အမေရိကန်က ယီမင်နိုင်ငံရှိ ဟူသီထိန်းချုပ်ထားသော Ras Isa လောင်စာဆီ ဆိပ်ကမ်းကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သည်။ ဤစစ်ဆင်ရေးသည် သမ္မတ Donald Trump ၏ ဟူသီသောင်းကျန်းသူများအား ဆူးအက် တူးမြောင်းနှင့် Bab-el-Mandeb ရေလက်ကြားမှ ဖြတ်သန်းသွားလာနေသော သင်္ဘောများကို ပစ်မှတ်ထားတိုက်ခိုက်မှုများ ကာကွယ်ရန် ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။

အမေရိကန်ဗဟိုစစ်ဌာနချုပ် (CENTCOM) က ကြာသပတေးနေ့(ဧပြီ ၁၇) ထုတ်ပြန်ချက်တွင် "အီရန်မှထောက်ခံသော ဟူသီများသည် လောင်စာဆီကို ၎င်းတို့၏စစ်ရေးလုပ်ငန်းများဆက်လက်လည်ပတ်ရန်၊ ထိန်းချုပ်မှုလက်နက် အဖြစ်နှင့် တင်သွင်းမှုမှ အမြတ်ငွေများကို စီးပွားရေးအကျိုးအမြတ်ရရှိရန် အသုံးပြုနေသည်" ဟုဖော်ပြခဲ့သည်။ ထို့အပြင် ဟူသီအဖွဲ့အား အကြမ်းဖက် အဖွဲ့အဖြစ် သတ်မှတ်ပြီးနောက်ပိုင်း၌လည်း သင်္ဘောများက ထိုဆိပ်ကမ်းမှ တဆင့် လောင်စာဆီပို့ဆောင်မှုကို ဆက်လက်ပြုလုပ်နေကြောင်း ဖြည့်စွက် ဖော်ပြခဲ့သည်။
CENTCOM က "ဤတရားမဝင်ရောင်းဝယ်မှုများမှရရှိသော အမြတ်ငွေများ သည် ဟူသီအကြမ်းဖက်လှုပ်ရှားမှုများကို တိုက်ရိုက်ငွေကြေးထောက်ပံ့ပေး နေခြင်းဖြစ်သည်"ဟုဆိုကာ "ဤတိုက်ခိုက်မှု၏ ရည်ရွယ်ချက်မှာဟူသီများ၏ စီးပွားရေးအရင်းအနှီးကို အားနည်းစေရန်ဖြစ်သည်" ဟုထည့်သွင်းပြောကြား ခဲ့သည်။
ဟူသီအာဏာပိုင်များက အရပ်သား ၃၈ ဦး သေဆုံးပြီး အရေးပေါ် အကူအညီ ပေးသူ ၅ ဦးအပါအဝင် ၁၀၂ ဦး ဒဏ်ရာရရှိကြောင်း ပြောကြားခဲ့သည်။ သေဆုံးသူအများစုမှာ ဆိပ်ကမ်းလုပ်သားများဖြစ်ကြောင်း သတင်းများအရ သိရသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ဥရောပ၏ ယူကရိန်းထံ လက်နက်ခဲယမ်း စုစုပေါင်း ၂ သန်း ပေးအပ်ရန် ပမာဏအစီအစဉ်၏ အစိတ်အပိုင်းတစ်ခုအရ ဂျာမနီအနေဖြင့် ယူကရိန်းသို့ လက်နက်ခဲယမ်း ၅၀၀,၀၀၀ (စုစုပေါင်း၏ ၄ ပုံ ၁ ပုံ ) ပေးပို့မည်ဖြစ် ကြောင်း ဂျာမနီနိုင်ငံ ခေတ္တနိုင်ငံခြားရေးဝန်ကြီး Annalena Baerbock က လူဇင်ဘတ်တွင်ကျင်းပသည့် ဥရောပသမဂ္ဂအဖွဲ့ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးမတိုင်မီတွင် ကြေညာလိုက်ပါသည်။

