ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ရုရှားနိုင်ငံသို့ သွားရောက်သည့် တရားဝင် ခရီးစဉ်တွင် နှစ်နိုင်ငံအကြား သဘောတူညီချက် ၁၀ ခု လက်မှတ်ရေးထိုးခဲ့ကြပါသည်။

အဆိုပါသဘောတူညီချက်များတွင် ဘွဲ့ဒီပလိုမာများ၊ ပညာရပ်ပိုင်းဆိုင်ရာ ဘွဲ့များအား နှစ်နိုင်ငံ အသိအမှတ်ပြုရေး သဘောတူညီချက်၊ အသေးစား နျူကလီးယားဓာတ်အားပေး စက်ရုံတည်ဆောက်ရေး အခြေခံ မူများဆိုင်ရာ စာချွန်လွှာတို့ ပါဝင်ပါသည်။ ထို့ပြင် နျူကလီးယားနှင့် ဓာတ်ရောင်ခြည် ဘေးကင်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် စာချွန်လွှာကိုလည်း လက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရပါသည်။
ထပ်မံ၍ မြန်မာနိုင်ငံ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် ရုရှားနိုင်ငံ ရန်ပုံငွေအဖွဲ့ RK-Investments တို့အကြား မြန်မာနိုင်ငံရှိ သယံဇာတထုတ်ယူရေးဆိုင်ရာ စာချွန်လွှာတစ်ခုကို လက်မှတ်ရေးထိုးခဲ့ကြပါသည်။
နှစ်နိုင်ငံအကြား အကောက်ခွန်ကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရေး၊ ကျန်းမာရေးဝန်ကြီးဌာနများ၊ အားကစားနှင့် အာကာသဆိုင်ရာ အေဂျင်စီများအကြား စာချွန်လွှာများ လက်မှတ်ရေးထိုးခဲ့ကြပါသည်။ ထို့ပြင် ရင်းနှီးမြှုပ်နှံမှုများကို ကာကွယ်ရန်နှင့် အားပေးမြှင့်တင်ရန် သဘောတူညီချက်နှင့်ပတ်သက်သည့် ကြေညာချက်တစ်ခုကိုလည်း ချမှတ်ခဲ့ကြပါသည်။
ကိုးကား- TASS
Photo: Nation Thailand
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

ယူကရိန်းခေါင်းဆောင် ဗလာဒီမာ ဇီလန်စကီးသည် လွန်ခဲ့သည့် သီတင်းပတ်က အိမ်ဖြူတော်တွင် ကျင်းပခဲ့သောဆွေးနွေးပွဲ အကျည်းတန်စွာ ပြီးဆုံးခဲ့ပြီးနောက် အမေရိကန်နှင့် ရှားပါးသတ္တုသဘောတူညီချက်ကို လက်မှတ်ရေးထိုးမည်ဟု ကမ်းလှမ်းခဲ့သော်လည်း အိမ်ဖြူတော်မှ လိုလားသည့် တောင်းပန်ရန်ကိစ္စကိုမူ လစ်လျူရှုခဲ့ကြောင်း သိရှိရ ပါသည်။

