလုံမှုကို များစွာအထောက်အကူပြုစေမည်ဖြစ်ကြောင်းဟူ၍ ထည့်သွင်း ပြောကြားခဲ့ပါ တယ်။
နိုင်ငံ့စီးပွားမြင့်မားရေးအတွက် စီးပွားရေးဦးတည်ချက်(၃)ရပ်ချမှတ်ဆောင်ရွက်ထားရာမှာ ‘‘ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက် ဆီထွက်သီးနှံစိုက်ပျိုးမှုကို အားပေးမြှင့်တင်ပြီး ပန်းတိုင်ရည်မှန်းချက်အတိုင်း ထွက်ရှိအောင် ဆောင်ရွက်၍ နိုင်ငံအတွင်းဖူလုံမှုမှသည် ပြည်ပသို့တင်ပို့နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ရေး’’ဦးတည်ချက်ပါဝင်ပါတယ်။
ပြည်တွင်းစားသုံးဆီဖူလုံမှုနှင့်ပတ်သက်လို့ မြေပဲ၊ နှမ်း၊ နေကြာ၊ ဆီအုန်း၊ ပန်းနှမ်း၊ ဆီမုန်ညင်း၊ ပဲပုပ်တို့ကိုအများစု စိုက်ပျိုးကြပါတယ်။ အဆိုပါဆီထွက် သီးနှံများအများဆုံး စိုက်ပျိုးကြတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်များမှာ ပန်းတိုင်ရည်မှန်းချက်များ အတိုင်းထွက်ရှိစေရေး ဆောင်ရွက်ကြမှသာ ပြည်တွင်းစားသုံးဆီ ဖူလုံမှုကို များစွာအထောက်အကူပြုမှာ ဖြစ်ပါတယ်။
ကျွန်တော်တို့နိုင်ငံမှာ အဓိကလိုအပ်နေတာက အမှန်တကယ် အလုပ်လုပ်ဖို့ ဖြစ်ပါတယ်။ နိုင်ငံတော် အစိုးရအနေနဲ့ အလုပ်လုပ်နိုင်တဲ့ အခွင့်အလမ်းတွေ ဖော်ဆောင်ပေးနေတဲ့အပြင် လိုအပ်တဲ့ သွင်းအားစုတွေကိုလည်း ကူညီပံ့ပိုးနေတာဖြစ်ပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေးကိစ္စရပ်များမှာ ဆောင်ရွက်၍ ရသည်များကို တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်။ ထို့အတူ သက်ဆိုင်ရာ တာဝန်ရှိသူများ အားလုံးကလည်း ကျရာကဏ္ဍမှ ဝိုင်းဝန်းဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ အုပ်ချုပ်မှုပိုင်းဆိုင်ရာ တာဝန်ရှိသူများက စီမံခန့်ခွဲခြင်း၊ စိုက်ပျိုးမွေးမြူရေး လုပ်ဆောင်သူများက ကုန်ကြမ်းများ ထုတ်လုပ်ခြင်း၊ ကုန်ထုတ်လုပ်သူများက ထုတ်ကုန်ထုတ်လုပ်ခြင်းများ ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံအတွင်း စားသုံးဆီလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ဖို့ အတွက်ဆိုရင် ဆီထွက်သီးနှံများကို ပိုမိုအောင်မြင်အောင် စိုက်ပျိုးကြရမှာပါ။
မိုးစပါးစိုက်ပျိုး ပြီးစီးတဲ့အချိန်မှာ လယ်မြေဧက လေးသန်းခန့်မှ နေကြာစိုက်ပျိုး၍ရသည့် မြေနေရာများတွင် နေကြာကို စိုက်ပျိုးမည်ဆိုပါက ပြည်တွင်းဆီဖူလုံမှုကို အထောက်အကူပြုမှာ ဖြစ်ပါတယ်။ ဆီထွက် သီးနှံများဖြစ်တဲ့ နေကြာ၊ မြေပဲ၊ နှမ်း၊ ပန်းနှမ်း၊ ဆီမုန်ညင်းတို့အပြင် ပဲပုပ်မှလည်း ဆီထုတ်လုပ်၍ရတဲ့အတွက် ပဲပုပ်စိုက်ပျိုးထုတ်လုပ်မှုများလည်း တိုးတက်အောင် ဆောင်ရွက်မယ်ဆိုပါက ပြည်တွင်းစားသုံးဆီသာမက ပြည်ပနိုင်ငံများသို့လည်း တင်ပို့ရောင်းချနိုင်ပါတယ်။
ဆီထွက်သီးနှံအထွက်နှုန်း တိုးတက်လာမှသာ ပြည်တွင်းစားသုံးဆီဖူလုံပြီး ပြည်ပမှတင်သွင်းနေရမှုများကို လျှော့ချနိုင်မယ်ဆိုတာ ဒါဟာလက်တွေ့ကျတဲ့ လုပ်ငန်းစဉ် ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ နှစ်စဉ်စားသုံးဆီလိုအပ်ချက်ကိုလေ့လာမိသလောက်ပြောရရင် လူတစ်ဦးဟာ တစ်နှစ်ကို စားသုံးဆီစားသုံးမှု ၉ ပိဿာရှိပါတယ်။ မြန်မာနိုင်ငံရဲ့လူဦးရေ ၅၆ ဒသမ ၂၄ သန်းရှိတဲ့အတွက် စားသုံးဆီ လိုအပ်ချက်ဟာ ၅ဝ၆,၁၆ဝ,ဝဝဝ ပိဿာရှိပါတယ်။ တန်အားဖြင့်ဆိုလျှင် တစ်တန်မှာ ၆၁၂ ဒသမ ၃၉ ပိဿာဖြစ်တဲ့အတွက် ၈၂၆,၅၃၂ တန်ဖြစ်ပါတယ်။
ဆီထွက်သီးနှံတွေဖြစ်တဲ့ မြေပဲ၊ နှမ်း၊ နေကြာ၊ ဆီမုန်ညင်း၊ ပန်းနှမ်းတွေ ၂ဝ၂၃-၂ဝ၂၄ ပြည်တွင်း ထုတ်လုပ်နိုင်မှုအခြေအနေကို လေ့လာမိသလောက်အနှစ်ချုပ်ပြောရလျှင် စိုက်ပျိုးဧကပေါင်း ၈,၃၈၆,၃၇၅ ရှိရာမှာ အမှန်တကယ်စိုက်ပျိုးပြီးစီးတာ ၈,၂၈၄,၆၃၁ ဧကဖြစ်ပါတယ်။
၂၀၂၃-၂၀၂၄ ခုနှစ်တွင် မိုးမြေပဲနဲ့ ဆောင်းမြေပဲကို ရိတ်ဧက ၃,၁၆၄,၈၈၈ ဧက ရှိခဲ့ပြီး တင်းပေါင်း ၁၇၇,၈၆၉,၂၆၅ တင်းထွက်ရှိပါတယ်။ မိုးနှမ်း၊ နွေနှမ်း၊ ဆောင်းနှမ်းကို ရိတ်ဧက ၃,၆၆၁,၉၄၆ ဧကရှိခဲ့ပြီး စုစုပေါင်း ၃၂,၇၇၇,၆၉ဝ တင်းထွက်ရှိပါတယ်။ မိုးနေကြာနဲ့ ဆောင်းနေကြာကို ရိတ်ဧက ၁,၀၆၆,၂၁၃ ဧကရှိခဲ့ပြီး ထွက်ရှိမှုအနေနဲ့ တင်းပေါင်း ၂၃,၆၇၁,၇၃၁ တင်းထွက်ရှိပါတယ်။ ဆီမုန်ညင်းက ရိတ်ဧက ၉၂,၇၄၇ ဧကရှိခဲ့ပြီး ၁,၂ဝ၉,၆၈၄ တင်းနဲ့ ပန်းနှမ်းဧကက ရိတ်ဧက ၂၉၈,၈၃၇ ဧက ရှိခဲ့ပြီး ၃,၁၉၄,၇၇၅ တင်းထွက်ရှိပါတယ်။ ဒီထွက်ရှိမှုတွေ ကို ပြန်စိစစ်ကြည့်မယ်ဆိုရင် ၂၀၂၃-၂၀၂၄ ခုနှစ်အတွင်း ဆီထွက်သီးနှံတွေကတစ်ဆင့် စားသုံးဆီနဲ့ ပတ်သက်လို့ ပြည်တွင်းထုတ်လုပ်နိုင်မှုဟာ စုစုပေါင်း ၅၀၇,၇၃၉,၂၀၄ ပိဿာရှိခဲ့ပြီး တန်အားဖြင့်ဆိုရင်တော့ ၈၂၉,၁၁၁ တန်ရှိကြောင်း သိရှိရပါတယ်။ ဆီထွက်သီးနှံများကို အခြားထုတ်လုပ်မှု အနေနဲ့လည်း အသုံးပြုကြတဲ့အတွက် စားသုံးဆီထုတ်လုပ်မှု လျော့နည်းနေတာကိုလည်း တွေ့ရပါတယ်။ စိုက်ဧကတွေ အားလုံးမှာ စိုက်ပျိုးနိုင်ပြီး ပန်းတိုင်အထွက်နှုန်း အတိုင်းသာထွက်ရှိမယ်ဆိုရင် ပြည်တွင်းစားသုံးဆီ ထုတ်လုပ်နိုင်မှုဟာ ဒီထက်ပိုမိုလာမှာဖြစ်ကာ ပြည်ပကိုပါတင်ပို့နိုင်မှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စားသုံးဆီတွေကို ပြည်ပမှနှစ်စဉ်တင်သွင်းမှုပမာဏကို လေ့လာကြည့်မယ်ဆိုရင် တစ်နှစ်ထက်တစ်နှစ် လျော့နည်းလာတာကို တွေ့မြင်ရပါတယ်။ ဒီလိုလျော့နည်းလာတာဟာ နိုင်ငံတွင်းမှာ ဆီထွက်သီးနှံတွေ ပိုမိုထုတ်လုပ်နိုင်ခြင်းကို ပြနေတာ ဖြစ်ပါတယ်။ ၂၀၁၉-၂ဝ၂ဝ ဘဏ္ဍာနှစ်မှာ တင်သွင်းမှု ၉၃၅,၆၂၆ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၆၄၁,၂၄၇,ဝ၂၆ တင်သွင်းခဲ့ရာကနေ ၂ဝ၂၃-၂ဝ၂၄ ဘဏ္ဍာနှစ်မှာတော့ တင်သွင်းမှု ၆၁၈,၅ဝ၈ တန်ဖြစ်ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၆ဝ၃,၇၁ဝ,ဝဝဝ ဖြစ်ကြောင်းသိရပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ပြည်တွင်းမှာ ဆီထွက်သီးနှံ တိုးတက်စိုက်ပျိုးထုတ်လုပ်မှုရဲ့ အကျိုးဆက်ဖြစ်ပါတယ်။ လာမယ့်နှစ်တွေမှာ ဒီထက် ပိုမိုလျော့နည်းတင်သွင်းမှုကနေ နောက်ဆုံးပြည်ပက နေတင်သွင်းမှုမရှိတော့တဲ့အထိ လုပ်ဆောင် ကြရမှာဖြစ်ပါတယ်။ ကျွန်တော်တို့မြန်မာတွေမှာ ဆီကိုရေချိုး၊ ဆေးရိုးမီးလှုံဆိုတဲ့ စကားရှိခဲ့ပေမယ့် ဆီကိုရေချိုးနိုင်လောက်တဲ့အထိ ပေါများအောင် လုပ်ဆောင်ဖို့ နည်းပါးခဲ့ပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ နိုင်ငံတော်တာဝန်ကို စတင်ဦးဆောင်ချိန်မှစပြီး ပြည်ပသွင်းကုန်တ ွေလျှော့ချနိုင်ရေးကို အလေးထား လုပ်ဆောင်ပါတယ်။ ပြည်ပကိုအားကိုးနေရတာဟာ ရေရှည်အတွက်မှာ မကောင်းတဲ့အနေအထားပါ။ ဒီကြားထဲမှာ နိုင်ငံရေးအကြောင်းပြပြီး ပိတ်ဆို့မှုအမျိုးမျိုးတွေ လုပ်ဆောင်နေတဲ့အတွက် ပြည့်အင်အားသည် ပြည်တွင်းမှာ ရှိသည်ဆိုတဲ့အတိုင်း နိုင်ငံတွင်းမှာ အစဉ်တစိုက် လုပ်ဆောင်လို့ရတဲ့ စိုက်ပျိုးမွေးမြူရေးကို တိုးတက် အောင်လုပ်ဆောင်ဖို့အတွက် အစီအမံတွေ ချမှတ်လုပ်ဆောင်နေရတာဖြစ်ပါတယ်။ ပြည်ပသွင်းကုန်လျှော့ချပြီး ပြည်ပသို့ပို့ကုန်များများ တင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရမှာဖြစ်ပါတယ်။
ဒါမှလည်း နိုင်ငံခြားငွေသုံးစွဲရမှုမှာ ထွက်ငွေထက် ဝင်ငွေများပြားကာ နိုင်ငံ့စီးပွားရေးလည်း မြင့်မားလာမှာ ဖြစ်ပါတယ်။
စားသုံးဆီနဲ့ပတ်သက်လို့ ကျွန်တော်တို့နိုင်ငံသားတွေ ဆီစားသုံးမှုလည်း များပြားပါတယ်။ ဆီစားသုံးမှု များပြားတာဟာ ရောဂါအမျိုးမျိုးကို ဖိတ်ခေါ်နေသလိုပါပဲ။ ဆီကိုလိုသည်ထက်ပိုမို စားသုံးပါက နှလုံးသွေးကြောကျဉ်းခြင်း၊ အသည်းအဆီဖုံးခြင်း၊ အသည်းကင်ဆာဖြစ်ခြင်း စတဲ့ကုသရန်ခက်ခဲလှတဲ့ ဝေဒနာများခံစားရပါမယ်။ ဆီမပါလျှင် ဟင်းမဖြစ်လို့ ပြောဆိုနေကြမယ့်အစား ဆီကိုပါသင့်သည်ထက် လွန်ကဲစွာမသုံးဘဲ လျှော့နိုင်သမျှလျှော့ပြီး သုံးစွဲသင့်ပါတယ်။ လူတစ်ဦးချင်းစီက ဆီကိုလျှော့ချ သုံးစွဲကြမယ်ဆိုပါက မိမိရဲ့တစ်ကိုယ်ရေကျန်းမာရေးအတွက် အလွန်ကောင်းမွန်လှသလို နိုင်ငံတော် အတွက်လည်း ပြည်ပမှ ဆီဝယ်ယူတင်သွင်း နေရမှုများ လျော့နည်းလာမှာ မလွဲပါဘူး။
နိုင်ငံတော်အစိုးရအနေနဲ့ ပြည်ပမှစားသုံးဆီ တင်သွင်းမှုကိုလျှော့ချနေသလို တစ်ဖက်တွင်လည်း ပြည်တွင်း၌ ဆီထွက်သီးနှံများ ပိုမိုစိုက်ပျိုးထုတ်လုပ်နိုင်ရေးကို ဦးစားပေးလျက်ရှိပါတယ်။ ပြည်တွင်းစားသုံးဆီ လိုအပ်ချက် ပြည့်မီစေရေးအတွက် ၂ဝ၂၄-၂ဝ၂၅ ခုနှစ်မှ စတင်ကာ မြေပဲ၊ နှမ်း၊ နေကြာစတဲ့ ဆီထွက်သီးနှံများကို ဇုန်အလိုက် အကောင်အထည်ဖော်ဆောင်နေပြီ ဖြစ်ပါတယ်။ ဆီထွက်သီးနှံများ စိုက်ပျိုးရမယ့်ပမာဏအတိုင်းစိုက်ပျိုးပြီး ပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် ရှေ့ပြေးလုပ်ငန်းစဉ်အဖြစ်၂ဝ၂၃-၂ဝ၂၄ ခုနှစ် စိုက်ပျိုးရာသီမှာ မြေပဲ၊ နှမ်း၊ နေကြာ၊ ဆီထွက်သီးနှံသုံးမျိုးကို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ သွင်းအားစုပံ့ပိုးပေးတဲ့ စနစ်ဖြင့် စီမံကိန်းရေးဆွဲ ဆောင်ရွက်လျက်ရှိပါတယ်။ ချေးငွေပံ့ပိုးမှုအနေနဲ့ မြေပဲတစ်ဧက ငွေကျပ်သုံးသိန်း၊ နှမ်းတစ်ဧက ငွေကျပ် ၁ ဒသမ ၅ သိန်းနဲ့ နေကြာတစ်ဧက ငွေကျပ်နှစ်သိန်းနဲ့ ညီမျှတဲ့ သွင်းအားစုများ ထောက်ပံ့ပေးထားပါတယ်။
ယခုဘဏ္ဍာနှစ်အတွင်း ဆီထွက်သီးနှံကိုအထူးဇုန်များဖြင့် စိုက်ဧကသုံးသန်း စိုက်ပျိုးလျက်ရှိပြီးမြေပဲ၊ နှမ်း၊ နေကြာများကို နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ်တို့မှာ အထူးဇုန်များ သတ်မှတ်ထားရှိကြောင်း သိရပါတယ်။ ဆီထွက်သီးနှံအထူးစီးပွားရေးဇုန်များ ဖော်ဆောင်ရာမှာ တောင်သူများကို မျိုးစေ့နဲ့ သွင်းအားစုရရှိအောင် ဆောင်ရွက်ပေးမယ့်အပြင် မြေဆီလွှာပညာရှင်များ၊ မျိုးစေ့ပညာရှင်များနဲ့ ပိုးမွှားရောဂါကာကွယ်ရေးပညာရှင်များ၊ အထူးအရာရှိများ ပါဝင်တဲ့ပညာရှင် အဖွဲ့များကဒေသအလိုက် အသိပညာပေးစည်းရုံးဟောပြောခြင်းများ ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။
ဒါ့အပြင် အထူးဇုန်အတွင်းပါဝင်မယ့် တောင်သူများကို မိရိုးဖလာစိုက်ပျိုးနည်းစနစ်ထက် သွင်းအားစုလိုအပ်ချိန်မှာ သွင်းအားစုအချိန်မှန်ထည့်သွင်းနိုင်ရေး၊ ရောဂါပိုးမွှားများကျရောက် တဲ့အခါအချိန်မီကာကွယ်နိုင်ရေး၊ ရေလိုအပ်ချိန်မှာစိုက်ပျိုး ရေဖြည့်ဆည်းနိုင်ရေး ပေါင်းစပ်ဆောင်ရွက်ခြင်းများဖြင့် အထွက်နှုန်းပြည့်မီအောင် ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာဆီထွက်သီးနှံစိုက်ပျိုးဧက ၈ ဒသမ ၃ သန်းခန့်ရှိတဲ့ အနက် ဧက ၃ သန်းကို ပထမအဆင့်အနေနဲ့ ဆီထွက်သီးနှံအထူးဇုန်အဖြစ် စတင်အကောင်အထည်ဖော်ခြင်းဖြစ်ပါတယ်။ ပြည်တွင်းမှထွက်ရှိတဲ့ မြေပဲ၊ နှမ်းနဲ့ နေကြာအစရှိတဲ့ ဆီထွက်သီးနှံများကို အရည်အသွေးမြင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်ရောင်းချနိုင်ပါက စားသုံးသူများအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်မှာဖြစ်ပါတယ်။ ထို့အတူ ပြုပြင်ရောနှောထားတဲ့ ကျန်းမာရေးနဲ့မညီညွတ်တဲ့ ဆီများကို သုံးစွဲနေရခြင်းမှများစွာ လျော့နည်းသွားမှာဖြစ်ပါတယ်။ စားသုံးဆီများရဲ့ စံချိန်စံညွှန်းနဲ့ အရည်အသွေးကို ထိန်းချုပ်မြှင့်တင်ခြင်းမှတစ်ဆင့် ပြည်ပသို့တင်ပို့နိုင်သည်အထိ မျှော်မှန်းဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။
အဲဒီလိုမျိုးအဘက်ဘက်က တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်နိုင်မယ်ဆိုပါက နှစ်စဉ်ပြည်တွင်းဆီ လိုအပ်ချက် အမေရိကန်ဒေါ်လာသန်း ၆ဝဝ ကျော်ဖိုးတင်သွင်းနေရခြင်းကလည်း လျော့နည်းသွားမှာ ဖြစ်ပါတယ်။ ဒါကို သက်ဆိုင်သူတွေအားလုံးက အလေးအနက်ထားပြီး လုပ်ဆောင်ကြဖို့ လိုအပ်ပါတယ်။
ဆီထွက်သီးနှံစိုက်ပျိုးရေးကဏ္ဍလိုအပ်ချက်များကို ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရေး ကော်မတီက ဦးစီးလုပ်ဆောင်နေပြီး အဆင့်မီဆီစက်များတပ်ဆင်ခြင်း၊ အသစ်တည်ဆောက်ခြင်းနဲ့ လက်ရှိဆီစက်များ အဆင့်မြှင့်တင်ခြင်းများကို ဆီစက်ချေးငွေ စီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့များက ဆောင်ရွက်ပေးနေပါတယ်။ ၂ဝ၂၁ ခုနှစ် နှစ်ဆန်းပိုင်းကစပြီး တစ်နိုင်ငံလုံးမှာ အကြီးစားဆီစက် ၂၃ဝ ကျော်၊ အလတ်စားဆီစက် ၉၂ဝ ကျော်နဲ့ တစ်နိုင်တစ်ပိုင်ဆီစက်ငယ်ပေါင်း ၃၁ဝဝကျော်တို့က ဆီတွေကြိတ်ခွဲထုတ်လုပ်နေပြီ ဖြစ်ပါတယ်။
မည်သည့်အလုပ်မဆို ငွေကြေးအရင်းအနှီးက အဓိကဖြစ်တဲ့အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ နိုင်ငံ့စီးပွားမြင့်မားရေးအတွက် လုပ်ဆောင်ပေးထားပါတယ်။ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ကျပ်ဘီလီယံ ၄ဝဝ ကို နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် သီးသန့်ရန်ပုံငွေတစ်ရပ်ထူထောင်ပြီး နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေးအသုံးပြုရန် စီမံဆောင်ရွက် ခဲ့ပါတယ်။ နိုင်ငံတော်ရဲ့အဓိက စီးပွားရေးမဏ္ဍိုင်ဖြစ်တဲ့ လယ်ယာစီးပွားမြှင့်တင်ရေးနဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများရဲ့ စီးပွားရေးမြှင့်တင်ရေးတို့အတွက် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေမှ ပြည်ထောင်စုဝန်ကြီးဌာနနှစ်ခု၊ ပြည်နယ်များနဲ့ တိုင်းဒေသကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသငါးခုနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း တစ်ခုတို့သို့ အသီးသီးလွှဲပြောင်းပေးအပ်ခြင်းကို ၂ဝ၂၂ ခုနှစ် သြဂုတ်လ ၁၂ ရက်တွင် ပြုလုပ်ခဲ့ပါတယ်။
နိုင်ငံရဲ့ အဓိကစီးပွားရေးမှာ စိုက်ပျိုးမွေးမြူရေးကို အခြေခံတဲ့စီးပွားရေးဖြစ်တဲ့အတွက် လယ်ယာ စိုက်ပျိုးရေးကဏ္ဍ တိုးတက်မြင့်မားရေးသည် မဖြစ်မနေ လုပ်ဆောင်ရမယ့် လုပ်ငန်းဖြစ်ပါတယ်။ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကျပ်ဘီလီယံ ၄ဝဝ အနက်မှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသို့ ၁၇ဝ ဘီလီယံ၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနသို့ ၆၀ ဘီလီယံ ရင်းနှီးမတည် ပေးထားပါတယ်။ အဆိုပါထုတ်ပေးထားတဲ့ ရန်ပုံငွေတွေဟာ နိုင်ငံတော်က ရင်းနှီးငွေပေးအပ်ထားခြင်း ဖြစ်ပါတယ်။ နောင်လာမယ့်ရာသီမှာ ပြန်လည်ရရှိလာမယ့် ၎င်းငွေကြေးကိုပင် ရင်းနှီးမြှုပ်နှံနိုင်ရန် ထပ်မံထုတ်ပေးနိုင်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် လုပ်ငန်းများ ရင်းနှီးဆောင်ရွက်ရာမှာ ရောင်းကုန်ပစ္စည်းများ ဖြစ်လာဖို့ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အဲဒီကတစ်ဆင့် ပြည်ပကိုတင်ပို့ရောင်းချပြီး နိုင်ငံခြားငွေပြန်ရှာရမှာဖြစ်ပါတယ်။