ယူကရိန်းအား နောက်ထပ် စစ်ရေးထောက်ပံ့မှုအစီအစဉ်အဖြစ် IRIS-T လေကြောင်းရန်ကာကွယ်ရေးစနစ် လေးခု၊ ပဲ့ထိန်းဒုံးကျည် ၃၀၀ နှင့် ရေဒါအစီးရေ ၁၀၀ အပါအဝင် တင့်ကား ၁၅ စီး၊ ခြေလျင်တိုက်ခိုက်ရေး ယာဉ် ၂၅ စီး၊ အမြောက် ၁၄ လက်၊ ကင်းထောက်မောင်းသူမဲ့လေယာဉ် အစီး ၃၀၀ နှင့် အမြောက်ကျည် ၁၀၀,၀၀၀ ခန့် ပါဝင်ကြောင်း ဧပြီလ ၁၁ ရက်တွင် ဂျာမနီနိုင်ငံ ခေတ္တကာကွယ်ရေးဝန်ကြီး Boris Pistorius က အစီရင်ခံပြောကြားခဲ့သည်။
ဂျာမနီသည် အမေရိကန်ပြီးနောက် ယူကရိန်းကို စစ်ရေးအကူအညီ ဒုတိယ အများဆုံးထောက်ပံ့သူဖြစ်သည်။ပဋိပက္ခစတင်ကတည်းက ဂျာမနီသည် စစ်ရေး၊ ငွေကြေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့မှု များအတွက် ယူရို ၄၄ ဘီလီယံခန့် ထောက်ပံ့ခဲ့ပါသည်။
ကိုးကား- TASS
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် အီရန်၏နျူကလီးယားစက်ရုံများကို တိုက်ခိုက်ရန် အစ္စရေး၏ အဆိုပြုချက်ကို ပယ်ချခဲ့ကြောင်း အိမ်ဖြူတော် အရာရှိများ၊ ယင်းကိစ္စနှင့် ရင်းနှီးသော အခြားသူများကို ကိုးကား၍ ဗုဒ္ဓဟူးနေ့ (ဧပြီ ၁၆)ညနေပိုင်းတွင် New York Times က ဖော်ပြခဲ့ပါသည်။ ဒေါ်နယ်ထရမ့်က အီရန်နိုင်င်နှင့်စေ့စပ်ညှိနှိုင်းရေး စာချုပ်သစ်ချုပ်ဆိုရန် ရွေးချယ်ခဲ့ကြောင်း သိရပါသည်။