ဇီလန်စကီးနှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့သည် ယူကရိန်း ပဋိပက္ခတွင် ယာယီပစ်ခတ်မှုရပ်စဲရေး၊ လုံခြုံရေးအာမခံချက်များနှင့် သတ္တု သဘောတူညီချက်များအတွက် ရက်သတ္တပတ်များစွာ အချေအတင် ဖြစ်နေခဲ့ပြီး ဖေဖော်ဝါရီ ၂၈ ရက်(သောကြာနေ့)က Oval Office တွင် ယူကရိန်းခေါင်းဆောင်၊ ထရမ့်နှင့် ဒုတိယသမ္မတ J.D. Vance တို့အကြား အော်ဟစ်ငြင်းခုံမှုများဖြင့် အဆုံးသတ်ခဲ့သည်။
ဇီလန်စကီးက ကိယက်သည် ပဋိပက္ခကို အမြန်ဆုံးအဆုံးသတ်နိုင်ရေး လုပ်ဆောင်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် အကျဉ်းသားများ အပြန်အလှန်လွှတ်ပေးခြင်းဖြင့် စတင်ပြီး ဒုံးပျံများ၊ ဒရုန်းများဖြင့် စွမ်းအင်နှင့် အခြားအများပြည်သူ အခြေခံအဆောက်အအုံများကို တိုက်ခိုက်ခြင်း ကို တားမြစ်ခြင်းဖြင့် ချက်ချင်းပစ်ခတ်မှုရပ်စဲရေး စတင်မည်ဟု ပြောကြား ခဲ့သည်။
ဇီလန်စကီးက ပြီးခဲ့သည့်အပတ်က ဖြစ်ပွားခဲ့သော အချေအတင် ငြင်းခုံမှုကို နောင်တရမိသည်ဟု ဖော်ပြခဲ့သော်လည်း တောင်းပန်ခြင်း မပြုခဲ့ပေ။
ယူကရိန်းခေါင်းဆောင်အနေဖြင့် တရားဝင်လူသိရှင်ကြား တောင်းပန်မှုမပြုမချင်း သတ္တုသဘောတူညီချက်ကို ဆက်လက်ဆွေးနွေးရန် ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း Fox News က အမေရိကန်အရာရှိကြီးတစ်ဦး၏ ထုတ်ပြန်ချက်ကို ကိုးကား၍ မတ်လ ၃ ရက်(တနင်္လာ)နေ့တွင် ဖော်ပြခဲ့သည်။
ထိုအတောအတွင်း ဝါရှင်တန်သည် ယူကရိန်းသို့ စစ်ရေးအကူအညီအားလုံးကို ယာယီရပ်ဆိုင်းလိုက်ကြောင်း မီဒီယာများ၌ ဖော်ပြခဲ့ကြသည်။
ကိုးကား-RT
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

ယူကရိန်းခေါင်းဆောင် ဗလာဒီမာဇီလန်စကီးသည် အမေရိကန်နှင့် ရှားပါးသတ္တုသဘောတူညီချက်ဆိုင်ရာညှိနှိုင်းမှုများကို ပြန်လည်စတင်လိုပါက ၎င်းအနေဖြင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ဒုတိယ သမ္မတ J.D. Vance တို့နှင့် ဖေဖော်ဝါရီ ၂၈ ရက်(သောကြာ)နေ့က ကျင်းပခဲ့သည့်အစည်းအဝေးအတွင်း ၎င်း၏ ပြုမူဆက်ဆံပုံအတွက် တရားဝင် တောင်းပန်ရန် လိုအပ်မည်ဟု Fox News က အမည်မဖော်လိုသည့် အမေရိကန်အရာရှိတစ်ဦး၏ ပြောကြားချက်ကိုကိုးကား၍ ဖော်ပြခဲ့သည်။

အိမ်ဖြူတော်တွင် ပြင်းထန်သော အငြင်းပွားမှု မဖြစ်ပွားမီ ရက်သတ္တပတ် အနည်းငယ်က ကိယက်ဗ်နှင့် ဝါရှင်တန်တို့သည် အမေရိကန်အား ယူကရိန်း၏ သဘာဝသယံဇာတများကို ရယူခွင့်ပြုမည့် သဘောတူညီချက်တစ်ခုကို ညှိနှိုင်းခဲ့ကြသည်။ သို့သော် ဇီလန်စကီးနှင့် အမေရိကန် ခေါင်းဆောင်များအကြား ပြင်းထန်သောအငြင်းပွားမှုကြောင့် အဆိုပါ အစီအစဉ်သည် မရေရာဖြစ်ခဲ့ရသည်။
ဇီလန်စကီးအနေဖြင့် ၎င်း၏ ဘဲဥပုံရုံးခန်းအတွင်း ပြုမူဆက်ဆံခဲ့မှုအတွက် တရားဝင်တောင်းပန်မှု မပြုလုပ်မချင်း အဆိုပါသတ္တု သဘောတူညီချက် နှင့်ပတ်သက်၍ မည်သည့်အရာမျှ ရှေ့ဆက်ဖြစ်လာမည် မဟုတ်ကြောင်း ဝါရှင်တန် အကြီးတန်းအရာရှိတစ်ဦးက ပြောခဲ့သည်ဟု သိရှိရပါသည်။
ထိုအတောအတွင်း ယူကရိန်းခေါင်းဆောင်ကိုယ်တိုင်က မတ်လ ၂ ရက် (တနင်္ဂနွေ)နေ့က BBC သို့ ပြောကြားရာတွင် ၎င်းသည် ဝါရှင်တန်နှင့် ထိရောက်သော ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်ရန်နှင့် သဘောတူညီချက်ကို လက်မှတ်ရေးထိုးရန် ဆန္ဒရှိကြောင်း ဖော်ပြခဲ့သည်။
အိမ်ဖြူတော်တွင် ဖြစ်ပွားခဲ့သည့် ငြင်းခုန်မှုအပြီး နာရီ အနည်းငယ်အကြာတွင် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို ကလည်း ဇီလန်စကီးအား တန်ဖိုးရှိသောအချိန်များကို ဖြုန်းတီးခဲ့ခြင်းနှင့် ဆိုးရွားသော ရလဒ်များအတွက် တောင်းပန်သင့်သည် ဟု အကြံပြုခဲ့သည်။
ကိုးကား-RT
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