နိုင်ငံတော်အစိုးရအနေနဲ့ ဆီကြိတ်ခွဲထုတ်လုပ်ရန် ငွေကြေးအရင်းအနှီးလိုအပ်ပြီး ချေးငွေမရရှိသေးတဲ့ ဆီစက်လုပ်ငန်းရှင်များကို ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေအဖြစ် တစ်ဦးကိုအများဆုံးငွေကျပ်သိန်း ၃ဝဝဝ အထိ ထပ်မံထုတ်ချေးလျက်ရှိပါတယ်။ ၂ဝ၂၃ ခုနှစ် အောက်တိုဘာလအထိ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်ခုနစ်ခုတို့မှ ဆီစက်ပိုင်လုပ်ငန်းရှင် ၂၁ ဦးကို ဆီစက်ချေးငွေအဖြစ်ငွေကျပ် ၁၇၇၃ သန်းထုတ်ချေးထားပြီးဖြစ်ပါတယ်။ ပြည်တွင်းဆီစက်များ ပြန်လည်ဦးမော့လာကာ ထုတ်လုပ်မှုတိုးတက်လာတာနဲ့အမျှ စားသုံးဆီသုံးစွဲမှုစရိတ် လျှော့ချလာနိုင်မှာ ဖြစ်ပါတယ်။
အဲဒီတော့လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်သူတွေအနေနဲ့ ဆီထွက်သီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိအောင် ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ မိမိအကျိုး၊ အများအကျိုး၊ နိုင်ငံ့အကျိုးအတွက် ငါတို့ဖြစ်အောင်လုပ်မယ် ဆိုတဲ့စိတ်နဲ့ တကယ်ဖြစ်ချင်တကယ်လုပ် အဟုတ်ဖြစ်ကြမှာပါ။ မြေပဲဆိုရင် ပန်းတိုင်အထွက်နှုန်းတင်း ၇ဝ၊ နှမ်းဆိုရင်တင်း ၂ဝ နဲ့ နေကြာဆိုရင် တင်း ၅ဝ သတ်မှတ်ချက်ဟာ တကယ်ပြည့်မီအောင်လုပ်မယ်ဆိုတဲ့ ခိုင်မာတဲ့ဆုံးဖြတ်ချက်နဲ့ လုပ်ကြည့်စေချင်ပါတယ်။ မြေပဲ၊ နှမ်း၊ နေကြာတို့အနက် မြေပဲတစ်ဧကအထွက်နှုန်းဟာ
အလွန်ကောင်းတယ်လို့ ဝမ်းသာဖွယ်သတင်း သိရှိရပါတယ်။ ဆီထွက်သီးနှံအားလုံး ပန်းတိုင်အထွက်နှုန်းရအောင် လုပ်ဆောင်မယ်ဆိုရင် ကျွန်တော်တို့ပြည်သူတွေအတွက် စားသုံးဆီကို ပြည်ပကနေမှာယူ တင်သွင်းနေရတဲ့ အခက်အခဲက လွန်မြောက်နိုင်မှာဖြစ်ပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေနဲ့ နိုင်ငံတော်တာဝန်ကို စတင်ထမ်းဆောင်ချိန်မှာ နိုင်ငံ့စီးပွားရေး GDP တိုးတက်မှုဟာ အနုတ် ၅ ဒသမ ၉ အထိကျဆင်းနေချိန် ဖြစ်ပါတယ်။
အရင်က စီးပွားရေးစီမံခန့်ခွဲမှုလွဲမှားခဲ့တာရယ်၊ ပြည်တွင်းထုတ်လုပ်မှုအားမပေးဘဲ ပြည်ပမှတင်သွင်းမှုတွေကို ဦးစားပေး ဆောင်ရွက်ခဲ့မှုတွေက နိုင်ငံ့စီးပွားရေးအနုတ်လက္ခဏာပြနေခြင်း ဖြစ်ပါတယ်။ ဒါ့ကြောင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးကို ဦးစားပေးလုပ်ငန်းအဖြစ် ဆောင်ရွက်ခဲ့ရပါတယ်။
နိုင်ငံတော်အစိုးရအနေနဲ့ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့မှုကြောင့် ၂ဝ၂၁-၂ဝ၂၂ ဘဏ္ဍာနှစ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနဲ့ နိုင်ငံရေးပြဿနာများဖြစ်နေတဲ့ကြားကပင် နိုင်ငံ့စီးပွားရေးရဲ့ GDP တိုးတက်မှုမှာ ၂ ဒသမ ၄ ရာခိုင်နှုန်းသို့ ပြန်လည်ရောက်ရှိပါတယ်။ အလားတူ ၂ဝ၂၂-၂ဝ၂၃ ဘဏ္ဍာနှစ်တွင် နိုင်ငံရေးပြဿနာဖြစ်ပွားမှုများ၊ စီးပွားရေးပိတ်ဆို့မှုများစတဲ့ အခက်အခဲများကြားမှ ကြိုးပမ်းဆောင်ရွက်ခဲ့ရာ နိုင်ငံ့စီးပွားရေး GDP တိုးတက်မှုမှာ ၃ ဒသမ ၄ ရာခိုင်နှုန်းအထိရောက်ရှိခဲ့ပါတယ်။ ၂ဝ၂၃-၂ဝ၂၄ ဘဏ္ဍာနှစ်တွင် နိုင်ငံ့စီးပွားရေး GDP တိုးတက်မှုမှာ ၃ ဒသမ ၄ ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့ပါတယ်။ ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင်လည်း ၃ ဒသမ ၈ ရာခိုင်နှုန်းထိ တိုးတက်အောင် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါတယ်။
၂ဝ၂၁ ခုနှစ်၊ ၂ဝ၂၂ ခုနှစ်နှင့် ၂ဝ၂၃ ခုနှစ်တို့တွင်ဖြစ်ပေါ်ခဲ့တဲ့ နိုင်ငံရေးအရ ဆူပူအကြမ်းဖက်မှုများ၊ တိုက်ခိုက်မှုများဖြစ်ပေါ်ခဲ့မှု၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားခဲ့မှု၊ နိုင်ငံတကာမှ အပြုသဘောမဆောင်တဲ့ တုံ့ပြန်မှုများသာ မရှိခဲ့ပါက နိုင်ငံရဲ့စီးပွားရေးဟာ ယခုထက် ပိုမိုတိုးတက်နေမှာ ဖြစ်ပါတယ်။ နိုင်ငံ့စီးပွားမြင့်မား နေစေရေးအတွက် စိုက်ပျိုးတဲ့သီးနှံများအားလုံး ပန်းတိုင်ရည်မှန်းချက် အတိုင်းထွက်ရှိအောင် ဆောင်ရွက်မယ် ဆိုပါက ထုတ်ကုန်များ တိုးမြင့်လာပြီး ပြည်တွင်းဖူလုံမှုသာမက ပြည်ပသို့ပါတင်ပို့နိုင်မှာ ဖြစ်ပါတယ်။ ထုတ်လုပ်သူများအတွက်လည်း ဝင်ငွေများ ပိုမိုတိုးတက်လာမှာဖြစ်ပြီး တစ်ဦးချင်းမှသည် နိုင်ငံတော်အဆင့်အထိ GDP တိုးတက်မှုနှုန်းများ မြင့်တက်လာမှာဖြစ်ပါတယ်။
ကျွန်တော်တို့ စားသုံးသူပြည်သူတွေအနေနဲ့လည်း ဆီစားသုံးမှုကို လက်တွေ့ကျကျလျှော့ချကြဖို့ လိုအပ်ပါတယ်။ လူတစ်ယောက်ကျန်းမာရေးနဲ့ညီညွတ်ဖို့ဆိုရင် တစ်ရက်မှာ ဆီ ၁ ဒသမ ၈ ကျပ်သားသာ စားသုံးရမှာဖြစ်ပါတယ်။ ဒီလိုစားသုံးခြင်းဟာမိမိကျန်းမာရေးကို မိမိဂရုစိုက်ရာရောက်ပါတယ်။ နိုင်ငံတော်အစိုးရအနေဖြင့် စားသုံးဆီဖူလုံတဲ့အပြင် ပြည်ပသို့ တင်ပို့နိုင်သည်အထိ ဆောင်ရွက်သွားနိုင်ရေး ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိပေရာ သက်ဆိုင်သူအားလုံးက မိမိကိုယ်ကိုချစ်တဲ့စိတ်၊ မိသားစုကိုချစ်တဲ့စိတ်၊ နိုင်ငံတော်ကိုချစ်တဲ့စိတ်၊ မိမိလုပ်ငန်းအပေါ်တိုးတက်ကြီးပွားလိုတဲ့စိတ်နဲ့ လုပ်ဆောင်ကြရန်ဖြစ်ပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂ဝ၂၄ ခုနှစ် ဩဂုတ်လ ၂၆ ရက်က မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနဲ့ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများကို မန္တလေးမြို့ မြို့တော်ခန်းမမှာတွေ့ဆုံပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာတွေ ဆွေးနွေးစဉ် ‘‘ဆီထွက်သီးနှံများကို အထွက်နှုန်းတိုးတက်အောင် စိုက်ပျိုးနိုင်မည်ဆိုပါက အထွက်နှုန်းများ ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း၊ ပြည်တွင်းမှထွက်ရှိသည့် ပိုလျှံဆီထွက်သီးနှံ နှမ်း၊ နေကြာနှင့် မြေပဲတို့ကို စားသုံးဆီအဖြစ် ကြိတ်ခွဲဆောင်ရွက်မည်ဆိုပါက ပြည်တွင်းစားသုံးဆီ လုံလောက်မှုရှိနိုင်မည်ဖြစ်ကြောင်း’’ကိုထည့်သွင်းပြောကြားခဲ့ပါတယ်။ အနှစ်ချုပ်ဆိုရသော် နိုင်ငံတွင်းစားသုံးဆီဖူလုံစေဖို့နဲ့ ပြည်ပမှ စားသုံးဆီ တင်သွင်းနေရမှုကို လျှော့ချနိုင်စေဖို့အတွက် ပြည်တွင်း၌ စိုက်ပျိုးထုတ်လုပ်နိုင်သော ဆီထွက်သီးနှံများကို ပန်းတိုင်ရည်မှန်းချက်များအတိုင်း စိုက်ပျိုးပြီး အထွက်နှုန်းတိုးတက်ဖို့ အမှန်တကယ်ဆောင်ရွက်ကြိုးပမ်း ကြပါစို့လို့ တိုက်တွန်းလိုက်ပါတယ်။ ။
Source- Myawady Webportal
နေပြည်တော် ဇေယျာသီရိ အားကစားကွင်းကြီး၌ စက်တင်ဘာလ ၂၅ ရက် ညနေပိုင်းတွင် “၂၀၂၄ ခုနှစ် တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲ’’ဖွင့်ပွဲအခမ်းအနား ကျင်းပမှုအား ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့်ပြသခြင်းကို ကြည့်ရှုလိုက်ရသည်။ ထိုသို့ကြည့်ရှုလိုက်ရသောကြောင့် ယခင်ရက်ပိုင်းကာလက ပုဗ္ဗသီရိမြို့ပတ်လမ်း တစ်လျှောက် မြင်တွေ့ခဲ့ရသော သံဝေဂရဖွယ်၊ စိတ်ထိခိုက်ဖွယ် ရေဘေးသင့်မြင်ကွင်းများကို မြင်၍ စိတ်မချမ်းမသာဖြစ်ခဲ့ရသော စာရေးသူအနေဖြင့် အဆိုပါ အားကစားပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကိုကြည့်ရှုလိုက်ရသောအခါ စိတ်ထဲအေးမြခြင်းနှင့် အတူ သက်သာသလို ခံစားမိသည်။
တိုင်ဖွန်းမုန်တိုင်းရာဂိ၏ အရှိန်ကြောင့် စက်တင်ဘာလ ၁၀ ရက်မှစတင်ကာ မြန်မာနိုင်ငံအတွင်း နေရာအနှံ့အပြား မိုးအဆက်မပြတ်ရွာသွန်းခဲ့ကာ နေပြည်တော်ကောင်စီအတွင်းရှိ နယ်မြေများအပါအဝင် အချို့သော တိုင်းဒေသကြီးများတွင် ပြည်သူများ ရေဘေးဒဏ်သင့်ခဲ့ရသည်။ စာရေးသူတို့မျက်စိရှေ့တွင်ပင် သိုက်ချောင်းတံတား(ဆင်သေချောင်းကူး) ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။ လွန်ခဲ့သော ၁၀ ရက်ခန့်က စိမ်းစိုဝေဆာနေသော မြို့ပတ်လမ်းဘေးမှ လယ်ကွင်းများသည် သဘာဝဘေး၏ ခေါ်ဆောင်ရာနောက် မလွှဲမရှောင်သာ ဝပ်ဆင်းခဲ့ရသည်။ လမ်းတံတားများလည်း ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသည်။ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အတူ တာဝန်ရှိသူများ၏ အချိန်နှင့်တစ်ပြေးညီ နေ့ညမနား ကြိုးစားဆောင်ရွက်မှုကြောင့် ယာယီ ဘေလီတံတားများကို အမြန်ဆုံး အစားထိုး တည်ဆောက်နိုင်ခဲ့ကာ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုဒဏ်ကို ရေရှည်မခံစားခဲ့ရခြင်းဖြစ်သည်။ ထိုကာလအတွင်း တပ်မတော်သားများ၊ ပြည်သူ့ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်ဝန်ထမ်းများနှင့် တာဝန်သိ လုပ်သားပြည်သူများ၊ ပရဟိတသမားများက ရေဘေးသင့်ပြည်သူများ ကယ်ဆယ်ရေးလုပ်ငန်းများအပြင် ရေလွှမ်းမိုးခဲ့သည့် နေရာများအား သန့်ရှင်းရေးလုပ်ငန်းများကို နေပူမရှောင် မိုးရွာမရှောင် ဆောင်ရွက်ခဲ့ကြသည်။ စေတနာရှင် အလှူရှင်များကလည်း ရေဘေးကယ်ဆယ်ရေး စခန်းများတွင် လည်းကောင်း၊ ကျေးရွာများအထိ သွားရောက်၍ လည်းကောင်း မြန်မာတို့၏ စေတနာသဒ္ဓါတရားကို ပြသခဲ့ကြသည်။ သိုက်ချောင်းတံတား မရောက်မီ ရေလွှမ်းခဲ့သော လမ်းဘေးရှုခင်းများနှင့် ယင်းတို့မှထွက်ပေါ်နေဆဲဖြစ်သော ရွှံ့နုန်းမြေအနံ့များသည် ယခင်ခံစားနေကျ လယ်ကွင်းရနံ့များနှင့် ဆန့်ကျင်ဘက်ဖြစ်လို့ နေပါ၏။ ထိုအနံ့များကို မသိကျိုးကျွန်ပြုကာ သန့်ရှင်းရေးလုပ်ငန်းများ၊ တံတားတည်ဆောက်ရေး လုပ်ငန်းများကို အားကြိုးမာန်တက် ဆောင်ရွက်နေကြသည့် တပ်မတော်သားများ၏ ပုံရိပ်များနှင့် အားကစားကဏ္ဍဖြင့် နိုင်ငံတော်၏ အမျိုးသားရေး တာဝန်ကို တစ်ဖက်တစ်လမ်းမှ ကျေပွန်စွာ ထမ်းဆောင်ကြမည့် တပ်မတော်သားတို့၏ ပုံရိပ်များက စာရေးသူ၏မျက်ဝန်းထဲ ထင်ထင်ရှားရှား ပေါ်လာခဲ့ရပြန်သည်။
နိုင်ငံတော် ကာကွယ်ရေးတာဝန်၊ လေ့ကျင့်ရေးတာဝန်နှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းတာဝန်သုံးခုသည် တပ်မတော်၏ အဓိကလုပ်ငန်း တာဝန်ကြီးများပင်ဖြစ်ပေသည်။ ပြည်တွင်းပြည်ပ အဖျက်သမားများ၏ တိုင်းရင်းသားပြည်သူများအား နှိပ်စက်ညှဉ်းပန်းမှုနှင့် အချုပ်အခြာအာဏာ ထိပါးလာမှုအပေါ် ကာကွယ်ခြင်းသည် နိုင်ငံတော်ကာကွယ်ရေး တာဝန်ဖြစ်ပြီး ထိုကာကွယ်ရေးတာဝန် ဆောင်ရွက်နိုင်ရန် လေ့ကျင့်သား ပြည့်ဝစေရန်အတွက်လည်း တစ်ချိန်တည်းမှာပဲ လေ့ကျင့်မှုများကို ဆောင်ရွက်ရပြန်ပါသည်။
ပြည်တွင်းပြည်ပ အဖျက်သမားများ၏ ရန်ကို နှိမ်နင်းရင်း၊ လေ့ကျင့်ရေးများ မပြတ်ဆောင်ရွက်ရင်း တစ်ဖက်မှာလည်း ပြည်သူ့အကျိုးပြု လုပ်ငန်းများကို နေ့နေ့ညည ဆောင်ရွက်ပေးလျက် ရှိနေပါသည်။ အနီးစပ်ဆုံးအထက်တွင် တင်ပြခဲ့သည့် ရေဘေးသင့်ပြည်သူများကို ကူညီကယ်ဆယ်လျက် ရှိသည့်ပုံရိပ်လွှာများက အထင်အရှား သက်သေတို့ပင်ဖြစ်ပါ၏။
ထိုများပြားလှသည့် တာဝန်များကြားမှပင် အမျိုးသားရေး တာဝန်တစ်ရပ်ဖြစ်သော အားကစားပြိုင်ပွဲများကိုလည်း မပျက်မကွက်ကျင်းပကာ နိုင်ငံတော်အတွက် ရွက်ပုန်းသီး အားကစားသမားများကို ရှာဖွေဖော်ထုတ်ပေးလျက် ရှိပါသည်။
ပြည်သူကြားကပေါက်ဖွားလာသော ပြည်သူ့တပ်မတော်သားများ ပီပီ လူတန်းစားစုံသကဲ့သို့ အတတ်ပညာများကလည်း စုံလင်လှသည်။ မိမိတို့တွင် ပါလာခဲ့သော အားကစားပါရမီ၊ အနုပညာပါရမီတို့သည် တပ်မတော်တွင် စနစ်တကျ ထပ်မံလေ့လာ ဆည်းပူးမှုဖြင့် ပိုမို၍အရောင်အသွေး တောက်ပသူများအဖြစ် ရပ်တည်နိုင်ခဲ့ကြသည်။ အနုပညာရှင်များ၊ အားကစားသမားကောင်းများသာမက ပြည်သူက အားကိုးရသော တပ်မတော်သား ဆရာဝန်များ၊ အင်ဂျင်နီယာပညာရှင်များကို မြင်တွေ့ရသည်မှာ တပ်မတော်အတွက် သာမက နိုင်ငံတော်အတွက်ပင် ဂုဏ်ယူဖွယ်ကောင်းလှပါသည်။ “အားကစားမြှင့်တင်ခြင်းသည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက် နေခြင်းဖြစ်ပါသည်”ဟူသည့်အတိုင်း နိုင်ငံတော်၏ အားကစားကဏ္ဍ မြင့်မားစေရေးကို အထောက်အကူပြုနိုင်ရန် တပ်မတော်အတွင်း တပ်ရင်းအဆင့် ပြိုင်ပွဲများမှသည် တပ်နယ်၊ တပ်မ၊ တိုင်းစစ်ဌာနချုပ်ပြိုင်ပွဲ အသီးသီးကို ကျင်းပပြီး ထိုပြိုင်ပွဲများမှ လက်ရွေးစင်များကို စုဖွဲ့ကာ တပ်မတော်(ကြည်း၊ ရေ၊ လေ)ပြိုင်ပွဲကြီးဆီ ဝင်ရောက်ယှဉ်ပြိုင် စေခဲ့ကြသည်။ ထိုသို့ကျင်းပရခြင်းမှာ တပ်မတော်မှ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ မွေးထုတ်ပေးနိုင်ရန်နှင့် မကြာခင်ကျင်းပမည့် အမျိုးသား အားကစားပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင် ကစားနိုင်ရေး ထူးချွန်သည့် လက်ရွေးစင်တပ်မတော်သား အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်ပြီး ကျင်းပခြင်း ဖြစ်သည်။
တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲတွင် ထည့်သွင်းယှဉ်ပြိုင်သော သေနတ်ပစ်၊ မြန်မာ့သိုင်း၊ ကရာတေး၊ ဂျူဒို၊ တိုက်ကွမ်ဒို၊ လက်ဝှေ့ကစားနည်းတို့သည် ကာကွယ်ရေး အထောက်အကူပြု အားကစား နည်းများပင်ဖြစ်ပေသည်။ မည်သည့်အားကစားနည်းမဆို အတွေးအခေါ် ရင့်သန်မှုကိုရရှိစေကာ ကိုယ်ကာယကြံ့ခိုင်မှု အကျိုးအမြတ်ကိုလည်း ရရှိစေသည်ဖြစ်၏။ အားကစားနည်းတိုင်းတွင် ဉာဏစွမ်းရည်ကို ရှေ့တန်းတင်ရပြီး ကိုယ်ခန္ဓာကြံ့ခိုင်မှု၊ စိတ်ဓာတ်ခိုင်မာမှုတို့က ပံ့ပိုးပေးရလေ့ရှိသည်။ အစုအဖွဲ့နှင့် ယှဉ်ပြိုင်ရသော အားကစားနည်းတိုင်းသည် တစ်ဦးကောင်းဖြင့်မရဘဲ စည်းလုံးညီညွတ်မှု၊ တစ်ကိုယ်ကောင်းစိတ်မရှိမှု၊ သက်လုံကောင်းမွန်မှုတို့က စကားပြောလာသည်။ မိမိထက် အင်အားကြီးသော အသင်း၊ ပြိုင်ဘက်ပင်ဖြစ်လင့်ကစား ကွင်းအတွင်း ပြိုင်ဘက်ကို လေ့လာသုံးသပ် နည်းစနစ်မှန်ကန်စွာ ဉာဏ်ပညာသက်လုံပေါင်းလျက် ယှဉ်ပြိုင်နိုင်သူက အောင်ပွဲဆင်လေ့ရှိကြောင်း ကမ္ဘာ့သမိုင်း အားကစားမှတ်တမ်းများက အထင်အရှား သက်သေပြလျက်ရှိနေပါသည်။ ထိုနည်းလမ်းဖြင့် မည်သူမျှ ထင်မှတ်မထားသော အောင်မြင်မှုကို ၁၉၉၂ ခုနှစ်တွင် ဒိန်းမတ်အသင်း၊ ၂၀၀၄ ခုနှစ်တွင် ဂရိအသင်း၊ ၂၀၀၇ ခုနှစ်တွင် အီရတ်အသင်း၊ ၂၀၁၁ ခုနှစ်တွင် ဂျပန်အမျိုးသမီး ဘောလုံးအသင်းတို့က အသီးသီးအောင်ပွဲ ယူပြနိုင်ခဲ့ကြသည်။ စစ်တို့၏သဘောသည် အင်အားအနည်းအများ ပဓာနမကျသကဲ့သို့ အားကစားသည်လည်း နာမည်ကြီး အားကစားသမားများ စုဖွဲ့ထားခြင်း မစုဖွဲ့ထားခြင်းတို့က အရေးအကြီးဆုံးမဟုတ်ဘဲ လက်တွေ့ယှဉ်ပြိုင်နိုင်မှု စွမ်းရည်တို့ကသာ အခရာကျပါသည်။