အစ္စရေးက အီရန်၏ နျူကလီးယားလက်နက်ထုတ်လုပ်နိုင်စွမ်းကို တစ်နှစ် သို့မဟုတ် ထို့ထက်ပို၍နှောင့်နှေးစေရန် ရည်ရွယ်ပြီး မေလအစောပိုင်းတွင် အီရန်၏နျူကလီးယားစက်ရုံများကို တိုက်ခိုက်မည့်အစီအစဉ်ကို ရေးဆွဲခဲ့ ပါသည်။ လေကြောင်းတိုက်ခိုက်မှုနှင့် ကွန်မန်ဒိုစီးနင်းမှုများကို ပေါင်းစပ် စဉ်းစားပြီးနောက် အစ္စရေးက တစ်ပတ်ကျော်ကြာမြင့်မည့် “ကျယ်ပြန့်သော ဗုံးကြဲတိုက်ခိုက်မှုတစ်ခု” ကို အမေရိကန်အစိုးရအား အဆိုပြုခဲ့ပါသည်။ အမေရိကန်အနေဖြင့် အဆိုပါ စစ်ဆင်ရေးကို မီးစိမ်းပြရုံသာမက ၎င်းကို တက်ကြွစွာ ထောက်ခံမည်ဟု အစ္စရေး တာဝန်ရှိသူများက မျှော်လင့်ထား ပါသည်။
သို့သော် ထရမ့်နှင့် အိမ်ဖြူတော် အရာရှိကြီးများ ဆွေးနွေးတိုင်ပင်မှု အပြီးတွင် ယခုလအစောပိုင်းတွင် အဆိုပါ အစီအစဉ်ကို ပယ်ချခဲ့ပါသည်။ ဒုသမ္မတ ဂျေဒီဗန့်စ် ၊ ကာကွယ်ရေးဝန်ကြီး ပီတီဟဂ်ဆက် ၊ အမျိုးသား ထောက်လှမ်းရေး ဒါရိုက်တာ တော်ဆီဂတ်ဘာဒ်နှင့် ထိပ်တန်း အုပ်ချုပ်ရေး အရာရှိများက အစ္စရေးကို အဆိုပါတိုက်ခိုက်မှု ခွင့်ပြုလိုက်ပါက ပိုမိုကျယ်ပြန့် သော ပဋိပက္ခဖြစ်မည်ကို စိုးရိမ်ခြင်းကြောင့် ငြင်းပယ်လိုက်သည်ဟု သိရပါ သည်။
အီရန်နှင့် အစ္စရေးတို့သည် ယမန်နှစ် ဧပြီလနှင့် အောက်တိုဘာလများတွင် အပြန်အလှန် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ဒေသတွင်း ပြိုင်ဘက်များကြား အဆိုးရွားဆုံး တင်းမာမှုအဖြစ် မှတ်တမ်းဝင်ခဲ့ပါသည်။
ကိုးကား-Myanmar National Post

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရွှေကွန်ချာဟု အမည်ပေးထားသော အဆင့်မြင့်လေကြောင်းရန် ကာကွယ်ရေးစနစ်ကို အကောင်အထည်ဖော်ရန် အီလွန်မက်၏ SpaceX ကုမ္ပဏီက ဦးဆောင်နေကြောင်း အတွင်းသတင်းများအရ သိရသည်။
ထရမ့်သည် အစ္စရေးနိုင်ငံ၏ သံကွန်ချာအမည်ရှိ လေကြောင်းရန် ကာကွယ်ရေးစနစ်ကဲ့သို့ ဒုံးကျည်ကာကွယ်ရေးစနစ်ကို ဖန်တီးရန် ဇန်နဝါရီလတွင် လက်မှတ်ထိုး ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ထရမ့်၏ရွှေကွန်ချာစနစ်တွင် ခြေရာခံ ဂြိုဟ်တုအစင်းရေ ၄၀၀ မှ ၁၀၀၀ အထိ လွှတ်တင်မှု ပါဝင်သည့်အပြင် လေပိုင်နက် အတွင်းဝင်ရောက်လာသော ဒုံးကျည်များ ကို ကြားဖြတ်ပစ်ချနိုင်ရေးအတွက် လက်နက်တပ်ဆင်ထားသည့် ဂြိုဟ်တုအစင်းရေ ၂၀၀ လည်းပါဝင်မည်ဖြစ်သည်။
ထို့အတွက် လိုအပ်သောဂြိုဟ်တုများနှင့် လက်နက်စနစ်များကို တပ်ဆင်ထုတ်လုပ်နိုင်ရန် တင်ဒါခေါ်ခဲ့ရာ အီလွန်မက်၏ SpaceX ကုမ္ပဏီက တင်ဒါအောင်နိုင်သည့် အခြေအနေတွင် ရှိနေကြောင်း သတင်းအရင်းအမြစ်များက ပြောထားသည်။
Source: https://myawady.net.mm/