အမေရိကန်က ယူကရိန်းကို စစ်ရေးအကူအညီထောက်ပံ့နေမှုကို ရပ်ဆိုင်းလိုက်ကြောင်း အိမ်ဖြူတော်အရာရှိတစ်ဦး၏ အတည်ပြု ပြောကြားချက်ကို ရိုက်တာသတင်းဌာနက ဖော်ပြထားပါသည်။
အမေရိကန်သည် ယူကရိန်းကို ထောက်ပံ့ပေးနေသည့် စစ်ရေးအကူ အညီမှာ ပြဿနာဖြေရှင်းနိုင်ရန် အထောက်အကူ ဖြစ်၊ မဖြစ် သုံးသပ် နေသည်ဟု အိမ်ဖြူတော်အရာရှိက ပြောကြားခဲ့ကြောင်း ရိုက်တာက ထပ်မံပြောကြားထားပါသည်။

ယူကရိန်းအစိုးရအနေဖြင့် ငြိမ်းချမ်းရေးအတွက် အမှန်တကယ် ကြိုးစား လုပ်ဆောင်နေပြီဟု ဒေါ်နယ်ထရမ့်က သတ်မှတ်သည်အထိ စစ်ရေး ထောက်ပံ့မှုကို ရပ်နားထားမည်ဖြစ်ကြောင်း Bloomberg နှင့် Fox News တို့ကလည်း ဖော်ပြခဲ့ပါသည်။
ကိုးကား-TASS

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အရှေ့အလယ်ပိုင်းဒေသဆိုင်ရာ အထူးသံတမန် စတိဗ်ဝစ်အော့ဖ်သည် ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ပထမအဆင့်ကို သက်တမ်းတိုးရန် သို့မဟုတ် ဒုတိယအဆင့်ကို ဆက်သွားနိုင်ရေး နည်းလမ်းများကို ရှာဖွေရန်အတွက် လာမည့်ရက်ပိုင်းအတွင်း အရှေ့အလယ်ပိုင်းဒေသကို ပြန်သွားရန် စီစဉ် နေသည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ထို့အပြင် ဟားမက်လက်နက်ကိုင်အဖွဲ့က ၎င်းတို့ဖမ်းဆီးထားသော ဓါးစာခံများအားလုံးကို ပြန်လွှတ်ပေးရမည် ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက အကြိမ်ကြိမ် ထုတ်ဖော်ပြောဆိုခဲ့ပြီး ၎င်းတိ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အရှေ့အလယ်ပိုင်းဒေသဆိုင်ရာ အထူးသံတမန် စတိဗ်ဝစ်အော့ဖ်သည် ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ပထမအဆင့်ကို သက်တမ်းတိုးရန် သို့မဟုတ် ဒုတိယအဆင့်ကို ဆက်သွားနိုင်ရေး နည်းလမ်းများကို ရှာဖွေရန်အတွက် လာမည့်ရက်ပိုင်းအတွင်း အရှေ့အလယ်ပိုင်းဒေသကို ပြန်သွားရန် စီစဉ် နေသည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ထို့အပြင် ဟားမက်လက်နက်ကိုင်အဖွဲ့က ၎င်းတို့ဖမ်းဆီးထားသော ဓါးစာခံများအားလုံးကို ပြန်လွှတ်ပေးရမည် ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက အကြိမ်ကြိမ် ထုတ်ဖော်ပြောဆိုခဲ့ပြီး ၎င်းတို့ ဖမ်းဆီးထားသော ဓါးစာခံများထဲတွင် အမေရိကန်နိုင်ငံသားများ ပါဝင်နေကြောင်းလည်း သိရသည်။ ဂါဇာ ကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူညီချက်၏ ကျန်ရှိနေသော အဆင့်များကို ဆက်လက်လုပ်ဆောင်ရန် အဆင်သင့်ဖြစ်နေပြီဟု ဟားမက် လက်နက်ကိုင်အဖွဲ့က ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် ရက်ပိုင်းအကြာ၌ အမေရိကန်အစိုးရ၏ ထုတ်ပြန်ကြေညာချက်များ ထွက်ပေါ်လာခြင်း ဖြစ်ပါသည်။
ကိုးကား-NP News