သို့သော် အောင်ပွဲဆွတ်ခူးနိုင်ရန် အတွက်မူ လေ့ကျင့်သားပြည့်ဝရပါမည်။ ကျွမ်းကျင်မှုရှိရပါမည်။ နည်းစနစ်ကျရပါမည်။ ကြံ့ခိုင်သန်စွမ်းမှုနှင့်အတူ စိတ်ဓာတ်စည်းကမ်းပါ ကောင်းရပါဦးမည်။ ထိုအရာများမရှိပါဘဲ အောင်မြင်မှု အလွယ်တကူ မရနိုင်ပါချေ။
မြန်မာ့အားကစား အောင်မြင်မှု မှတ်တမ်းများကို လေ့လာကြည့်ရာတွင် တပ်မတော်သား အားကစားသမားများ၏ မှတ်တမ်းကောင်းများကို ဂုဏ်ယူဖွယ် တွေ့ရှိရပေမည်။ တစ်ခါဆီက ကျွန်းဆွယ်ပြိုင်ပွဲများနှင့် အာရှ အိုလံပစ် ပြိုင်ပွဲများတွင် တပ်မတော်ဂုဏ်နှင့် နိုင်ငံတော်၏ဂုဏ်ကို မြှင့်တင်ပေးခဲ့ကြသော အားကစားနည်း အမျိုးမျိုးမှ အားကစားသမားများစွာ ပေါ်ထွက်ခဲ့ကြသည်။ ယနေ့ထက်တိုင်လည်း ဒေသတွင်းနှင့် ကမ္ဘာ့အဆင့်ပြိုင်ပွဲများတွင် အောင်ပွဲ ဆွတ်ခူးပေးနေကြသော တပ်မတော်သား အားကစားသမားများကို တွေ့မြင်နေရသည့်အတွက် စာရေးသူအနေဖြင့် ဝမ်းသာပီတိဖြစ်မိသည်။ ထိုအစဉ်အလာကောင်းများ မပျောက်ပျက်သွားစေရေးနှင့် နိုင်ငံတော် ကာကွယ်ရေး အတွက် အသင့်ဖြစ်နေစေရန် ယခုကဲ့သို့ အားကစားပြိုင်ပွဲကြီးကို ကျင်းပပေးနေခြင်းဖြစ်သည်ဟု စာရေးသူ ယုံကြည်မိပါသည်။ ထိုသို့ကျင်းပပေးခြင်းအားဖြင့် မျိုးဆက်သစ်အားကစား ဝါသနာရှင်များအတွက်လည်း အခွင့်အလမ်းကောင်းများကို ရရှိစေမည်ဖြစ်ပေသည်။
ယနေ့အချိန်တွင် နိုင်ငံတော်အနေဖြင့်လည်း “တစ်မျိုးသားလုံး သက်ရှည်ကျန်းမာ ကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံး အကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍမြှင့်တင် ဆောင်ရွက်ရေး”ဟူသည့် အချက်အား ဦးတည်ချက်(၉)ရပ်တွင် ထည့်သွင်းပြဋ္ဌာန်းထားပြီး ပြဋ္ဌာန်းချက်နှင့်အညီ ဆောင်ရွက်ရမည့် လုပ်ငန်းများကို အကောင်အထည်ဖော်လျက် ရှိနေသည်ကို တွေ့ရှိရပါသည်။ အားကစားအောင်မြင်မှုသည် ဒြပ်မဲ့နည်းလမ်းဖြင့် နိုင်ငံတစ်နိုင်ငံ၏ စည်းလုံးကြံ့ခိုင်မှုကို ဖော်ညွှန်းနေသော အရာတစ်ခုပင်ဖြစ်၏။ အားကစားသည် ကွင်းအတွင်း ယှဉ်ပြိုင်နေကြသော ကစားသမားများနှင့်သာ တိုက်ရိုက်သက်ဆိုင်သည် မဟုတ်ဘဲ ယင်းတို့နှင့်ဆက်နွှယ်နေသည့် တိုင်းရင်းသားပြည်သူများမှသည် နိုင်ငံတော်အထိ ကိုယ်စားပြုနေခြင်းဖြစ်သည်။ ထို့ကြောင့်ပဲ အားကစားသမား တိုင်းသည် မိမိတို့၏ ယှဉ်ပြိုင်ခြင်းမှာ အားကစားဆိုသည်ထက် အမျိုးသားရေးတာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ကြခြင်းဖြစ်ကြောင်း ခံယူကာ မဆုတ်မနစ် ကြိုးစားယှဉ်ပြိုင်ကြခြင်း ဖြစ်ပေသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် စက်တင်ဘာလ ၂၅ ရက်နေ့ နေပြည်တော် ဇေယျာသီရိအားကစားကွင်း၌ ကျင်းပသော ၂၀၂၄ ခုနှစ် တပ်မတော်(ကြည်း၊ရေ၊ လေ)အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် အမှာစကားပြောကြားစဉ်“တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲတွင် မိမိတို့တိုင်းစစ်ဌာနချုပ်၏ ဂုဏ်ကိုဆောင်နိုင်သူ အားကစားသမား ဖြစ်ရမည်ဟူသည့် ရည်မှန်းချက်ထား ယှဉ်ပြိုင်သွားကြရန်၊ ရှိပြီးဖြစ်သည့် ကာယ၊ ဉာဏစွမ်းအားများကို ရေကုန်ရေခန်းထုတ်ဖော်ပြသပြီး တပ်မတော်ဂုဏ်ဆောင် အဆင့်မှ နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် အဆင့်ထိရောက်အောင် ကြိုးပမ်းသွားကြရန်၊ ကာကွယ်ရေးတာဝန် ကျေပွန်သည့်တပ်မတော်သားကောင်း အဖြစ်သာမက တပ်မတော်နှင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် အားကစားသမားကောင်းများ ဖြစ်အောင် မလျော့သောဇွဲ၊ လုံ့လ၊ အားမာန်၊ စိတ်ဓာတ်တို့ဖြင့် ကြိုးစားသွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း”ထည့်သွင်းပြောကြားခဲ့သည်။
တပ်မတော်သား အားကစားသမားတို့သည်လည်း တပ်မတော်၏ စိတ်ဓာတ်များဖြစ်သည့် လှေခွက်ချည်းကျန် အလံမလှဲသည့်စိတ်ဓာတ်၊ တုံးတိုက်တိုက် ကျားကိုက်ကိုက်စိတ်ဓာတ်၊ တပ်မတော်၏ အစဉ်အလာကို အသက်ပေး စောင့်ထိန်းလိုသည့် စိတ်ဓာတ်များဖြင့် ယခုဆိုလျှင် မိမိတို့ပါဝင် ယှဉ်ပြိုင်ကြမည့် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲကြီးအတွက် အသင့်ရှိနေကြပြီဟု ယုံကြည်မိပါသည်။ စာလုံး သုံးလုံးတည်းသာရှိသော်ငြား များစွာလေးနက်မှုရှိသည့် “အားကစား”ဟူသော ဝေါဟာရ၏နောက်ကွယ်တွင် မမြင်ရနိုင်သော စွမ်းအားများရှိနေပါသည်။ ထိုစွမ်းအားများသည် တိုင်းပြည် တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် များစွာ အထောက်အကူပြုလျက်ရှိနေပါသည်။ ယင်းစွမ်းအားများ စဉ်ဆက်မပြတ် ပေါ်ထွန်းနိုင်ရေးအတွက် တပ်မတော်သည် အဓိက လုပ်ငန်းတာဝန်ကြီးသုံးခုအပြင် အမျိုးသားရေးတာဝန်ဖြစ်သော အားကစားကဏ္ဍကိုလည်း ဟန်ချက်ညီညီ အကောင်အထည် ဖော်လျက်ရှိနေပါသည်။ ဆိုရပါလျှင် တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲကြီးသည် တပ်မတော်သားတို့သာ ဝင်ရောက်ယှဉ်ပြိုင်ရသည့် အားကစားပွဲကြီးဖြစ်သည်မှာ မှန်သော်ငြား အားကစားသည် နိုင်ငံသားတိုင်းနှင့် သက်ဆိုင်သည့် အမျိုးသားရေး တာဝန်တစ်ရပ်ပင် ဖြစ်ပါကြောင်း ရေးသား တင်ပြအပ်ပါသည်ခင်ဗျာ။ ။
Source-Myawady Webportal
၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းလုပ်ငန်းတစ်ခုလုံး၏ အဓိကကျသည့် ကွင်းဆင်းစာရင်းကောက်ယူရေးလုပ်ငန်းကြီးကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ ဆောင်ရွက်သွားမည်ဖြစ်သည်။ သန်းခေါင်စာရင်းဆိုသည်မှာ တစ်နိုင်ငံလုံးတွင် တစ်ပြိုင်တည်းကောက်ယူသည့် လူဦးရေစာရင်း၊ အိမ်ထောင်စုပါ အမည်နှင့်တကွသော လူဦးရေစာရင်းဟု မြန်မာအဘိဓာန်တွင် ဖော်ပြထားပါသည်။
မိမိတို့နိုင်ငံအတွင်း သဘာဝအရ အကြောင်း တရားများစွာတို့၏ ပြောင်းလဲမှုများနှင့် လိုက်လျော ညီထွေဖြစ်စေမည့် လူဦးရေစာရင်းနှင့်ဆက်စပ်သည့် အကြောင်းအရာအချက်အလက်များကို တိကျမှန်ကန်စွာကောက်ယူပြုစုရမည်ဖြစ်သည်။ ရရှိလာမည့်စာရင်းများကိုအခြေခံ၍ နိုင်ငံတော်နှင့် ပြည်သူများအတွက် လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လုံခြုံရေး စသည့် လိုအပ်သည့် လုပ်ငန်းများကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည်ဖြစ်ရာ သန်းခေါင်စာရင်းသည် နိုင်ငံတော်၏စီမံကိန်းများ အောင်မြင်စေရန် အထောက်အပံ့ဖြစ်စေမည့် အခြေခံကျသည့် လုပ်ငန်းစဉ်ကြီးဖြစ်သည်။ တိကျမှန်ကန်သော စာရင်းများရရှိပါက ပြည်သူတစ်ဦးချင်းစီနှင့် ပြည်သူအားလုံး၏ အနာဂတ်ဘဝဖွံ့ဖြိုးတိုးတက်မှု၊ တစ်မျိုးသားလုံး၏ အကျိုးစီးပွားများကို လိုအပ်သလို ဖြည့်ဆည်းပေးရန် အထောက်အကူများ ရရှိနိုင်မည်ဖြစ်သည်။
သန်းခေါင်စာရင်း သမိုင်းကြောင်း
သန်းခေါင်စာရင်းသဘောသက်ရောက်သည့် စစ်တမ်းတစ်ခုကို မြန်မာသက္ကရာဇ် ၉၉၉ ခုနှစ် အင်းဝခေတ် သာလွန်မင်းတရားကြီးလက်ထက်နှင့် ၁၁၄၅ ခုနှစ် ကုန်းဘောင်ခေတ် ဘိုးတော်ဘုရား လက်ထက်များတွင် နိုင်ငံတော်၏လူဦးရေ၊ မြေအကျယ်အဝန်း၊ သီးနှံအထွက်နှုန်း၊ စီးပွားရေးအခြေအနေနှင့် ပေးဆောင်ရသည့် အခွန်အတုတ်နှုန်းများပါဝင်သည့် စီးပွားရေးစစ်တမ်းအသွင် ကောက်ယူခဲ့ကြောင်း မှတ်တမ်းများအရ သိရှိရပါသည်။
ပထမအင်္ဂလိပ် မြန်မာစစ်ပွဲအပြီး ဗြိတိသျှတို့အောက်မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးနောက် ၁၈၇၂ ခုနှစ်၌ ညသန်းခေါင်အချိန်တွင် သန်းခေါင်စာရင်း စတင်ကောက်ယူခဲ့ကြောင်း သိရပါသည်။ ထို့နောက် ၁၈၈၁ ခုနှစ်မှစတင်၍ ၁၀ နှစ်လျှင်တစ်ကြိမ် စာရင်းကောက်ယူခဲ့ရာ ၁၈၈၁ ခုနှစ်တွင် ဗြိတိသျှတို့ သိမ်းပိုက်ထားသည့် အောက်မြန်မာပြည်၏ လူဦး ရေမှာ နှစ်သန်းကျော် သုံးသန်းခန့်သာရှိသည်ဟုဆိုပါသည်။ ၁၈၈၆ ခုနှစ်တွင် တစ်နိုင်ငံလုံး သူ့ကျွန်ဘဝသို့ကျရောက်ခဲ့ပြီးနောက် ၁၈၉၁ ခုနှစ်မှစတင်၍ တစ်ပြည်လုံးစာရင်းကောက်ယူခဲ့ရာ အောက်မြန်မာပြည်တွင် ၄၄၀၈၄၆၆ ဦးနှင့် အထက်မြန်မာပြည်တွင် ၃၃၁၃၅၈၇ ဦးရှိခဲ့သည်။ ထိုအချိန်က ဗြိတိသျှအစိုးရ၏ သွေးခွဲအုပ်ချုပ်ရေး အစီအမံများအရ ကရင်ပြည်နယ်နှင့် ကရင်နီပြည်နယ် (ယခုကယား) တို့ မပါဝင်ခဲ့ပေ။
၁၉၃၁ ခုနှစ်တွင် စာရင်းကောက်ယူရာ၌ အထက်မြန်မာပြည်၊ အောက်မြန်မာပြည် စုစုပေါင်းလူဦးရေ ၁၄ ဒသမ ၄၇ သန်းခန့်ရှိခဲ့ပြီး ၁၀ နှစ် အကြာတွင် ကောက်ယူခဲ့သည့် ၁၉၄၁ ခုနှစ် လူဦးရေစာရင်းအရ အထက်မြန်မာပြည်၊ အောက်မြန်မာပြည် စုစုပေါင်းလူဦးရေ ၁၆ ဒသမ ၂၃ သန်းကျော် ရှိကြောင်းသိရသည်။ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွား မှုကြောင့် ၁၉၄၁ ခုနှစ် အဆိုပါစာရင်းများ၊ မှတ်တမ်းများ ပျောက်ပျက်ခဲ့ရသည်။ ဗြိတိသျှအစိုးရ လက်ထက်တွင် သန်းခေါင်စာရင်းကောက်ယူခဲ့သည့် ရည်ရွယ်ချက်မှာ အခွန်တော်ရရှိရေး၊ စစ်မှုထမ်းနိုင်သည့် လူဦးရေသိရှိနိုင်ရေး၊ မြန်မာနိုင်ငံမှ သဘာဝသယံဇာတအဆီအနှစ်များကို ထုတ်ယူနိုင်ရန်ဖြစ်ပါသည်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း သန်းခေါင်စာရင်းများကောက်ယူရာတွင် တိုင်းပြည်၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးဆိုင်ရာများကို စီမံကိန်းများရေးဆွဲကာ စနစ်တကျ ဖြည့်ဆည်းပေးနိုင်ရေးအတွက် ဖြစ်ပါသည်။ ၁၉၄၁ ခုနှစ်မှ ၁၀ နှစ်ပြည့်သည့် ၁၉၅၁ ခုနှစ်တွင် ပြည်တွင်းသောင်းကျန်းမှုများကြောင့် စာရင်းမကောက်ယူနိုင်ခဲ့ဘဲ ၁၉၅၃ ခုနှစ်မှသာ မြန်မာပြည်တစ်ဝန်းလုံးမှ မြို့ပေါင်း ၂၅၂ မြို့တွင် စာရင်းများ ကောက်ယူနိုင်ခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် တော်လှန်ရေးကောင်စီ အစိုးရတာဝန်ယူပြီးနောက် ၁၉၆၄ ခုနှစ်တွင် ဗဟိုစာရင်းအင်းနှင့် စီးပွားရေးဌာန၊ အမျိုးသားမှတ်ပုံတင်ရေးနှင့်သန်းခေါင်စာရင်းဌာနတို့ ပူးပေါင်းပြီး ကျောင်းဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ ပူးပေါင်းကူညီမှုဖြင့် လူဦးရေနှင့်စီးပွားရေးစစ်တမ်းကောက်ယူခဲ့သည်။
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီအစိုးရ လက်ထက် ၁၉၇၂ ခုနှစ်တွင် သန်းခေါင်စာရင်း ဥပဒေကိုပြဋ္ဌာန်းပြီး ၁၉၇၃ ခုနှစ် ဧပြီလ ၅ ရက်နေ့ အထိ သန်းခေါင်စာရင်းကောက်ယူခဲ့သည်။ ယင်းသို့ ကောက်ယူရာတွင် ဗဟိုသန်းခေါင်စာရင်းဦးစီးဌာနက မေးခွန်း ၂၅ ခုပါရှိသည့် သန်းခေါင်စာရင်းပုံစံသစ်များကို အပိုင်းလေးပိုင်းခွဲ၍ ထုတ်ပြန်ပေးခဲ့ သည်။ အဆိုပါစာရင်းတွင် တိုင်းရင်းသားမျိုးနွယ်စု ၁၃၅ မျိုးအပေါ် အခြေပြုကောက်ယူခဲ့သည်။ တိုင်းရင်းသားမျိုးနွယ်စု ၁၃၅ မျိုးမှာ ကချင် ၁၂ မျိုး၊ ကယားကိုးမျိုး၊ ကရင် ၁၁ မျိုး၊ ချင်း ၅၃ မျိုး၊ ဗမာ ကိုးမျိုး၊ မွန်တစ်မျိုး၊ ရခိုင်ခုနစ်မျိုးနှင့် ရှမ်း ၃၃ မျိုး တို့ဖြစ်ကြောင်း သိရသည်။
သန်းခေါင်စာရင်းကောက်ယူရာတွင် အပြည့်ကောက် လူဦးရေသန်းခေါင်စာရင်း၊ နမူနာလူဦးရေ သန်းခေါင်စာရင်း၊ နမူနာအိမ်အကြောင်းအရာ သန်းခေါင်စာရင်း၊ စက်မှုလက်မှုသန်းခေါင်စာရင်း၊ အိမ်တွင်းစက်မှုလက်မှုသန်းခေါင်စာရင်း၊ အိမ်တွင်း စားသုံးကုန်ထုတ်လုပ်ခြင်း သန်းခေါင်စာရင်း၊ စိုက်ပျိုးရေးသန်းခေါင်စာရင်း စသည်ဖြင့် အမျိုးအစားကွဲပြားပြီး ၁၉၇၃ ခုနှစ်က ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းသည် အပြည့်ကောက် လူဦးရေသန်းခေါင်စာရင်းအမျိုးအစားဖြစ်ကြောင်း သိရသည်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း ပထမဆုံး အပြည့်ကောက် လူဦးရေသန်းခေါင်စာရင်းလည်းဖြစ်သည်။
၁၉၇၃ ခုနှစ်တွင် ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းသည် ပြည်သူ့ကိုယ်စားလှယ်များထံ အာဏာ ပြန်လည်အပ်နှံရန် ၁၉၇၄ ခုနှစ်တွင် ကျင်းပမည့် ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီအဆင့်ဆင့် ရွေးချယ်တင်မြှောက်ပွဲများအတွက် မဲဆန္ဒရှင်စာရင်းပြုစုရေးနှင့် ပြည်သူတို့၏လူမှုရေး၊ စီးပွားရေးစီမံကိန်းအရပ်ရပ်ကို ချမှတ်အကောင်အထည်ဖော်ရန် အခြေခံစာရင်း အချက်အလက်များရရှိခဲ့သည်။
၁၉၈၃ ခုနှစ်တွင် သန်းခေါင်စာရင်းကောက်ယူခဲ့သော်လည်း ကျယ်ပြန့်စွာဆောင်ရွက်နိုင်ခြင်း မရှိဟုဆိုသည်။ ၁၉၈၃ ခုတွင် ရှေ့ပြေးလူဦးရေစာရင်းအဖြစ် တစ်နိုင်ငံလုံးတွင် လူဦးရေ ၃၅ ဒသမ ၃ သန်းကျော်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။ ၁၉၈၃ ခုနှစ် နောက်ပိုင်းတွင် အကြောင်းအမျိုးမျိုးကြောင့် နှစ်ပေါင်း ၃၀ တိုင်အောင် သန်းခေါင်စာရင်းမကောက်ယူနိုင်ခဲ့ဘဲ ၂၀၁၄ ခုနှစ်မှသာ ကောက်ယူနိုင်ခဲ့သည်။ ၂၀၁၄ ခုနှစ်က ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းတွင် လူဦးရေသန်းခေါင်စာရင်းနှင့် အိမ်ထောင်စုစစ်တမ်း၊ လုပ်သားအင်အားစုစစ်တမ်း၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ မွေးဖွားဦးရေ၊ သေဆုံးနှင့် ကျန်ဦးရေ၊ ရွှေ့ပြောင်းသွားလာသူဦးရေနှင့်အိမ်အကြောင်းအရာ စသည်တို့ကို ပြည့်စုံစွာကောက်ယူနိုင်ခဲ့သည်။
စာရင်းကောက်ရမည့်သူများနှင့် မကောက်ရမည့်သူများ
သန်းခေါင်စာရင်းကောက်ယူရာတွင် သန်းခေါင်စာရင်းရည်ညွှန်းချိန် ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့ ညဉ့်သန်းခေါင်ယံအချိန်တွင် မြန်မာနိုင်ငံနယ်နိမိတ်အတွင်းရှိသူ/ နေထိုင်သူများ၊ သန်းခေါင်စာရင်းရည်ညွှန်းချိန် ကျော်လွန်ပြီးမှ သေဆုံးသူများနှင့် နိုင်ငံခြားသို့ရောက်ရှိနေသော မြန်မာနိုင်ငံ သံရုံးဝန်ထမ်းများအပါအဝင် နိုင်ငံခြားတွင် နေထိုင်လျက်ရှိသော မြန်မာနိုင်ငံသားများစာရင်းကို ထည့်သွင်းကောက်ယူသွားမည်ဖြစ်သည်။ မြန်မာနိုင်ငံအခြေစိုက်သံရုံးများနှင့် ကောင်စစ်ဝန်ရုံးများတွင် တာဝန်ထမ်းဆောင်နေသော နိုင်ငံခြားသား သံတမန်များနှင့် မိသားစုဝင်များ၊ သန်းခေါင်စာရင်းရည်ညွှန်းချိန် (၂၀၂၄ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့ ညဉ့်သန်းခေါင်ယံ) ကျော်လွန်ပြီးမှ မွေးဖွားသော ကလေးများကို စာရင်းတွင်ထည့်သွင်းမကောက်ပါ။
သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းတွင် စာရင်းကောက်သူများက နံနက် ၇ နာရီမှ ညနေ ၆ နာရီအတွင်း နေအိမ်သို့လာရောက်စာရင်းကောက်ပါမည်။ စာရင်းလာကောက်မည့်နေ့တွင် ကြိုတင် အကြောင်းကြားမည်ဖြစ်သည်။ သန်းခေါင်စာရင်း ကောက်ယူခြင်းသည် အိမ်ထောင်စုစာရင်းပုံစံ (၆၆/၆) သို့မဟုတ် ပုံစံ (၁၀) ရှိခြင်း/မရှိခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားရှိခြင်း/မရှိခြင်းနှင့် မသက်ဆိုင်ပါ။ တိုင်းရင်းသားဖြစ်ခြင်း/ မဖြစ်ခြင်း၊ နိုင်ငံသားဖြစ်ခြင်း/ မဖြစ်ခြင်းနှင့် မသက်ဆိုင်ပါ။ သန်းခေါင်စာရင်း ထည့်မကောက်ရသူများမှအပ သန်းခေါင်စာရင်း ရည်ညွှန်းချိန်အတွင်း မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းရှိနေသူအားလုံးကို စာရင်း ကောက်ယူမည်ဖြစ်သည်။ သန်းခေါင်စာရင်း ကောက်ယူခြင်းအားဖြင့် သိရှိရသော ပိုင်ဆိုင်မှုများနှင့်ပတ်သက်၍ အခွန်ကောက်ခြင်း၊ အရေးယူခြင်းတို့ကို လုံးဝ (လုံးဝ) ပြုလုပ်မည်မဟုတ်ဘဲ သန်းခေါင်စာရင်းမေးခွန်းတွင် မေးမြန်းထားသော နိုင်ငံခြားသို့ ရောက်ရှိနေကြသော အိမ်ထောင်စုဝင်များအတွက် လည်း စိုးရိမ်ရန်မလိုအပ်ပေ။