ဗြိတိန်သည် ၄င်းတို့ထိန်းချုပ်ထားသည့် ရုရှားပိုင်ဆိုင်မှုများမှ ရရှိလာသော အတိုးများဖြင့် ယူကရိန်းထံ ဒုတိယအသုတ် ထောက်ပံ့ချေးငွေအဖြစ် စတာလင်ပေါင် ၇၅၂ သန်း(ဒေါ်လာ ၉၉၀ သန်း) ကို ပေးပို့ခဲ့ကြောင်း ရိုက်တာ သတင်းဌာနက ဖော်ပြထားပါသည်။
ထိုငွေများကို ယူကရိန်းက လေကြောင်းရန် ကာကွယ်ရေးစနစ်များနှင့် အမြောက်များ ဝယ်ယူရန် အသုံးပြုမည်ဖြစ်ပါသည်။ ဗြိတိန်အနေဖြင့် ပထမအသုတ်အဖြစ် မတ် ၆ ရက်က ထုတ်ပေးခဲ့ပြီး ထပ်မံ၍ နောက်ဆုံး အသုတ်အဖြစ် လာမည့်နှစ်တွင် ပေးပို့ရန်လည်း စီစဉ်ထားကြောင်း သိရ ပါသည်။

ပြည်ပဘဏ်များရှိ ရုရှားပိုင်ဆိုင်မှုများကို အတိုးဖြင့် ချေးထားပြီး ရရှိလာသည့် ငွေများမှ ယူကရိန်းသို့ ဘီလီယံ ၅၀ ချေးငွေထောက်ပံ့ရန် ၂၀၂၄ ခုနှစ် အောက်တိုဘာလ က G7 ခေါင်းဆောင်များက သဘောတူညီ ထားကြပါသည်။ထိုကိစ္စကို ရုရှားက ဥပဒေကြောင်းအရ အရေးယူသွားမည် ဖြစ်ပြီး တာဝန်ခံရန်လိုအပ်ကြောင်း ပြောကြားထားပြီး ဖြစ်ပါသည်။
ဗြိတိန်သည် ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလတွင် ရုရှား၏ အထူးစစ်ရေး စစ်ဆင်ရေး စတင်ချိန်မှစ၍ ပြည်ပရှိ ရုရှား၏ ပိုင်ဆိုင်မှု ပေါင် ၂၅ ဘီလီယံ (ဒေါ်လာ ၃၃ ဘီလီယံ) ကို ထိန်းချုပ်ထားပါသည်။

ရုရှားတပ်မတော်က ယူကရိန်းနိုင်ငံရှိ စစ်ဘက်စက်မှုလုပ်ငန်းနေရာများကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုကြီးများ ပြုလုပ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပုံမှန်သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဒရုန်းများ၊ တိကျပဲ့ထိန်းဒုံးကျည်များကို အသုံးပြုသည့် အဆိုပါ တိုက်ခိုက်မှုကို ဧပြီ လ ၁၈ ရက်နံနက် အစောပိုင်းတွင် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အထူးသဖြင့် ယူကရိန်းတပ်မတော်၏ ဒရုန်းထုတ်လုပ်ရေး စက်ရုံနေရာကို တိုက်ခိုက်ခြင်းဖြစ်ကြောင်းနှင့် ထိုတိုက်ခိုက်မှုသည် အောင်မြင်မှုရရှိကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

အလားတူ ရုရှားတပ်မတော်သည် ပြီးခဲ့သည့်သီတင်းပတ်အကုန်ပိုင်းတွင်လည်း ထိုကဲ့သို့သော တိုက်ခိုက်မှုကို ဆောင်ရွက်ခဲ့သေးကြောင်း၊ ယင်းတိုက်ခိုက်မှု၌ လက်နက်ထုတ်လုပ်ရေးစက်ရုံများ၊ လေတပ်စခန်းများ၊ ခဲယမ်းတိုက်များ၊ လေ့ကျင့်ရေးဌာနများ၊ ယူကရိန်းစစ်သည်များနှင့်ပြည်ပကြေးစားစစ်သည်များ နေထိုင်နေသည့်နေရာများကို တိုက်ခိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။
ရုရှားသမ္မတနှင့် အမေရိကန်သမ္မတတို့ကြား သဘောတူထားသည့် ရုရှားနှင့် ယူကရိန်းတို့အနေဖြင့် စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အဦများကို တိုက်ခိုက်ခြင်း မပြုရန် ရက် ၃၀ ကြာ သဘောတူညီချက် သက်တမ်းကုန်ဆုံးပြီးနောက် ယခုတိုက်ခိုက်မှုကို လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။
Ref: RT