ဆီးနိတ်ဒီမိုကရက်ခေါင်းဆောင်များသည် မတ်လ ၃ ရက်(တနင်္လာ) နေ့တွင် လူမှုဖူလုံရေးအကျိုးခံစားခွင့်များကို ထောက်ခံသည့် သဘောထားကို ထုတ်ဖော်ပြောဆိုခဲ့ကြပြီး ယင်းသည် လူမှုဖူလုံရေးအေဂျင်စီက လုပ်သား အင်အားအများအပြားလျှော့ချမှု၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် အလုပ်အကိုင် ၇,၀၀၀ ကို လျှော့ချရန် စီစဉ်နေကြောင်း ကြေညာချက်အပြီးတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ယခု မိမိတို့ ဆီးနိတ်ဒီမိုကရက်များအနေဖြင့် ကြာမြင့်စွာ စိုးရိမ်ခဲ့ရသည့် အရာတစ်ခုသည် အမှန်တကယ် ဖြစ်လာတော့မည်ဖြစ်ကြောင်းနှင့် လူမှု ဖူလုံရေးကို တိုက်ခိုက်ခံနေရပြီး အန္တရာယ်များလည်း ရင်ဆိုင်နေရပါကြောင်း" ဆီးနိတ်အမျိုးသားဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် ချက်ရှူးမားက Capitol Hill ရှိ သတင်းစာရှင်းလင်းပွဲတွင် ပြောကြား ခဲ့သည်။
ထိုသတင်းစာရှင်းလင်းပွဲတွင် ချက်ရှူးမားအပြင်၊ ဆီးနိတ် ဘဏ္ဍာရေး ကော်မတီ၏ အကြီးတန်းအဖွဲ့ဝင် ရောန်ဝိုင်ဒင် (ဒီ-အိုရီဂွန်) ၊ ဆီးနိတ် ဘဏ္ဍာရေးကော်မတီ၏ ဒုတိယဥက္ကဋ္ဌ ဆီးနိတ်တာ ပက်တီမာရေ (ဒီ-ဝါရှင်တန်) နှင့် ဆီးနိတ်တာ အေမီကလိုဘူချာ (ဒီ-မင်နီဆိုတာ) တို့လည်း တက်ရောက်ခဲ့ကြပြီး လူမှုဖူလုံရေး လုပ်သားအင်အား လျှော့ချမှုများသည် ရီပတ်ဘလီကင်တို့၏ အရေးကြီးသည့်အကျိုးခံစားခွင့်စနစ်ကို ပုဂ္ဂလိကပိုင် ဖြစ်စေရေး လမ်းကြောင်းပေါ်ဦးတည်ရန် အစီအစဉ်တစ်ခုသာ ဖြစ်သည် ဟု ဆိုခဲ့ကြသည်။
“မိမိအမြင်ပြောကြားရမည်ဆိုပါက DOGE ၏ လူမှုဖူလုံရေးကို တိုက်ခိုက်မှုသည် လူမှုဖူလုံရေးကို ပုဂ္ဂလိကပိုင်ဖြစ်စေရေး လမ်းကြောင်းပေါ်က ပထမဆုံးခြေလှမ်းပါပဲ" ဟု ရောန်ဝိုင်ဒင်က အီလွန်မက်နှင့် အစိုးရ စွမ်းဆောင်ရည်မြှင့်တင်ရေးဌာန (DOGE) ကို ရည်ညွှန်းကာ ပြောကြားခဲ့သည်။
ကိုးကား-ABC News