မေးမြန်းမည့် မေးခွန်းများ
စာရင်းကောက်သူများက မေးခွန်းများ မေးမြန်းမည်ဖြစ်ရာ မှန်ကန်စွာဖြေဆိုပေးကြခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ပေးရန် လိုအပ်ပါသည်။ မေးမြန်းမည့်မေးခွန်းများမှာ အမည်၊ အိမ်ထောင်စု ဦးစီးနှင့် တော်စပ်ပုံ၊ ကျား /မ၊ ပြည့်ပြီး အသက်၊ မွေးသက္ကရာဇ် (ရက်/ လ / နှစ်)၊ ကိုးကွယ်သည့် ဘာသာ၊ အိမ်တွင်အဓိကပြောဆိုသော ဘာသာ စကား၊ ကိုင်ဆောင်သည့် လက်မှတ်အမျိုးအစား၊ အိမ်ထောင်ရေးအခြေအနေ၊ မွေးစာရင်းရှိ/ မရှိ၊ ပြည်တွင်းရွှေ့ပြောင်းသွားလာခြင်း၊ ပညာရေး၊ လုပ်သားအင်အား၊ မွေးဖွားခြင်း( အိမ်ထောင်ကျဖူးသူ အမျိုးသမီးများ အသက် ၁၀ နှစ်နှင့်အထက်)၊ မသန်စွမ်းမှု၊ ပြည်ပရွှေ့ပြောင်းသွားလာခြင်း၊ နေအိမ် အမျိုးအစား၊ ပိုင်ဆိုင်မှုနှင့် ပို့ဆောင်ဆက်သွယ် ရေးပစ္စည်းများ၊ အိမ်ရှိ အခန်းအရေအတွက်နှင့် အိပ်ခန်းအရေအတွက်၊ သောက်သုံးရေရရှိမှု၊ အလင်းရောင်အတွက် မီးအသုံးပြုမှု၊ လောင်စာအသုံးပြုမှု၊ အိမ်သာအမျိုးအစားနှင့် မျှဝေသုံးစွဲမှု၊ အမှိုက်စွန့်ပစ်မှု၊ လက်ဆေးခြင်း အကြောင်းအရာနှင့် လွန်ခဲ့သော ၁၂ လအတွင်း အိမ်ထောင်စုဝင်များထဲမှ သေဆုံးမှုစသည့်အချက် အလက်များ ဖြစ်ပါသည်။
မေးခွန်းများကို မှန်ကန်စွာဖြေဆိုခြင်းဖြင့် မိမိနေထိုင်ရာနယ်မြေအတွင်းတွင် လိုအပ်သည့် စာသင်ကျောင်းအရေအတွက်၊ လိုအပ်သော ဆေးရုံ/ဆေးပေးခန်းအရေအတွက်၊ ရေပေးဝေမှုစနစ်၊ လျှပ်စစ်ဓာတ်အားဖြန့်ဝေရမည့် ပမာဏ၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရမည့်အခြေအနေ၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ မသန်စွမ်းသူများ စောင့်ရှောက်ရေး၊ သက်ကြီးရွယ်အို စောင့်ရှောက်ရေး၊ ကိုယ်ဝန်ဆောင်မိခင်နှင့်ကလေးသူငယ်များစောင့်ရှောက်ရေး၊ လူမှုအခြေခံအဆောက် အအုံ (လမ်း၊ တံတား၊ အိမ်ရာ) များ တည်ဆောက်နိုင်ရေးတို့ကို ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါသည်။
သန်းခေါင်စာရင်းအတွက် ထုတ်ပြန်ထားသည့် ၂၀၁၃ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဥပဒေတွင်လည်း ပြည်သူများ၏ ကိုယ်ရေးအချက်အလက်များ လုံခြုံမှုအတွက် အကာအကွယ်ပေးထားပြီးဖြစ်သဖြင့် တိုင်းရင်းသားပြည်သူများအနေဖြင့် စာရင်းကောက်ယူရေးအဖွဲ့က မေးမြန်းသည့်မေးခွန်းများကို မှန်ကန်ပြည့်စုံစွာဖြေကြားပေးရန် လိုအပ်ပါသည်။ ဖြေဆိုသည့် အချက်အလက်များ မမှန်ကန်ပါက ပြည်သူများသာ နစ်နာရမည်ဖြစ်ပါသည်။
၂၀၂၄ ခုနှစ် အိမ်အကြောင်းအရာနှင့် သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းကြီးသည် ပြည်တွင်းရှိ လူ့စွမ်းအားအရင်းအမြစ်များကိုအခြေခံ၍ ကိုယ့်အားကိုယ်ကိုးဆောင်ရွက်သည့် အမျိုးသားရေး လုပ်ငန်းစဉ်ကြီးဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးပူးပေါင်းပါဝင်မှု စွမ်းအားများဖြင့် သမိုင်းမှတ်တိုင်တစ်ခု စိုက်ထူနိုင်မည်ဟု ယုံကြည်ပါသည်။ သန်းခေါင်စာရင်းမှရရှိလာမည့် ကိန်းဂဏန်း စာရင်းအချက်အလက်များဖြင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ အန္တိမရည်မှန်းချက် ဖြစ်သော လွတ်လပ်ပြီးတရားမျှတသော ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အခြေခံလိုအပ်ချက် ဖြစ်သည့် မဲစာရင်းတိကျမှန်ကန်စေရေး အသုံးချ သွားနိုင်မည် ဖြစ်ပါသည်။ ထို့ကြောင့် လက်ရှိအစိုးရလက်ထက်သာမက နောင်အစိုးရအဆက်ဆက်အထိ လက်ဆင့်ကမ်းပေးနိုင်မည့် ကိန်းဂဏန်းအချက် အလက်များဖြစ်ခြင်းကြောင့် စာရင်းကောက်ယူရေး လုပ်ငန်းစဉ်ကြီးတစ်ရပ်လုံး အောင်မြင်ရေးအတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးမှ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ကြပါရန် တိုက်တွန်းလိုက်ရပါသည်။
Source-Myawady Webportal
(ယမန်နေ့မှအဆက်)
ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းတွင် ဂျူးအခြေချနေထိုင်သူဦးရေမှာ ငါးသိန်းခန့်အထိ ရှိလာပြီး ၂၀၂၃ ခုနှစ်တွင် အရှိန်အဟုန်မြှင့်၍ တိုးချဲ့ဆောက်လုပ် နေရာချထားလာခဲ့သည်။ အနောက်ဘက်ကမ်းရှိ ပါလက်စတိုင်းလူဦးရေ သုံးသန်းခန့်မှာ ဂျူးအခြေချအိမ်ရာများတွင် ပတ်ဝိုင်းပိတ်ဆို့မှုများနှင့် ကြုံတွေ့လာခဲ့ရပြီး ပါလက်စတိုင်းအာဏာပိုင်အဖွဲ့က အုပ်ချုပ်သည် ဟုဆိုသော်လည်း လက်တွေ့၌အစ္စရေးစစ်ဘက်၏ ထိန်းချုပ်မှုအောက်တွင် နေကြရသည့်ဘဝ ဖြစ်နေလေသည်။ ဤအချက်မှာလည်း ပါလက်စတိုင်းတို့က အစ္စရေးအပေါ် မကျေနပ်မှုများတွင် အကြောင်း အချက်တစ်ခုအဖြစ်ပါဝင်ပြီး သဘောထားပြင်းထန်သည့် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုအနေဖြင့် ပါလက်စတိုင်း သီးခြားနိုင်ငံထူထောင်ခွင့်ကို မည်သည့်အခါမျှ ပေးအပ်တော့မည်မဟုတ်ဟု ယုံကြည်ယူဆလာစေခဲ့သည်။
ဤသို့ဖြင့် ဂါဇာတွင်လည်း ညက်ညက်ကျေအောင် တိုက်ခိုက်ခံနေရသကဲ့သို့ အနောက်ဘက် ကမ်းတွင်လည်း အာရပ်တဲထဲသို့ဝင်လာသည့် ကုလားအုတ်ပုံပြင်ကဲ့သို့ ဂျူးအခြေချများ တိုးချဲ့ ဝင်ရောက်လာနေမှုများကို တွေ့မြင်နေကြရသော ပါလက်စတိုင်းတို့၏ စိတ်တွင်း၌ ယင်းတို့ အလွန်လိုလား တောင့်တလျက်ရှိသော ပါလက်စတိုင်းနိုင်ငံ ထူထောင်နိုင်ရေးမှာ လက်နက်စွဲကိုင်၍ “သေလျှင်မြေကြီး၊ ရှင်လျှင်ရွှေထီး” သဘောထားဖြင့် မီးကုန်ယမ်းကုန် တိုက်ခိုက်ရုံမှတစ်ပါး အခြား မရှိတော့ပြီဟူသော အတွေး၊ အကြံများ ဖြစ်ပေါ်လာခဲ့လေတော့သည်။
၂၀၂၃ ခုနှစ် အောက်တိုဘာလ ယွန်ကစ်ပူးစစ်ပွဲ နှစ်ငါးဆယ်ပြည့် အကြမ်းဖက်တိုက်ခိုက်မှု
၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့သည် ၁၉၇၃ ခုနှစ် ယွန်ကစ်ပူးစစ်ပွဲ၏ နှစ်ငါးဆယ် ပြည့်မြောက်သောနေ့ဖြစ်သည်။ ယွန်ကစ်ပူးမှာ အစ္စရေးနိုင်ငံ၌ ဂျူးလူမျိုးတို့၏ ဘာသာရေး အထွတ်အမြတ် နှစ်သစ်ကူးပွဲတော်ဖြစ်ပြီး မိတ်ဆွေသင်္ဂဟများနှင့် ဆွေမျိုးမိသားစုများ ပြန်လည်ဆုံစည်းကာ ပျော်ပွဲရွှင်ပွဲများ ကျင်းပပြုလုပ်ကြသည့် အခါသမယလည်းဖြစ်သည်။ ထို့ကြောင့် ယွန်ကစ်ပူး ပွဲတော်ကာလ၌ အစ္စရေးတစ်နိုင်ငံလုံး ပျော်ပွဲရွှင်ပွဲများ ကျင်းပနေစဉ် ၁၉၇၃ ခုနှစ်က အာရပ်တပ်ဖွဲ့များ အလစ်အငိုက် ရယူတိုက်ခိုက်ခဲ့ကြသည့်အတွက် ယွန်ကစ်ပူးစစ်ပွဲဟု အမည်တွင်ခြင်းဖြစ်သည်။
ယင်းစစ်ပွဲမှာ အစ္စရေးနှင့်အာရပ်တို့ စစ်ဖြစ်ခဲ့ကြသည့် သမိုင်းတစ်လျှောက်လုံးတွင် အာရပ်တို့ ဘက်မှ အလစ်အငိုက်ရယူ၍ ဦးစွာဝင်ရောက် တိုက်ခိုက်ခဲ့သည့် တစ်ခုတည်းသောစစ်ပွဲလည်း ဖြစ်လေသည်။ ထို့အပြင် ယင်းစစ်ပွဲ၌ အစ္စရေးတို့ အနိုင်ရရှိခဲ့လင့်ကစား အာရပ်တို့က ဆိုဗီယက်လုပ် လက်နက်များဖြင့် အစ္စရေးကို အထိနာအောင် တိုက်ခိုက်နိုင်ခဲ့သည်။
ထို့ကြောင့် ဂါဇာဒေသမှ ပါလက်စတိုင်း၊ ဟားမားစ်အဖွဲ့အတွက် ယွန်ကစ်ပူးနှစ်ငါးဆယ်ပြည့် ရွှေရတုကာလသည် အစ္စရေးတို့ကို အထိနာအောင် ပြန်လည်တိုက်ခိုက်ရန် အဓိပ္ပာယ်ပြည့်ဝ ဆုံးအချိန် ဖြစ်တော့သည်။ ယွန်ကစ်ပူးပွဲတော် ကာလဖြစ်၍ အစ္စရေးတစ်နိုင်ငံလုံးမှာလည်း ပျော်ပွဲရွှင်ပွဲများဖြင့် အလုပ်များနေကြသည်။ စစ်သည်အများအပြားမှာလည်း မိသားစုနှင့် ပြန်လည် ဆုံစည်းရန်ခွင့်ပြန်နေကြသည်။ ဤအခြေအနေမှာ အလစ်အငိုက်ရယူရန် အခွင့်ကောင်းပင် ဖြစ်သည်။
၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့ နံနက် ၆ နာရီခွဲတွင် ဟားမားစ်တို့၏ တိုက်ခိုက်မှုစတင် ခဲ့သည်။ ဟားမားစ်တို့က ဂါဇာနှင့် အစ္စရေး လူနေဒေသကို ပိုင်းခြားကာရံထားသည့် ခြံစည်းရိုး တံတိုင်းမှ အားအနည်းဆုံးနေရာများအား ဖောက်ခွဲ၍ လမ်းပေါက်ဖွင့်လိုက်ပြီးနောက် အထူးလေ့ကျင့်ထားသည့် တပ်ဖွဲ့ဝင်များက မော်တော်ဆိုင်ကယ်နှင့် ပစ်ကပ်ကားများဖြင့် ရုတ်တရက် ဝင်ရောက်တိုက်ခိုက်ခဲ့ကြသည်။ အချို့က ပါရာဂလိုက်ဒါများကိုသုံး၍ ခြံစည်းရိုးနံရံကို အပေါ်မှဖြတ်ကျော်ကာ ပျံသန်းဝင်ရောက်ခဲ့ကြသည်။ အချို့တပ်ဖွဲ့များက မော်တော်ဘုတ်များဖြင့် ပင်လယ်ကမ်းစပ်ကို ရေပြင်မှပတ်၍ ဝင်ရောက်သွားခဲ့ကြသည်။ ထိုအချိန်တွင် ဟားမားစ် ဒုံးပျံတပ်ဖွဲ့က အစ္စရေး လူနေမြို့ရွာများ အပေါ်သို့ ဒုံးပျံများ ရာနှင့်ချီ၍ ပစ်လွှတ်တိုက်ခိုက်ခဲ့သည်။
အစ္စရေးတို့မှာ ဟားမားစ်၏ အလစ်အငိုက် ရယူတိုက်ခိုက်မှုကြောင့် သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး ထိခိုက်ဆုံးရှုံးမှုနှင့် ကြုံတွေ့ခဲ့ရသည်။ စုစုပေါင်း အစ္စရေးဘက်မှ ၁၂၀၀ ကျော် သေဆုံးခဲ့၍ လူ ၂၅၀ ခန့် ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသည်။
နောက်ပိုင်းထွက်ပေါ်လာသည့် သတင်းများအရ ဟားမားစ်ဘက်မှ ဤစစ်ဆင်ရေးအစီအစဉ်ကို ၂၀၁၄ ခုနှစ်ခန့်ကပင် စတင်ရေးဆွဲခဲ့သည်ဟုဆိုသည်။ ၂၀၂၁ ခုနှစ် အစ္စရေးတို့၏ ပြင်းထန်သော ဂါဇာတိုက်ခိုက်မှု၏နောက်တွင် ပြန်လည်လက်စားချေရေးအတွက် ဤအစီအစဉ်ကို အကောင်အထည်ဖော်ရန် ဂါဇာရှိ စစ်ဘက်ခေါင်းဆောင်ပိုင်းက ဆုံးဖြတ်ချက်ချပြီး စတင်ပြင်ဆင်ခဲ့ကြသည်ဟုဆိုသည်။ စစ်ဆင်ရေးစီမံချက်ကို ရေးဆွဲဖော်ဆောင်ခဲ့သူများမှာ ဟားမားစ်စစ်ရေးခေါင်းဆောင် ယာယာဆင်ဝါ ဦးဆောင်သည့် ထိပ်ပိုင်းစစ်ရေး ခေါင်းဆောင် ငါးဦးခန့်သာဖြစ်ပြီး ဟားမားစ်နိုင်ငံ ရေးခေါင်းဆောင် အစ္စမေးဟာနီယာနှင့် ဒုတိယ ခေါင်းဆောင် ဆလားအယ်လ်အာရူရီတို့ကိုပင် အလွန်ကြီးမားသည့် တိုက်ခိုက်မှုတစ်ခု ပြုလုပ်မည်ဟု အသိပေးရုံမျှ ပြုလုပ်ခဲ့ပြီး အစီအစဉ်အသေးစိတ်ကို မပြောခဲ့ဟုဆိုသည်။ ကြိုတင်လေ့ကျင့်မှုများကို အထူးလျှို့ဝှက်စွာ ပြုလုပ်ခဲ့ပြီး မြေအောက်တွင် နက်ရှိုင်းစွာ တူးဖော်ဆောက်လုပ်ထားသည့် စစ်ဌာနချုပ်အတွင်း၌သာ ပြင်ဆင်လေ့ကျင့်ခဲ့သည်ဟုဆိုသည်။ လက်အောက်တပ်မှူးများကို စစ်ဆင်ရေးမစမီ သုံးရက်အလိုကျမှသာ မိမိတို့ပါဝင် ဆောင်ရွက်ရမည့်အပိုင်းများကို အသိပေးခဲ့သည်။
ခြုံ၍ဆိုရလျှင် ဂါဇာပါလက်စတိုင်းတို့၏ သေမထူးနေမထူးစိတ်ဓာတ်နှင့် လက်စားချေလိုသည့် ပြင်းထန်သော အာဃာတ၊ စစ်ဆင်ရေးကို စနစ်တကျ လျှို့ဝှက်သိုသိပ်စွာပြင်ဆင်ခဲ့မှု၊ ရရှိ နိုင်သမျှသော အရင်းအမြစ်လက်နက်ပစ္စည်းများဖြင့် အချိုးမညီစစ်ဆင်မှု (Asymmetric Warfare)၊ စွမ်းရည်နှင့် အစ္စရေးဘက်မှ အလစ်အငိုက် ဖြစ်ပေါ်စေခဲ့သည့် အချိန်ကာလကို ရွေးချယ်နိုင်မှုတို့က ဤတိုက်ခိုက်မှု၏ အောင်မြင်မှုကို ဖော်ဆောင်ပေးခဲ့ သည်ဟု ဆိုနိုင်ပေသည်။
နောက်ကွယ်မှ အင်အားစုများ
အဘက်ဘက်မှ တံတိုင်းများ ကာရံပိတ်ဆို့၍ တင်းကျပ်စွာ ကန့်သတ်ထိန်းချုပ်ခံရသည့်အပြင် မကြာခဏ အစ္စရေးဘက်မှ ပြင်းထန်စွာတိုက်ခိုက်မှုကို ခံစားနေရသော ဟားမားစ်အဖွဲ့အနေဖြင့် ပြင်ပမှ ထောက်ကူအားပေးမှုကိုမရရှိဘဲ ဤသို့ထိရောက်သည့် တိုက်ခိုက်မှုမျိုးကို ဆောင်ရွက် နိုင်ဖွယ်မရှိဟု လေ့လာသူအများစုက ကောက်ချက်ချကြသည်။ ဟားမားစ်ကို နောက်ကွယ်မှ အဓိက အားပေးထောက်ခံကူညီနေသူမှာလည်း အီရန်နိုင်ငံဖြစ်သည်ဟု လေ့လာသူအားလုံးလိုလိုက သဘောကိုက်ညီကြသည်။
ဤနေရာတွင် မေးခွန်းတစ်ခုပေါ်ပေါက်လာသည်မှာ ဒေသတွင်းနိုင်ငံရေးတွင် ရှီယိုက်မွတ်စလင် နိုင်ငံဖြစ်သော အီရန်သည် ဘာသာတူဖြစ်သော ဆီးရီးယားမှ အာရှတ်အစိုးရ၊ ယီမင်မှ ဟူသီအဖွဲ့နှင့် လက်ဘနွန်မှ ဟစ်ဇ်ဘိုလာအဖွဲ့တို့ကို ထောက်ခံအားပေးခြင်းမှာ သဘာဝကျသော်လည်း ဆွန္နီ မွတ်စလင်များဖြစ်သည့် ပါလက်စတိုင်း ဟားမားစ်အဖွဲ့ကို အဘယ်ကြောင့် များစွာထောက်ပံ့ အားပေးနေရပါသနည်းဟူသော မေးခွန်းဖြစ်သည်။
ထိုမေးခွန်းကို ဖြေဆိုရန်မှာ ဒေသတွင်းအင်အား နိုင်ငံရေးဆက်ဆံမှုကို သဘောပေါက်နားလည်ရန် လိုအပ်ပေသည်။ စင်စစ်၌ အီရန်သည် ဟားမားစ်အဖွဲ့ စတင်ပေါ်ပေါက်လာချိန်မှစ၍ အစ္စရေးကို တိုက်ခိုက်မည့်အဖွဲ့ဖြစ်၍ အားပေးထောက်ပံ့ကူညီမှုများ ပြုလုပ်ခဲ့သော်လည်း များများစားစား မဟုတ်ပေ။ ဟားမားစ်အနေဖြင့် ဆွန္နီဘာသာတူ နောက်ကွယ်အင်အားစုများကို ပို၍ အားထားခဲ့ရသည်။ ၂၀၀၇ ခုနှစ် ဂါဇာဒေသရွေးကောက်ပွဲ၌ ဟားမားစ်အဖွဲ့ အာဏာရရှိလာချိန်တွင် ထိုစဉ်က အင်အားကြီး ဆွန္နီအကြမ်းဖက်အဖွဲ့ဖြစ်သော အယ်လ်ကေဒါအဖွဲ့နှင့် အယ်လ်ကေဒါ ထောက်ခံသော အစ္စလမ္မစ်ဂျေဟဒ်အဖွဲ့တို့အကြား အာဏာလုပွဲဖြစ်ခဲ့ပြီး လမ်းပေါ်တိုက်ပွဲများ ဖြစ်ပွားကာ ဟားမားစ်တို့ အနိုင်ရခဲ့ပြီးနောက် ဟားမားစ်နှင့် အယ်လ်ကေဒါတို့ လမ်းခွဲခဲ့ကြသည်။
ထို့ကြောင့် ဟားမားစ်သည် အီရန်နှင့်ပိုပြီး ထိတွေ့ဆက်ဆံ၍ အကူအညီများ ပိုမိုရယူလာခဲ့ရသည်။ ၂၀၁၄ ခုနှစ်တွင် ဟားမားစ်နှင့် အစ္စရေးတပ်ဖွဲ့များ အကြီးအကျယ်တိုက်ခိုက်ခဲ့ကြပြီးနောက် ဟားမားစ် ထိပ်သီးခေါင်းဆောင်များကို အစ္စရေးက ပစ်မှတ်ထား၍ လိုက်လံသုတ်သင်ချေမှုန်းခဲ့ရာ ဟားမားစ်အဖွဲ့မှာ ခေါင်းဆောင်မှုအားနည်းသွားခဲ့သကဲ့သို့ အောက်ခြေတွင်လည်း ဖရိုဖရဲ ဖြစ်သွားခဲ့သည်။
ထို့နောက်ပိုင်းမှစ၍ ဟားမားစ်အနေဖြင့် အဖွဲ့ပြန်လည်ထူထောင်ရေးအတွက် အီရန်ကို ပိုမိုအားကိုးပြု လာခဲ့ရသကဲ့သို့ ၂၀၁၄ ခုနှစ်တွင် ဟားမားစ်တို့က ယင်းတို့၏ လက်လုပ်ဒုံးပျံ အများအပြားဖြင့် အစ္စရေးဘက်သို့ တိုက်ခိုက်ခဲ့မှုကို တွေ့မြင်ရသည့် အီရန်ကလည်း ဟားမားစ်အဖွဲ့ကို ‘မွေးစား’လိုက်ကာ ယင်းတို့လိုအပ်သော ဒုံးပျံနည်း ပညာ၊ စက်အစိတ်အပိုင်းများ၊ စစ်လက်နက်ပစ္စည်းများကို အီဂျစ် အစ္စရေးနယ်စပ်၊ ဆိုင်းနိုင် ဒေသမှတစ်ဆင့် ဂါဇာကမ်းမြောင်သို့ မြေအောက်၌ နက်ရှိုင်းစွာ တူးဖော်ထားသော ဥမင်လိုဏ်ခေါင်းများမှ တင်ပို့ပေးခဲ့သည်။ ထို့အပြင် ဟားမားစ်အဖွဲ့ဝင်များကို အီရန်သို့ ခေါ်ယူသင်တန်းပေးခြင်း၊ ငွေကြေးထောက်ပံ့ခြင်းများကိုလည်း အင်တိုက်အားတိုက်ပြုလုပ်လာခဲ့သည်။ ၂၀၁၄ ခုနှစ်နောက်ပိုင်း တွင် အီရန်က ဟားမားစ်အဖွဲ့အား တစ်နှစ်လျှင် ဒေါ်လာသန်း ၇၀ မှ ၁၀၀ ခန့်အထိ ငွေကြေး ထောက်ပံ့ပေးခဲ့သည်ဟုဆိုသည်။