ရုရှားနိုင်ငံတွင် တာလီဘန်များ၏ လှုပ်ရှားမှုများကို တားမြစ်ပိတ်ပင်ခြင်းအား ဆိုင်းငံ့ရန် တရားလွှတ်တော်ချုပ်၏ ဆုံးဖြတ်ချက်အတွက် ရုရှားကို ကျေးဇူးတင်ကြောင်း မော်စကိုမြို့ရှိ အာဖဂန်နစ္စတန်သံရုံးက TASS သတင်းဌာနကို ပြောကြားလိုက်ပါသည်။

“အဆိုပါဆုံးဖြတ်ချက်အတွက် မိမိတို့ ကျေးဇူးတင်ပါကြောင်း၊ ထို ဆုံးဖြတ်ချက်သည် ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေမည် ဖြစ်ပါကြောင်း” သံရုံးက ပြောကြားထားပါသည်။ အစောပိုင်းက ရုရှားရှိ တာလီဘန်များ လှုပ်ရှားနေခြင်းကို ပိတ်ပင်ထားမှုအား ဆိုင်းငံ့ပေးပါရန် ရှေ့နေချုပ် အုပ်ချုပ်ရေးအဖွဲ့တောင်းဆိုချက်ကို ရုရှားတရား လွှတ်တော် ချုပ်က ခွင့်ပြုခဲ့ပါသည်။

အီရန်နှင့် အမေရိကန်ကြား နျူကလီးယားဆိုင်ရာ ဒုတိယအကြိမ် ဆွေးနွေးပွဲကို ဧပြီ ၁၉ ရက်တွင် အီတလီနိုင်ငံ ရောမမြို့၌ အိုမန်၏ ကြားဝင်စေ့စပ်မှုဖြင့် ပြုလုပ်ခဲ့ပါသည်။
၄ နာရီကြာ ဆွေးနွေးမှုအပြီးတွင် အီရန်နိုင်ငံခြားရေးဝန်ကြီး အရာချီက နှစ်ဖက်ကြား အရေးပါသောကိစ္စရပ်များတွင် နားလည်မှု ပိုမိုနက်ရှိုင်းလာ၍ တိုးတက်မှုရှိကြောင်း အပြုသဘောဆောင် ပြောကြားခဲ့ပြီး၊ အသေးစိတ်ကို ထုတ်ဖော်ပြောကြားခြင်း မရှိချေ။

ယင်းဆွေးနွေးပွဲသို့ အီရန်ဘက်က နိုင်ငံခြားရေးဝန်ကြီးအရာချီနှင့် အမေရိကန်ဘက်က ဒေါ်နယ်ထရမ့်အထူးကိုယ်စားလှယ် စတီဗင် ဝစ်ကော့ဖ် ဦးဆောင်တက်ရောက်ခဲ့ကြပြီး အိုမန်နိုင်ငံခြားရေးဝန်ကြီးက ပါဝင် တက်ရောက်ခဲ့ပါသည်။
ဆွေးနွေးမှုအရ ဧပြီ ၂၃ တွင် နှစ်နိုင်ငံကြား ကျွမ်းကျင်သူများအဆင့် အစည်းအဝေးကို လည်းကောင်း၊ ဧပြီ ၂၆ တွင် ဝစ်ကော့ဖ်နှင့် အရာချီတို့ ထပ်မံတွေ့ဆုံသည့်ဆွေးနွေးမှုကို လည်းကောင်း ပြုလုပ်သွားမည် ဖြစ်ပါ သည်။
ကိုးကား- TASS
Photo: Apa.az