မော်စကို၊ ငြိမ်းချမ်းရေး
ရုရှားနိုင်ငံနှင့် အပစ်အခတ်ရပ်စဲရန် ငြင်းဆိုမှုအတွက် ယူကရိန်းသမ္မတဇီလန်စကီးအား အမေရိကန်ဘီလီယံနာနှင့် သမ္မတဒေါ်နယ်ထရမ့်၏အကြံပေးတစ်ဦးဖြစ်သူ အီလွန်မက်က အပြင်းအထန်ဝေဖန်လိုက်ကြောင်း မီဒီယာတစ်ခုတွင် မတ်လ ၃ ရက်ကဖော်ပြသည်။

ယူကရိန်းနိုင်ငံသည် ငြိမ်းချမ်းရေးအတွက်စေ့စပ်ဆွေးနွေးရန် ငြင်းဆိုခြင်းအားဖြင့်လက်ရှိဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခကို ပိုမိုရှည်ကြာစေရန်ဖန်တီးလျက်ရှိပြီး ယူကရိန်းပြည်သူအများအပြားကို အသက်ဆုံးရှုံးစေရန်လုပ်ဆောင်လျက်ရှိကြောင်း မက်က ပြောကြားထားသည်။
မက်၏ အဆိုပါပြောကြားချက်သည် ယူကရိန်းသမ္မတ ဇီလန်စကီးက ရုရှားနှင့်တွေ့ဆုံဆွေးနွေးရန်ငြင်းဆိုခဲ့ပြီး အနောက်ဥရောပရှိ မဟာမိတ်နိုင်ငံများမှ ငွေကြေးထောက်ပံ့မှုရရှိရန် တောင်းဆိုနေစဉ်ထွက်ပေါ်လာခြင်းဖြစ်သည်။
ထရမ့်ဦးဆောင်သည့် အမေရိကန်အစိုးရအနေဖြင့် ယူကရိန်းနိုင်ငံက အပစ်အခတ်ရပ်စဲရေးအတွက် စေ့စပ်ဆွေးနွေးမှုများပြုလုပ်ရန် သဘောတူညီခြင်းမရှိပါကယူကရိန်းအစိုးရသို့ အကူအညီများပေးအပ်မည်မဟုတ်ဟု ပြောကြားထားသည်။
ထရမ့်သည် ဇီလန်စကီးနှင့် ဝါရှင်တန်မြို့ရှိ အိမ်ဖြူတော်၌ ဖေဖော်ဝါရီလ၂၈ ရက်တွင် တွေ့ဆုံစဉ် ယူကရိန်းအနေဖြင့် ရုရှားနှင့်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ချမှတ်နိုင်ရန် ကြိုးပမ်းသင့်သည်ဟု ထရမ့်ကတိုက်တွန်းခဲ့ပြီးနောက် ခေါင်းဆောင်နှစ်ဦးအကြား ငြင်းခုံမှုများဖြစ်ပွားခဲ့ကြောင်းသိရသည်။
Source: https://myawady.net.mm/

ဘူဒါပက်၊ နိုင်ငံရေး
ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင်ကျင်းပသည့် ယူကရိန်းနိုင်ငံဆိုင်ရာထိပ်သီးဆွေးနွေးပွဲ၌ချမှတ်ခဲ့သည့် အီးယူခေါင်းဆောင်များ၏ဆုံးဖြတ်ချက်သည် မှန်ကန်မှုမရှိသည့်အပြင် အန္တရာယ်ကြီးမားသည်ဟု ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန်က မတ်လ ၃ ရက်တွင် ပြောသည်။