စင်စစ်၌ အစ္စရေးနယ်စပ်မှ မိုင် ၁၀၀၀ ခန့် ဝေးကွာနေသော အီရန်နိုင်ငံသည် အစ္စရေးကို တိုက်ခိုက်ချေမှုန်းဖျက်ဆီးပစ်ရန် လိုလားနေလင့်ကစား မြေပြင်နှင့်ရေကြောင်းမှ သွားရောက် တိုက်ခိုက်ရန် မဖြစ်နိုင်သလောက်ရှိပြီး လေကြောင်းမှ တိုက်ခိုက်နိုင်မည့် ခေတ်မီလေတပ်လည်း ပိုင်ဆိုင်ထားခြင်းမရှိပေ။ အီရန်က ပိုင်ဆိုင်ထားသည်မှာ ဒရုန်းအမျိုးမျိုးနှင့် ဒုံးပျံများသာဖြစ်ပြီး ယင်းတို့မှာလည်း မိုင် ၁၀၀၀ ခရီးကိုဖြတ်၍ ပျံသန်းရန် အချိန်ယူရမည်ဖြစ်၍ အစ္စရေးတို့၏ လေကြောင်းကာကွယ်ရေးစနစ်များအတွက် ကောင်းစွာပြင်ဆင်ချိန် ရနိုင်သည်။ သို့ဖြစ်ရာ အစ္စရေးတို့ကို အနီးကပ်တိုက်ခိုက်နိုင်သော ဟားမားစ်၊ ဟစ်ဇ်ဘိုလာ၊ ဟူသီအဖွဲ့တို့ကို ၎င်းတို့ ပိုင်ဆိုင်သည့် ဒုံးပျံများထောက်ပံ့ခြင်းဖြင့် ထိရောက်သည့် ကိုယ်စားစစ်ပွဲကို ဆင်နွှဲနိုင်မည် ဖြစ်လေသည်။
ဤသို့ဖြင့် အစ္စရေးနိုင်ငံမှာ ပတ်လည်ဝန်းကျင်မှ ရန်သူများ ဝန်းရံခြင်းကို ခံနေရသည်ဟု ဆိုနိုင်သည်။ မြောက်ဘက်မှ ဟစ်ဇ်ဘိုလာကြီးစိုးထားသော လက်ဘနွန်နှင့် အီရန်ထောက်ခံအားပေးသော သမ္မတအာဆတ်၏ ဆီးရီးယား၊ အရှေ့ဘက်ခပ်လှမ်းလှမ်းတွင် အီရန်က လွှမ်းမိုးထားသော အီရတ်၊ တောင်ဘက်တွင် ဆော်ဒီအာရေဗျကိုကျော်၍ မဟာဗျူဟာအရေးပါသော ပင်လယ်နီထိပ်ဝမှ ဟူသီတို့ ထိန်းချုပ်ထားသည့် ယီမင်တို့ ရှိနေသည်။ အစ္စရေးကို ပေါ်ပေါ်ထင်ထင် ရန်လိုမှု မပြသသည့် ဒေသတွင်း အင်အားကြီးများဖြစ်သော ဆော်ဒီအာရေဗျနှင့် အီဂျစ်တို့မှာလည်း ပါလက်စတိုင်း တို့အပေါ် စာနာမှုရှိသည့် မွတ်စလင်အာရပ်နိုင်ငံများ ဖြစ်နေသည်။ အာရှ၊ ဥရောပအစပ်မှ တူကီယဲသည်ပင် ပါလက်စတိုင်းတို့ဘက်မှ ရှိနေသည်။
ထို့အပြင် အီရန်၏နောက်ကွယ်မှ ကမ္ဘာ့အင်အားကြီးများဖြစ်ကြသော ရုရှားနှင့် တရုတ်နိုင်ငံတို့ ရှိနေ ကြသည်။ ရုရှားနှင့် တရုတ်တို့ဦးစီးနေသည့် BRICS အုပ်စုတွင် အရှေ့အလယ်ပိုင်းနှင့် အာဖရိက အပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများကပါဝင်ရန် ဆန္ဒပြင်းပြနေကြလေရာ ကမ္ဘာကြီးနှစ်ခြမ်းကွဲစ အခြေအနေ၌ အစ္စရေးဘက်မှာ အခိုင်အမာရပ်တည်နေသည်မှာ အမေရိကန်နှင့်အပေါင်းအပါ အနောက်နိုင်ငံတစ်စုသာ ရှိနေသည်ကို တွေ့ရသည်။
စိတ်ဝင်စားဖွယ်ကောင်းသည်မှာ အမေရိကန်နှင့် အနောက်အုပ်စုအတွင်း၌ပင် ပါလက်စတိုင်းတို့ကို စာနာထောက်ထားအားပေးသည့် အင်အားစုတစ်စု လျင်မြန်စွာ ကြီးထွားလာခြင်းဖြစ်သည်။ ယင်းတို့ကို တိုးတက်သောဒီမိုကရက် (Progressive Democrat) အုပ်စုက ဦးဆောင်နေခြင်းဖြစ်ပြီး ကမ္ဘာပေါ်၌ အသားအရောင်လူမျိုး ခွဲခြားဖိနှိပ်ခြင်းကို အပြင်းအထန်ဆန့်ကျင်သည့် တစ်ကမ္ဘာလုံး တန်းတူညီမျှရေး သဘောထားရှိသူများဖြစ်သည်။ ထုံးစံအတိုင်း ဤအင်အားစုကို ထောက်ပံ့အားပေး နေသူတစ်ဦးမှာ ဂျော့ဆိုးရော့စ်ဖြစ်လေသည်။
အစ္စရေးတို့က ပါလက်စတိုင်းဂါဇာကမ်းမြောင် ဒေသရှိ ဟားမားစ်အဖွဲ့ကို မြေလှန်ချေမှုန်းပစ်မည်ဟု ကြွေးကြော်ကာ အင်အားအလုံးအရင်းဖြင့် ဂါဇာနယ်တွင်းသို့ ဝင်ရောက်တိုက်ခိုက်ချိန်မှစ၍ အမေရိကန်ပြည်တွင်းရှိ နာမည်ကြီးတက္ကသိုလ် များတွင် ကျောင်းသားများက စာသင်ခန်းများနှင့် ကျောင်းပရိဝုဏ်နေရာများကို သိမ်းပိုက်၍ ပါလက်စတိုင်းဘက်မှ ထောက်ခံဆန္ဒပြခြင်း၊ တောင်အာဖရိကနိုင်ငံက အစ္စရေးအစိုးရအား ICJ ၌ လူမျိုးတုံးစေမှုဖြင့် တရားစွဲဆိုခြင်း၊ ကမ္ဘာ့နာမည်ကြီးမီဒီယာများ၌ ဂါဇာစစ်ပွဲတွင် အစ္စရေးတပ်ဖွဲ့များ၏ ပါလက်စတိုင်း အရပ်သားများအပေါ် တိုက်ခိုက်မှု၊ လူနေအဆောက်အအုံများ အကြီးအကျယ်ပျက်စီးမှု၊ လူသားချင်းစာနာမှု အကူအညီပေးအပ်ခြင်းကို နှောင့်ယှက်မှုစသည့် အစ္စရေးနိုင်ငံ၏ မကောင်း သတင်းများကို လှိုင်လှိုင်ကြီးထုတ်လွှင့်နေမှုများမှာ နောက်ကွယ်မှ ယင်းအင်အားစု၏ လှုံ့ဆော်အားပေးမှုများ ပါဝင်သည်ဟု အစ္စရေးနှင့် အမေရိကန်ရှေးရိုးစွဲ ဂျူးအသိုက်အဝန်းက ယူဆကြသည်။
မှေးမှိန်သွားပြီဖြစ်သော သီးခြားနှစ်နိုင်ငံ ထူထောင်မှုနည်းလမ်း
ယခုအခါ အစ္စရေးတို့၏ ဂါဇာကမ်းမြောင် ဒေသကို ဝင်ရောက်တိုက်ခိုက်ခဲ့သည်မှာ ရက်ပေါင်း ၃၄၀ ကျော် ရှိပြီဖြစ်သည်။ ဟားမားစ်ဘက်မှ ထုတ်ပြန်ချက်အရ ကလေး ၁၆၀၀၀ ကျော် အပါအဝင် အရပ်သား ၄၀၀၀၀ ကျော် သေဆုံး၍ ၉၅၀၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရပါသည်။ ဂျော်ဒန် မြစ် အနောက်ဘက်ကမ်းဒေသ၌လည်း အစ္စရေး တို့က စစ်ဆင်ရေးဝင်ရောက်လျက်ရှိသည်။
ဂါဇာဒေသမှာ အစ္စရေးတို့၏ စစ်ရေးအင်အားသုံး ချေမှုန်းနေမှုကြောင့် ပြားပြားဝပ်ပျက်စီးနေချိန် တွင် အစ္စရေးတို့ကို မြောက်ဘက်ရှိ ဟစ်ဇ်ဘိုလာတို့နှင့် တောင်ဘက်ရှိ ဟူသီအဖွဲ့တို့က ဒုံးပျံများဖြင့် ပစ်ခတ်တိုက်ခိုက်လျက်ရှိသည်။
ဤအခြေအနေတွင် သဘောထားပြင်းထန်သော အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ပါလက်စတိုင်း သီးခြားနိုင်ငံ ထူထောင်ရေးအဆိုကို ခါးခါးသီးသီး ပယ်ချလျက်ရှိပြီး ပါလက်စတိုင်း တို့ဘက်မှလည်း ဂျော်ဒန်မြစ်နှင့် မြေထဲပင်လယ်အကြား နယ်မြေအားလုံးကို ယင်းတို့ပိုင်ဆိုင် သည်ဟု ကြွေးကြော်လျက်ရှိရာ သီးခြားနှစ်နိုင်ငံ ထူထောင်ရေးနည်းလမ်းမှာ ပို၍မှေးမှိန်သွားခဲ့သည်။
နေတန်ယာဟုက ပါလက်စတိုင်းနိုင်ငံသစ် ထူထောင်ရေးကို ခါးခါးသီးသီး ငြင်းပယ်နေခြင်းမှာလည်း အကြောင်းမဲ့မဟုတ်ပေ။ အော့စလို သဘောတူညီချက်အရ ပါလက်စတိုင်းနိုင်ငံသစ် ပေါ်ပေါက်လာပါက ပြည်ပရောက် ပါလက်စတိုင်း ဒုက္ခသည် ခြောက်သန်းသည် ယင်းပါလက်စတိုင်း နိုင်ငံသစ်ဂါဇာနှင့် ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းသို့ အလုံးအရင်းဖြင့် ဝင်ရောက်လာကြမည် ဖြစ်သည်။ ထိုအခါ ရှိရင်းစွဲ ပါလက်စတိုင်းများနှင့် ပေါင်းပါက အစ္စရေး၊ ဂျူး ခုနစ်သန်းကို ကျော်လွန် သွားမည်ဖြစ်ကာ အစ္စရေးအတွက် လုံခြုံရေးအရ ခြိမ်းခြောက်မှုဖြစ်လာပေလိမ့်မည်။ ထို့အပြင် ဂျူးလူဦးရေမှာ မှန်မှန်ကျဆင်းနေပြီး ပါလက်စတိုင်း လူဦးရေတိုးနှုန်းက မြင့်မားနေရာ ရေရှည်တွင် လူဦးရေဖိအားဒဏ်ကို ခံစားလာရမည်ဖြစ်၏။ ထို့ကြောင့်လည်း သဘောထားပြင်းထန်သော အစ္စရေးနိုင်ငံရေးသမားများက သီးခြားနှစ်နိုင်ငံအယူအဆကို လုံးဝလက်မခံနိုင်ဘဲ ဖြစ်နိုင်လျှင် ပါလက်စတိုင်း အာရပ်တို့ကို အနုနည်း၊ အကြမ်းနည်းမျိုးစုံဖြင့် ဖယ်ရှားပစ်လိုခြင်း ဖြစ်လေသည်။
အမေရိကန်နှင့် အရှေ့အလယ်ပိုင်း အာရပ်နိုင်ငံအချို့ပူးပေါင်း၍ ကြိုးပမ်းလျက်ရှိသော ငြိမ်းချမ်းရေး ဆွေးနွေးပွဲအဆိုများမှာလည်း နှစ်ဖက်သဘော တူညီမှုမရရှိဘဲ ထစ်ငေါ့နေဆဲဖြစ်ပြီး အခြား တစ်ဖက်တွင်မူ အစ္စရေးနှင့် ဟစ်ဇ်ဘိုလာတို့အကြား စစ်ရှိန်မြှင့်လာနေသည်။ အစ္စရေးတို့က ဂါဇာတွင် ဟားမားစ်ချေမှုန်းရေးစစ်ဆင်မှု လက်စသတ်သည်နှင့် လက်ဘနွန်ရှိ ဟစ်ဇ်ဘိုလာတပ်ဖွဲ့များကို ဝင်ရောက်တိုက်ခိုက်ချေမှုန်းရန် စစ်ပြင်နေကြောင်း သတင်းများ ပေါ်ထွက်လျက်ရှိသည်။
သုံးသပ်ချက်နှင့် ရှေ့အလားအလာ
အရှေ့အလယ်ပိုင်းဒေသတွင် အစ္စရေးနှင့် အီရန်တို့အကြား တင်းမာမှုများ ပိုမိုမြင့်တက်လာ နေလင့်ကစား နှစ်ဦးနှစ်ဖက် စစ်ကြေညာတိုက်ခိုက်မည့် ဒေသတွင်းစစ်ပွဲအဆင့်သို့ ပိုမို ကျယ်ပြန့်စွာ ရောက်ရှိလာရန် မလွယ်ကူလှသေးကြောင်း တွက်ဆရသည်။ အမေရိကန်၌ နိုဝင်ဘာလတွင် သမ္မတရွေးကောက်ပွဲရှိနေခြင်း၊ ရုရှားနိုင်ငံသည်လည်း ယူကရိန်းစစ်ပွဲတွင် အာရုံစိုက်နေရပြီး အီရန်ထံမှပင် ဒရုန်းနှင့်ဒုံးများ ဝယ်ယူနေရခြင်းတို့ကြောင့် နောက်ကွယ်မှ ဆရာကြီးများက ဤစစ်ပွဲကို အားပေးအားမြှောက်ပြုဖွယ်မရှိပေ။
အစ္စရေးနှင့် အီရန်တို့ကိုယ်တိုင်လည်း ပြည်တွင်းနိုင်ငံရေး မတည်ငြိမ်မှုများကို ရင်ဆိုင်နေရသည်။ အထူးသဖြင့် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုမှာ ဓားစာခံခြောက်ဦး အသတ်ခံရမှုနောက်ပိုင်း နိုင်ငံရေးဖိအားများစွာကို ခံစားနေရသည်ဖြစ်ရာ ၎င်း၏ညွန့်ပေါင်းအစိုးရ ပြုတ်မကျရေးမှာ အဓိက ဦးစားပေးဖြစ်နေသည်။ ထို့ကြောင့်စွန့်စားရမှုကြီးမားသည့် ဒေသတွင်းစစ်ပွဲအဆင့်သို့ တက်လှမ်းလိုဖွယ်မရှိပေ။ အီရန်အနေဖြင့်လည်း အစ္စရေးနှင့် ထိပ်တိုက်စစ်ဖြစ်မည့်အစား ယခုကဲ့သို့ ကိုယ်ပွားစစ်ပွဲဆင်နွှဲကာ အစ္စရေးတို့ကို ဒုက္ခပေးနေသည့် ခြွေစစ်မဟာဗျူဟာကိုသာ ဆက်လက်ကိုင်စွဲနေမည်ဟု မှန်းဆရပါသည်။ အစ္စရေးတို့အနေဖြင့်လည်း အီရန်ကို တိုက်ရိုက်စစ်ဆင်မည့်အစား အီရန်၏ဩဇာခံ ဟားမားစ်၊ ဟစ်ဇ်ဘိုလာတို့ကိုသာ ဦးစားပေး နှိမ်နင်းသွားဖွယ်ရှိပြီး ယခင်လုပ်ဆောင်လေ့ရှိသည့် နည်းလမ်းများအတိုင်း ယင်းအကြမ်းဖက် အဖွဲ့များ၏ ခေါင်းဆောင်ပိုင်းကို နိုင်ငံပြင်ပတွင် လိုက်လံရှင်းလင်း သုတ်သင်သွားလိမ့်မည်ဟု မှန်းဆရပါသည်။ ဤသို့ဖြင့် အရှေ့အလယ်ပိုင်းဒေသတွင် အပြန်အလှန် တိုက်ခိုက်သတ်ဖြတ်မှု သံသရာ ဆက်လက်လည်ပတ်နေဖွယ်ရှိပြီး ကမ္ဘာဆုံးတိုင် ပြီးဆုံးဖွယ်မရှိသော ပဋိပက္ခအသွင်ကို ဆောင်နေဖွယ်ရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။
ဤနေရာဒေသတွင် ကမ္ဘာ့ရှေးအကျဆုံး ယဉ်ကျေးမှု လူ့အဖွဲ့အစည်း Civilization စတင်ခဲ့သည်။ ဤနေရာမှာပင် ကမ္ဘာ့အရှည်ကြာဆုံး ပဋိပက္ခက ရှိနေပြန်သည်။ ဤနေရာ၏ အမည်သညာ ခေါ်တွင် ရာကား “အရှေ့အလယ်ပိုင်းဒေသ” ဖြစ်လေသည်။
စင်စစ်၌ “အရှေ့အလယ်ပိုင်း” ဆိုသည်မှာ အနောက်တိုင်းသားတို့၏ သူတို့ရပ်တည်ရာမှ လှမ်းမျှော်ကြည့်သည့် အခေါ်ဖြစ်၏။ ပထဝီဝင် ဘာသာရပ်ဆိုင်ရာအမည်ကား အနောက်အာရှ၊ ဒေသခံအာရပ်တို့၏အခေါ်ကား “အယ်လ်ရှတ် အယ်လ်အော်ဆတ်” (Alsharq Al’ Awsat) (အရှေ့ အလယ်ပိုင်း) သို့မဟုတ် မာရှရစ် (Mashriq) (နေထွက်ရာအရပ်)ဟု ခေါ်ကြသည်။ ယင်းမာရှရစ် နယ်မြေမှ အနည်းငယ်ပိုကျဉ်း၍ ယခုခေတ် ဆီးရီးယား၊ လက်ဘနွန်၊ အစ္စရေး၊ ဂျော်ဒန်တို့ ပါဝင်သော နယ်မြေကိုမူ လီဗန့် (Levant) (အရှေ့)ဟု ခေါ်သည်။
အရှေ့အလယ်ပိုင်း ပဋိပက္ခသည် အခြေခံအား ဖြင့် ဂျူးလူမျိုးနှင့် အာရပ်လူမျိုးစုတို့၏ ပဋိပက္ခ ဖြစ်၏။ နောင်သော် ကိုးကွယ်ရာ ဘာသာများအကြား ပဋိပက္ခအသွင်ပါ ဆောင်လာ၍ ရဟူဒီဘာသာဝင် (ဂျူး)များနှင့် အစ္စလာမ်ဘာသာဝင်(အာရပ်ဆွန္နီ)၊ ပါရှန်(ရှီယိုက်)တို့၏ ပဋိပက္ခအဖြစ်လည်း ကျယ်ပြန့် လာသည်။
ဤပဋိပက္ခ၏ စတင်မြစ်ဖျားခံရာမှာ ကမ္ဘာဦး အစကပင် ဖြစ်သည်ဟု ဆိုနိုင်သည်။ ခရစ်ယာန် ဘာသာဝင်တို့၏ ဓမ္မဟောင်းကျမ်း (Old Testa-ment) အပါအဝင်ဖြစ်သော အာဒီကပ္ပ ကမ္ဘာဦးကျမ်း (The Book of Genesis) အရ ဣသရေလ လူမျိုး (အစ္စရေး) များနှင့် အာရပ်လူမျိုးများသည် ဧဗြာဟံ (Abram)ဟုခေါ်သော နယ်မြေအကြီးအကဲ တစ်ဦး ထံမှ ဆင်းသက်လာခဲ့သည့် ဖအေတူ၊ မအေကွဲ ညီနောင်များဖြစ်သည်ဆို၏။ ဧဗြာဟံနှင့် ဇနီးကြီး ဆာရာ (Sarah) တို့မှ မွေးဖွားသူ အီဆတ်(Isaac) (သားငယ်)နှင့် ကိုယ်လုပ်တော် မောင်းမငယ် ဟာဂါ (Hagar)တို့မှ အလျင် မွေးဖွားသူ အစ္စမေး(Ismael) တို့အကြား မိခင်ချင်းမပြေနိုင်သည့် အာဃာတများမှ တစ်ဆင့် အမွေဆက်ခံလာသည့် ပဋိပက္ခများက ယနေ့ထက်တိုင် စစ်မီးများ မငြိမ်းနိုင်သေးဘဲ တောက်လောင်နေဆဲ ဖြစ်၏။
မြေပြင်မှ သမိုင်းအထောက်အထားများအရ လည်း ရှေးယခင်ကစ၍ ဤဒေသတွင် အစ္စရီလိုက်၊ ဖီလစ္စတင်းနှင့် အီဂျစ်လူမျိုးစုများအကြား အားပြိုင် စစ်ထိုး လွှမ်းမိုးမှုများဖြင့် ပဋိပက္ခများ စဉ်ဆက် မပြတ် ရှိနေခဲ့သည်။ ရောမ၊ အောတိုမန်၊ ပါရှန်၊ အစ္စလမ္မစ်ခါလီဖိတ် အင်ပါယာများ ခေတ်တွင်လည်း ဤနယ်မြေ၌ စစ်မီးမငြိမ်းခဲ့၊ ခေတ်များပြောင်းကာ ၂၀ ရာစု စက်မှုခေတ်တိုင်အောင် ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်တို့၌လည်း ဤနယ်မြေမှာ အေးချမ်း သည်ဟု မရှိခဲ့ပေ။
အာရပ်-အစ္စရေး စစ်ပွဲများ
ရောမအင်ပါယာလက်ထက် အေဒီ ၁ ရာစု ခန့်မှစ၍ အစုလိုက်အပြုံလိုက် နေရပ်မှ စွန့်ခွာ ကြရကာ နိုင်ငံပျောက်ခဲ့ရသော ဂျူးလူမျိုးများသည် ကမ္ဘာအရပ်ရပ်၌ ပြန့်ကျဲနေထိုင်ကြရာမှ ပထမ ကမ္ဘာစစ်အပြီး ဗြိတိသျှကာကွယ်စောင့်ရှောက်မှု အောက်တွင် ယင်းတို့၏ မူလဘူတနယ်မြေဒေသသို့ ပြန်လည်ဝင်ရောက် အခြေချကြရာတွင် ထိုနယ်မြေ များ၌ နှစ်ပေါင်းထောင်နှင့်ချီ၍ နေထိုင်အခြေကျ ခဲ့ကြပြီးဖြစ်နေသော ပါလက်စတိုင်း အာရပ်များနှင့် ပဋိပက္ခ ဖြစ်ကြရပြန်တော့သည်။
ဒုတိယကမ္ဘာစစ်လွန်သော် ကုလသမဂ္ဂ၏ ကြားဝင်ဖြေရှင်းမှုဖြင့် ၁၉၄၈ ခုနှစ်တွင် ထိုဒေသကို အစ္စရေးနှင့် ပါလက်စတိုင်းဟု လူမျိုးအလိုက် နှစ်နိုင်ငံခွဲခြား သတ်မှတ်ပေးခဲ့သော်လည်း၊ ပါလက် စတိုင်း အာရပ်တို့အတွက် နယ်မြေခွဲဝေမှု နည်းပါး သည်ဟု ယူဆသဖြင့် မကျေမနပ်သောကြောင့် လည်းကောင်း၊ အာရပ်ဒေသအတွင်း ကမ္ဘာ့ရန်ဖြစ် သော ရဟူဒီဘာသာဝင် ဂျူးလူမျိုးတို့ နိုင်ငံသစ် ထူထောင်လာမည်ကို မရှုဆိတ် လက်မခံလိုသော အာဃာတစိတ်ကြောင့်လည်းကောင်း၊ ဂျူးနိုင်ငံသစ် ထူထောင်သည့် ၁၉၄၈ ခုနှစ် မေလ ၁၄ ရက်နေ့မှစ၍ ပတ်ဝန်းကျင်မှ အာရပ်ငါးနိုင်ငံက အစ္စရေးကို ဝိုင်းဝန်းတိုက်ခိုက်ကြသဖြင့် အာရပ်-အစ္စရေး ပထမ စစ်ပွဲ ဖြစ်ပွားခဲ့ရသည်။
ထိုစစ်ပွဲတွင် အစ္စရေးတို့က အနိုင်ရရှိခဲ့ပြီး အတင်းအကျပ်နှင်ထုတ်ခဲ့မှုကြောင့် ပါလက်စတိုင်း၊ အာရပ် ၇၅၀၀၀၀ ခန့်မှာ နယ်မြေပျောက်၍ ဒုက္ခသည်ဘဝသို့ ရောက်ရှိသွားခဲ့ရသည်။ ယခုအခါ ပါလက်စတိုင်းဒုက္ခသည် ခြောက်သန်းခန့်ရှိနေပြီး အများစုမှာ အစ္စရေးနယ်နိမိတ်မျဉ်းမှ ကီလိုမီတာ ၁၀၀ (၆၂ မိုင်)အတွင်း နေထိုင်ကြရသည်ဟုဆိုသည်။ သုံးပုံတစ်ပုံခန့်မှာ လက်ဘနွန်၊ ဂျော်ဒန်၊ ဆီးရီးယား၊ ဂျော်ဒန်မြစ်အနောက်ဘက်ကမ်းနှင့် ဂါဇာကမ်းမြောင် (ပါလက်စတိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေ)တို့ရှိ ဒုက္ခသည် စခန်း ၅၈ ခုတွင် နေထိုင်ကြရသည်။
လက်ရှိ အခြေအနေတွင် စတုရန်းမိုင် ၁၄၀ ခန့် သာရှိသော ဂါဇာကမ်းမြောင်ဒေသ၌ ပါလက်စတိုင်း လူမျိုးနှစ်သန်းကျော် နေထိုင်လျက်ရှိကြသည်။ (ယခုဖြစ်ပေါ်နေသော ပဋိပက္ခကြောင့် ပါလက် စတိုင်း ၅၀၀၀၀ နီးပါး သေဆုံးခဲ့ပြီ ဖြစ်သည်ဟု ဆိုပါသည်။)
၁၉၄၈ ခုနှစ် စစ်ပွဲပြီးနောက်တွင် ၁၉၅၆ ခုနှစ်၊ ၁၉၆၇ ခုနှစ်၊ ၁၉၇၃ ခုနှစ်နှင့် ၁၉၈၂ ခုနှစ်တို့တွင် အာရပ်-အစ္စရေးစစ်ပွဲများ ထပ်မံဖြစ်ပွားခဲ့သည်။ သို့သော်လည်း ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ကြိုးပမ်းအားထုတ်မှုများ လုံးလုံးလျားလျား ကင်းမဲ့ နေသည်တော့ မဟုတ်ပေ။ ကမ္ဘာ့မဟာအင်အားကြီး နိုင်ငံဖြစ်ပြီး အစ္စရေးကို ကူညီစောင့်ရှောက်ပေးနေ သည့် နိုင်ငံလည်းဖြစ်သော အမေရိကန်နိုင်ငံ၏ ကမကထပြုမှုဖြင့် အစ္စရေးနှင့် ပါလက်စတိုင်းတို့ အကြား ငြိမ်းချမ်းရေးဆွေးနွေးမှုများလည်း ပြုလုပ် ခဲ့ကြပြီး ၁၉၇၈ခုနှစ် အမေရိကန် သမ္မတ ကာတာ လက်ထက်တွင် ဒေးဗစ်စခန်း သဘောတူညီချက်၊ သမ္မတကလင်တန်လက်ထက်တွင် ၁၉၉၃ ခုနှစ် အော့စလိုသဘောတူညီချက် (ပထမအကြိမ်)နှင့် ၁၉၉၅ ခုနှစ် အော့စလိုသဘောတူညီချက် (ဒုတိယ အကြိမ်) တို့ လက်မှတ်ရေးထိုးနိုင်ခဲ့ကြသည်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲများနှင့် သီးခြားနှစ်နိုင်ငံ (Two State) ထူထောင်ရေး အယူအဆ