ယူကရိန်းအနေဖြင့် ဂျာမနီမှ ထောက်ပံ့သော တောရစ်ခရူးစ် ဒုံးကျည်များဖြင့် ရုရှားနယ်မြေထဲသို့ တိုက်ခိုက်မည်ဆိုပါက ထိုလုပ်ရပ်မှာ ဂျာမနီ ၏ သိသာထင်ရှားသော ပဋိပက္ခတွင်း တိုက်ရိုက်ပါဝင်မှုအဖြစ် သတ်မှတ် မည်ဖြစ်ပြီး တုံ့ပြန်သွားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ မာရီယာဇာခါရိုဗာက သတိပေးလိုက်ပါသည်။

လာမည့်ဂျာမနီဝန်ကြီးချုပ် ဖရီးဒရစ်မာ့ဇ်က တောရစ်ခရူးဒုံးကျည်များကို ယူကရိန်းသို့ ထောက်ပံ့ရန် ဖြစ်နိုင်ကြောင်း ပြောကြားပြီးနောက် ထို ထုတ်ပြန်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ တောရစ်ဒုံးပျံများသည် ကီလိုမီတာ ၅၀၀ အထိ ပစ်ခတ်နိုင်သဖြင့် ရုရှားနယ်မြေ အတွင်း ထဲထဲ ဝင်ဝင် တိုက်ခိုက်နိုင်စွမ်းရှိသည်။
လက်ရှိဂျာမနီဝန်ကြီးချုပ် အိုလာရှော့စ်ကမူ ပဋိပက္ခ ပိုမိုဆိုးရွားလာနိုင်သည်ဟု စိုးရိမ်မှုကြောင့် တောရစ်ဒုံးကျည်များ ထောက်ပံ့ပေးရန် ယူကရိန်း ၏ တောင်းဆိုချက်ကို ထပ်တလဲလဲ ငြင်းဆိုထားပါသည်။

ဝါရှင်တန်နှင့် တီဟီရန်တို့အကြား ဆွေးနွေးနေမှုသည် လမ်းကြောင်းမှန် အတိုင်း အခြေအနေဆက်လက်ကောင်းမွန်နေကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ၎င်း၏ သမ္မတလေယာဉ်ပေါ်တွင် သတင်းထောက် များအား ပြောကြားလိုက်ပါသည်။
“ယခုအချိန်ထိ အားလုံးအေးအေးဆေးဆေးဖြစ်နေပါတယ်၊ ဒါပေမယ့် အပြီးသတ် အောင်မြင်မှုရရှိဖို့က ပိုအရေးကြီးကြောင်း၊ ထိုအချိန်မှသာ ထုတ်ဖော်ပြောကြားနိုင်မည်ဖြစ်ပါတယ်”ဟု ဒေါ်နယ်ထရန့်ကပြောကြား ထားပါသည်။

အိုမန်နိုင်ငံတွင် ဧပြီ ၁၂ (စနေ)က အမေရိကန်နှင့် အီရန်အကြား မူကြမ်း အနေဖြင့် ဆွေးနွေးပွဲပြုလုပ်ခဲ့ပြီး အမေရိကန်ဘက်မှ အထူးကိုယ်စားလှယ် Steve Witkoff နှင့် အီရန်ဘက်မှ နိုင်ငံခြားရေးဝန်ကြီး Araghchi တို့ ဦးဆောင်တက်ရောက်ဆွေးနွေးကြသည်။ထိုအစည်းအဝေးသို့ အိမ်ရှင် အိုမန် နိုင်ငံခြားရေးဝန်ကြီးလည်း တက်ရောက်ခဲ့သည်။
အစည်းအဝေးတွင် အပြုသဘောဆောင်ဆွေးနွေးခဲ့ကြောင်း အီရန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဖော်ပြခဲ့သည်။ ထပ်မံ၍ ဧပြီ ၁၉ တွင် အိုမန် နိုင်ငံတွင် ဆက်လက်ဆွေးနွေးမှု ပြုလုပ်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။