အီးယူနိုင်ငံများမှ ခေါင်းဆောင်များသည် ငြိမ်းချမ်းရေးကို မျက်ကွယ်ပြုပြီး တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်ရန် ဆုံးဖြတ်ခြင်းသည် ယူကရိန်းအားလက်နက်ကိုင်ပဋိပက္ခအတွင်းသို့ ဆက်လက်တွန်းပို့နေခြင်းဖြစ်သောကြောင့် မှားယွင်းကြောင်း၊ ဟန်ဂေရီနိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးဘက်တွင်သာ ရပ်တည်လျက်ရှိကြောင်းအော်ဘန်ကဆက်ပြောသည်။
ယူကရိန်းနိုင်ငံသို့ စစ်ရေးအကူအညီများ ဆက်လက်ပေးအပ်ရေးနှင့်စပ်လျဉ်း၍ လန်ဒန်မြို့၌ မတ်လ ၂ ရက်ကကျင်းပသည့် ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်ရန် အီးယူအဖွဲ့မှ တာဝန်ရှိသူများက အော်ဘန်အားဖိတ်ကြားခဲ့သော်လည်း ဟန်ဂေရီနိုင်ငံက ယင်းဆွေးနွေးပွဲသို့တက်ရောက်ရန် ငြင်းဆိုခဲ့ကြောင်းသိရသည်။
ဟန်ဂေရီအစိုးရသည် ရုရှားနှင့်အမေရိကန်ပြည်ထောင်စုတို့ကြား စေ့စပ်ဆွေးနွေးမှုများ လုပ်ဆောင်နေခြင်းကို ထောက်ခံလျက်ရှိပြီး အဆိုပါအင်အားကြီးနှစ်နိုင်ငံကြားကျင်းပသည့် စေ့စပ်ဆွေးနွေးမှုများသည် နောက်ပိုင်းတွင် ယူကရိန်းပဋိပက္ခအား ငြိမ်းချမ်းစွာဖြေရှင်းနိုင်စေရန် အထောက်အကူပြုနိုင်သည်ဟု ယုံကြည်လျက်ရှိသည်။
လန်ဒန်မြို့၌ကျင်းပခဲ့သည့် ထိပ်သီးဆွေးနွေးပွဲသို့ ဂျာမနီ၊ ဒိန်းမတ်၊ စပိန်၊ နယ်သာလန်၊ အီတလီ၊ နော်ဝေ၊ ပိုလန်၊ ပြင်သစ်၊ ချက်သမ္မတနိုင်ငံအပါအဝင် အီးယူနိုင်ငံများနှင့်ကနေဒါနိုင်ငံမှခေါင်းဆောင်များတက်ရောက်ခဲ့ကြပြီး ဥရောပနိုင်ငံများအနေဖြင့် ယူကရိန်းနိုင်ငံသို့ ပဋိပက္ခပြီးဆုံးသည့်အချိန်အထိ စစ်လက်နက်များထောက်ပံ့နိုင်ရေးအတွက် အစီအစဉ်များချမှတ်ရန် ရည်ရွယ်ထားသည်ဟု ဗြိတိန်ဝန်ကြီးချုပ် ကီယာစတားမားက ပြောကြားခဲ့ကြောင်းသိရသည်။

တရားမဝင် ပိတ်ဆို့အရေးယူမှုများ ချမှတ်ထားသော်လည်း မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံအကြား ကုန်သွယ်ရေးနှင့်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုမှာ အောင်မြင်စွာ ဖွံ့ဖြိုးတိုးတက်လာကြောင်း ရုရှားဝန်ကြီးချုပ် Mikhail Mishustin က မြန်မာနိုင်ငံ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံစဉ် ပြောကြားလိုက်ပါသည်။

ထို့ပြင် စွမ်းအင်၊ ငြိမ်းချမ်းသည့် နျူကလီးယားစွမ်းအင်၊ သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံနှင့် စိုက်ပျိုးရေးကဏ္ဍများမှာ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန် အခွင့်အလမ်းကောင်းများရှိကြောင်း၊ မိမိတို့နှစ်နိုင်ငံ ပူးပေါင်း၍ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ၊ စားသောက်ကုန်လုပ်ငန်း၊ ဓာတ်သတ္တုထုတ်ယူခြင်း အစရှိသည့် ပူးတွဲစီမံကိန်းသစ်များကို လုပ်ဆောင်နေကြပါကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့ပါသည်။
ထို့ပြင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အဖွဲ့ကို မော်စကိုမြို့ရှိ အစိုးရအိမ်တော်၌ ကြိုဆိုနှုတ်ဆက်ရာတွင် မြန်မာနိုင်ငံသည် အာရှ-ပစိဖိတ် ဒေသတွင် ရုရှားနိုင်ငံ၏ အရေးပါသော မိတ်ဖက်နိုင်ငံဖြစ်ကြောင်း ရုရှား ဝန်ကြီးချုပ်က အလေးအနက် ပြောကြားထားပါသည်။
ယခုနှစ်မှာ မြန်မာ-ရုရှား နှစ်နိုင်ငံ ချစ်ကြည်စွာ ဆက်ဆံရေး တည်ထောင်မှု ပူးတွဲကြေညာစာတမ်း လက်မှတ်ရေးထိုးခြင်း ၂၅ နှစ်မြောက်နှစ် ဖြစ်ပါ ကြောင်း၊ ယခု မြန်မာနိုင်ငံတော် ဝန်ကြီးချုပ်၏ ခရီးစဉ်မှာ နှစ်နိုင်ငံအကြား နယ်ပယ်အားလုံးတွင် ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် တွန်းအားသစ်များ ပေးဆောင်နိုင်မည်ဟု မိမိယုံကြည်ပါကြောင်း၊ ရုရှားသမ္မတဗလာဒီမာပူတင်နှင့် တွေ့ဆုံဆွေးနွေးမှုကတစ်ဆင့် ရရှိလာမည့် သဘောတူညီချက်များကို မိမိတို့အစိုးရအဖွဲ့က အတိအကျ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရုရှား ဝန်ကြီးချုပ်က ပြောကြားခဲ့ပါသည်။