အမေရိကန်နိုင်ငံတွင် သဘောထားပျော့ပျောင်း သည့် ဒီမိုကရက်ပါတီသမ္မတများ (ဂျင်မီကာတာနှင့် ဘီလ်ကလင်တန်) လက်ထက်တွင် လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းနှင့် လက်မှတ်ထိုးခဲ့ကြသော အာရပ် နှင့် အစ္စရေးခေါင်းဆောင်နှစ်စုံတွဲ (ဒေးဗစ်စခန်းတွင် အီဂျစ်သမ္မတ အန်ဝါဆာဒတ်နှင့် အစ္စရေးဝန်ကြီးချုပ် မီနာချမ်ဘီဂင်၊ အော်စလိုတွင် ပါလက်စတိုင်း ခေါင်းဆောင် ယာဆာအာရာဖတ်နှင့် အစ္စရေး ဝန်ကြီးချုပ် ယစ်ဇတ်ရာဘင်) စလုံး နိုဘယ်လ် ငြိမ်းချမ်းရေးဆု ရရှိခဲ့ကြခြင်းဖြစ်သည်။
ဒေးဗစ်စခန်း သဘောတူညီချက်တွင် အဓိက အားဖြင့် အစ္စရေးက သိမ်းပိုက်ထားသော ဂါဇာနှင့် ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းနယ်မြေများ တွင် ပါလက်စတိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေ ထူထောင်ရေး၊ ယင်းနယ်မြေများမှ အစ္စရေးတပ်ဖွဲ့ နှင့် အရပ်သားများ ဆုတ်ခွာပေးရေး၊ ပါလက်စတိုင်း ပြည်သူများအား ငါးနှစ်အတွင်း ကိုယ်ပိုင်အုပ်ချုပ် ခွင့် အပြည့်အဝပေးရေးတို့ဖြစ်သည်။ နောက်ဆက် တွဲ အပြန်အလှန်အဖြစ် အစ္စရေးနိုင်ငံ တည်ရှိမှုကို အီဂျစ်နိုင်ငံက အသိအမှတ်ပြုခဲ့ကာ အမေရိကန် ကလည်း ထိုနှစ်နိုင်ငံစလုံးကို ဒေါ်လာဘီလီယံနှင့် ချီ၍ အကူအညီပေးခဲ့သည်။ (အစ္စရေးကို အသိ အမှတ်ပြုခဲ့မှုကြောင့် အာရပ်နိုင်ငံများက အမျက် ထွက်ခဲ့ကြပြီး အီဂျစ်ကို အာရပ်အဖွဲ့ချုပ်မှ ထုတ်ပစ် ကာ သမ္မတ ဆာဒတ်မှာလည်း ၁၉၇၉ ခုနှစ်တွင် လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရသည်။)
အော့စလို သဘောတူညီချက်နှစ်ရပ်မှာ အထက်ပါ ဒေးဗစ်စခန်း သဘောတူညီချက်ကိုပင် အခြေခံ၍ ဆွေးနွေးရရှိခဲ့ခြင်းဖြစ်၏။ အဓိက အားဖြင့် ပါလက်စတိုင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ (Palestine Authority) ကို ဖွဲ့စည်းရေး၊ အနောက်ဘက်ကမ်း ဒေသတွင် ပါလက်စတိုင်းထိန်းချုပ်နယ်မြေ၊ အစ္စရေးထိန်းချုပ်နယ်မြေနှင့် ရောနှောထိန်းချုပ် နယ်မြေ (အစ္စရေးစစ်ဘက်နှင့် ပါလက်စတိုင်း အရပ် ဘက် ရောနှောအုပ်ချုပ်မှု) ဟူ၍ ခွဲခြားအုပ်ချုပ်ရေး၊ ဂါဇာနှင့် ဂျယ်ရီချိုဒေသမှ အစ္စရေးတပ်များ ဆုတ်ခွာ ပေးရေးတို့ကို သဘောတူခဲ့ကြသည်။ (ဤဆွေးနွေးပွဲ အပြီး ၁၉၉၆ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သည့် အစ္စရေးဝန်ကြီးချုပ် ရာဘင်ကို ဂျူးအစွန်းရောက် တစ်ဦးက လုပ်ကြံခဲ့ပြီး ပါလက်စတိုင်းခေါင်းဆောင် အာရာဖတ်မှာလည်း ၂၀၀၄ ခုနှစ်တွင် အဆိပ်ခတ် ခံရ၍ သေဆုံးခဲ့သည်။)
ဤဖြစ်ရပ်များက ရည်ညွှန်းနေသည်မှာ အာရပ်-အစ္စရေး ငြိမ်းချမ်းရေးလမ်းကြောင်းသည် ပန်းခင်းလမ်းမဟုတ်ဘဲ အပြစ်မဲ့ပြည်သူများမှသည် ထိပ်သီးခေါင်းဆောင်များအထိ အသက်သွေးပေါင်း များစွာ ရင်းနှီးခဲ့ရပြီး ခလုတ်တံသင်း ဆူးငြှောင့် များဖြင့် ပြွမ်းတီးသော ခယောင်းလမ်းဖြစ်နေသည် ကို ထင်ရှားစွာ တွေ့ရပေသည်။
စင်စစ်၌ ဤပြဿနာ၏အဖြေမှာ ၁၉၄၈ ခုနှစ် ပါလက်စတိုင်းနှင့် အစ္စရေးတို့ လွတ်လပ်ရေး ကြေညာချိန်ကပင် ထင်ရှားစွာပါဝင်ခဲ့ပြီဖြစ်သော သီးခြားနှစ်နိုင်ငံ ထူထောင်ရေးပင် ဖြစ်၏။ သို့သော် ဤအဖြေကို နှစ်ဖက်စလုံးက လက်မခံနိုင်ကြ သဖြင့်သာ ယနေ့ထက်တိုင်အောင် ပဋိပက္ခ သက်ဆိုးရှည်နေရခြင်းပင် ဖြစ်လေသည်။
သီးခြားနှစ်နိုင်ငံ အယူအဆနှင့် ရေတစ်လှည့် မီးတစ်လှည့်ကာလများ
အစ္စရေးနိုင်ငံသည် ၁၉၄၈ ခုနှစ်တွင် ကုလသမဂ္ဂကထူထောင်ပေးခဲ့သော အစ္စရေးနှင့် ပါလက်စတိုင်း သီးခြားနှစ်နိုင်ငံဘဝမှ ဖြစ်တည်မှု စတင်ခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က အာရပ်နိုင်ငံ အားလုံးလိုလို ဂျူးလူမျိုးတို့၏ နိုင်ငံသစ်တစ်ခု ပေါ်ထွန်းလာမည်ကို မလိုလားသည့်အတွက် အစ္စရေးကိုဝိုင်း၍ တိုက်ခဲ့ကြသည်။ သို့သော် အကျိုးရလဒ်မှာ ယင်းတို့လိုလားသည်နှင့် ပြောင်းပြန်ဖြစ်သွားသည်။ ပါလက်စတိုင်းနိုင်ငံပျောက်၍ ပါလက်စတိုင်းအတွက်သတ်မှတ်ထားသော နယ်မြေအားလုံးကို အစ္စရေးက သိမ်းပိုက်လိုက်သည်။ ပါလက်စတိုင်းအများစု ထွက်ခွာသွားရကာ နိုင်ငံမဲ့ဒုက္ခသည်များ ဖြစ်သွားကြသည်။
နောက်ပိုင်းတွင် အာရပ်တို့ အင်အားစုစည်း မိလာတိုင်း အစ္စရေးကိုစစ်ဆင်နွှဲရန် ကြိုးစားရာ အစ္စရေးကလည်း လက်ဦးမှုယူ၍ အလျင်ဦးအောင် တိုက်လေ့ရှိသည်။ ၁၉၇၃ ခုနှစ် ယွန်ကစ်ပူး စစ်ပွဲ တစ်ခုသာလျှင် အာရပ်ဘက်မှ စတင်တိုက်ခိုက် ခဲ့ခြင်းဖြစ်သည်။ မည်သို့ပင်ဖြစ်စေ အစ္စရေးတို့က အများနှင့်တစ်ယောက်ဖြစ်၍ စစ်ရေးစွမ်းရည်ကို အစဉ်ထက်မြက်အောင် လုပ်ဆောင်ထားခြင်း၊ ပြည်သူ့စစ်မဟာဗျူဟာကို အောင်မြင်စွာကျင့်သုံးနိုင်ခြင်းနှင့်နောက်ပိုင်းမှ မဟာအင်အားကြီး အမေရိကန်နိုင်ငံက အစစကူညီပံ့ပိုး ထောက်ပံ့နေခြင်းတို့ကြောင့် အင်အားနည်းပါးလျက် အောင်ပွဲဆင်နိုင်ခဲ့ခြင်းဖြစ်လေသည်။
သို့ရာတွင် ၁၉၈၂ ခုနှစ်၌ အစ္စရေးက လက်ဘနွန်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးသည့်နောက်ပိုင်း အာရပ်နိုင်ငံများနှင့် အစ္စရေးအကြား နိုင်ငံချင်း စစ်ပွဲများ မဖြစ်ပွားတော့သော်လည်း အစ္စရေးနိုင်ငံ အတွင်း ပါလက်စတိုင်းနယ်မြေများ၌ ကျန်ရစ်ခဲ့ကြ သည့် ပါလက်စတိုင်း၊ အာရပ်များနှင့် အစ္စရေး တို့အကြား အာဃာတမီးက ငြိမ်းအေးမသွားဘဲ အကြောင်းသင့်တိုင်း အရှိန်မြင့်စွာတောက်လောင် ခဲ့သည်။ အထူးသဖြင့် အစ္စရေးနိုင်ငံ၌ သဘောထား တင်းမာသည့် လီကွဒ်ပါတီအာဏာ ရရှိသည့်ကာလ များ၌ အစ္စရေးနှင့် ပါလက်စတိုင်းလူ့အဖွဲ့အစည်း နှစ်ရပ်အကြား ပဋိပက္ခကြီးမားလေ့ရှိသည်ကို တွေ့ရ ၏။
ပါလက်စတိုင်းတို့မှာ အာဏာလက်မဲ့ လူနည်းစု ဖြစ်ရာ သဘောထားတင်းမာသည့် အစ္စရေးအစိုးရ ကို ဆန့်ကျင်တွန်းလှန်ရာတွင် လူအုပ်စုဖွဲ့၍ မင်းမဲ့ စရိုက်ဆန်ဆန်ရရာနည်းဖြင့် ရရာလက်နက်ကို သုံးကာ တိုက်ခိုက်ခဲ့ကြသည်။ ထိုသို့တိုက်ခိုက်သည့် နည်းများတွင် ဂျူးလူမျိုးများကို ဓားဖြင့်ထိုး၊ တုတ်ဖြင့်ရိုက်၊ ကားနှင့်တိုက်ခြင်း၊ ခဲနှင့်ပေါက် ခြင်းမှသည် ဗုံးခွဲခြင်းနှင့် လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်းများအထိ ပါဝင်သည်။ ဤသို့ လူအင်အား ဖြင့် အုပ်ဖွဲ့အုံကြွမှုကို အင်တီဖာဒါလှုပ်ရှားမှု (Intifada) ဟုခေါ်ပြီး ၁၉၈၇ ခုနှစ်နှင့် ၂၀၀၀ ပြည့်နှစ်တို့တွင် အကြီးကျယ်ဆုံး Intifada များ ဖြစ်သွားခဲ့၏။ ပထမအင်တီဖာဒါအုံကြွမှုတွင် လူပေါင်း ၃၀၀၀ ခန့်၊ ဒုတိယအင်တီဖာဒါတွင် လူပေါင်း ၄၃၀၀ ခန့် သေဆုံးခဲ့ပြီး ယင်းအရေအတွက် ၏ သုံးပုံ နှစ်ပုံကျော်ခန့်မှာ ပါလက်စတိုင်းများ ဖြစ်ကြလေသည်။
အစ္စရေးနိုင်ငံ၌ သဘောထားပျော့ပျောင်းသည့် လေဘာပါတီ အာဏာရရှိချိန်များ၌မူ အထက်တွင် တင်ပြခဲ့သည့်အတိုင်း ပါလက်စတိုင်းနှင့် အစ္စရေးတို့ အကြား အတော်အတန်ညှိနှိုင်းပြေလည်မှုရရှိခဲ့ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်နိုင်ကာ ပါလက် စတိုင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် သီးခြား ပါလက် စတိုင်းနိုင်ငံ ထူထောင်ရေးအထိ မျှော်မှန်းလုပ်ဆောင်နိုင်ခဲ့သည်ကို တွေ့ရပေသည်။
သို့ရာတွင် သဘောထားပြင်းထန်သူများ အာဏာရရှိလာချိန်၌မူ ထိပ်တိုက်ဆန့်ကျင်မှု ပိုမိုများပြားပြီး အစ္စရေးအစိုးရဘက်ကလည်း လူအုပ်ဖွဲ့အုံကြွမှုများအား မျက်ရည်ယိုဗုံး၊ အဓိကရုဏ်း နှိမ်နင်းရေး သေနတ်များဖြင့် ပစ်ခတ်နှိမ်နင်းခြင်း၊ အကြမ်းဖက်ကျူးလွန်သူများကို နေရာတွင်ပင် သုတ်သင်ရှင်းလင်းပြီး အကြမ်းဖက်သမား၏ နေအိမ်ကိုလည်း မြေထိုးစက်ဖြင့် ဖြိုချဖျက်ဆီးခြင်း စသည့်နည်းလမ်းများဖြင့် အင်အားသုံး ဖြေရှင်းခဲ့သည်။ အလွန်သဘောထား ပြင်းထန်သည့် အစ္စရေး ဝန်ကြီးချုပ်ဟောင်း အေရီယယ်ရှရွန်၏လက်ထက် (၂၀၀၁-၂၀၀၆)တွင် သိမ်းပိုက်ပါလက်စတိုင်းနယ်မြေ များကို တံတိုင်းကာရံခြင်း၊ ဂါဇာနှင့် အနောက်ဘက်ကမ်း ပါလက်စတိုင်းနယ်မြေများတွင် အစ္စရေးမိသားစုများကို ဝင်ရောက်အခြေချနေထိုင်စေပြီး၊ အိမ်ရာများ ဆောက်လုပ်ပေးခြင်းများ ပြုလုပ်ခဲ့ သည်။
အကျိုးဆက်အနေဖြင့် ပါလက်စတိုင်းဘက်မှ အစ္စရေးဘက်ရှိ မြို့ရွာများကို ဝင်ရောက်အကြမ်းဖက် တိုက်ခိုက်ခြင်းများနည်းပါးသွားခဲ့သော်လည်း ပါလက်စတိုင်းနယ်မြေအတွင်းရှိ ဂျူးအခြေချသူ များအပေါ် တိုက်ခိုက်မှုများ ပြင်းထန်လာခြင်း၊ အထူးသဖြင့် ဂါဇာတွင် ၁၉၈၇ ခုနှစ်မှ စတင် ပေါ်ပေါက်လာသည့် ဟားမားစ်အကြမ်းဖက်အဖွဲ့က ပါလက်စတိုင်းဒေသတစ်ခုလုံးကို ပါလက်စတိုင်း အာရပ်နိုင်ငံသစ်ထူထောင်ရေးနှင့် အစ္စရေးနိုင်ငံ လုံးဝချုပ်ငြိမ်းရေးဦးတည်ကာ အကြမ်းဖက်မှုများ တိုးမြှင့်လုပ်ဆောင်လာခြင်းတို့ကြောင့် ဂါဇာမှ အစ္စရေးအခြေချသူများကို လုံးဝဆုတ်ခွာဖယ်ရှား ကာ ပိုင်းခြားထားသည့် ခြံစည်းရိုးတံတိုင်းကို တင်းကျပ်စွာပိတ်ဆို့ထားခဲ့သည်။ အနောက်ဘက်ကမ်းဒေသတွင်မူ အစ္စရေးအခြေချနေထိုင်မှုများ ပိုမိုတိုးမြှင့်ကာ နယ်မြေများတိုးချဲ့ရယူ ထိန်းချုပ် ခဲ့သည်။
ထို့ပြင်ဂါဇာတွင်ပြွတ်သိပ်နေထိုင်ရသည့် ပါလက်စတိုင်းတို့မှာ ယခင်က အစ္စရေးမြို့ရွာများဘက်သို့ ထွက်ခွင့်ရပြီး သီးနှံစိုက်ပျိုးခြံများတွင်အလုပ်လုပ်ကိုင်ခွင့်ရခဲ့ကြသော်လည်း ဂါဇာကို ပိတ်ဆို့ထားပြီးနောက် အလုပ်လက်မဲ့ဖြစ်ကာ ဆင်းရဲဒုက္ခရောက်ခဲ့ကြသည်။ ထို့အပြင် ဂါဇာဒေသကိုအစ္စရေးက ထောက်ပံ့ပေးထားသည့် ရေ၊ မီး၊ စက်သုံးဆီတို့မှာလည်း အစ္စရေးက နိုင်ငံရေးအရ ထိန်းချုပ်ကန့်သတ်မှုများရှိခဲ့ရာ ပါလက်စတိုင်း တို့အတွက် ဘဝရပ်တည်မှုခက်ခဲလာကာ အစ္စရေးကို ပို၍မုန်းတီးလာခဲ့ကြသည်။ ၂၀၀၆ ခုနှစ်တွင် ပါလက်စတိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေ (အနောက်ဘက်ကမ်း + ဂါဇာ)၌ ရွေးကောက်ပွဲကျင်းပရာ အနောက်ဘက်ကမ်း၌ သဘောထားပျော့ပျောင်းသည့် PLO ဖာတာအဖွဲ့က အနိုင်ရရှိခဲ့သော်လည်း ဂါဇာဒေသ၌မူ သဘောထားပြင်းထန် သည့် ဟားမားစ်က မဲအပြတ်အသတ်ဖြင့် အနိုင် ရရှိခဲ့သည်။ ဤတွင် အစ္စရေး-ဟားမားစ် ထိပ်တိုက် ရင်ဆိုင်မှုဇာတ်လမ်း စခဲ့ခြင်းဖြစ်လေသည်။
ပါလက်စတိုင်းတို့၏ သေမထူးနေမထူး ဇာတ်လမ်းမှသည် ယွန်ကစ်ပူး နှစ်ငါးဆယ်ပြည့် တိုက်ခိုက်မှုသို့
ဂါဇာတွင် ဟားမားစ်အဖွဲ့ အနိုင်ရရှိခဲ့ပြီးနောက် အီရန်နိုင်ငံ၏ လျှို့ဝှက်ကူညီမှုဖြင့် အစ္စရေးလူနေ မြို့ရွာများသို့ ဂါဇာမှ ဒုံးကျည်များဖြင့် တိုက်ခိုက် မှုများ ပြုလုပ်လာခဲ့သည်။ ထိုသို့ ဟားမားစ်တို့၏ တိုက်ခိုက်မှုပြုလုပ်တိုင်း အစ္စရေးတို့ကလည်း ဂါဇာနယ်မြေအတွင်းသို့ လေကြောင်းမှ ဗုံးကြဲခြင်း၊ အမြောက်သံချပ်ကာနှင့် ခြေလျင်တပ်များဖြင့် ဝင်ရောက်ချေမှုန်းခြင်းတို့ကို ပြင်းပြင်းထန်ထန် ပြုလုပ်ခဲ့သည်။ ၂၀၀၈-၂၀၀၉ ခုနှစ်တွင် Operation Cast Lead၊ ၂၀၁၂ ခုနှစ်တွင် Operation Pillar of Defense၊ ၂၀၁၄ ခုနှစ်တွင် Operation Protective Edge၊ ၂၀၂၁ မေလတွင် ၁၁ ရက်ကြာစစ်ပွဲ၊ ၂၀၂၂ တွင် သုံးရက်ကြာ ပဋိပက္ခနှင့် ၂၀၂၃ ခုနှစ် မေလတွင် Operation Shield and Arrow တို့ကို ပြုလုပ်ခဲ့ရာ အစ္စရေးတို့၏ ပြင်းထန်သော ပစ်အားဒဏ်ကြောင့် ဂါဇာဒေသတွင် အကြီးအကျယ် သေကျေပျက်စီးမှု များ ဖြစ်ခဲ့သည့်အပြင် ပါလက်စတိုင်းတို့ကို အပြစ် ပေးသည့်အနေဖြင့် ရေဖြတ်၊ မီးဖြတ်၊ ဆီဖြတ်၊ အစ္စရေးနယ်မြေသို့ ဝင်ရောက်အလုပ်လုပ်ခွင့် ပိတ်ဆို့ စသည့် ဖြတ်တောက်ပိတ်ဆို့မှုများကြောင့် ဂါဇာဒေသရှိ ပါလက်စတိုင်းများမှာ ဒုက္ခပေါင်းစုံကို ခါးစည်း၍ ခံခဲ့ကြရသည်။ ယင်းအတွက် အလွန် ခါးသီးသော နာကြည်းခံစားမှုများက အစ္စရေးအပေါ် အခဲမကျေနိုင်သော မုန်းတီးမှုနှင့် သေမထူးနေမထူး စိတ်များဖြင့် မိုက်မိုက်ကန်းကန်း အကြမ်းဖက် တိုက်ခိုက်လိုသည့်လမ်းကြောင်းပေါ်သို့ တွန်းတင် ပေးလိုက်သကဲ့သို့ ဖြစ်သွားခဲ့လေသည်။
၂၀၀၀ ပြည့်လွန်နှစ်များအတွင်း အမေရိကန်၏ တွန်းအားပေးမှုကြောင့် အစ္စရေးအစိုးရများက အနောက်ဘက်ကမ်းရှိ သဘောထားပျော့ပျောင်း သော ပါလက်စတိုင်းအာဏာပိုင်အဖွဲ့နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အခါအားလျော်စွာ ပြုလုပ်ခဲ့သော်လည်း နှစ်ဖက်ယုံကြည်မှုကို မတည်ဆောက် နိုင်ခဲ့သဖြင့် မအောင်မြင်ခဲ့ပေ။
၂၀၀၉ ခုနှစ် နောက်ပိုင်းတွင် စဉ်ဆက်မပြတ် အာဏာရရှိလာခဲ့သည့် လီကွဒ်ပါတီမှ သဘောထား ပြင်းထန်သော ဝန်ကြီးချုပ် နေတန်ယာဟုသည် ဂါဇာဒေသမှ ဟားမားစ်တို့၏ တိုက်ခိုက်မှုများကို တန်ပြန်တိုက်ခိုက်မှုများဖြင့် “ဓား-ဓားချင်း၊ လှံ-လှံချင်း” တုံ့ပြန်ထိန်းချုပ်ထားပြီး သဘောထား ပျော့ပျောင်းသည့် ဖာတာအဖွဲ့အုပ်ချုပ်သော အနောက်ဘက်ကမ်းဒေသကိုမူ ဂျူးအခြေချ နေထိုင် မှုများ ပိုမိုချဲ့ထွင်ဆောင်ရွက်၍ အစ္စရေးထိန်းချုပ်နယ်မြေ ပိုမိုကျယ်ပြန့်လာစေခဲ့သည်။ ပါလက်စတိုင်းတို့က နိုင်ငံထူထောင်လျှင် မြို့တော်အဖြစ် သတ်မှတ် ရန် ရည်စူးထားသည့် အရှေ့ဂျေရုဆလင်၌လည်း ဒေသခံပါလက်စတိုင်းတို့၏ အိမ်ခြံမြေများကို ဂျူးများက ငွေကြေးမတန်တဆပေး၍ ဝယ်ယူခြင်း ဖြင့် ဂျူးလူနေအိမ်ခြေများ တိုးချဲ့လာခဲ့ကြသည်။
(အစ္စရေးက ဂျေရုဆလင်တစ်မြို့လုံးကို နိုင်ငံမြို့တော်အဖြစ် တရားဝင်ကြေညာထားပြီး အမေရိကန်နိုင်ငံက သမ္မတထရမ့်လက်ထက်တွင် အမေရိကန်သံရုံးကို ဂျေရုဆလင်သို့ စတိသဘော အရွှေ့ပြကာ အစ္စရေး၏ကြေညာချက်ကို အားပေး ထောက်ခံခဲ့သည်။)
(ဆက်လက်ဖော်ပြပါမည်)
အနောက်အုပ်စုက ယူကရိန်းကို နယ်ရုပ်တစ်ရုပ်လိုပဲ ထိုးကျွေးလိုက်လေပြီလား
ကြိုတင်မျှော်လင့်နိုင်သော၊ ကြိုတင်မျှော်လင့်ထားခဲ့သော အရာကဖြစ်ပေါ်လာခဲ့ပြန်ပါပြီ။ ဘယ်လို အကြောင်းအရာလဲဆိုရင် အမေရိကန်နဲ့ဗြိတိန်တို့က ယူကရိန်းကို တာဝေးပစ်ဒုံးကျည်တွေ ထောက်ပံ့ပေးပြီး ရုရှားနိုင်ငံအတွင်းပိုင်းကို တိုက်ခိုက်ရာမှာအသုံး ပြုခွင့်ပေးလိုက်ခြင်းပါပဲ။ ဒီလိုအခြေအနေဟာ စစ်ပွဲ ကိုပိုပြီးကြာရှည်စေမယ်၊ ယူကရိန်းကို ပိုပြီးအထိနာ စေမယ်ဆိုတာသိသိကြီးနဲ့ အနောက်အုပ်စုက အခုလို လုပ်ရပ်တွေကို လုပ်လာတာလို့ သုံးသပ်လို့ရပါတယ်။ ဒါဆိုရင် သူတို့ကဘာကြောင့်များ တင်းမာမှုတွေပိုပြီး ဖြစ်ပေါ်လာအောင် လုပ်နေရတာလဲ။