ဘင်္ဂလားဒေ့ရှ်၏ ယာယီအစိုးရခေါင်းဆောင် မိုဟာမက်ယူနွတ်က ၎င်း၏ နိုင်ငံသည် အိန္ဒိယနှင့် ကောင်းမွန်သော ဆက်ဆံရေးကို ထိန်းသိမ်းရန် အခြားရွေးချယ်စရာမရှိဟု ပြောကြားခဲ့သည်။ ယခင်ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာကို လွှဲပြောင်းပေးအပ်ရေး ကိစ္စရပ်များကြောင့် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့ကြား ဆက်ဆံရေး ယိုယွင်းလာခဲ့သည်။

BBC Bangla နှင့် ဘင်္ဂလားဒေ့ရှ် မီဒီယာ Business Standard တို့က ဖော်ပြခဲ့သည့် မတ်လ ၄ ရက်(တနင်္လာ)နေ့ထုတ်ပြန်ချက်တွင် ယူနွတ်က နှစ်နိုင်ငံသည် “သမိုင်းကြောင်းအရ၊ နိုင်ငံရေးအရနှင့် စီးပွားရေးအရ ခွဲခြား၍မရကြောင်း ဝန်ခံခဲ့ပြီး ၊ နှစ်နိုင်ငံအကြား ကောင်းမွန်သော ဆက်ဆံရေးကို ထိန်းသိမ်းရန် အခြားနည်းလမ်း မရှိကြောင်းနှင့် ကောင်းမွန်လျက်ရှိသည့် လမ်းကြောင်းအပေါ် ဆက်လက် လျှောက်လှမ်းရမည်” ဟု ထပ်လောင်းပြောကြားခဲ့သည်။
ယူနွတ်က ဝါဒဖြန့်မှုများကြောင့် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်အကြား ပဋိပက္ခအချို့ ဖြစ်ပွားခဲ့သော်လည်း ဆက်ဆံရေးသည် အလွန်ကောင်းမွန်သောအခြေအနေတွင် ရှိနေဆဲဖြစ်ပြီး ဆုတ်ယုတ်မှုမရှိသေး ဟု ပြောကြား ခဲ့သည်။
ဟာဆီနာအစိုးရ ပြုတ်ကျပြီးနောက် ဘင်္ဂလားဒေ့ရှ်ရှိ ဟိန္ဒူနှင့် အခြား လူနည်းစုများအပေါ် ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံရသော ရက်စက်မှုများနှင့် ပတ်သက်၍ အိန္ဒိယမီဒီယာများက မဟုတ်မမှန်ဝါဒဖြန့်မှုများဖြစ်သည်ဟု ယူနွတ်က ငြင်းဆိုခဲ့ဖူးသည်။
သတင်းများအရ (BIMSTEC) ထိပ်သီးအစည်းအဝေးမတိုင်မီ ထုတ်ပြန်ချက်တွင် ယူနွတ်သည် အိန္ဒိယဝန်ကြီးချုပ် နာရိန်ဒရာမိုဒီနှင့် တွေ့ဆုံရန် မျှော်လင့်ထားကြောင်း ဖော်ပြခဲ့သည်။