အနောက်အုပ်စုအနေနဲ့ အခုလိုအခြေအနေမျိုး မရောက်ရောက်အောင် လှမ်းလာလိမ့်မယ်ဆိုတာကို အစောကြီးကတည်းက ကြိုတင်တွက်ဆ ထားပြီးသားပါ။ အရင်တုန်းကတော့ ယူကရိန်းကို ထောက်လှမ်းရေး သတင်းတွေပေးတယ်။ ကြေးစားစစ်သည်တွေ စေလွှတ်တယ်။ စစ်ရေးအကြံပေးတွေပို့ပေးတယ်။ ဒီလောက်နဲ့ ရုရှားကိုအလဲမဖြိုနိုင်တဲ့အခါမှာ အမျိုးမျိုးသောတင့်တွေ၊ သံချပ်ကာယာဉ်တွေ၊ ဒုံးကျည်ပစ်လွှတ်မှုစနစ်တွေနဲ့ မကြာသေးမီကဆိုရင် F-16 တိုက် လေယာဉ်တွေကိုတောင်မှ ပေးပို့ထောက်ပံ့ပေးခဲ့တာပါ။ အဲဒီတိုက်လေယာဉ်တွေထဲက တစ်စင်းကတော့ ယူကရိန်းဆီရောက်ပြီး မကြာမီမှာပဲ ပျက်ကျသွားပါ တယ်။
အခုတော့ Storm Shadow ဒုံးကျည်ကို အသုံးပြုဖို့အတွက် အချိန်ကျရောက်လာပြန်ပါပြီ။ အဲဒါပြီးရင် တာဝေးပစ်ဒုံးကျည် အမျိုးအစားဖြစ်တဲ့ ATACMS ဒုံးကျည်တွေကို အသုံးပြုလာပါတော့မယ်။ ဒီလိုဒုံးကျည်တွေ အသုံးပြုဖို့အတွက် သူတို့ပြလာတဲ့အကြောင်းကတော့ အီရန်နိုင်ငံက ရုရှားနိုင်ငံကို တာတိုပစ်အမြင့် ပျံဒုံးကျည်တွေ ပို့ဆောင်ပေးနေတယ်ဆိုတဲ့ အခြေအမြစ်မရှိ စွပ်စွဲချက်တွေပါပဲ။ ဒီလိုစွပ်စွဲလာသူက အမေရိကန်နဲ့ အပေါင်းအပါတွေပါ။ အီရန်ကတော့ သူတို့ရဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။
အမေရိကန်တွေဆိုတာ နိုင်ငံတစ်နိုင်ငံကို ပျက်စီးစေချင်ပြီဆိုရင် ပြင်းထန်တဲ့ ကောလာဟလတွေ၊ စွပ်စွဲချက်တွေနဲ့ အရင်စွပ်စွဲပါတယ်။ ပြီးတော့မှ အဲဒီနိုင်ငံမှာ ဒီလိုတွေရှိနေလို့ ကျွန်တော်တို့က အခုလိုလုပ်ရတာပါဆိုပြီး အသံကောင်းဟစ်တာပါ။ အီရတ်မှာဆို ရင်လည်း အဖျက်စွမ်းအားပြင်း လက်နက်တွေရှိနေတယ်။ အဲဒီလက်နက်တွေနဲ့ အစ္စရေးကို တိုက်ခိုက်ရာမှာ အသုံးပြုနေပါတယ်လို့ ပြောပြီး ကျူးကျော်မှုတွေ လုပ်ရာမှာ အီရတ်ဆိုတာ လက်ရှိမှာပြာပုံဘဝကနေ မနည်းရုန်းကန်ထနေရတဲ့ အခြေအနေကို ရောက်သွားပါတယ်။ တကယ်လို့များ အီရန်က ဒုံးကျည်တွေကို ပို့ဆောင်ပေးနေတယ် ဆိုစေဦးတော့။ ဒါဟာ အချုပ် အခြာအာဏာပိုင် နိုင်ငံများကြားက လုပ်ပိုင်ခွင့်တစ်ခုသာဖြစ်ပါတယ်။ အမေရိကန်အနေနဲ့ ဘာမဟုတ်တဲ့ ဒီလိုကိစ္စတွေကို ပြဿနာတစ်ရပ်အဖြစ်ရှုမြင်ခြင်းကြောင့်လည်း အခုလိုအချိန် ကမ္ဘာတစ်ဝန်းမှာ သူတို့ မွှေးတဲ့မီးတွေ လောင်ကျွမ်းနေရတာပါ။
ယူကရိန်းအရေးကိုပြန်ဆက်ရရင် အနောက်အုပ်စုအနေနဲ့ ယူကရိန်းနိုင်ငံကို အခုလိုမျိုး တာဝေးပစ်ဒုံးကျည်တွေ အသုံးပြုခွင့်ပေးလိုက်တာဟာ အဲဒီနိုင်ငံအနေနဲ့ ရုရှားနဲ့ပဋိပက္ခမှာ အရှုံးကြီးရှုံးနေတယ်ဆိုတာကို ရည်ညွှန်းနေပါတယ်။ မကြာသေးခင်ကဖြစ်သွားတဲ့ တိုက်ပွဲများကို ကြည့်မယ်ဆိုရင် ယူကရိန်းဘက်က ခု(စ်)ဒေသကို အသေခံကျူးကျော် တိုက်ခိုက်မှုတွေလုပ်တယ်။ အဲဒီတိုက်ခိုက်မှုတွေကို ရုရှားက ထိန်းချုပ်လိုက်နိုင်တယ်။ ပြီးတဲ့အခါ တန်ပြန်တိုက်စစ်ဆင်နွှဲတယ်။ ယူကရိန်းတို့ရဲ့ထိုးစစ်က အသက်သွေးချွေး ဆုံးရှုံးမှုများစွာနဲ့ စတေးလိုက်ရပေမယ့် မြေပြင်မှာတော့ ရုရှားတို့ရဲ့ တန်ပြန်တိုက်စစ်ကြောင့် ယူကရိန်းအနေနဲ့ အရှေ့ပိုင်းနယ်မြေ အများအပြားကို စွန့်လွှတ်လာနေရတယ်လို့ အမေရိကန်နိုင်ငံရဲ့ သတင်းစာကြီးတစ်စောင်ဖြစ်တဲ့ New York Times သတင်းစာမှာ ဖော်ပြထားပါတယ်။
ဒီအချိန်မှာ အမေရိကန်တို့က ယူကရိန်းကို တာဝေးပစ်ဒုံးကျည်တွေ အသုံးပြုခွင့်ပေးပေမယ့်လည်း ဇီလန်စကီအစိုးရရဲ့ ရှုံးနိမ့်မှုနဲ့ ပြိုလဲမှုကိုမကယ်တင် နိုင်တော့ပါဘူး။ အထင်ရှားဆုံးတစ်ခု ပြောရမယ်ဆိုရင် ယူကရိန်းမှာ ဒီလိုတာဝေးပစ်ဒုံးကျည် ပမာဏက သိပ်များများစားစား မရှိပါဘူး။ အနောက်အုပ်စုရဲ့နိုင်ငံရေး အခြေအနေတွေနဲ့ ထုတ်လုပ်မှုပမာဏက ယူကရိန်း ကို အမြောက်အမြားပံ့ပိုးပေးစေဖို့ မဖြစ်နိုင်ပါဘူး။ အကယ်၍ ယူကရိန်းက ကံကောင်းပြီး ရုရှားနိုင်ငံထဲမှာ ပျက်စီးမှုတချို့ဖြစ်သွားစေတယ် ဆိုရင်တောင်မှ လက်ရှိဖြစ်ပွားနေတဲ့ စစ်ပွဲရဲ့လမ်းကြောင်းကတော့ ပြောင်းလဲသွားမှာ မဟုတ်တော့ပါဘူး။
ဒီလက်နက်တွေနဲ့ ရုရှားအပေါ် တိုက်ခိုက်မှုတွေ လုပ်လာရင် ရုရှားကလည်း တန်ပြန်တိုက်ခိုက်မှုတွေ လုပ်လာမှာပါ။ အဲဒီတန်ပြန် တိုက်ခိုက်မှုတွေက ယူက ရိန်းကြောင့် သူတို့ခံစားရတာထက် အဆပေါင်းများစွာ ပိုပါလိမ့်မယ်။ ယူကရိန်းအစိုးရအနေနဲ့ကလည်း ကောက်ရိုးမျှင်ကို တစ်မျှင်ပြီးတစ်မျှင် လှမ်းဆွဲတတ် တဲ့ အကျင့်လေးကရှိနေပြန်ပါတယ်။ ဒါကြောင့် ယူကရိန်းအနေနဲ့ ပြည်တွင်းမှာသာမက ပြည်ပမှာပါ ဝါဒဖြန့်မှုတွေလုပ်နိုင်စေဖို့ အတွက် တိုက်ခိုက်မှုကြီးကြီး မားမားတွေကို ဆက်လုပ်လာနိုင်ပါတယ်။ နောက်ဆုံးမှာတော့ အဲဒီတိုက်ခိုက်မှုတွေကြောင့် လက်ရှိဖြစ်ပွားနေတဲ့ စစ်ပွဲဟာ ဒေသတွင်းဖြစ်တဲ့ ဥရောပဒေသစစ်ပွဲ သာမက တစ်ကမ္ဘာလုံးဆိုင်ရာ စစ်ပွဲကြီးအထိပင်ဖြစ်သွားနိုင်ပါလိမ့်မယ်။ ဒီလိုမျိုးကမ္ဘာပျက်လုမတတ် စစ်ပွဲကြီးတွေဖြစ်ပွားခြင်းက ယူကရိန်းအနေနဲ့ အရှုံးကို တွန်းလှန်ပယ်ရှားနိုင်မယ့် နောက်ဆုံး အခွင့်အရေးလို့ သတ်မှတ်ထားပုံရပါတယ်။
အခုအချိန်မှာတော့ ယူကရိန်းနိုင်ငံ အလွန်မှာရှိတဲ့ ထိန်းချုပ်ဖို့ရန်ခက်ခဲသော အန္တရာယ်ကြီးတစ်ခုက ထင်သာမြင်သာ ပေါ်ထွက်လာပါပြီ။ ဒီအခြေအနေကိုမှ မထိန်းချုပ်ကြဘူးဆိုရင်တော့ နောက်ဆက်တွဲ အကျိုးဆက်တွေက မတွေးရဲလောက်အောင်ကို ဖြစ်လာမှာ အသေအချာပါပဲ။ ရုရှားသမ္မတ ဗလာဒီမာပူတင်က တော့ ယူကရိန်းအနေနဲ့ ဒီလိုမျိုးလက်နက်တွေရလာတာဟာ အနောက်အုပ်စု အထူးသဖြင့် NATO အုပ်စုရဲ့ ထောက်ပံ့မှုကြောင့်ဖြစ်တယ်ဆိုတာ မငြင်းနိုင်တဲ့ သက်သေဖြစ်ကြောင်း၊ ယူကရိန်းကသာ တာဝေးပစ် ဒုံးကျည်တွေနဲ့ ရုရှားနိုင်ငံအတွင်းပိုင်းကို တိုက်ခိုက်မယ်ဆိုရင် ဒါဟာ NATO နဲ့ရုရှားတို့ကြားစစ်ဖြစ်တာ နဲ့အတူတူပဲဖြစ်ကြောင်း၊ ဒီအချိန်မှာ အနောက်အုပ်စုအနေနဲ့ ဖြေရှင်းချက် ကောင်းကောင်းပေးရမှာဖြစ်ကြောင်းနဲ့ ဒီလိုသာမဟုတ်ဘဲ တာဝေးပစ်ဒုံးကျည်နဲ့ တိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်လိုက်မယ်ဆိုရင် ဒါက လက်ရှိပဋိပက္ခမှာ တိုက်ရိုက်ပါဝင်လာတာလို့ မှတ်ယူရမှာဖြစ်ကြောင်း အတိအလင်း ပြောထားပါတယ်။
အကယ်၍များ အနောက်အုပ်စုက ထောက်ပံ့ပေးထားတဲ့ တာဝေးပစ်ဒုံးကျည်တွေနဲ့ ယူကရိန်းက ရုရှားနိုင်ငံအတွင်းပိုင်းကို တိုက်ခိုက်လာမယ်ဆိုရင် ပိုလန် နဲ့ ရိုမေးနီးယားတို့မှာရှိတဲ့ NATO တပ်ဖွဲ့ရဲ့စစ်စခန်းတွေဟာလည်း ရုရှားရဲ့တရားဝင် စစ်ရေးပစ်မှတ်ကြီးတွေဖြစ်သွားပြီး တိုက်ခိုက်မှုတွေ ခံရမှာမလွဲဧကန်ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ရုရှားအနေနဲ့ ဒီလိုလုပ်မှာတော့ မဟုတ်ပါဘူး။ သို့သော် တခြားသောနည်းနဲ့ တုံ့ပြန်လာနိုင်ပါတယ်။ အဲဒီနည်းကတော့ အနောက်အုပ်စုရဲ့ ပြိုင်ဘက်နိုင်ငံတွေကို လက်နက်တွေထောက်ပံ့ ပေးလာနိုင်ခြင်း ဖြစ်ပါတယ်။ အခု အနောက်အုပ်စုက ယူကရိန်းကို လက်နက်တွေ ထောက်ပံ့ပေးနေသလို မျိုးပါပဲ။
နောက်တစ်ချက်က ရုရှားအစိုးရတာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ဒီမီထရီပက်စကော့ရဲ့ ပြောဆိုချက်တချို့ကို ကြည့်မယ်ဆိုရင် ယူကရိန်းအစိုးရ အနေနဲ့စိုးရိမ်သင့် တဲ့အချက် ပါဝင်နေတာကိုတွေ့ရမှာပါ။ အဲဒါကတော့ ယူကရိန်းကို ထောက်ပံ့ပေးနေတဲ့ အနောက်အုပ်စုဆိုတာက ငရဲပြည်မှမိတ်ဆွေများ ဖြစ်တယ်လို့ပြောထားတာပါ။ ဒါ့အပြင် အနောက်အုပ်စုရဲ့ ယူကရိန်းအပေါ် ထားရှိတဲ့မူဝါဒကိုကြည့်မယ်ဆိုရင်လည်း ယူကရိန်းဆိုတာ သူတို့ရဲ့ပထဝီနိုင်ငံရေး လိုဘများအတွက် ထားရာနေစေရာသွားမယ့် နယ်ရုပ်တစ်ရုပ်လောက်သာ သဘောထားကြတာပါ။
ဒီတော့ ယူကရိန်းက ရုရှားကိုတာဝေးပစ် ဒုံးကျည်တွေနဲ့ တိုက်ခိုက်လာပြီဆိုရင် ရုရှားရဲ့လက်တုံ့ပြန်မှုကို အရင်ဆုံးခံစားရမှာက ယူကရိန်းပါ။ ဒီစစ်ပွဲမှာ အနောက်အုပ်စုက ဘယ်လောက်ပဲ ထဲထဲဝင်ဝင် ပါတယ်ပြောပြော ရှေ့တန်းကနေ အရင်ဆုံးအသေခံပေးရမှာက ယူကရိန်းဖြစ်လို့နေပါတယ်။ သူကနယ်ရုပ် ဆိုတော့ ထိုးကျွေးခံရတဲ့သဘောပါပဲ။ ဒီအခြေအနေ ဖြစ်လာမှာကို အနောက်အုပ်စုက မတွေးထားဘဲမနေပါဘူး။ တွေးထားပါတယ်။ ဒီလိုဖြစ်အောင်ပဲ သူတို့က တမင်ရည်ရွယ်ချက် ရှိရှိလုပ်လိုက်တာပါ။ အဲဒီရည်ရွယ် ချက်ကတော့ ယူကရိန်းအနေနဲ့ ရုရှားနဲ့အပေးအယူ အလျှော့အတင်းလုပ် ညှိနှိုင်းလာစေဖို့ဖြစ်တယ်လို့ ယူဆရပါတယ်။
ဘာကြောင့်လဲဆိုရင် အရှေ့မှာပြောခဲ့သလိုမျိုးပဲ ယူကရိန်းမှာ ရုရှားကိုပစ်ဖို့ တာဝေးပစ်ဒုံးကျည်တွေ အလုံအလောက်မရှိပါဘူး။ ရသမျှတာဝေးပစ်ဒုံးကျည် တွေနဲ့ပစ်လိုက်မယ် ဆိုရင်လည်း ရုရှားရဲ့လက်တုံ့ပြန် တိုက်ခိုက်မှုတွေနဲ့ မလွဲမသွေ ရင်ဆိုင်ရမှာပါ။ နောက် ဆုံးမှာတော့ ယူကရိန်းနိုင်ငံစိစိညက်ညက်အကြေခံ မလား။ ဆွေးနွေးညှိနှိုင်းပြီး စစ်ပြေငြိမ်းမလားဆိုတဲ့ ရွေးချယ်မှုနှစ်ခုကိုသာ ရွေးသွားရမှာဖြစ်ပါတယ်။ အဲဒီအချိန်မှာဆိုရင် ယူကရိန်းရဲ့ ဆုံးရှုံးမှုက ပိုမိုကြီးမားလာဖို့သာ ရှိမှာပါ။
ဒါဆိုရင် ဒီစစ်ပွဲကြီးဖြစ်နေရခြင်းရဲ့ နောက်ဆုံးရလဒ်က ဘာလဲ။ အနောက်အုပ်စုကရော သူတို့လိုချင်တဲ့ ပန်းတိုင်မရောက်နိုင်မှန်း သိသိကြီးနဲ့ ဘာကြောင့်မို့ ယူကရိန်းကို ရုရှားဆီမှာ ထိုးကျွေးရတာလဲ။ ယူကရိန်းအစိုးရကရော ဒီအခြေအနေတွေကို ထည့်သွင်း မစဉ်းစားဘူးလား အစရှိတဲ့မေးခွန်းပေါင်းများစွာကတော့ သမိုင်းမှာကျန်ရှိနေခဲ့တော့မှာဖြစ်ပြီး လက်ရှိအချိန်မှာတော့ အနောက်အုပ်စုဟာ ယူကရိန်းအတွက် ငရဲပြည်ကလာတဲ့ မိတ်ဆွေတွေဖြစ်နေပြီလားဆိုတာ ယုံရတော့ မလိုတောင်ဖြစ်နေပါပြီ။
Source-Myawady Webportal
လူ့လောကကြီးတွင် လူသားတစ်ဦးအဖြစ် မွေးဖွားလာပြီးသည့်အချိန်မှစ၍ လူသားတိုင်းတွင် လူသားတစ်ဦး၏ အခွင့်အရေး အပြည့်အဝရှိပေသည်။
လူသားတစ်ဦး၏ အခွင့်အရေးကို အတင်းအဓမ္မ ဖျက်ဆီးခြင်းသည် လူ့အခွင့်အရေး ချိုးဖောက်ခြင်းပင်ဖြစ်သည်။ ထိုကဲ့သို့လူ့အခွင့်အရေး ချိုးဖောက်ခြင်းများထဲတွင် လူကုန်ကူးမှု နည်းလမ်းမှာ အဆိုးရွားဆုံးသော လုပ်ရပ်ပင်ဖြစ်ပေသည်။ လူသားချင်းစာနာ ထောက်ထားမှုမရှိဘဲကိုယ်ချင်းစာတရား ကင်းမဲ့စွာပြုမူခြင်းဖြစ်သည်။ မြတ်စွာဘုရားရှင် ဟောကြားတော်မူသော တရားတော်၌ပင် ရောင်းဝယ်ဖောက်ကားခြင်း မပြုအပ်သော အရာများတွင်လူကုန်ကူးမှုဟူသော ဇာတ်တူသားချင်း ရောင်းဝယ်ခြင်းကို မပြုအပ်ကြောင်း မိန့်ကြားတော်မူခဲ့ပေသည်။
ဇာတ်တူသားချင်းရောင်းဝယ် ဖောက်ကားသောလူကုန်ကူးမှုသည် မိမိအတွက်လည်း ဒုစရိုက်အကုသိုလ်ကိုဖြစ်စေသကဲ့သို့ သူတစ်ပါးကိုလည်း ဒုက္ခဆင်းရဲဖြစ်စေသည်ကို သတိပြုသင့်ကြပေသည်။
လူကုန်ကူးမှုဆိုသည်မှာ
လူကုန်ကူးမှုဆိုသည်မှာ ပုဂ္ဂိုလ်တစ်ဦးသည် အခြားပုဂ္ဂိုလ်တစ်ဦးဦးကို ထိုသူ၏ သဘောတူညီချက်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ခေါင်းပုံဖြတ်မှုပြုရန် အလို့ငှာခြိမ်းခြောက်ခြင်း၊ အင်အားသုံးခြင်း သို့မဟုတ် အခြားနည်းဖြင့် အနိုင်အထက်ပြုမူခြင်း၊ သွေးဆောင်ဖြားယောင်းခြင်း၊ လိမ်လည်ခြင်း၊ လှည့်ဖြားခြင်း၊ လုပ်ပိုင်ခွင့် သို့မဟုတ် အခွင့်အာဏာကို အလွဲသုံးစားပြုခြင်း၊ ဘဝခက်ခဲနေသော အခြေအနေကို အခွင့်ကောင်းယူ၍ အလွဲသုံးစားပြုခြင်း၊ ထိုသူအပေါ်ချုပ်ကိုင်သူ သို့မဟုတ် တစ်နည်းနည်း လွှမ်းမိုးနိုင်သူ၏ သဘောတူညီချက်ရရှိရန် ငွေကြေးပစ္စည်း သို့မဟုတ် အခြားအကျိုးအမြတ် တစ်စုံတစ်ရာပေးခြင်း သို့မဟုတ် လက်ခံရယူခြင်း နည်းလမ်းများဖြင့် သယ်ယူပို့ဆောင်ခြင်း၊ ဝယ်ယူခြင်း၊ ငှားရမ်းခြင်း၊ လွှဲပြောင်းပေးအပ်ခြင်းတို့ပြုလုပ်ခြင်းကို ဆိုလိုသည်။
လူကုန်ကူးမှုပုံစံအမျိုးမျိုး
မြန်မာနိုင်ငံ၏ လူကုန်ကူးမှုပုံစံများတွင် အဓမ္မအလုပ်ခိုင်းစေမှု၊ အဓမ္မထိမ်းမြားမှု၊ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှု၊ အဓမ္မမွေးစားခြင်းနှင့် ကြွေးမြီဖြင့် နှောင်ဖွဲ့ခိုင်းစေခြင်းတို့အပြင် ကလေးသူငယ်များအား အဓမ္မတောင်းရမ်းခိုင်းခြင်း၊ အငှားကိုယ်ဝန်ဆောင်ခိုင်းခြင်း၊ ကျွန်ပြုခြင်း စသည့်လူကုန်ကူးမှု ပုံစံအသစ်များကို တွေ့ရှိလာရသည်။ တချို့သော လူကုန်ကူးမှုများသည် နှစ်ဦးနှစ်ဖက် သဘောတူ၍သော်လည်းကောင်း၊ အုပ်ထိန်းသူများ၏ သဘောတူမှုကြောင့်သော် လည်းကောင်း လူကုန်ကူးမှုကို အထမြောက်အောင်မြင်သွားသည့် ပုံစံမျိုးကိုလည်း တွေ့ရှိရပေသည်။
လူကုန်ကူးမှုပြဿနာသည် ၂၀ ရာစုနှောင်းပိုင်းတွင် ခေတ်သစ်ကျေးကျွန်စနစ် အသွင်ဖြင့်ပြန်လည် ပေါ်ပေါက်လာသည့် ပြဿနာတစ်ခုဖြစ်သည်။ တစ်နည်းအားဖြင့် လူသားအချင်းချင်း စာနာမှုကင်းမဲ့စွာဖြင့် ခေါင်းပုံဖြတ် အမြတ်ထုတ်သော လူ့အခွင့်အရေး ချိုးဖောက်မှုတစ်ခုလည်းဖြစ်သည်။
လူကုန်ကူးမှုတိုက်ဖျက်ရေး ဆောင်ရွက်ချက်များ
လူကုန်ကူးမှုများသည် ပုံသဏ္ဌာန်နည်းလမ်းမျိုးစုံဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးတွင် ဖြစ်ပွားလျက်ရှိပြီး လူကုန်ကူးမှု၏ဒဏ်ကို တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ခံနေရကြောင်းတွေ့ရှိရသည်။ ယနေ့နိုင်ငံအသီးသီး၌ လူကုန်ကူးခံရမှုများ မြင့်တက်လာခဲ့ပြီး ဖွံ့ဖြိုးမှုအားနည်းသော လူအုပ်စုများအကြား၌ ပိုမို၍ အန္တရာယ်ကြီးမားလာခဲ့သည်။ ၅၀ ရာခိုင်နှုန်းသော လူကုန်ကူးခံရသူများမှာ အမျိုးသမီးများနှင့် ကလေးငယ်များဖြစ်ကြသည်။
ပြည်တွင်းလူကုန်ကူးမှုသည် ၁၉ ဒသမ ၆၈ ရာခိုင်နှုန်းသာရှိပြီး ၈၀ ဒသမ ၃၂ ရာခိုင်နှုန်းသည် ပြည်ပသို့လူကုန်ကူးမှုများ ဖြစ်ကြောင်း တွေ့ရှိရပါသည်။
လူကုန်ကူးခံရသူ ၅၀ ရာခိုင်နှုန်းမှာ အမျိုးသမီးနှင့် ကလေးသူငယ်များဖြစ်ကြသည်။ မိမိတို့နိုင်ငံမှ အသက်ငယ်ရွယ်သည့် မိန်းကလေးများနှင့် အဓမ္မထိမ်းမြား လက်ထပ်ရန်အတွက် ပွဲစားများမှ စည်းရုံးခေါ်ဆောင်ခြင်း၊ အငှားကိုယ်ဝန်ဆောင်စေခြင်း၊ လိင်ပိုင်းဆိုင်ရာခေါင်းပုံဖြတ်ခြင်း၊ ငါးဖမ်းစက်လှေများနှင့် ကျားဖောင်လုပ်ငန်းများတွင် အဓမ္မလုပ်အား ခေါင်းပုံဖြတ်ခိုင်းစေခြင်း၊ ဘဝရပ်တည်ရန်ခက်ခဲသူများအပေါ် ကြွေးမြီဖြင့်နှောင်ဖွဲ့ခိုင်းစေခြင်း၊ SocialMedia ကို အသုံးပြု၍ စည်းရုံးခေါ်ဆောင် ရောင်းစားခြင်းစသည့် လူကုန်ကူးမှုပုံစံများ ဖြစ်ပွားနေကြောင်း တွေ့ရှိရပါသည်။ အဓမ္မစေခိုင်းမှု မှုခင်းများသည် ၆၁ ဒသမ ၁၁ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်ပြီး အဓမ္မပြည့်တန်ဆာအဖြစ် စေခိုင်းမှု ၂၂ ဒသမ ၂၂ရာခိုင်နှုန်းရှိကာ အဓမ္မလက်ထပ်မှု ၁၁ ဒသမ ၁၁ ရာခိုင်နှုန်းနှင့် အဓမ္မမွေးစားမှု ၅ ဒသမ ၅၆ ရာခိုင်နှုန်းရှိကြောင်း တွေ့ရှိရပါသည်။
မြန်မာနိုင်ငံ၏ လူကုန်ကူးမှု တိုက်ဖျက်ရေးဆောင်ရွက်ချက်
မြန်မာနိုင်ငံသည် လူကုန်ကူးမှုပုံစံ အမျိုးမျိုးကို ပြစ်မှုအဖြစ်ပြဋ္ဌာန်း၍ ၁၉၉၇ ခုနှစ်ကတည်းကပင် အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် တားဆီးကာကွယ်ခဲ့သည်။ လူကုန်ကူးမှု မှုခင်းများ တားဆီးကာကွယ်ရေး လုပ်ငန်းများကို နိုင်ငံတော်အစိုးရမှ ဦးဆောင်၍ သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ပူးပေါင်းပါဝင်မှုတို့ဖြင့် ကြိုတင်ကာကွယ်ရေး၊ လူကုန်ကူးခံရသူများအား ကာကွယ်စောင့်ရှောက်ရေးနှင့် လူကုန်ကူးမှုမှုခင်းများအား တရားစွဲဆိုရေး လုပ်ငန်းများကို ငါးနှစ်စီမံကိန်းများ ရေးဆွဲ၍ နှစ်အလိုက်စီမံချက်များချမှတ်ကာ ဟန်ချက်ညီ ဆောင်ရွက်လျက်ရှိသည်။
လူကုန်ကူးမှုတားဆီး ကာကွယ်ရေးကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြည်သူတစ်ရပ်လုံးက ပူးပေါင်းပါဝင်ဆောင်ရွက်လာစေရန် စက်တင်ဘာလ ၁၃ ရက်နေ့ကို မြန်မာနိုင်ငံ၏ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့အဖြစ် ၂၀၁၃ ခုနှစ်မှစတင်၍ နေပြည်တော်နှင့်တိုင်းဒေသကြီး/ပြည်နယ်အသီးသီး၌ နှစ်စဉ်ကျင်းပခဲ့သည်။ ၂၀၂၀ ပြည့်နှစ်တွင် ကိုရိုနာဗိုင်းရပ် ကူးစက်ရောဂါပျံ့နှံ့လာမှုများကြောင့် အထိမ်းအမှတ်အခမ်းအနားများကို ကျင်းပနိုင်ခဲ့ခြင်း မရှိသော်လည်း လူကုန်ကူးမှုအန္တရာယ် အသိပညာပေးခြင်း လုပ်ငန်းများနှင့် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် Online Campaign များကို ကျင်းပနိုင်ခဲ့သည်။
မြန်မာနိုင်ငံသည်လူကုန်ကူးမှု မှုခင်းများ တိုက်ဖျက်ရေး အပါအဝင် နိုင်ငံဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းကို အဖွဲ့ဝင်နိုင်ငံအဖြစ် ၂၀၀၄ ခုနှစ် မတ်လ ၃၀ ရက်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေကို ခေတ်စနစ်နှင့် အညီဖြစ်စေရန် ပြင်ဆင်၍ လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးဥပဒေအဖြစ် ၂၀၂၂ ခုနှစ် ဇွန်လ ၁၆ ရက်နေ့တွင် အတည်ပြုပြဋ္ဌာန်းခဲ့သည်။
မြန်မာနိုင်ငံတွင် လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဗဟိုအဖွဲ့က ဦးဆောင်၍ သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ပူးပေါင်းပါဝင်မှုတို့ဖြင့် လူကုန်ကူးမှုကြိုတင် ကာကွယ်ရေး၊ လူကုန်ကူးခံရသူများအား ကာကွယ်စောင့်ရှောက်ရေးနှင့် လူကုန်ကူးမှု မှုခင်းများအား တရားစွဲဆိုရေး လုပ်ငန်းများကို (၅) နှစ်စီမံကိန်းများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ စတုတ္ထ(၅) နှစ်စီမံကိန်း (၂၀၂၂-၂၀၂၆) ကို ဟန်ချက်ညီညီ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။
နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး အပိုင်းတွင် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံဖြတ်ကျော်အုပ်စုဖွဲ့ မှုခင်းများဆိုင်ရာ စာမျက်နှာကုလသမဂ္ဂ ကွန်ဗင်းရှင်းအပါအဝင် နောက်ဆက်တွဲစာချုပ်များဖြစ်သည့် အမျိုးသမီးများနှင့် ကလေးသူငယ်များအား အထူးပြုသည့် လူကုန်ကူးမှု တားဆီးနှိမ်နင်းခြင်းနှင့် ပြစ်ဒဏ်ပေးခြင်းဆိုင်ရာ နောက်ဆက်တွဲစာချုပ်နှင့် ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်းအသုံးပြုပြီး ရွှေ့ပြောင်းနေထိုင်သူများအား မှောင်ခိုပို့ဆောင်ခြင်း ကျူးလွန်သည့် နိုင်ငံဖြတ်ကျော်အုပ်စုဖွဲ့ မှုခင်းအားတိုက်ဖျက်ရေး နောက်ဆက်တွဲစာချုပ်များတွင် အဖွဲ့ဝင်နိုင်ငံအဖြစ် လက်မှတ်ရေးထိုး ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် မဲခေါင်ဒေသတွင်းခြောက်နိုင်ငံ လူကုန်ကူးမှု ပူးပေါင်းတိုက်ဖျက်ရေး စီမံကိန်း၊ လူကုန်ကူးမှုတိုက်ဖျက်ခြင်းဆိုင်ရာ အာဆီယံကွန်ဗင်းရှင်း၊ မြန်မာ-တရုတ်/မြန်မာ-ထိုင်း/မြန်မာ-လာအို/မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ လူကုန်ကူးမှု ပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာများကို လက်မှတ်ရေးထိုး၍ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုယန္တရားများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။
IT နည်းလမ်းဖွံ့ဖြိုး တိုးတက်လာမှုအပေါ် လူကုန်ကူးမှုကျူးလွန်သူများက အမြတ်ထုတ် အသုံးချနေမှုများကလည်း တားဆီးနှိမ်နင်းရေး ကဏ္ဍများအတွက် စိန်ခေါ်မှုများစွာဖြစ်ပေါ်လျက်ရှိသည်။
အရွယ်ရောက်သူများသာမက ကလေးသူငယ်များကိုပါ လူကုန်ကူးမှုပြုလာကြသည်။ အနာဂတ်မျိုးဆက်များ ပျက်သုဉ်းမှုကိုပါ ဦးတည်လာကြသည်။
ထို့ကြောင့် လူကုန်ကူးမှုကာကွယ် တိုက်ဖျက်ရေးတွင် ပြည်သူများအနေဖြင့် ကျရာအခန်းကဏ္ဍမှ ပါဝင်လျက် မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေး ရည်ရွယ်ချက်(၄) ရပ်ဖြစ်သော လူကုန်ကူးမှု တိုက်ဖျက်ရေးကို အမျိုးသားရေး တာဝန်အဖြစ် သတ်မှတ်၍ နိုင်ငံသားအားလုံး ပူးပေါင်းဆောင်ရွက်ရန်၊ လူကုန်ကူးမှုဆိုင်ရာ အသိပညာများ ပြည်သူလူထုအတွင်း စိမ့်ဝင်ပျံ့နှံ့စေရန်၊ လူကုန်ကူးခံရသူများအား စာနာနားလည်ခြင်းဖြင့် ကာကွယ်စောင့်ရှောက်နိုင်ရန်နှင့် လူကုန်ကူးမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များအားလုံးတွင် ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်တို့ကို အောင်မြင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြပါရန် တိုက်တွန်းရေးသား လိုက်ရပေသည်။ ။
Source- Myawady Webportal
နိုင်ငံတော်ကာကွယ်ရေး တာဝန်ဆိုတာ နိုင်ငံသားအားလုံးနဲ့ သက်ဆိုင်တဲ့ မွေးရာပါတာဝန်ပါပဲ။ ခေတ်မီနည်းပညာတွေ တိုးတက်လာခြင်းနဲ့အတူ နိုင်ငံတစ်နိုင်ငံရဲ့ ကာကွယ်ရေးအင်အားဟာ အမြဲတမ်း တပ်မတော်တစ်ခုတည်းမှာ အဓိက တည်ရှိတော့မှာမဟုတ်ပါဘူး။ ပြည်သူတစ်ရပ်လုံးပါဝင်တဲ့ ကာကွယ်ရေးစနစ် ကျင့်သုံးလာနေပါပြီ။ ဒါ့ကြောင့်မြန်မာနိုင်ငံမှာလည်း သမိုင်းကြောင်းအရ၊ လက်ရှိတည်ရှိနေမှု ပထဝီဝင်အနေအထားအရ နိုင်ငံတော် ကာကွယ်ရေးမှာ တပ်မတော်နဲ့ပြည်သူဟာ ဟန်ချက်ညီညီ လက်တွဲကြရတော့မှာဖြစ်ပါတယ်။ စစ်ဘက်နဲ့အရပ်ဘက်ကြား အပြန်အလှန်ယုံကြည်မှု၊ နားလည်ပေးမှု၊ စာနာမှုတွေ ရှိလာတော့မှာဖြစ်ပါတယ်။ စစ်ရေးစစ်ရာနဲ့ နိုင်ငံတော်လုံခြုံရေးမှာ ပြည်သူတွေပါဝင်လာတဲ့ အခါ တပ်အပေါ် ပြည်သူ့ဘက်ကခံစားချက်၊ ပြည်သူ့အပေါ် တပ်ဘက်က ခံစားပေးမှုတွေမှာ အပြန်အလှန် ကိုယ်ချင်းစာနာမှုတွေနဲ့အတူ နီးစပ်မှု ပိုမိုရှိလာကြတော့မှာဖြစ်ပါတယ်။ ပြည်သူအများစု သို့မဟုတ် ရပ်ရွာအလိုက် အချိုးညီမျှစွာ စစ်မှုထမ်းဆောင်ကြရမှာဖြစ်တဲ့အတွက် ပြည်သူ့စစ်မှုထမ်း ဥပဒေဟာစစ်ဘက်နဲ့အရပ်ဘက်အကြားလူမှုပေါင်းကူးတံတား (Civil-military Social Bridge)လို့ တင်စားခေါ်ဝေါ်ကြပါတယ်။
ဒါ့ကြောင့်လည်း ကမ္ဘာ့အချို့နိုင်ငံတွေနည်းတူ မြန်မာနိုင်ငံမှာလည်း ပြည်သူ့စစ်မှုထမ်းဥပဒေ တစ်ရပ်ကို စတင်အာဏာတည်ခဲ့တာဟာ နိုင်ငံအတွက် အလွန်ပဲကောင်းမွန်လှပါတယ်။ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုတာ အခုမှပြဋ္ဌာန်းခြင်း မဟုတ်ပါဘူး။ ၁၉၅၉ ခုနှစ်ကတည်းကရှိခဲ့ပြီးသားပါ။ ၂ဝ၁ဝ ပြည့်နှစ် နိုဝင်ဘာလမှာ ထပ်မံပြင်ဆင် ရေးဆွဲခဲ့ပါတယ်။ အခုအချိန်အခါမှာမှ အတည်ပြုလိုက်တာဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံတော်တော်များများမှာလည်း ပြည်သူတွေပါဝင်တဲ့ စစ်မှုထမ်းဆောင်ခြင်းကို ခေါင်းစဉ်အမျိုးမျိုး၊ အသွင်အမျိုးမျိုး၊ ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ ပြဋ္ဌာန်းကျင့်သုံးကြပါတယ်။ စစ်မှုမထမ်းမနေရ ကျင့်သုံးတဲ့နိုင်ငံ၊ ဥပဒေကိုပြဋ္ဌာန်းထားပြီး တာဝန်ထမ်းဆောင်ရခြင်း မရှိသေးတဲ့ နိုင်ငံတွေရှိသလို ဥပဒေနဲ့အညီ မဖြစ်မနေ စစ်မှုထမ်းနေရတဲ့ နိုင်ငံတွေလည်း ရှိတာတွေ့ရပါတယ်။
ပြည်သူ့စစ်မှုထမ်းဥပဒေဆိုတာ အမှန်တကယ်ပြောရရင် နိုင်ငံတော်အတွက် ကြိုတင်ကာကွယ်ထားခြင်းပါပဲ။ တပ်မတော်ဆိုတာ အမြဲရှိနေရမယ်။ တပ်မတော်မှာ ဝင်ရောက်စစ်မှုထမ်းသူတွေ စဉ်ဆက် မပြတ်ရှိနေရမယ်။ ဒါ့ကြောင့်လည်း ပြည်သူ့စစ်မှုထမ်းဥပဒေကို ထုတ်ပြန်လိုက်တာလို့ စာရေးသူတွေးမြင် မိပါတယ်။ နိုင်ငံတော်ကာကွယ်ရေး တာဝန်ဆိုတာ အရွယ်ရောက်သူတိုင်း စစ်မှုမထမ်းမနေရ၊ နိုင်ငံတော် ကိုကာကွယ်ကြရမယ်ဆိုတဲ့ သဘောပါပဲ။ နိုင်ငံတော် ကာကွယ်ရေး တာဝန်ဆိုတာ နိုင်ငံသားတိုင်းရဲ့ မွေးရာပါတာဝန်ပါပဲ။ ဒီထက်ပိုပြီး သေချာအောင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂ဝဝ၈ ခုနှစ်) ပုဒ်မ ၃၈၃ မှာ ‘‘နိုင်ငံသားတိုင်းသည် အောက်ပါတို့ကို စောင့်ထိန်းရန် တာဝန်ရှိသည်-(က)ပြည်ထောင်စု မပြိုကွဲရေး၊ (ခ)တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ (ဂ)အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး’’ ဆိုပြီးပြဋ္ဌာန်းပြီးသား ဖြစ်ပါတယ်။
ပုဒ်မ ၃၈၅ မှာ‘‘ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေး တို့ကို ကာကွယ်စောင့်ရှောက်ရေးသည် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည်’’ လို့ ပြဋ္ဌာန်းထားပါတယ်။ အလားတူပါပဲ။
ပုဒ်မ ၃၈၆ မှာ ‘‘နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက်များနှင့် အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော် ကာကွယ်ရေးအတွက် စစ်မှုထမ်းရန် တာဝန်ရှိသည်’’ လို့လည်း ပြဋ္ဌာန်းထားပြီးဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း အရွယ်ရောက်သူ လူငယ်မောင်မယ်တိုင်းဟာ နိုင်ငံတော် ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်ခြင်းဆိုတာ ပြဋ္ဌာန်းထားမှ မဟုတ်ပါဘူး။ ငါတို့နိုင်ငံတော်ကို ငါတို့ကာကွယ်ကြရမယ်ဆိုတဲ့ အသိစိတ်ဟာ လူငယ်တိုင်းမှာရှိထားရမယ့် စိတ်ထားဖြစ်ပါတယ်။
ပြည်သူ့စစ်မှုထမ်းဥပဒေအရ တာဝန်ထမ်းဆောင်ကြမယ့် လူငယ်များဟာ နိုင်ငံ့တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်ကြတဲ့ နိုင်ငံ့သားကောင်းအဖြစ် လူမှုပတ်ဝန်းကျင်မှာ ဂုဏ်သိက္ခာမြင့်မားစွာ ရပ်တည် နိုင်မှာဖြစ်သလို စစ်မှုထမ်းဆောင်စဉ် ကာလအတွင်း တစ်ကိုယ်ရေ စည်းကမ်းကောင်းမွန်လာခြင်း၊ ပင်ကိုအရည်အသွေးများ ဖွံ့ဖြိုးတိုးတက်လာနိုင်ခြင်း၊ ရင့်ကျက်မှုနဲ့ ယုံကြည်မှု၊ ဇွဲလုံ့လဝီရိယနဲ့ ကိုယ်ကာယကြံ့ခိုင်မှုတွေ တိုးတက်ရရှိလာမှာ ဧကန်ဖြစ်ပါတယ်။ စစ်မှုထမ်းခြင်းကနေ ရရှိလာတဲ့အတွေ့အကြုံနဲ့ အသိပညာဟာ အနာဂတ်လူငယ်တွေရဲ့ ဘဝရပ်တည်မှုကို များစွာအထောက်အကူ ပေးနိုင်မှာဖြစ်ပါတယ်။
နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန် တာဝန်ရှိသဖြင့် ယင်းတာဝန်ကို ထမ်းဆောင်နိုင်ရေးအလို့ငှာ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော် ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန် ပြည်သူ့စစ်မှုထမ်း ဥပဒေ ကို ၂ဝ၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁ဝ ရက်နေ့မှာ အတည်ပြုပြဋ္ဌာန်း ကျင့်သုံးလိုက်ခြင်းဖြစ်ပါတယ်။
ပြည်သူ့စစ်မှုထမ်းတွေရဲ့ ခံစားခွင့်တွေကိုလည်း ပြည်သူ့စစ်မှုထမ်းဥပဒေမှာ ခိုင်ခိုင်မာမာပြဋ္ဌာန်းပေး ထားပါတယ်။ ထုတ်နုတ်ပြောရရင် စစ်မှုတာဝန် ထမ်းဆောင်နေစဉ်အတွင်း သတ်မှတ်ထားတဲ့ အဆင့်အလိုက် လစာနဲ့စရိတ်ရရှိမယ်။ တာဝန်ထမ်းဆောင်နေစဉ် သေဆုံး၊ ထိခိုက်ဒဏ်ရာရခြင်းမျိုး ဖြစ်ခဲ့ရင် တာဝန်ထမ်းဆောင်ခြင်းနဲ့ အကျုံးဝင်ရင် တပ်မတော်မှာ သတ်မှတ်ထားတဲ့ ခံစားခွင့်တွေရရှိပါမယ်။ ပြည်သူ့စစ်မှုထမ်း ကာလပြီးဆုံးတဲ့အခါမှာ အလုပ်သမား တစ်ဦးဖြစ်ခဲ့ရင် မူလအလုပ်အကိုင်မှာ သတ်မှတ်ထားတဲ့အတိုင်း အလုပ်ရှင်က ခန့်ထားရပါမယ်။
သတ်မှတ်စစ်မှုထမ်းကာလ ပြည့်တဲ့အခါမှာ မိမိသဘောဆန္ဒအရ တပ်မတော်ကိုဝင်ရောက် အမှုထမ်းလိုပါက သတ်မှတ်ထားတဲ့ စည်းမျဉ်း၊ စည်းကမ်းတွေနဲ့အညီ စစ်မှုထမ်းခွင့်ပြုနိုင်ပါတယ်။ ထူးခြားချက်တစ်ခုကတော့ ပါရဂူဘွဲ့ရသူတွေ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ဘွဲ့ရသူတွေနဲ့ အခါအားလျော်စွာ သတ်မှတ်တဲ့ အရည်အချင်းနဲ့ ပြည့်စုံသူတွေကို အရေးပေါ် ပြန်တမ်းဝင်အရာရှိအဖြစ် ခန့်အပ်နိုင်တာပါပဲ။
နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်ကြမယ့်လူငယ်များ အနေဖြင့် အရပ်သားဘဝမှ စစ်မှုထမ်းဘဝသို့ ကူးပြောင်းလာတဲ့အခါ သင်တန်းသားများမှာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်လာခြင်း၊ အသင်းအဖွဲ့နှင့် စုပေါင်းလုပ်ဆောင်တတ်လာခြင်း၊ အချိန်ဇယားကိုက် လုပ်ကိုင်တတ်လာခြင်း၊ တစ်ဦးနှင့်တစ်ဦး ညီရင်းအစ်ကိုပမာ ချစ်ခင်စွာနေတတ်လာခြင်း၊ မိမိကိုယ်ကို တန်ဖိုးထားချစ်တတ်လာရာမှ မိမိရဲ့ မိသားစု၊ ဇာတိမြို့ရွာမှသည် နိုင်ငံတော်အထိ တန်ဖိုးထား ချစ်တတ်လာခြင်း စသည်ဖြင့် နိုင်ငံ့သားကောင်း တို့ရဲ့ကောင်းမွန်သော အရည်အသွေးများ ပြည့်စုံလာကြတော့မှာဖြစ်ပါတယ်။
စစ်မှုထမ်းဥပဒေဆိုတာ တကယ့်အနှစ်သာရက နိုင်ငံသားအားလုံး မိမိနိုင်ငံကို ကာကွယ်ဖို့တာဝန် ရှိတယ်။ လိုအပ်ရင် စစ်မှုထမ်းဆောင်ရမယ်။ နိုင်ငံတော် ကာကွယ်ရေးအတတ်ပညာတွေ တတ်ရမယ်...ဆိုတဲ့ အသိစိတ်ဓာတ်ရှိလာအောင် ပြဋ္ဌာန်းထားတာဖြစ်ပါတယ်။ မြန်မာလူမျိုးအများစုဟာ မိမိနိုင်ငံ၊ မိမိလူမျိုးကို ချစ်တတ်ကြတဲ့ မျိုးချစ်စိတ်ဓာတ်ရှိသူတွေဖြစ်ပါတယ်။ အရေးကြီးတော့ သွေးနီးသည် ဆိုစကားအတိုင်း အသက်အရွယ်နဲ့ ကျန်းမာရေးအဆင့်အတန်းမီတဲ့ အမျိုးသား၊ အမျိုးသမီးတွေ စစ်မှုထမ်းနေကြပါပြီ။ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၅) ကိုလည်း အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ လက်ရှိမှာတော့ ပြည်သူ့စစ်မှုထမ်း သင်တန်းဆင်းများသည် သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာ မိမိတို့ကျရာတာဝန်ကို ကျေပွန်စွာထမ်းဆောင်နေလျက် ရှိပါတယ်။ စစ်သားကောင်း တစ်ယောက်ဖြစ်အောင် လေ့လာ၊ လေ့ကျင့်၊ လိုက်နာ ဆိုတဲ့ စိတ်ဓာတ်ကောင်း၊ စည်းကမ်းကောင်းတို့နဲ့အတူ သစ္စာ၊ စည်းလုံးမှု၊ စွမ်းရည်သုံးရပ်ပြည့်စုံမှုရှိတဲ့ သားကောင်းရတနာများ အဖြစ် ဂုဏ်ယူနိုင်ကြတော့မှာဖြစ်ပါတယ်။ နိုင်ငံတော် ကာကွယ်ရေးတာဝန်ဆိုတာ တကယ့်ကိုမွန်မြတ်လှတဲ့ တာဝန်ဖြစ်တာကြောင့်ပြည်သူ့စစ်မှုထမ်း သင်တန်းပြီးမြောက်သူများ၊ ပြည်သူ့စစ်မှုထမ်း သင်တန်းတက်ရောက်လျက် ရှိသူများအားလုံးကို ဂုဏ်ပြုကြိုဆိုပါကြောင်း ရေးသားလိုက်ပါတယ်။ ။
Source-Myawady Webportal